← Chapters

နောက်တစ်ကြိမ် တောင်းပန်ရန်လာခြင်း

Vol. 6 Ch. 83

နောက်တစ်ကြိမ် တောင်းပန်ရန်လာခြင်း

Vol. 6 Ch. 83

လင်းဖန်တို့ သုံးယောက်သား သည်သီးသန့်အခန်းသို့ ဝင်လာပြီးနောက်တွင်စားပွဲထိုးကဟင်းလျာများကို လာချပေးတော့သည်။

ဩစတေးလျပုဇွန်၊ ကိုးရီးယားအမဲသား၊ သင်္ဘောသီးနဲ့ဂုံးရောသုပ်၊ အမေရိကန်သိုးသား........

စားပွဲတစ်ခုလုံးသည်ဟင်းပွဲများဖြင့်ပြည့်နှက်သွားတော့သည်။

ထို့နောက် စားပွဲထိုးသည် Lafite 1982 ပုလင်းကို ဖွင့်လိုက်သည်။

ဝမ်လင်းက ဖန်ခွက်ကိုကိုင်ကာ “အစ်ကိုလင်း၊ ရန်မြို့ကို ဧည့်သည်အနေနဲ့ ကြိုဆိုပါတယ်။”

လင်းဖန်လဲသူ့ဖန်ခွက်ကိုမြှောက်ကာသောက်လိုက်သည်။

ဝမ်လင်းသည်လဲ တစ်ကျိုက်တည်း သောက်လိုက်သည်။

ပြီးနောက်နောက်ထပ် ဖန်ခွက်ကို လောင်းချလိုက်ပြီး “မရီး၊မင်း ဒီထက်မက ပိုနုပျိုလှပပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောလိုက်ပြီးသောက်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။” ချူစီရှင်းလဲပြောပြီးသောက်လိုက်သည်။

ဝိုင်ခွက်အနည်းငယ်သောက်ပြီးနောက် အခန်းအတွင်းရှိလေထုသည် ပိုမိုသက်ဝင်လှုပ်ရှားလာကာ သူတို့သုံးယောက်လုံး အလွန်ပျော်ရွှင်စွာစားသောက်နေကြသည်။

သောက်စားပြီးသောအခါ လင်းဖန်နှင့်ချူစီရှင်းတို့သည် အိမ်သို့ပြန်မလာခဲ့ကြပေ။

ယင်းအစား မြူးဂျက်ဟိုတယ်တွင် သမ္မတအိမ်တော်တစ်ခု ကိုငှားလိုက်သည်။

ယနေ့ည၊ ချူစီရှင်း သည် ခါတိုင်းထက် ပိုပြီးလင်းဖန်ရဲ့လူကြီးထရိန်နင်များကိုကြိုးစားနေသည်။

အပေါ်အောက်၊ဘေးတိုက်မှောက်ရက်၊ပက်လက်............

……

​နောက်​တစ်​​နေ့တွင်​ အပြင်​ဘက်​တွင်​ ​နေ​ရောင်​​သည်အခန်းထဲသို့ဝင်လာသောအခါ ချူစီရှင်း သည်​ ကြောင်​လိုမျိုးကုတင်ကြီးပေါ်တွင်ကွေးကွေးလေးအိပ်နေသည်။

လင်းဖန်သည် ချူစီရှင်းကိုကြည့်ပြီးနောက်ဖုန်းကို ကောက်ကိုင်ဖွင့်လိုက်သည်။

ဖုန်းစခရငပေါ်မှာ မဖတ်ရသေးတဲ့ မက်ဆေ့ဆျုတာကိုနှိပ်လိုက်သည်။

“၀:၀၀ နာရီတွင်၊ တရုတ်ဘဏ်မှ ယွမ် ၁,၃၃၀,၀၀၀ ရရှိခဲ့သည်။သည်။”

[အမည်-လင်းဖန်]

[အဆင့်- LV5]

【ဒင်း! စနစ်အဆင့်မြှင့်တင်မှု၊ LV5။ 】

[LV5 ဆု- ထွက်သက်တိုင်းအတွက် ယွမ် 20 ရယူပါ။ အိပ်ချိန် စက္ကန့်တိုင်းအတွက် ယွမ် 20 ရယူပါ။ သင်ခြေတစ်လှမ်း လှမ်းတိုင်းအတွက် ယွမ် 20 ရယူပါ။ ဆုလက်ဆောင်များကို နေ့စဉ် 24 နာရီတွင် အကောင့်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်ပါသည်။ 】

[အဆင့်မြှင့်တင်သုံးစွဲမှုပမာဏ- 6.34 သန်း / 50 သန်း (လက်ဆောင်များ၊ လောင်းကစားစသည်ဖြင့် မပါဝင်ပါ။ ထို့အပြင်၊ စနစ်မှရရှိသောပစ္စည်းများအားလုံးကို ရောင်းဝယ်ဖောက်ကားခြင်းမှ တားမြစ်ထားသည်)]

[ကျွမ်းကျင်မှု- ပရော်ဖက်ရှင်နယ် ကားမောင်းမှုစွမ်းရည်၊ ကျက်သရေရောင်ဝါ(မြင်မြင်ချင်း ချစ်ခြင်းမေတ္တာကို ဖန်တီးရန် အခွင့်အရေး 5%၊ မမေ့နိုင်သော အခွင့်အရေး)၊ တိုက်ခိုက်ရေးစွမ်းရည်(တိုက်ခိုက်လေကျက်သ​တိုးလေ)၊ အရက်ဘယ်လောက်သောက်သောက်မမူးခြင်းစွမ်းရည်၊ အကြွင်းမဲ့အာရုံစူးစိုက်မှု၊ပညာရှင်အဆင့်သင်္ချာဆိုင်ရာအတွေ့အကြုံ၊အမှန်တရားမျက်လုံး၊ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောကျွမ်းကျင်မှု၊ပရော်ဖက်ရှင်နယ်စန္ဒယားစွမ်းရည်၊လက်ရေးလှစွမ်းရည်၊

ပရော်ဖက်ရှင်နယ် လေယာဉ်မောင်းနှင်မှု စွမ်းရည် ၊ ပရော်ဖက်ရှင်နယ် စစ်တုရင် ကျွမ်းကျင်မှု၊ စွမ်းအင်ဒိုင်း]

[ငွေ 15.2 သန်း]

ထို့နောက် လင်းဖန်သည် ဖုန်းတွင်ပြသထားသည့် အနီရောင်အထုပ် ၅၀၀ ကို စိုက်ကြည့်လိုက်သည်။

“ရက်အနည်းငယ်အတွင်းမှာ ငါ 1,000 စုဆောင်းနိုင်ရမယ်” လို့ သူ့စိတ်ထဲမှာ ပြောလိုက်သည်။

ထိုအချိန်တွင် ကုတင်ပေါ်ရှိ ချူစီရှင်းသည် သူမ၏ လှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူမ ခန္ဓာကိုယ်ကို ​ဖြည်းညှင်းစွာထထိုင်လိုက်သည်။

လင်းဖန် က “မနေ့က အရမ်းပင်ပန်းနေပြီ အခုအနားယူလိုက်အုံး”

ချူစီရှင်းက “မလိုတော့ဘူး၊ ငါအနားယူပြီးပြီ။”

သူတို့နှစ်ယောက်သည်် မနက်စာစားပြီးတာနဲ့ Lamborghini ကားကို မောင်းပြီးချူစီရှင်းအမေတို့အိမ်ပြန်လာခဲ့သည်။

ကားပေါ်ကဆင်းပြီးတာနဲ့ လင်းဖန်ရဲ့ဖုန်းက အနည်းငယ်တုန်ခါသွားတယ်။

နေ့လယ်12:00!

စာအိတ်အနီပေါ်လာသည်။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 10,000 ရရှိခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် ၅၀၀ရရှိသည်။”

...

“ဒင်း ဂုဏ်ယူပါတယ် မင်း ကျွမ်းကျင်တဲ့ ရေမွှေးပညာရှင်အစွမ်းကိုရရှိခဲ့သည်။’’

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်”

ယနေ့စာအိတ်နီဖွင့်ရာတွင်လင်းဖန် သည် စုစုပေါင်း ယွမ် 40,503 ရရှိခဲ့သည်။

သူသည် အရင်လိုဘဲပငွကိုလျစ်လျူရှူလိုက်ပြီးရေမွှေးကျွမ်းကျင်မှုစွမ်းရည်ကိုတိုက်ရိုက် အာရုံစိုက်ခဲ့သည်။

【ရေမွှေးကျွမ်းကျင်သူ- အနံ့တစ်ခုက အရသာတစ်ရာလုံးကို သိနိုင်သည်။ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ရေမွှေးကို ဘယ်လိုလဲဆိုနားလည်နိုင်သည်၊ပြီးတော့ ဖော်မြူလာ၊ ထုတ်လုပ်မှု၊ ရေမွှေးအမျိုးအစား ... ...ဒီစွမ်းရည်ကိုသုံးလိုက်တာနဲ့အဆုံးမရှိ ကျက်သရေကို တိုးစေသည်။ 】

ရေမွှေး?

လင်းဖန်၏မျက်နှာသည် သံသယအရိပ်အမြွက်ထွက်လာနေသည်။

ထို့နောက် သူသည် ပေါ့ပေါ့ပါးပါးဖြင့်ချူစီရှင်း၏ရနံ့ကို ရှုလိုက်သည်။

“စံပယ်၊ နှင်းဆီ၊ လီလီ... အခြောက်ခံတယ်ံ၊ ကြိတ်ချေ၊ စစ်ထုတ်ခြင်းနှင့် အခြားအဆင့်များဖြင့် ပြုလုပ်ထားသော ရေမွှေး”

ရေမွှေးထုတ်လုပ်ရေး လုပ်ငန်းစဉ်တစ်ခုလုံးက ရုပ်ရှင်တစ်ခုလိုပဲ၊ အားလုံးက လင်းဖန် ရဲ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

ထိုအချိန်တွင် လီရှောင်မင်သည် အဝေးမှ ပြေးလာခဲ့သည်။

သူက ခေါင်းငုံ့ပြီး လေးလေးစားစားစွာဖြင့်” မစ္စတာလင်း ၊ မနေ့ကကိစ္စကို ငါတောင်းပန်ပါတယ် ...”

“ဒီကတ်ထဲမှာ မင်း မနေ့ကပေးတဲ့ ၂ သန်းအပြင် မင်းဦးလေးနဲ့ အဒေါ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုအတွက် လျော်ကြေးငွေတချို့ ပါပါတယ်တယ်။”

လင်းဖန်က မငြင်းဘဲကဒ်ကိုတိုက်ရိုက်ယူလိုက့သည်။

လီရေီာင်မင်သည် ဒါကိုမြင်လိုက်ရသောအခါ မှသာသက်ပြင်းတစ်ချက်ချလိုက်သည်။

လင်းဖန်က မနေ့က သူ့ကိုလွှတ်ပေးလိုက်သည် ။

သို့သော် သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်နေပြီးတစ်ညလုံး အိပ်မပျော်ခဲ့ပေ။

လီရှောင်မင်သည် လင်းဖန်ကဲ့သို့သော လူငယ်တစ်ယောက်သည် သူ့ကိုယ်ကိုင်တွယ်လိုလျှင် သူ့လက်ချောင်းများကိုသာ ရွှေ့ရန် လိုအပ်ကြောင်း လီရှောင်မင်ကောင်းကောင်းသိသည်။

ထို့ကြောင့် သူသည် ယနေ့နံနက် အစောကြီးကတည်းကပိုက်ဆံပေးရန်စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ယခုတော့လင်းဖန် သည် သူ့ဘဏ်ကတ်ကို လက်ခံလိုက်သောအခါ တွင်လီရှောင်မင် သည် လုံးဝစိတ်သက်သာရာရသွားသည်။

“မစ္စတာလင်းဒါဆို ငါမင်းကို မနှောင့်ယှက်တော့ဘူး...”

လီရှောင်မင်ကပြောပြီးတာနှင့် အမြန်ထွက်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ဟေးကအပြင်မှအသံကိုကြားပြီးနောက်ဖြည်းညှင်းစွာ ထွက်လာကာ”လင်းဖန်၊ ချူရှင်းပြန်လာပြီလား?”

“မင်းတို့ဗိုက်ဆာနေလား ငါမင်းတို့အတွက်ချက်ပေးမယ်!”

လင်းဖန်က “အန်တီ မချက်ပါနဲ့တော့၊ ငါတို့စားပြီးပြီ”

“ဒါဆို လာအိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်မယ်” ဝမ်ဟေးက ပြောလိုက်သည်။

လက်ဖက်ခြောက်ကိုဝမ်ဟေး၏အိမ်တွင် စိုက်ပျိုးထားပြီး အလွန်ချိုမြိန်သည်။ လင်းဖန်သည် ခွက်ကြီးနှစ်ခွက်သောက်ပြီးနောက် အလွန်ကျေနပ်သွားသည်။

“ချူရှင်း၊ လင်းဖန်၊ မင်းတို့ အသက်လဲမငယ်တော့ဘူး၊ ဘယ်တော့ လက်ထပ်ဖို့ စဉ်းစားပြီးပြီလဲ” ဝမ်ဟေးက မေးလိုက်သည်။

ချူစီရှင်းသည်လင်းဖန် ၏ အဖြေကို စောင့်မနေဘဲ “အမေ၊ ငါတို့ လက်မထပ်သေးဘူး” ဟု ကမန်းကတန်း ပြောလိုက်သည်။

“ဒါ... ဒါက။” ဝမ်ဟေးက ဘာပြောရမှန်းမသ်ဖြစ်သွားသည်။

“ကလင်း..........!”

ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် ကျယ်လောင်စွာမြည်လာခဲ့သည်။

ခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်သည်။

“ဆရာဟူ၊ ဘာကိစ္စရှိလို့လဲ” လင်းဖန်က မေးလိုက်သည်။

“လင်းဖန် မင်း ပဲရစ်ကို မသွားချင်ဘူးဆိုတာကိုငါတို့က ကမ္ဘာ့သင်္ချာအဖွဲ့ကို ဆက်သွယ်ပြီး ပြီ။ငါတိုကကျန်ပေ့မှာပဲဟောပြောပွဲကျငပမယ်ဆိုတာကိုပြောလိုက်တယ်။အချိန်နည်းနည်းကြာတော့သူတို့ကကျန်ပေ့ကိုလာဖို့သဘောတူလိုက်တယ်။ မင်းအဆင်သင့်ဖြစ်ပြီလား” ဟေးချမ် က မေးလိုက်သည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတည်းကအဆင်သင့်ဖြစ်နေပပြီ’’ လင်းဖန်က ပြောသည်။

ဟေချမ်က “ကောင်းပြီ!”

ဖုန်းချပြီးနောက်တွင် လင်းဖန်သည် “ဦးလေးနဲ့ အဒေါ်တို့ ကျနော်ကျန်ပေ့ကို အရင်ပြန်သွားတော့မယ်။’’

“မင်းမှာ ကိုင်တွယ်စရာတွေ ကျန်နေသေးတယ်ဆိုရင် ငါတို့က တားထားမှာ မဟုတ်ဘူး။ အနာဂတ်မှာ ရန်မြို့ကို မကြာခဏ လာလည််ရင်ရပြီ’’လို့ ချူရှိက ဆိုလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြပြီး လီရှောင်မင်ပေးထားသည့် ဘဏ်ကတ်ကို ထုတ်ယူလိုက်သည်။

“ဦးလေးတို့ အဒေါ်တို့ ဒီကဒ်ကိုယူလိုက်ပါ” လင်းဖန်က ပြောသည်။

“ငါတို့ လက်မခံနိုင်ဘူး။” ချူရှီကချက်ချင်း ပြောလိုက်သည်။

“ဟုတ်တယ်ငါလဲလက်မခံဘူး။မင်းပိုက်ဆံကို ငါတို့ဘယ်လိုယူရမလဲ” ဝမ်ဟေးလဲပြောလိုက်သည်။

လင်းဖန်က ပြုံးပြီးပြောတယ် “ဒါအန်တီတို့နားလည်မှုလွဲနေတာ၊ ဒါက လီရှောင်မင်ကအန်တီတို့ကိုပေးလိုက်တဲ့လျော်ကြေးပါ...”

ချူရှီ နှင့် ဝမ်ဟေးတို့သည်ဘယ်လောက်ပြောပြော ငြင်းပယ်ကြောင်း ထုတ်ဖော်ပြီး လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းနေကြသည်။

လင်းဖန်သည် ချူစီရှင်းအား “ချူရှင်း၊ပြောပေးအုံးလေ”

“ဖေဖေ၊ မေမေ၊ ဒါကိုလက်ခံလိုက်ပါ” ချူစီရှင်းက ပြောလိုက်သည်။

သူတို့ကလေးက ဒီလိုပြောတာကိုတွေ့တော့ ခဏတုံ့ဆိုင်းနေပြီးနောက် ကဒ်ကိုလက်ခံလိုက်သည်။

လင်းဖန်နှင့် ချူစီရှင်းတို့ထွက်သွားပြီးနောက်

ချူရှီ က “မိန်းမ၊ မင်း ဒီကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲသိလား”

“ဘယ်သိမှာလဲ၊သွားကြည့်ရအောင်။” ဝမ်ဟေးက ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် မဝေးသော ATM စက်ဆီသို့ ရောက်လာကြပြီးကဒ်ထဲမှာပိုက်ဆံဘယ်လောက်ရှိလဲဆိုတာကိုစစ်လိုက်သည်။

နောက်အခိုက်အတန့်တွင် နှစ်ယောက်သား သည်အလွန်အံသြ သွားသည်။

ဘာလို့လဲဆိုတော့ ဒီကတ်ထဲမှာ 5 သန်းရှိနေလို့ပင်ဖြစ်သည်။

ဒီ…

ဒီ…

ဒီဘဝမှာသူတို့ ဒီလိုပိုက်ဆံတွေ အများကြီးကိုတစ်ခါမှ မမြင်ဖူးပေ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters