← Chapters

လီရှောင်မင်နှလုံးတင်းကြပ်ခြင်း

Vol. 6 Ch. 81

လီရှောင်မင်နှလုံးတင်းကြပ်ခြင်း

Vol. 6 Ch. 81

ဆေးရည်သောက်ပြီးသည်နှင့်ချူရှီ ၏ ခန္ဓာကိုယ် နွေးထွေးလာရန် အချိန်အကြာကြီး မကြာလိုက်ပေ။

အထူးသဖြင့် ကျိုးနေတဲ့ ဘယ်ခြေထောက်ကိုရေပူစမ်းမှာ စိမ်ထားရသလိုမျိုးအရမ်းအဆင်ပြေသည်။

အချိန်ကြာလာသည်နှင့်အမျှ ချူရှီသည်သတိလစ်သွားကာ သူ့ဘယ်ဘက်ခြေထောက်ကိုအလိုအလျောက် လှမ်းမိလိုက်သည်။

ထို့အချိန်တွင်ချူရှီသည် သူ၏ဘယ်ခြေထောက်ကို ထိန်းချုပ်နိုင်သည်ကို သိလိုက်ရသည်။

နောက်ဆုံးတော့ သူမတ်တပ်ရပ်နိုင်ခဲ့သည်။

“ဒီဟာ……”

ချူရှီသည်ဧည့်ခန်းအတွင်း ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နဲ့သူ၏မျက်နှာဟောင်းတစ်ခုလုံးမှာ မယုံကြည်နိုင်မှုများပြည့်နေသည်။

“အို ချူရှီ မင်းခြေထောက်တွေ ကောင်းသွားတာလား” ဝမ်ဟေး က အံ့သြစွာပြောသည်။

“ငါ...လဲမသိဘူး...” ချူရှီကစိတ်​ရှုပ်​​ထွေးစွာပြောလိုက်သည်။

ချူရှီသည်ဘယ်ဘက်ခြေထောက်မှာပြန်ကောင်းရန်တော်တော်ကြာမည်ဟုခန့်မှန်းထားသည်။

သို့သော်လည်း အချိန်တိုလေးအတွင်းမှာကောင်းသွားတာလား။...

ဒါမဖြစ်နိုင်တာကြီးလေ။

ချူရှီကတော့ဝမ်းသာမျက်ရည်တွေ ထွက်လာတော့သည်။

“လင်းဖန် ကျေးဇူးတင်ပါတယ်”

ဒါတွေအားလုံးက လင်းဖန် ကြောင့်ဆိုတာသူမနားလည်သည်။

လင်းဖန်က ခုနက ပေးတဲဆေးပုလင်းသည်ချူစီရှင်း က ဘာဆေးမှန်း မသိသလို မေးလည်းမမေးပေါယ

ဒါပေမယ့် အချိန်တိုလေးအတွင်းမှာပဲ အဖေ့ရဲ့ ဘယ်ဘက်ခြေထောက်က တိုက်ရိုက်သက်သာသွား​သောကြောင့်ချူစီရှင်းက၎င်းသည် အလွန်အဖိုးတန်သောအရာဖြစ်ကြောင်း နားလည်ခဲ့သည်။

ထိုကဲ့သို့ အဖိုးတန်သောအရာကို လင်းဖန်က မဆိုင်းမတွပင် သူ့အဖေအား ပေးလိုက်သည်။

ချူစီရှင်းသည်လင်းဖန်ကိုကြည့်ကာသူမသည်လင်းဖန်ကိုပို၍ခိစ်ခင်လာတော့သည်။

ရုတ်တရက် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

【ဒင်း! စွဲဆောင်မှုရောင်ဝါ၊ မမေ့နိုင်သောအစပျိုး။ 】

လင်းဖန်သည် မကူညီနိုင်ဘဲ ချူစီရှင်း ကို အမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

[မျက်နှာတန်ဖိုး- 96]

【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 96】

ထိုအချိန်တွင် ချူရှီနှင့်ဝမ်ဟေးတို့လဲချင်ချင်းပင်”ကျေးဇူးတင်ပါတယ် လင်းဖန်”

“ကျေးဇူးတင်ပါတယ်!”ပြောလိုက်သည်။

လင်းဖန် “အဲ့လောက်ထိလောက်ယဉ်ကျေးစရာမလိုပါဘူးဘညဒါငါလုပ်သင့်တာကိုလုပ်တာပါ။’’

ယခု၊ ချူရှီကို ဘေးကင်းစွာ ပြန်ခေါ်လာရုံသာမကဒါ့အပြင် ဘယ်ခြေထောက်ကလဲ လုံးဝပြန်ကောင်းလာပါပြီဖြစ်သည်။

ချူစီရှင်း၏မိသားစုအားလုံးသည် အလွန်ပျော်ရွှင်ကြသည်။

ဂုဏ်ပြုရန်အတွက် ဝမ်ဟေး သည် အလွန်ကြွယ်ဝသော နေ့လယ်စာကို ပြင်ဆင်ခဲ့သည်။

လူတိုင်းကလဲစားပြီးတော့ အရမ်းကျေနပ်နေသည်။

ဝမ်ဟေးသည် လျှော်ဖွပ်ထားသော အဝတ်များကို အပြင်သို့ လှန်းရန်လုပ်သောအခါတွင်

တစ်နှစ်သုံး...

အနက်ရောင်ကားလေးစီးနှင့် ဗင်ကားတစ်စီး ရုတ်တရက် တံခါးဝတွင် ရပ်တန့်သွားခဲ့သည်။

ထို့နောက် ဆံပင်အရောင်အမျိုးမျိုးနှင့် လက်မောင်းများတွင်တက်တူးထိုးထားသည့် အမျိုးသား တစ်ဒါဇင်ကျော်သည် တယောက်ပြီးတယောက် ကားထဲမှ ထွက်လာကြသည်။

ဗင်ကားထဲတွင် မျက်နှာဖြူဖျော့ပြီး ထိပ်ပြောင်သော အမျိုးသားတစ်ဦး အိပ်နေသည်။

ဝမ်ဟေး၏ နှလုံးသားသည် တင်းကျပ်နေပြီး အဝတ်လှန်းခြင်းကို လုံးဝ ဂရုမစိုက်ဘဲအထဲသို့အမြန်ပြေးဝင်သွားခဲ့သည်။

“မကောင်းတော့ဘူး! ဒီလူဆိုးတွေ လာပြီ” ဝမ်ဟေးကအော်ပြောလိုက်သည်။

“ဒီအဖြစ်အပျက်က ငါကြောင့်ဖြစ်ရတာ၊ ငါသူတို့နဲ့စကားပြောလိုက်မယ်...” ချူရှီက တုန်လှုပ်သောအသံဖြင့် ပြောလိုက်သည်။

သူသည် အလွန်ကြောက်နေခဲ့သည်။ဒါပေမယ့် သူ့မိသားစုအတွက် သူ မတ်တတ်ရပ်ရမှာပေါ့။

လင်းဖန်က “ဦးလေး နဲ့ အဒေါ် စိတ်မပူပါနဲ့၊ ငါ့ကို ထားခဲ့လိုက်ပါ”

ချူစီရှင်းက စိုးရိမ်စိတ်တစ်ခုဖြင့် လင်းဖန်၏လက်ကို ကိုင်လိုက်သည်။

လင်းဖန်က ချူစီရှင်း ရဲ့ လက်လေးကို ပုတ်လိုက်ပြီး “စိတ်မပူပါနဲ့၊ အရာအားလုံး ငါ့သိတယ်” လို့ပြောလိုက်သည်။

“အင်!” ချူစီရှင်း က အားတက်သရော ခေါင်းညိတ်လိုက်သည်။

ထို့နောက် လင်းဖန်သည် အပြင်သို့ လျှောက်သွားသည်။

ချူရှီနှင့် ဝမ်ဟေးတို့က နောက်မှ အနီးကပ်လိုက်ကြသည်။

ယခုအချိန်တွင် ဗင်ကားပေါ်ရှိထိပ်ပြောင်ကြီးသည်လင်းဖန်နှင့် အခြားလူများကို မြင်လိုက်သောအခါတွင် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့သောအမူအရာများပေါ်လာပြီး “.. ဝမ်းကွဲ၊ သူတို့... ဒါပဲကွ!”

သူ့ဘေးမှာရပ်နေတဲ့ မုတ်ဆိတ်မွေးနဲ့လူက လင်းဖန်နဲ့ တခြားသူတွေကို အေးစက်တဲ့အကြည့်နဲ့ “မင်းတို့ဘယ်သူတွေလဲ” လို့မေးလိုက်သည်။

လီရှောင်မင်သည် ရောက်တဲ့နေရာမှာမော်ကြွားသည့်သူမဟုတ်ပေ။

မတိုက်ခိုက်ခင်လင်းဖန်နှင့် အခြားသူများအကြောင်း မေးမြန်းမည်ဖြစ်သည်။

လင်းဖန်က “မင်း သိဖို့ မထိုက်တန်ဘူး” လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤမှတ်ချက်ထွက်လာသည်နှင့် တပြိုင်နက် လီရှောင်မင်သည် လုံးဝ ဒေါသထွက်သွားခဲ့သည်။

ပြိုင်ဘက်က သူ့အစ်ကိုဝမ်းကွဲရဲ့ ခြေလက်တွေကို အရင်ဆုံး ချိုးလိုက်တယ်။

အခုတော့ လူတိုင်းရှေ့မှာ သူ့ကိုအရှက်ခွဲတ်။

ရိုးရိုးရှင်းရှင်းပဲ... ဒါမာနကြီးလွန်းသည်!

လီရှောင်မင်က ကြမ်းတမ်းစွာ’’ သူက ဘယ်သူပဲဖြစ်ပါစေ ဒီနေ့သေရမယ်။’’ပြောလိုက်သည်။

“အဲ့ကောင်ကိုသွားရိုက်စမ်း!” လီရှောင်မင် ကပြောလိုက်သည်။

တက်တူးထိုးထားသောလူမျသည်ကားပေါ်မှ စတီးပိုက်များကို ထုတ်ယူပြီး လင်းဖန်ဆီသို့ လျှောက်သွားကြသည်။

ချူစီရှင်း၊ ချူရှီနှင့်ဝမ်ဟေးတို့သည် ဒါကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။

အထူးသဖြင့် ချူရှီနှင့်ဝမ်ဟေးတို့သည် သူတို့၏ ခန္ဓာကိုယ်များ တုန်ခါနေရပ်မရပေ။

ဒါပေမယ့် လင်းဖန်ဟာ တက်တူးထိုးထားတဲ့ အမျိုးသားတွေကို လုံးဝမရှိသလိုပဲ ပုံမှန်အတိုင်းပဲ အမြဲကြည့်နေသည်။

“ဗွမ်း!”

ထိုအချိန်တွင် အဝေးမှ အင်ဂျင်သံများ မြည်လာသည်။

အနီရောင် Ferrari convertible တစ်စီးတွင် ဝမ်လင်းသည် ပူနွေးသောအလှများကို သယ်ဆောင်ကာ လမ်းဟောင်းကို အရှိန်ပြင်းပြင်းဖြင့် မောင်းနေသည်။

ချူစီရှင်းရဲ့အိမ်တံခါးကို Ferrari ဖြတ်မောင်းလာတဲ့အခါတွင် သးတို့သွားမယ်လမ်းကိုကားလေးစီးက ပိတ်ဆို့ထားသည်။

ဝမ်လင်းဘေးကအလှကနှာခေါင်းရှုံ့ပြီး “ဘာလို့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရတာလဲ” လို့ ပြောလိုက်သည်။

“ဒီဒီဒ

ဝမ်လန်းက မှန်တံခါးဖွင့်ပြီးကြည့်လိုက်သည်။

မကြာမီတွင် သူသည် တက်တူးထိုးထားသည့် မဝေးလှသော လူငယ်အုပ်စုကို လှမ်းမြင်လိုက်ရသည်။

နောက်အခိုက်အတန့်တွင် ဝမ်လင်းထိတ့်လန့်ကာ ကားတံခါးကို အမြန်ဖွင့်ကာ ရှေ့ကို တောက်လျှောက် ပြေးသွားသည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်ကို မြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။

“အစ်ကို လင်း၊ဒီမှာမင်းနဲ့တွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။” ဝမ်လန်းက အရမ်းလေးစားတဲ့ လေသံနဲ့ ပြောလိုက်သည်။

ဒီချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက သာမာန်လူတွေထက် အများကြီး ဉာဏ်ကောင်းတယ်လို့ ပြောရမည်ဖြစ်သည်။

သိရန်……

မကြာသေးမီက လင်းဖန် သည် ရှောင်ရီစားသောက်ဆိုင်တွင် ဝမ်လင်းနှင့်ပြသနာဖြစ်ခဲသည်။

ယခုလင်းဖန် သည် လူတစ်စု၏ ဝိုင်းရံမှုကိုခံနေရသည်။

သာမန်လူသာဆိုရင် ဘေးနားကနေ လက်ခုပ်တီးအားပေးမှာကို ကြောက်သည်။

ဝမ်လင်းသည် လုံးဝမတွန့်ဆုတ်ဘဲ တိုက်ရိုက်ပြေးထွက်လာကာ လင်းဖန်အား လေးစားစွာ နှုတ်ဆက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းသည် ဇောင်မိသားစု၏အကြီးအကဲ ဇောင်လို သည် လင်းဖန် နှင့်မည်မျှရင်းနှီးသည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသောကြောင့်ဖြစ်သည်။

နောက်ပိုင်းတွင်လင်းဖန်သည် အကြီးကဲဇောင်၏အသက်ကို ကယ်တင်ခဲ့ကြောင်း ဝမ်လင်းကြားသိရသည်။

ဒါတွေအားလုံးကြောင့်လင်းဖန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိရမယ်ဆိုတာကို ပြသနေသည်။

ရန်မြို့သည် ဂျင်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဝမ်ကျင်းသည် ဤနေရာတွင် စက်မှုလုပ်ငန်းအချို့ရှိသည်။

လွန်ခဲ့သည့်နှစ်ရက်တွင် အထွေထွေမန်နေဂျာအဖြစ် ဝမ်လင်းသည် ရန်မြို့သို့ ရောက်ရှိလာပြီး လှပသောအမျိုးသမီးများကို ဆော့ကစားရန် ခေါ်ဆောင်သွားလေ့ရှီသည်။

လင်းဖန်က ဝမ်လန်းဘက်သို့ ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

ခေါင်းကို ရိုးရိုးသာညိတ်ပြသော်လည်း ဝမ်လန်း အလွန်ပျော်ရွှင်စေခဲ့သည်။

ဤမြင်ကွင်းကို အဝေးမှရပ်နေသော လီရှောင်မင်၏မျက်လုံးထဲတွင် အားလုံးမြင်နေရသည်။

ဝမ်ကျင်းမော်တော်ကား ပိုင်ရှင် လူငယ်သည် ထိုလူငယ်ကို အလွန်လေးစားတာလား။

ဒီ……

ဒီ……

လီရှောင်မင် ၏နှလုံးသည် တင်းကျပ်လာကာ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု အရူးအမူး ခုန်ပေါက်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက် လင်းဖန်ဆီသို့ လျှောက်သွားနေသေးသော တကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters