အဆင့်မြင့်ပညာရေးဖလား
Vol. 6 Ch. 84
သင်္ချာမော်ဒယ်ပြိုင်ပွဲကွင်းပြင်။
ဟေးကျူတက္ကသိုလ်၊ ကျင်းချန် တက္ကသိုလ်၊ မှော်တက္ကသိုလ် စသည်ဖြင့် နိုင်ငံတွင်းရှိ ထိပ်တန်းကျောင်းများ၏ ထူးချွန်ထက်မြက်သူများသည်အတူတကွစုရုံးခဲ့ကြသည်။
ထို့နောက်ဆုရှိသောသူများကိုတစ်ခုပြီးတစ်ခု ရွေးချယ်ခဲ့သည်။
“အမျိုးသား တတိယဆု၊ မူဒူတက္ကသိုလ် ဇောင်ချမ်၊ ယဲ့ဇောင်၊တင်းထန်...”
“အမျိုးသားဒုတိယဆု၊ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ချန်ကျင်း၊ စုရန်၊ ဖန်လောင်...”
“အမျိုးသား ပထမဆု၊ ဟေးကျူတက္ကသိုလ် နီဇောင်ချင်း၊ ပန်လင်း၊ ဟန်ဇောင်...”
“အဆင့်မြပဲင့်ပညာရေးဖလားအနိုင်ရသူများ-ကျန်ပေ့တက္ကသိုလ် လင်းဖန်၊ရှောင်ပန်၊ရှောင်အန်းတို့ပဲဖြစ်ပါတယ်။!”
ဆုရစာရင်း ထွက်လာချိန်မှာတော့ တချို့လူတွေက ဝမ်းသာပြီး တစ်ချို့ကဝမ်းနည်းကြသည်။
နောက်ဆုံးအဆင့် အဆင့်မြင့်ပညာရေးဖလား ကိုကျန်ပေ့တက္ကသိုလ်ကရရှိတယ်ဆိုတာကိုလူတိုင်းက မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ကျန်ပေ့တက္ကသိုလ်သည် အမှန်တကယ်ပင် အရေးကြီးသော တက္ကသိုလ်တစ်ခုဖြစ်သည်။
သို့သော်၊ ၎င်းတို့၏ သင်္ချာသည် တစ်ခြားသော တက္ကသိုလ်များ၏ အောက်ခြေတွင် အမြဲရှိသည်။
ယခင်သင်္ချာ မော်ဒယ်လ်ပြိုင်ပွဲများတွင် ပဲဆုမရရှိခဲ့ပေ။
အခုကအဆင့်မြင့်ပညာရေးဖလားကို တိုက်ရိုက်ရခဲ့တာလား။
လင်းဖန်နှင့် အခြားလူများကို ရှာဖွေရန် လူများစွာက လှည့်ပတ်ကြည့်ရှုသော်လည်း မတွေ့ရပေ။
တစ်စုံတစ်ယောက်က “အဲဒါကို မရှာနဲ့၊ကျန်ပေ့တက္ကသိုလ်ကလူတွေ မလာဘူး”
“ဘာဖြစ်လို့လဲ? မလာရတာလဲ” သူ့ဘေးကလူက ချက်ချင်းအော်ပြောလိုက်သည်။
“လင်းဖန်က ဇောင် ရဲ့ ထင်မြင်ယူဆချက်ကို ဖြေရှင်းပြီး ကျန်ပေ့တက္ကသိုလ်တွင် မကြာခင်မှာသတင်းစာရှင်းလင်းပွဲ(ဟောပြောပွဲ)လုပ်မယ်လို့ ကြားပါတယ်။ ဒါကြောင့် လာဖို့အချိန်မရှိဘူး။” နောက်လူက တိုးတိုးလေးပြောလိုက်သည်။
“ဇောင်ယူဆချက်လား” တစ်စုံတစ်ယောက် အံ့သြပြီးပြောလိုက်သည်။
…………
ယခုအချိန်တွင် လင်းဖန် သည် Lamborghini ကားကို မောင်းနှင်နေပြီး ကျန်ပေ့ဆီသို့ တလမ်းလုံး မောင်းနေသည်။
“ကလင်း........!”
သူ့ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။
လင်းဖန်သည် ကားဖုန်းနေရာကနေကိုင်လိုက်သည်။
“လင်းဖန်၊ သတင်းကောင်းတစ်ခုပြောပြချင်တယ်၊ သင်္ချာမော်ဒယ်ပြိုင်ပွဲမှာ မင်းအဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးနိုင်ခဲ့တယ်!” ဟေးချမ်ကအလွန်စိတ်လှုပ်ရှားနေသော အသံသည် ဖုန်းတွင်ထွက်ပေါ်လာခဲ့သည်။
ဘေးနားရှိ ချူစီရှင်းသည် လဲသူမ၏ချောမောလှပသောမျက်နှာပေါ်တွင် အံ့အားသင့်သောအမူအရာချက်ချင်းပေါ်လာသည်။
သူမသည် ငါဘွဲ့ရတာ နှစ်နှစ်ရှိပြီဖြစ်သည်။
သို့သော်လည်း ချူစီရှင်းသည် အဆင့်မြင့်ပညာရေးဖလားအမည်ကိုလည်း ကြားဖူးသည်။
၎င်းသည် သင်္ချာဌာန၏ အမြင့်ဆုံးဆုများထဲမှ တစ်ခုဖြစ်သည်။
လင်းဖန်သည် ချောမောပြီး ချမ်းသာပြီး ချစ်ဖို့ကောင်းသည်။
ယခုတော့ သူသည် ပညာရေးပိုင်းမှာလဲကျွမ်းကျင်နေသည်။
အို.....ဘုရားရေ!
သူမ....ဘယ်လိုနတ်သားမျိုးတွေ့တာလဲ။
ချူစီရှင်းသည် လင်းဖတ်ကိုသူမ၏ လှပသော မျက်လုံးများဖြင့်ချစ်ခင်မှုများ အပြည့်ရှိသည့်မျက်ဝန်းဖြင့်ကြည့်နေသည်။
ဟေးချမ်ကစိတ်လှုပ်ရှားပြီးပြောနေစဉ်လင်းဖန် က “အိုး” ဟုသာ ပြန်ဖြေလိုက်သည်။
လင်းဖန်သည်အဆင့်မြင့်ပညာရေးဖလားကို စိတ်မဝင်စားပေ။
မဟုတ်ရင် လင်းဖန်သည်ပေကျင်းကို သွားဖို့ ငြင်းမှာမဟုတ်ပေ။
ဟေးချမ်သည် လင်းဖန်၏ အဖြေကို ကြားပြီး ခဏတာ စကားမပြောဘဲ နေလိုက်ရသည်။
အဲဒါ အဆင့်မြင့်ပညာရေးဖမလား။
ဒါပဲဖြေတာလား?
သို့သော် ဟေးချမ် သည် ဇောင်၏ထင်မြင်ယူဆချက်တွင်လင်းဖန်၏အဖြေကို လျင်မြန်စွာတွေးပြီး အနည်းငယ်သက်သာရာရသွားသည်။
သူက ချောင်းဆိုးလိုက်ပြီး “စကားမစပ်၊ ငါတို့က ကမ္ဘာ့သင်္ချာအဖွဲ့နဲ့ အဆက်အသွယ်ရပြီး ဒီနေ့စနေနေ့မှာ အစီရင်ခံစာ အစည်းအဝေးလုပ်မယ်။ မင်းဒီရက်တွေမှာ ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ”
“ကောင်းပြီ။” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
လင်းဖန်တို့သည် ကျန်ပေ့သို့ပြန်ရောက်တော့ ညရောက်နေပြီဖြစ်သည်။
ရီမြို့တွင် အခန်းပေါင်း ၂၅၀၁ ခန်း၊
ဟေးလင်းသည် ဧည့်ခန်းထဲတွင် TV ကြည့်ရင်း အိပ်ငိုက်နေသည်။
ထိုအချိန်တွင် တံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။
ဟေးလင်းသည် လင်းဖန်နှင့် ချူစီရှင်းတို့ကိုတွေ့ပြီးနောက် ချက်ချင်းပင် တက်ကြွလာတော့သည်။
ထို့နောက် သူမက “ချူရှင်း၊ မင်းမိသားစုရဲ့ကိစ္စတွေကို ဖြေရှင်းပြီးပြီလား?”
“ပြေလည်သွားပြီ၊ အားလုံးက ငါ့ခင်ပွန်းကြောင့်ပဲ” ချူစီရှင်းက ပြောလိုက်သည်။
သူမ စကားပြောနေစဉ်တွင် လင်းဖန်သည်လီရှောင်မင်ကို သွန်သင်ပြသခဲ့သည့် မြင်ကွင်းကို သတိရနေပုံရပြီး လင်းဖန်အား ချစ်ခင်စွာ ကြည့်နေရုံဖြင့် မထိန်းနိုင်တော့ပေ။
ထို့နောက် ချူစီရှင်းက “ဟေးလင်းမင်းသိလား? ဒီနေ့သင်္ချာမော်ဒယ်ပြိုင်ပွဲမှာ ငါ့ခင်ပွန်းက အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးခဲ့တယ်!”
“အဆင့်မြင့်ပညာရေးဖလား? တကယ်လား!?” ဟေစလင်းက တအံ့တသြပြောလိုက်သည်။
ထင်ရှားသည်မှာ၊ သူမသည် အဆင့်မြင့်ပညာရေးဖလား၏ အမည်ကိုကြားဖူးသည်။
အဲဒါက သာမန်လူတွေသင်ယူနိုင်သည့်အရာမဟုတ်ပေ။
ချူစီရှင်းက ပြုံးပြီး “ငါကလိမ်လို့လား?”
ခေတ္တရပ်ပြီး မေးတယ်- “စကားမစပ် မင်းကိုဝယ်ခိုင်းတဲ့အဝတ်တွေ ဝယ်ပြီးပြီမဟုတ်လား”
“အဲ...။” ဟေးလင်း က ခေါင်းညိမ့်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။
အဲဒီအဝတ်အစားတွေကို တွေးပြီးဟေးလင်း ရဲ့လှပတဲ့မျက်နှာလေးဟာ နီရဲသွားသည်။
ချူစီရှင်း က ပြုံးပြီး “ကောင်းတယ်!ငါတို့ခင်ပွန်း အဆင့်မြင့်ပညာရေးဖလားကို အောင်ပွဲခံတဲ့ အထိမ်းအမှတ်အနေနဲ့ ညဘက်မှာ ဒီဝတ်စုံကို ပြောင်းဝတ်လိုက်ကြရအောင်”
အဲဒီညကတော့လင်းဖန်ထရိန်နင်ဆင်တဲ့နေ့တွေထဲမှာအပျော်ဆုံးနေ့ပင်ဖြစ်သည်။
…………
……
...
နောက်တစ်နေ့။
လင်းဖန်သည် Lamborghini ကို မောင်းနှင်ပြီး ကျန်ပေ့တက္ကသိုလ်ဆီသို့ သွားနေခဲ့သည်။
မီးပွိုင့်ကို ရောက်တဲ့အခါ။
“ဗွမ်း!”
အဖြူရောင် Porsche Cayenneနဲ့ရုတ်တရက် တိုက်မိသွားသည်။
ထို့နောက် လှပသော မိန်းမချောလေးတစ်ယောကသည်ကားထဲမှထွက်လာသည်။
သူမသည် ရေတံခွန်ကဲ့သို့ ဆံပင်ရှည်ရှည်ရှိပြီး၊လက်ရာမြောက်သော မျက်နှာအသွင်အပြင်နှင့် သူမ၏ ပြီးပြည့်စုံသော အသွင်အပြင်ကို မီးမောင်းထိုးပြသည့် အဖြူရောင်စကတ်နှင့် ရင့်ကျက်ပြီး ကျက်သရေအပြည့်ရှိသည်။
လင်းဖန် သည် သူမကို နှလုံးသားထဲတွင် ဟန်တီနှင့် တိတ်တဆိတ် နှိုင်းယှဉ်နေသည်။
ခန္ဓာကိုယ်က ဆင်တူပေမယ့် မျက်နှာသွင်ပြင်ကမတူပေ။
တစ်ချိန်တည်းမှာပင် လင်းဖန်သည် အမှန်တရားမျက်လုံးကိုသုံးလိုက်သည်။
[မျက်နှာတန်ဖိုး- 95]
【အကြိုက်ဆုံးအဆင့်သတ်မှတ်ချက်- 70】
လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသည်။
သူမျှော်လင့်ထားသည့် မျက်နှာတန်ဖိုး ၉၅ ရှိသည်။
ဒါပေမယ့် 70က?
ဘယ်လိုဖြစ်တာလဲ။
သူ့ကားနဲ့တိုက်မိလို့ကြိုက်သွားတာလား။
ငါစိတ်ထင်လို့နေပါမှာ။
ထိုအချိန်တွင်အလှလေးနီးကပ်လာသည်နှင့်အမျှ လင်းဖန်၏နှာခေါင်းဆီသို့ ရင်းနှီးသောရနံ့တစ်ခု ပျံ့လွင့်လာသည်။
အလှလေးသည် သံလိုက်ဓာတ်ပါသောလေသံလို “ဒါကို နောက်ပြန်ဆုတ်လို့တိုက်မိသွားတဲ့အတွက် ငါ မင်းကို သေချာပေါက် လျော်ကြေးပေးပါ့မယ်” လို့ ပြောလိုက်သည်။
ခေတ္တနားပြီးနောက် သူမက “ယာဉ်တိုက်မှုအတွက်လည်း တောင်းပန်တဲ့အနေနဲ့၊ ထမင်းကျွေးပါရစေ” လို့ ပြောလိုက်သည်။
လင်းဖန်ကပဲ ငြင်းဖို့လုပ်လိုက်ပေမဲ့။
ထိုအချိန်တွင် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အသံတစ်ခု ထွက်ပေါ်လာသည်။
[မစ်ရှင်- အစားအစာများစားခြင်း။ရမှတ် ၉၀ နှင့် အထက်ရှိသော အလှမယ်ငါးဦးကို တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အစားအသောက်များစားရန် ဖိတ်ကြားပါ။ ငွေရောင် စာအိတ် ၅ စောင် ချီးမြှင့်သည်။ တိုးတက်မှု- 0/5 ။ 】
မစ်ရှင်?
အခြားမစ်ရှင်တစ်ခုဖြစ်သည်။
ငွေရောင်စာအိတ်ကို အကြိမ်ကြိမ်ဖွင့်ပြီးနောက် လင်းဖန်သည် ၎င်းအတွက် မျှော်လင့်ချက်အပြည့်ရှိခဲ့သည်။
လင်းဖန်၏ မျက်လုံးများ အနည်းငယ် ရွေ့လျားသွားပြီး “မက်းလိုမိန်းမလှလေးကိုကိုယ်ကပဲဒကာခံပြီး ညစာစားဖို့ ဖိတ်သင့်တယ်” လို့ လင်းဖန်က ပြောလိုက်သည်။
အလှလေးသည် ရှေ့သို့ နှစ်လှမ်းတိုးပြီး ပြုံးကာ “ကောင်းလေး မင်းကစကားတွေတတ်နေတယ်။အဲ့ဒါမှသဘောကျတာ!”
ဒီတစ်ပိုင်းကအပိုပါ😁။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာငါပြန်-စောင့်ချောကြီး