← Chapters

သူက ဘယ်သူလဲ။

Vol. 6 Ch. 82

သူက ဘယ်သူလဲ။

Vol. 6 Ch. 82

လီရှောင်မင်’’ဟေ့ကောင်တွေရပ်စမ်း’’အမြန်ပြောလိုက်သည်။

တက်တူးထိုးထားသော အမျိုးသားများသည်လီရှောင်မင်၏စကားကိုကြားပြီးနောက် ချက်ချင်း ရပ်တန့်ကာ လီရှောင်မင်ကိုပဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

လီရှောင်မင်က တက်တူးထိုးထားတဲ့သူတွေကိုဂရုမစိုက်ဘဲ ဝမ်လင်းဆီသို့အမြန်သွားလိုက်သည်။

ဝမ်လင်းဆီရောက်ပြီးနောက်ချက်ချင်းဦးညွတ်ပြီး အလွန်လေးစားသောလေသံဖြင့် “မစ္စတာဝမ်၊ မင်္ဂလာပါ” ဟုပြောလိုက်သည်။

သာမာန်လူများအမြင်တွင်လီရှောင်မင်သည်အကောင်ကြီးကြီးတစ်ကောင်ဖြစ်သည်။

ဒါပေမယ့် ဝမ်လင်းရှေ့မှာတောလီရှောင်မင်ကကျွန်တစ်ယောက်သာရှိသည်။

ဝမ်လင်းကလီရှောင်မင်ကိုကြည့်လိုက်ပြီး “မင်းက ဘယ်သူလဲ”ဟုမေးလိုက်သည်။

လီရှောင်မင်က “ငါ့နာမည် လီရှောင်မင်ပါ။ မနေ့ညကမြူးဂျက်ဟိုတယ်မှာ တွေ့ခဲ့တယ်လေ။’’

လွန်ခဲ့သည့်ရက်အနည်းငယ်က လီရှောင်မင့သည် မြူးဂျက်ဟိုတယ်တွင် အဆင့်အတန်းမြင့်သော ဧည့်ခံပွဲတစ်ခု ကျင်းပတော့မည်ကို သိလိုက်ရသည်။

လီရှောင်မင်သည်လက်မှတ်ရဖို့အတွက် သူ့အတွက် သူအများကြီး ကြိုးစားခဲ့ရသည်။

လီရှောင်မင်သည် ထိုပွဲ၌ သာမန်လူထက်မပိုခဲ့ပေ။

ဝမ်လင်းကတော့မတူပေ။ဝမ်းလင်းကို မရေမတွက်နိုင်သော လူများက ဝမ်လင်းကိုလိုက်ဖားနေသည်ကိုတွေ့လိုက်သည်။

လီရှောင်မင်သည် ဝမ်လင်း၏ ဝိသေသလက္ခဏာကို အချိန်တော်တော်ကြာကြာလေ့လာပြီးမှတွေ့ရှိခဲ့သည်။အဲ့ဒါကသူဘယ်လောက်ကြိုးစားကြိုးစားမယှဉ်နိုင်ဘူးဆို​တာပင်ဖြစ်သည်။

ဝမ်လင်းကလီရှောင်မင်ကိုကြည့်ပြီး ထို့နောက် လင်းဖန်အား ကြည့်ကာ”အစ်ကိုလင်း၊မင်းဘယ်အချိန်တုန်းက ရန်မြို့ကို လာတာလဲ၊လာမယ်ဆိုရင်လဲဟော့ဒီ့ညီလေးကို ဘာလို့မပြောတာလဲ” ဟု ပြောလိုက်သည်။

လင်းဖန်က ပေါ့ပေါ့တန်တန်ဖြင့် “နောက်တစ်ခါလာရင်ပြောပေးမယ်”ပြောလိုက်သည်။

ဝမ်လင်းက “အစ်ကို လင်းနောက်တစ်ခါလာရင်သေချာပြောရမယ်နော်?”ဟုပြောလိုက်သည်။

ထို့နောက်ဝမ်လင်းသည်တက်တူးထိုးထားသော အမျိုးသားများကို ကြည့်လိုက်ပြီး”အစ်ကိုလင်း၊ မင်း ဒုက္ခရောက်နေတာလား”

လင်းဖန်က “ဒုက္ခလား။ အဲ့လောက်ကတော့ပုရွက်ဆိတ်လောက်တာမရှိဘူး”ရယ်ပြီးပြောလိုက်သည်။

လင်းဖန်”မင်းဘေးနားက လီရှောင်မင် ရဲ့ဝမ်းကွဲက ငါ့ရည်းစားရဲ့အဖေခြေထောက်ကို ချိုးလိုက်တယ်။ ငါလဲငါ့ချစ်သူခြေထောက်ချိုးတဲ့သူကိုသင်ခန်းစာနည်းနည်းပေးလိုက်တယ်။အဲ့တာကိုလီရှောင်မင်ကငါ့ကိုမကျေနပ်လို့သင်ခန်စားပေးမလို့လာရှာတာထင်တယ်”ဟုပြောလိုက်သည်။

လင်းဖန်၏ ချစ်သူ အဖေရဲ့ ခြေထောက်ကို ချိုးလိုက်တာလား။

လင်းဖန်ကိုသင်ခန်းစာပေးမလို့လား။

ဝမ်လင်းသည်လီရှင်းနင်းကို ဒေါသထွက်နေသော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

ယခုအချိန်တွင် လီရှောင်မင်၏နှလုံးသည် အရမ်းခုန်နေပြီဖြစ်သည်။

ချက်ချင်းပင်လီရှောင်မင်၏ နဖူးပေါ်မှ ချွေးများထွက်လာသည်။

“ဝမ်... ဝမ်လင်း..... ဒါကလေ.......”

ဝမ်လင်းကလီရှောင်မင်ရှင်းပြရန် မစောင့်ဘဲလီရှောင်မင်ဗိုက်ကို ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

ကြိုတင်ကာကွယ်မှုမလုပ်ထားတဲ့လီရှောင်မင်သည် အကန်ခံလိုက်ရသောကြောင့်မေပြင်ပေါ်သို့ပြင်းပြင်းထန်ထန်ပြုတ်ကျခဲ့သည်။

တက်တူးထိုးထားတဲ့ အမျိုးသားတွေက စတီးပိုက်တွေကိုကိုင်ပြီး ဝမ်လင်းကိုသင်ခန်းစာပေးဖို့ရှေ့တက်လာခဲ့ကြသည်။

လီရှောင်မင်ကမြေပြင်ကနေပြီး”မလှုပ်နဲ့ မလှုပ်နဲ့၊ဘာမှမလုပ်နဲ့’’။

ထို့နောက် လီရှောင်မင် သည် ခက်ခက်ခဲခဲ မတ်တပ်ထရပ်ကာ “ဝမ်လင်း၊အစ်ကိုလင်းငါတို့အရင်က နားလည်မှုလွဲနေတာရှိမယ်...”

ဝမ်လင်းကန်တာခံရတာတောင်လီရှောင်မင်သည်လက်စားချေမည့်အတွေးကိုလုံးဝမတွေးဘဲနားလည်မှုလွဲတာဆိုပြီးတောင်းပန်နေသည်။

အဘယ်ကြောင့်ဆိုသော်သူသည်ဝမ်လင်းကိုရန်စရန်မတတ်နိုင်သောအကြောင်းကိုသူနားလည်သောကြောင့်ဖြစ်သည်။

“”လိ့ကို နားလည်မှုလွဲတာလား။’’ဝမ်လင်းကပြောရင်းလီရှောင်မင်ကိုမြေပြင်သို့ရောက်အောင်ထပ်ကန်လိုက်သည်။

ဝမ်လင်းသည်ပေကျင်းမှာလင်းဖန်ကိုသူစော်ကားခဲ့သည်။

အခုတော့သူသည်လင်းဖန်နှင့်သူငယ်ချင်းဖွဲ့ဖို့ကိုအခွင့်အရေးရခဲ့သည်။အဲ့အခွင့်အရေးကိုလက်လွှတ်ခံခွင့်မပြုပေ။

လီရှောင်မင်ကသူ့ကိုလာလာနှုတ်ဆက်ခဲ့သည်။လင်းဖန်ကသူနှင့်လီရှောင်မင်တို့ဆက်ဆံရေးကောင်းတယ်လို့ထင်ခဲ့ရင်.....။

အကျိုးဆက်ကိုမတွေးဝံပေ။

ထို့ကြောင့် ဝမ်လန်းသည် လီရှောင်မင်ကိုအညာတာမဲ့စွာကန်လိုက်သည်။

ဝမ်လင်းကလင်းဖန်ကိုကြည့်ပြီး “အစ်ကို လင်း၊ဒီကိစ္စကို ကိုင်တွယ်ဖို့ ငါ မင်းအတွက် မှန်ကန်စွာ လုပ်ဆောင်ပေးမယ်!”

လီရှောင်မင် သည် နာကျင်မှုကို အံကြိတ်ခံပြီးမတ်တပ်ရပ်ကာလင်းဖန်အား “ အစ်ကိုလင်း၊တောင်းပန်ပါတယ်၊ ငါ့ဝမ်းကွဲကို ငါသေချာမဆုံးမထားတဲ့အတွက်အခုဖြစ်ရတာ တောင်းပန်ပါတယ်။...”

လင်းဖန်က “လီရှောင်မင် ဟုတ်တယ်မလား?”

“ဟုတ် ဟုတ်ပါတယ်.......” လီရှောင်မင် က ကမန်းကတန်းပြောလိုက်သည်။

“အနာဂတ်မှာ ဒီလိုနောက်တစ်ခါ ဒီလိုမျိုး ကြုံရင် ဒီအတိုင်းပြီးသွားမှာ မဟုတ်ဘူးဆိုတာ နားလည်လား” လင်းဖန်က ပြောလိုက်သည်။

“နားလည်တယ်၊ နားလည်ပါတယ်။...ကျေးဇူးတင်ပါတယ် အစ်ကိုလင်း ကျေးဇူးတင်ပါတယ် အစ်ကိုလင်း” လီရှောင်မင်ကပြောလိုက်သည်။

“ကောင်းပြီ မင်းလူတွေကိုခေါ်ပြီးသွားတော့” လင်းဖန်က ပြောသည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုလင်း၊အစ်ကိုလင်း နှုတ်ဆက်ပါတယ်၊ မစ္စတာဝမ်နှုတ်ဆက်ပါတယ်” လီရှောင်မင်ကပြောပြီးတာနဲ့အမြန်ထွက်သွားသည်။

ဂမ်လင်းက “အစ်ကို လင်း၊ မင်း ရန်မြို့ ကို ရှားရှားပါးပါး လာလည်တာဆိုတော့ မင်းကို ညစာစားဖို့ ဖိတ်လို့ရလား”

ဝမ်လန်းမရှိလည်း လင်းဖန်သည် တက်တူးထိုးထားသော အမျိုးသားအုပ်စုကို အလွယ်တကူ ဖြေရှင်းနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဝမ်လန်းကသူကိုအလုပ်မရှူပ်အောင်ကူညီပေးခဲ့သည်။

ဒါကြောင့်သူမငြင်းပေ။

လင်းဖန်က ခေါင်းညိတ်ကာ “ဒါဆိုလဲကောင်းပြီလေ၊နောက်မှနေရာကိုမက်ဆေ့ပို့လိုက်” လို့ပြောလိုက်တယ်။

“ကောင်းပြီ!” ဝမ်လင်းက ဝမ်းသာအားရပြောလိုက်သည်။

ဝမ်လင်းသည်လင်းဖန်ဖြေကိုကြားပြီးနောက်တွင်နှုတ်​ဆက်​ပြီး​ သူ အမြန်​ထွက်​သွားသည်​။

ယခုအချိန်အထိ ချူရှီနှင့် ဝမ်ဟေးတို့သည် အိမ်မက်မက်နေသဖွယ်ဖြစ်နေသည်။

ဒီကြောက်စရာကောင်းတဲ့ လီရှောင်မင်က နှစ်ကြိမ်တောင်အရိုက်ခံရတာလား။

ပြီးတော့ လင်းဖန်ကိုတောင်းပန်တာလား။

ဒီ……

ဒီ……

သူတို့သမီးကဘယ်လိုရည်းစားမျိုးနဲ့တွေ့ခဲ့တာလဲ။

ချူစီရှင်း က လင်းဖန်ကိုသူမရဲ့တောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်နေသည်။လင်းဖန်က ပြုံးလိုက်ပြီး “အန်ကယ်နဲ့အန်တီ အထဲဝင်ကြရအောင်။”

“အာ...အာ...ကောင်းပြီ၊ ဝင်ရအောင်”

ချူရှီ နှင့် ဝမ်ဟေးတို့က လငအးဖန်အမေးကို ထပ်ခါထပ်ခါ တုံ့ပြန်ခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာနေသည်အနောက်ရပ်ကိုဝင်သွားတော့သည်။

မြူးဂျက်ဟိုတယ်၏ အသွင်အပြင်သည် ကြီးမားသောတိုက်တစ်လုံးဖြစ်ပြီးညဘက်တွင် ထိန်ထိန်လင်းနေပြီး အလွန်တောက်ပနေသည်။ဒါက ရန်မြို့၏ အထင်ကရ အဆောက်အအုံတစ်ခုပင်ဖြစ်သည်။

ထိုအချိန်တွင် ဝမ်လင်းသည် မြူးဂျက်ဟိုတယ်အဝင်ဝတွင် အစောကြီး စောင့်နေသည်။

အဝေးက Lamborghini တစ်စီးလာတာကိုမြင်တော့ အမြန်ကားနားကိုသွားလိုက်သည်။

လင်းဖန်သည် ချူစီရှင်း၏လက်ကို ကိုင်ကာ ကားထဲမှ ဖြည်းညှင်းစွာ ထွက်လာသည်။

ထို့နောက် လုံခြုံရေးအစောင့်တစ်ဦးက ကားသော့ကိုယူကာ ကားပါကင်ဆီသို့ အမြန်မောင်းသွားခဲ့သည်။

“စောင့်နေတာကြာပြီလား” လင်းဖန်က ဝမ်လင်းကိုမေးလိုက်သည်။

“မကြာသေးပါဘူး ငါစောင့်နေတာခဏလေးပဲရှိသေးတယ်” ဝမ်လန်းက ထပ်ခါတလဲလဲ ပြောလိုက်သည် ။

ထို့နောက် သူက “အစ်ကိုလင်း၊မင်းအမြင်ကိုငါမလေးစားဘဲမနေတော့ဘူး၊ဘာလို့ဆိုငါ့မရီးကအရမ်းလှတယ်လေ”

ချူစီရှင်း က ပြုံးပြီး “ဝမ်လင်းမင်းချီးကြူးလွန်းနေပြီ” လို့ ပြောလိုက်သည်။

“ငါချီးကျူးနေတာမဟုတ်ဘူး။ ဒါအမှန်တရားကိုပဲပြောတာ။မရီး၊ မင်း ငါ့ကို ဝမ်လင်း လို့ မခေါ်ပါနဲ့၊ မင်း ငါ့ကို ရှောင်ဝမ် ဒါမှမဟုတ် ရှောင်လင်းလို့ တိုက်ရိုက်ခေါ်နိုင်တယ်။” ဝမ်လင်းက ပြောလိုက်သည်။

“ဒါဆို မင်းကိုရှောင်ဝမ်ပဲခေါ်မယ်” ချူစီရှင်းက ပြောလိုက်သည်။

“အစ်ကို လင်း ၊ မရီး ငါတို့ ဝင်ကြမလား “ ဝမ်လင်းက ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်လိုက်သည်။

သူတို့သုံးယောက်သည် အဝေးမှလူများစွာ၏အကြည့်အောက်တွင် မြူးဂျက်ဟိုတယ်သို့ ဖြည်းညှင်းစွာလျှောက်လာခဲ့ကြသည်။

အဝေးကသူများကသူဘယ်သူလဲ?ဆိုတာကိုစဉ်းစားနေကြသည်။

စဉ်းလဲစဉ်းစားရင်းအံလဲအံသြနေသည်။

ရန်မြို့၊ နောက်ထပ် နောက်ခံတောင့်တဲ့သူတွေရှိတာလား။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters