စော်ကြည်ဘဲလင်းဖန်
Vol. 6 Ch. 85
ဒီကားတိုက်မိမှုက အရှိန်မပြင်းထန်ပေ။ထိရုံသည်ဆိုတာထက်နည်းနည်းပြင်းသွားတာပဲရှိသည်။
ဒါကြောင့်လင်းဖန်၏ Lamborghini သည် ဆေးအနည်းငယ်ပင်ကွာကျခြင်းမရှိပေ။
လင်းဖန်၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ဦးသည် ကျန်ပေ့မြို့လယ်ရှိ ကြယ် စားသောက်ဆိုင်သို့ အမြန်ရောက်ရှိခဲ့ကြသည်။
ဤစားသောက်ဆိုင်တွင် ဇိမ်ခံပါဝင်ပစ္စည်းများ အများဆုံးပါဝင်ပြီး ထိပ်တန်းစားဖိုမှူးများရျိသောကြောင့် အရသာလည်း အထူးကောင်းမွန်ပါသည်။
ပြီးတော့သူတို့ဟင်းများ၏စျေးနှုန်းသည်အလွန်မြင့်မားသည်။စျေးနှုန်းအလွန်မြင့်မားသည်နဲ့အညီအရသာလဲတော်တော်ကောင်းသည်။
အလှလေးက “ကြယ်စားသောက်ဆိုင်မလား”
သေချာသည်ကတော့ သူမသည် ကြယ်စားသောက်ဆိုင်၏အမည်ကိုလည်း ကြားဖူးမည်ဖြစ်သည်။
လင်းဖန် က ပြုံးပြီး “ဒါက မင်းအတွက် ကြီးကြီးမားမား မဖြစ်သင့်ဘူး မဟုတ်လား”
“ကျွန်မကဒီကိုတစ်ခြားလူနဲ့လာစားဖို့ တစ်ခါမှ ဆန္ဒမရှိခဲ့ဘူး၊ ဒါကတစခြားသူနဲ့သားတာပထမဆုံးအကြိမ်ပဲ” အလှလေးကပြောလိုက်သည်။
လင်းဖန်က ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး “အရင်ဝင်ကြရအောင်”
“ဒင်!”
နှစ်ယောက်သား စားသောက်ဆိုင်ထဲသို့ လျှောက်သွားသောအခါ စူးရှသော အသံတစ်ခု ကြားလိုက်ရသည်။
ထို့နောက် အရပ်ရှည်သော စားပွဲထိုးအမျိုးသမီးက နွေးထွေးစွာ နှုတ်ဆက်သည်။
“ကြယ်စင်စားသောက်ဆိုင်မှကြိုဆိုပါတယ်!”
“ဘိုကင်လုပ်ထားတာရှိလား” စားပွဲထိုးက မေးလိုက်သည်။
လင်းဖန်က ခေါင်းခါပြီး “မရှိဘူး” ဟုပြောလိုက်သည်။
စားပွဲထိုးက သူ့လက်ထဲက တက်ဘလက်ကို ငုံ့ကြည့်ကာ “ဒါဆိုဟို မင်းအစွန်းကိုပဲ ရွေးလို့ရတယ်” လို့ ပြောလိုက်သည်။
လင်းဖန်သည် ခေါင်းကို လှည့်ကာ သူ့ဘေးနားရှိ အလှလေးကို ကြည့်လိုက်သည်။
“ဘယ်မှာထိုင်စားလဲ ဆိုတာအရေးမကြီးဘူး။” အလှလေးကပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဒီဘက်လိုက်ခဲ့ပါ” စားပွဲထိုးက ပြောလိုက်သည်။
မကြာခင်မှာပဲ သူတို့နှစ်ယောက်ကို အတော်ဝေးဝေးလေးမှာထိုင်လိုက်ကြသည်။
အလှလေးကက “ငါ့ကို မမိတ်ဆက်ဖူးဘူးထင်တယ်၊ ငါ့နာမည်က ရှောင်ရီ”
နာမည်က ရှောင်?
ထိုအချိန်တွင် လင်းဖန်သည် ရှောင်ရီ၏အနံ့ကို အတန်ငယ်ရင်းနှီးသည်ဟု သူဘာကြောင့်ခံစားခဲ့ရသည်ကို သတိရလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ရှောင်ပန် နှင့် ရှောင်အန်းတို့သည်အကုန်လုံးနီးပါးအတူတူပင်ဖြစ်သည်။
အရင်တုန်းကဆိုရင်ရှောင်ပန်နှင့်ရှောင်ရီတို့နဲ့ဆက်နွယ်မှုရှိလားဆိုတာကိုလင်းဖန်က မသိပေ။
ယခုမူ၊ သူ့တွင် မတူညီသော ရနံ့များကို အလွယ်တကူ မှတ်မိနိုင်ပြီး ခွဲခြားနိုင်သော ကျွမ်းကျင်သော ရေမွှေးပညာရှင်စွမ်းရည်ရှိသည်။
လင်းဖန် သည် ရှောင်ပန် နှင့် ရှောင်အန်း တို့ကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီး အကြိမ်များစွာ အနံ့ခံပြီးနောက် ၎င်းတို့ကို သဘာဝအတိုင်း မေ့သွားမည်မဟုတ်ပေ။
မျိုးရိုးတူရှောင်
.......
လင်းဖန်သည် မထိန်းနိုင်ဘဲ ရှောင်ရီ ကို ဂရုတစိုက်ကြည့်လိုက်သည်။
သူမ၏ မျက်နှာအသွင်အပြင်သည် ရှောင်ပန်နှင့် ရှောင်အန်း တို့နှင့် ကွဲပြားသည်။အရမ်းကွဲပါးတာမဟုတ်ဘဲမသိမငါနည်းနည်းကွဲပါးသည်။
ယခုအချိန်တွင် လင်းဖန်သည် သူ့ကားကို တိုက်ဆိုင်မှုတစ်ခုကြောင့် ဝင်တိုက်မိခြင်းမဟုတ်ဟုသံသယအချို့ရှိနေသည်။
လင်းဖန်သည် ပဟေဠိဖြစ်သောအခါတွင် မွှေးကြိုင်သော ဂုံးပေါင်းများကိုလာချပေးတော့သည်။
အဝါရောင်၊ မီးခိုးရောင် နှင့် အစိမ်းရောင်ရှိသော ကွဲပြားသော ဂုံးသုံးမျိုးကို သက်တံလင်ပန်းပေါ်တွင်တင်ထားသည်မှာအလွန်လှပသည်။
ရှောင်ရီတောင်မှ အရသာရှိတာတွေ အများကြီးစားဖူးပေမယ့် ဂုံးပေါင်းကိုပါးစပ်ထဲရောက်သွားတော့ သူမရဲ့ လှပတဲ့ မျက်လုံးလေးတွေက ချက်ချင်းတောက်ပသွားတော့သည်။
ကြွပ်ဆတ်တယ်၊ နူးညံ့ပြီးအရငါရှိသည်။
ထိုအချိန်တွင်၊ အရောင်ဖျော့သော ဝီစကီခွက်နှစ်ခွက်ကို စားပွဲထိုးကလာချပေးသည်။
လင်းဖန်က “ချီးယား!”
“ချီးယား!” ရှောင်ရီက ပြောလိုက်သည်။
သူမစကားပြောပြီးသောအခါ သူမသည် တစ်ကျိုက်လောက်သောက်ပြီး “ကောင်းလိုက်တဲ့ ဝိုင်!”
လင်းဖန်သည် ဝိုင်ဖန်ခွက်ကို ဦးစွာယမ်းလိုက်ပြီးသောက်လိုက်သည်။
လှုပ်ရှားမှုများသည် အပြစ်ပြောစရာမရှိအောင်ပြေပြစ်သည်။
ဒီမှာကြည့်...
မျက်နှာချင်းဆိုင်ထိုင်နေသောရှောင်ရီသည်လင်းဖန်ကိုသတိလက်လွတ်ကြည့်မိလိုက်သည်။
ဒီတစ်ခါလင်းဖန် ကတော့ ဝီစကီနဲ့ပတ်သက်ပြီး မှတ်ချက်မပေးခဲ့ပေ။
သို့သော် သူ၏အပြုအမူများသည် လွတ်ကူပြေပြစ်ပြီး စွဲမက်ဖွယ်ကောင်းသည်။
ဘယ်လောက်သောက်သောက်မမူးခြင်းစွမ်းရည်။(သောက်လေလေကျက်သရေတိုးလာလေဖြစ်သည်။)
ထိုအချိန်တွင် စာပွဲထိုးကလဲငါးကင်အကောင်လိုက်လာချပေးလိုက်သည်။
ရှောင်ရီသည်လာချပေးသည့်ငါးကင်တစ်ပိုင်းကို အမြန်ပါးစပ်ထဲထည့်လိုက်သည် ။
ခံတွင်းထဲမှာ အရည်ပျော်သလိုမျိုးဖြစ်ပြီးမွှေးရနံ့ကာ အလွန်အရသာရှိသည်။
ရှောင်ရီကခေါင်းညိတ်ပြီးစားလိုက်သည်။
ဝက်ကင်၊ဆိတ်ကင်၊ငါးပေါင်း.........
ဟင်းတစ်ပွဲစီက သိပ်မများပေမယ့် အရသာက အရမ်းကောင်းတာကြောင့် လူတွေကို နှစ်သက်စေသည်။
ခဏလောက်ကြာတော့ ရှောင်ရီက သူမရဲ့ ချယ်ရီပါးစပ်လေးကို သုတ်လိုက်ပြီး “အရမ်းအရသာရှိတယ်။’’ လို့ပြောလိုက်သည်။
လင်းဖန်သည် စျေးနှုန်းများကို တွက်ချက်ကာ 100,000 ကျော်လွန်ကြောင်း အတည်ပြုပြီးနောက် သူက “စားပွဲထိုး၊ ရှင်းမယ်” ဟုပြောလိုက်သည်။
“မင်္ဂလာပါ၊ ဝန်ဆောင်ခ 10% စုစုပေါင်း ယွမ် 122,000” စားပွဲထိုးက ပြောလိုက်သည်။
လင်းဖန်သည် ဘဏ်ကတ်ကို တိုက်ရိုက် ပေးလိုက်သည်။
ထို့နောက် လင်းဖန်သည် အလုပ်တာဝန်ကို တစ်ချက်ကြည့်လိုက်သည်။
[မစ်ရှင်- အစားအစာများကျွေးခြင်း။ ရမှတ် ၉၀ နှင့် အထက်ရှိသော အလှမယ်ငါးဦးကို တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အစားအသောက်များစားရန် ဖိတ်ကြားပါ။ ငွေရောင်စာအိတ် ၅ စောင် ချီးမြှင့်သည်။ တိုးတက်မှု- 1/5 ။ 】
လင်းဖန်ကအနည်းငယ်ပြုံးလိုက်သည်။
သူဘေးမှာထိုင်နေတဲ့ ရှောင်ရီ က “ထမင်းတစ်နပ်က ယွမ် ၁၂၀,၀၀၀ လား? ဒါစျေးကြီးတယ်လို့ ယူဆလို့ရတယ်။”
“ကလင်း.........”
ထိုအချိန်တွင် ရှောင်ရီ၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။
“ကောင်းပြီ ငါ အခုလာခဲ့မယ်။”
ရှောင်ရီကဖုန်းချသွားပြီးနောက် သူမက လင်းဖန်ကို “မင်းရဲ့ကားကို ကားပြင်ဆိုင်ပို့ဖို့လိုလား”
လင်းဖန်က ခေါင်းခါပြီး “ဘာမှ မပျက်စီးဘူးလေ။ဘာလို့ကားပြင်ဆိုင်ကိုသွားရမှာလဲ”
“ဒါဆို ငါတို့ နောက်မှ ပြန်တွေ့မယ်” ရှောင်ရီသည် Porsche ပေါ်မတက်မီ တစ်ယောက်နဲ့တစ်ယောက်WeChat ထည့်လိုက်ကြသည်။
လင်းဖန်သည်ရီမြို့သို့ မောင်းသွားခဲ့သည်။
သူသည်120,000 ဖိုးစားခဲ့သည်။
ဒါပေမယ့် ပန်းကန်တစ်ခုစီတိုင်းက နည်းနည်းလေးပဲ ရှိတော့သူဗိုက်မပြည့်ခဲ့ပေ။
လင်းဖန်သည်ချူစီရှင်း နှင့် ဟေးလင်းတို့ကိုကို ခေါ်ယူပြီး နောက်တစ်ကြိမ် ထမင်းသွားစားလိုက်သည်။
သို့သော်၊ သူသည် ကျန်ပေ့တက္ကသိုလ်သို့သွားရာတွင်လင်းကျင်းခရိုင်၏မန်နေဂျာဟေးတီကိုတွေ့လိုက်သည်။
လင်းဖန်သည် ဘေးနားမှ ကားကို တိုက်ရိုက်ရပ်လိုက်ပြီးကားထဲမှဆင်းလာခဲ့သည်။
“မစ္စတာလင်း!” ဟေးတီက အံ့သြစွာပြောလိုက်သည်။
လင်းဖန် က “မန်နေဂျာ ဟေး၊ တိုက်ဆိုင်မှုတစ်ခုလား၊ ဒါမ မဟုတ် တစ်စုံတစ်ယောက်ကိုအိမ်ပြဖို့ကိုအချက်အလက်လာယူတာလား။”
“ဟုတ်တယ် ဖောက်သယ်ကအိမ်အချက်အလက်လိုချင်လို့လာကြည့်တာ” ဟေးတီက ပြောလိုက်သည်။
လင်းဖန်က “မစ္စ ဟန် ထမင်းမစားရသေးဘူးမလား။ ငါတို့အတူတူထမင်းစားမလား?”
မစ္စတာလင်းနဲ့အစာစားတာလား?
ဒါကို ဟေးတီ ဒါကိုကြားတော့ သူမရဲ့ နှလုံးသားတစ်ခုလုံးသည် ချက်ချင်း ခုန်တက်လာတော့သည်။
သူမက အလျင်အမြန် “ကောင်းပြီ!”လို့ပြောလိုက်သည်။
ထို့ကြောင့် လင်းဖန်သည် ဟေးတီနှင့်ကြယ်စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။
“ဒင်!”
စားသောက်ဆိုင် တံခါးကို ဝင်လာပြီးနောက် ရင်းနှီးသော နူးညံ့သော အသံသည် အနည်းငယ် တုန်ခါလာသည်။
ထို့နောက် စားပွဲထိုးက အမြန်နှုတ်ဆက်လိုက်သည်။
သို့သော် လင်းဖန်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။
ဒီလူက နေ့လယ်စာ စားပြီးပြီ မဟုတ်လား?
သူ့ပစ္စည်းတွေ ကျန်ခဲ့တာများလား
ဒါကိုတွေးပြီး စားပွဲထိုးက မေးဖို့ လုပ်လိုက်သည်။
လင်းဖန် “ငါတို့ ဘိုကင်မလုပ်ထားဘူး၊ အခု နေရာမရှိဘူးလား” လို့ မေးလိုက်သည်။
စားပွဲထိုးမလေးကဘင်းဖန် ၏ဘေးတွင် ရပ်နေသော ဟေးတီသည် ယခင်က လင်းဖန်နှင့် တွဲခဲ့ဖူးသော အမျိုးသမီးမဟုတ်ကြောင်း စားပွဲထိုးမလေးက သတိပြုမိသည်။
သူ့မနှလုံးသားထဲမှာ စကားတစ်ခွန်းပေါ်လာသည်။
စော်ကြည်ဘဲဆိုတာပင်ဖြစ်သည်။
ခဏအကြာတွင် စားပွဲထိုးအမျိုးသမီးက “အိုး... အိုး၊ ထိုင်ခုံတွေရှိပါသေးတယ်၊ ကျေးဇူးပြုပြီး”
ထို့နောက် လင်းဖန်သည် ရှောင်ရီ နှင့် နေ့လည်စာစားပြီးသည့်နေရာသို့စားပွဲထိုးမလေးကခေါ်ဆောင်လာခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး