ဂုဏ်ပြုပါတယ်
Vol. 6 Ch. 86
မကြာခင်မှာပဲ ရှောင်ရီနဲ့စားခဲ့သည့်ဟင်းပွဲမျ ဖြည်းဖြည်းချင်း စားပွဲပေါ်တွင်ပေါ်လာခဲ့သည်။
ဟေးတီ လဲဟင်းပွဲလာချပေးပြီးနောက်မထိန်းနိုင်ဘဲစားတော့သည်။သူမသည်စားသည်အခါတွင်ဟင်းပွဲတွေကအရသာရှိသည့်အတွက်ဟေးတီကတော့အတော်ပျော်ရွှင်နေသည်။
လင်းဖန်တို့စားပြီးနောက်လင်းဖန်သည်ဘေပေးချေလိုက်သည်။ဟေးတီသည်စုစုပေါင်း
ယွမ် 122,000 ရှိတဲ့ ဆိုတဲ့အကြောင်းသူမ သိလိုက်ရတော့ ဟေးတီတုလှုပ်သွားခဲ့သည်။
ဟေးတီသည်ဒီနေရာက အစားအစာတွေက အရမ်းအရသာရှိ၊စျေးနှုန်းကလည်း ချိုသာသင့်တယ်လို့ သူမမျှော်လင့်ထားသည်။
သို့သော် ယွမ် ၁၂၂,၀၀၀ သည် သူမ၏ စိတ်ကူးထက် အများကြီးကျော်လွန်နေသေးသည်။
လင်းဖန်ကသူမနဲ့စားဖို့အတွက် ပိုက်ဆံအများကြီးသုံးဖို့ ဆန္ဒရှိတာလား။.....
ဒါကို ဟေးတီ တွေးမိလိုက်တော့ ဟေးတီရဲ့ မျက်နှာမှာ ရှက်တဲ့အမူအရာတစ်ခုပေါ်လာခဲ့သည်။
လင်းဖန်သည်ဟေးတီကိုနှုတ်ဆက်ပြီးနောက် ကျန်ပေ့တက္ကသိုလ်သို့ပြန်လာခဲ့သည်။
လင်းဖန်သည်ကျောင်းသို့ရောက်ပြီးနောက်တွင် ဆရာစုရန်ဒေါင်သည် လင်းဖန်ကို မြင်လိုက်ရပြီး သူ့မျက်နှာတစ်ခုလုံးသည် ချက်ချင်း အပြုံးများဖြင့် ပြည့်နှက်သွားတော့သည်။
စုရန်ဒေါင်ကလင်းဖန်၏ပခုံးပေါ် ပုတ်ကာ “မင်းက ထူးချွန်တယ်လို့ ငါပြောပါတယ်၊ မင်းကငါတို့အတန်းအတွက် ဂုဏ်ယူစရာပဲ?”
“အဆင့်မြင့်ပညာဖလားကိုယူလာနိုင်တဲ့အတွက်အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်!”
လင်းဖန်၏ ပါးစပ်သည် အနည်းငယ် တုန်လှုပ်သွားသည်။
အတန်းအတွက် ဂုဏ်ယူရစရာလား။
စုရန်ဒေါင်က “မင်းကကျောင်းအတွက် ဂုဏ်ယူစရာဖြစ်ခဲ့တယ့်အတွက် ကျောင်းက မင်းကို သေချာပေါက် ဆုချလိမ့်မယ်။......”
စုရန်ဒေါင်က “စကားမစပ်၊ စနေနေ့ဟောပြောပွဲရှိတယ်။အဲ့ဒီပွဲကျရင်ငါတို့အတန်းအတွက် ဂုဏ်ကျက်သရေရဖို့ ကြိုးစားပါ”
စကားပြောနေစဉ်တွင် သူသည် လင်းဖန်၏ပခုံးကို နောက်ထပ်ပုတ်လိုက်ပြီးနောက် ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
လင်းဖန်သည် စာသင်ခန်းထဲဝင်ပြီးနောက်တွင် စုရီ၊ မူဇောင်နှင့် ဇောင်ချင်းဘိုတို့က သူ့ကို ဝိုင်းထားလိုက်သည်။
“အစ်ကို လင်း၊ မင်းအဆင့်မြင့်ပညာရေး ဖလားယူသွားတယ်လို့ ငါကြားတယ်၊ပြီးတော့ ဇောင် ရဲ့ ယူဆချက်ကို မင်း ဖြေရှင်းခဲ့တယ်ဆို” စုရီက မေးလိုက်သည်။
လင်းဖန်က”ဟုတ်တယ်”ဟုပေါ့ပေါ့ပါးပါးပြောလိုက်သည်။
လင်းဖန်စကားကြားပြီးနောကတွင််စုရီ၊မူဇောင်နှင့် ဇောင်ချင်းဘိုတို့သည် လင်းဖန်ကိုတောက်ပသောမျက်လုံးဖြင့်ကြည့်လိုက်သည်။
ဘုရားသခ?
မှန်တယ်
ဒါနတ်ဘုရားပဲ!
သူတို့မျက်လုံးထဲမှာတော့အဆင့်မြင့်ပညာရေးဖလားကိုရယူပြီး ဇောင်ရဲ့ထင်မြင်ယူဆချက်ကို ဖြေတဲ့သူဟာ လုံးဝလူမဟုတ်ဘူး! ဒါကနတ်ဘုရားပဲ။
နောက်ဆုံးတော့ သူတို့သုံးယောက်က “အစ်ကို လင်းငါမင်းကိုလုံးဝလေးစားသွားပြီ!”
လင်းဖန်သည် သူတို့၏ရယ်စရာကောင်းသောသွင်အပြင်ကို ကြည့်ကာ ရယ်မောလိုက်သည်။
ထိုအချိန်တွင်၊ ဆောင်ကျင်းအန်းကသူတို့နားလာပြီး “ဂုဏ်ယူပါတယ် မင်း ကျန်ပေ့ တက္ကသိုလ်ရဲ့ ပထမဆုံး အဆင့်မြင့်ပညာရေး ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက်” လို့ ပြောလိုက်သည်။
လင်းဖန်က “ကျေးဇူးပါ။’’
လင်းဖန်က“ဒီနေ့ည ငါနဲ့အတူထမင်းစားလို့ရလား” လို့ ပြောလိုက်သည်။
ဆောင်ကျင်းအန်းကို ညစာစားဖို့ လူဘယ်နှစ်ယောက် ဖိတ်ချင်လဲဆိုမရေမတွက်နိုင်အောင်ပေဖြစ်သည်။သူမသည်ခြွင်းချက်မရှိ၊ ၎င်းတို့အားလုံးကို ငြင်းပယ်ခဲ့သည်။
လင်းဖန်ကဖိတ်တော့ သူမက ခေါင်းညိတ်ပြီး “အင်း... ရတယ်လေ” လို့ ပြောလိုက်သည်။
ထိုအချိန်တွင် ပါမောက္ခဟောင်းသည် စာသင်ခန်းထဲသို့ ဝင်လာပြီး စတင်ဟောပြောတော့သည်။ လင်းဖန်သည် ထိုစကားများကိုနားထောင်ပြီး မကြာမီ အိပ်ပျော်သွားခဲ့သည်။
ညနေပိုင်းတွင် လင်းဖန်သည် ဆောင်ကျင်းအန်းကို ကြယ် စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။
“ဒင်!”
တံခါးကို ဝင်လာတော့ တိုးတိုးလေး နဲ့ ရင်းနှီးတဲ့ အသံတစ်ခု ထပ်မံထွက်လာသည်။
စားပွဲထိုးမလေးက သူ့တို့ကို နှုတ်ဆက်လိုက်ပြန်သည်။
လင်းဖန်ကိုတွေ့လိုက်သောအခါ သူ့မမျက်နှာမှာ သိသိသာသာ အံ့အားသင့်သွားသည်။
တစ်နေ့မှာ မိန်းကလေး သုံးယောက် ဆက်တိုက် ညစာစားတာလား?
ထို့အပြင်၊ သူတို့အားလုံးသည် အလွန်လှပသော အမျိုးသမီးများဖြစ်ကြသည် ။
ဒါက သူမကို အံ့အားသင့်စေခဲ့သည်။
လင်းဖန်သည် ဒါကိုလျစ်လျူရှုကာ “နေရာရှိသေးလား” ဟုမေးလိုက်သည်။
“ရှိပါတယ်၊ကျေးဇူးပြုပြီးလိုက်ခဲ့ပါ” စားပွဲထိုးမလေးက ဖြေလိုက်သည်။
လင်းဖန်အရင်စားခဲ့သည့်နေရာသို့ပြန်ရောက်လာခဲ့သည်။
သူတို့ထိုင်ပြီးနောက်မကြာခင်မှာဟင်းပွဲတွေကို တစ်ခုပြီးတစ်ခုလာချပေးသည်။
စားသောက်နေတဲ့ချိန်တစ်လျှောက်တွင် ဆောင်ကျင်းအန်းသည် ငြိမ်သက်နေပြီး ဘာမှမထူးခြားပေ။
သေချာသည်မှာ သူမသည် အလားတူ အစားအစာများကို စားဖူးတယ်ဆိုတာပင်ဖြစ်သည်။
လင်းဖန်သည်အရင်လိုဘဲဘေထပ်ရှင်းပေးလိုက်သည်။ဘေကယွမ်122000ပေးချေလိုက်သည်။
လင်းဖန်ဘေးကဆောကျင်းအန်းယွမ် 122,000 သုံးစွဲမှုကိုသူမကိုအနည်းငယ်အံအားသင့်စေသည်။
လင်းဖန်သည် ဆောင်းကျန်းအန်းကို ပြန်ပို့ကာ ရီမြို့သို့ ဦးတည်သွားခဲ့သည်။
မူလက လင်းဖန် သည် ဟေးလင်းနှင့် ချူစီရှင်းကို ညစာစားရန် ကြယ်စားသောက်ဆိုင်သို့ ခေါ်သွားချင်ခဲ့သည်။
သို့သော် သူမတို့တို့နှစ်ယောက်ကညစာစားပြီးသွားပြီဖြစ်သည်။
…………
ယခုအချိန်တွင် ရှောင် မိသားစု။
ဒီနေ့ ရှောင် မိသားစုက အရမ်းစားကောင်းတဲ့ ညစာကို ပြင်ဆင်နေသည်။
ဘာလို့ဆိုရှောင်ပန်နှင့် ရှောင်အန်း တို့သည် အဆင့်မြင့်ပညာရေးဖလားကို ရရှိခဲ့သောကြောင့်ဖြစ်သည်။
ဒါဟာ ဂုဏ်ယူထိုက်ပြီးဂုဏ်ပြုသင့်သည်။
မိသားစုများသည် စုဝေးကြပြီး ဝိုင်ခွက်ကို မြှောက်ကာ ဂုဏ်ပြုလိုက်ကြသည်။
လင်းဖန်က ဒီမှာရှိရင်အံ့သသြ သွားလိမ့်မည်ဖြစ်မည်။ဘာလို့ဆိုရှောင်ရီသည်ရှောင်ပန်၊ရှောင်အန်းတို့နဲအတူရှိနေလို့ပင်ဖြစ်သည်။
ရှောင်ရီက’’’ရှောင်ပန်၊ရှောင်အန်းမင်းတို့အဆင့်မြင့်ပညာရေးဖလားရတဲ့အတွက်ဂုဏ်ပြုပါတယ်’’’ဟုပြောလိုက်သည်။
…………
ပဲရစ်။
မျက်မှန်ထူထူဝတ်ထားတဲ့ ပရော်ဖက်ဆာတစ်ယောက်ဟာ သူ့ရဲ့လေ့လာမှုတွေကို အလေးအနက်ထား လုပ်ဆောင်နေသည်။
ထိုအချိန်တွင် ရှပ်အင်္ကျီအဖြူဝတ်ထားသည့် ပါမောက္ခ ဂျေဖလိမ်း “ပါမောက္ခ အက်ဒင့်၊ ဒီအပတ်စနေနေ့မှာ တရုတ်နိုင်ငံကျန်ပေ့ကိုသွားမလား။”
“ဘာလို့လဲဆိုတရုတ်နိုင်ငံကန်ပေ့မြို့ကဇောင်၏ ထင်မြင်ယူဆချက်ကို စနေနေ့တွင် တရုတ်နိုင်ငံကျန်ပေ့မြို့၌ ဟောပြောပွဲကျင်းပမယ်လို့ဆိုတယ်” ဂျေဖလိမ်းက ပြောသည်။
“တရုတ်မှာ ဟောပြောမှာလား” အက်ဒင့်က မျက်မှောင်ကြုတ်ကာ “သူက ပဲရစ် ကို ဘာလို့ မလာတာလဲ”
ဂျေဖလိမ်းက ပခုံးတွန့်လိုက်ပြီး “ဒါက တခြားသူတွေရဲ့ လွတ်လပ်ခွင့်လေ၊ ငါတို့ အတင်းလုပ်လို့မရဘူး”
အက်ဒင့်က သက်ပြင်းချလိုက်ပြီး “ငါ ဒီဟောပြောပွဲကို နားထောင်ချင်ပါတယ်။ ကံမကောင်းစွာပဲ၊ ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေအများကြီး ကျန်နေသေးလို့ တရုတ်ကိုမသွားနိုင်တော့မှာကို ကြောက်တယ်”
ဂျေဖလိမ်းက “ကောင်းပြီ၊ ဒါဆို ငါ ပါမောက္ခ စန့် နဲ့ ပါမောက္ခ မေးလ်တို့ နဲ့အဲဒီကို အတူတူ သွားလိုက်မယ်”
…………
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး