မစ်ရှင်အပြီးသတ်ခြင်း
Vol. 6 Ch. 87
နောက်တစ်နေ့တွင် လင်းဖန်သည် နံနက်စာစားပြီးနောက်ဧည့်ခန်းထဲဝင်လိုက်သည့်အခါတွင်းဟေးလင်းနှင့်ချူစီရှင်းတို့ကစကားပြောနေကြသည်။
လင်းဖန်သည်သူတို့နှစ်ယောက်ကြားဝင်ထိုင်လိုက်ပြီး” ဟေးလင်း မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ” လင်းဖန်က မေးလိုက်သည်။
ဟေးလင်း ခဏစဉ်းစားပြီး “950,000 ရှိသေးတယ်’’ လို့ပြောလိုက်သည်။
လင်းဖန်က “အများကြီးကျန်သေးတာပဲ ကား၊ အလှကုန် တွေကို မဝယ်ဘူးလား။”
ဟေးလင်းကိုသူ၁သန်းပေးထားသည်မှာနည်းနည်းကြာပြီဖြစ်သည်။ဒီလောက်ကြာ
တာတောငိ... ယွမ် 50,000 ပဲသုံးသေးတာလား။
“ငါအများကြီးဝယ်စရာမှမရှိတာ၊ငါလိုချင်ရင်တောင်ချူစီရှင်းစီမှာရှိတယ်လေ’’ ဟေးလင်းက ပြောလိုက်သည်။
လင်းဖန်က ပြုံးပြီး “ဒါဆိုလဲပီးရောလေ၊လိုတာရှိရင်ဝယ်သာဝယ် ငွေကိုဂရုမစိုက်နဲ့”
“ကောင်းပြီ။” ဟေးလင်း က ပြောလိုက်သည်။
သုံးယောက်သား စကားစမြည်ပြောရင်း ရယ်မောနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နေ့လယ်စာစားချိန်လို့ရောင်လာခဲ့သည်။
မနေ့က လင်းဖန် က G ကားကို တမင်မောင်းလာခဲ့ပြီး ရည်ရွယ်ချက်ကတော့ ချူစီရှင်းနဲ့ ဟေးလင်းတို့နဲအတူတူထမင်းစားမလို့ပင်ဖြစ်သည်။
လင်းဖန်သည် ကြယ်စားသောက်ဆိုင်သို့ရောက်လာခဲ့သည်။
ခဏအကြာတွင် G ကားသည်ဆိုင်တံခါးဝတွင် ရပ်လိုက်သည်။ရပ်ပြီးသည်နှင့်လင်းဖန်၊ချူစီရှင်းဟေးလင်းတို့ဆင်းလာပြီးဆိုင်အတွင်းသို့ဝင်လိုက်သည်။
“ဒင်!”
ရင်းနှီးသော အသံဖြင့် စားပွဲထိုးမလေးက ချက်ချင်း နှုတ်ဆက်လိုက်သည်။
စားပွဲထိုးမလေးသည်လင်းဖန်ကိုတွေ့တော့ အံ့ဩသွားသည်။
ဘာလို့လဲဆိုတော့ ဒီနေ့ လင်းဖန် က မနေ့ကနဲ့မတူတဲ့ အလှကိုခေါ်လာလို့ပင်ဖြစ်သည်။ခေါ်လာတာကလဲတစ်ယောက်ထဲမဟုတ်ပေ။နှစ်ယောက်ကိုတစ်ခါထဲခေါ်လာခဲ့သည်။
“ဒီ... ဒီကိုလိုကခဲ့ပေပါ” စားပွဲထိုးမလေးပြောသည်။
လင်ဖန်းသည် ဤတစ်ကြိမ်တွင် လူသုံးယောက် အတူတူစားကြသောကြောင့် ဟင်းပွဲအများအပြားကို မှာလိုက်သည်။
ဟေးလင်းနှင့် ချူစီရှင်း တို့သည် အရသာရှိသောအစာအစားများကိုစားရသဖြင့်လှပသော မျက်နှာများသည် ပျော်ရွှင်မှုအပြည့်ဖြင့် ရှိနေကြသည်။
စားပွဲထိုးမလေးက “ဟယ်လို၊ စုစုပေါင်း ယွမ် ၂၃၁၀၀၀ကျသင့်ပါတယ်။’’
ဟေးလင်း နှင့် ချူစီရှင်းတို့ဒါကိုကြားတော့ သူမတို့တစ်ကိုယ်လုံး ငြိမ်ကျသွားသည် ။
ဒီဟင်းက တကယ်အရသာရှိပါတယ်။
ဒါပေမယ့်……
ယွမ် ၂၃၁,၀၀၀?
လင်းဖန်သည် သိပ်ပြီးမစဉ်းစားတော့ဘဲ ဘဏ်ကတ်ကို တိုက်ရိုက်ထုတ်ပေးလိုက်သည်။
“ဒင်...!”
နူးညံ့သောအသံဖြင့် ငွေပေးခြေမှုအောင်မြင်ခဲ့သည်။
ထို့နောက် စနစ်ကို အာရုံစိုက်လိုက်သည်။
[မစ်ရှင်- အစားအစာကျွေးခြင်း။ဗဗဈ ရမှတ် ၉၀ နှင့် အထက်ရှိသော အလှမယ်ငါးဦးကို တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အစားအစာများစားရန် ဖိတ်ကြားပါ။ ငွေရောင်စာအိတ် ၅ စောင် ချီးမြှင့်သည်။ တိုးတက်မှု- 4/5 ။ 】
ငွေပေးချေမှုအောင်မြင်သည်ကိုကြားပြီးနောက်၊ ချူစီရှင်း နှင့် ဟေးလင်းတို့သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။
နှစ်ယောက်သား လင်းဖန်၏ပါးကို နမ်းလိုက်သည်။
လင်းဖန်သည် ညစာဖိတ်ရန် ယွမ် ၂၀၀,၀၀၀ ကျော်သုံးစွဲခဲ့သည်။ဒါကြောင့်ဆုပေးတဲ့အနေနဲ့အနမ်းပေးလိုက်ခြင်းဖြစ်သည်။
ဒါကိုမြင်တော့ ဘေးမှာရပ်နေတဲ့ စားပွဲထိုးမလေးက အံသြသွားပြန်သည်။
မူလက သူမ၏ နှလုံးသားထဲတွင် သံသယ အရိပ်အယောင်များ ရှိနေသေးသည်။
လင်းဖန် သည် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များ၊ ဆွေမျိုးများနှင့် ညစာစားရန် ဖိတ်ကြားလိုခြင်းဖြစ်နိုင်သည်ဟုသူမတွေးထားသည်။
ဒါပေမယ့် အခုအချိန်မှာတော့ စားပွဲထိုးမလေးက သူမမှားမှန်း သိသွားခဲ့သည်။
ဒီအလှလေးတွေအားလုံးက သူ့မိန်းမတွေပဲတွေးပြီးအံသြသွားသည်။
လင်းဖန်သည် စားပွဲထိုးအမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သဘာဝအတိုင်း မသိခဲ့ပေ။
စားပြီးသောအခါ ဟေးလင်းနှင့် ချူစီတို့ကိုကို အိမ်ပြန်ခိုင်းလိုက်သည်။
ယခုအချိန်တွင် လင်းဖန်သည် အစာစားပြီးနောက် အလုပ်ပြီးမြောက်ရန် ရမှတ် 90 သို့မဟုတ် ထို့ထက်ပိုသော အမျိုးသမီးကို ဖိတ်ကြားရန်သာ လိုအပ်သည်။
ခဏလောက်စဉ်းစားပြီး နောက်ဆုံးတော့ ဖုန်းကိုထုတ်ပြီး မက်ဆေ့ခ်ျပို့လိုက်သည်။
…………
ကျန်ပေ့တက္ကသိုလ်။
ရှောင်ပန်နှင့် ရှောင်အန်းတို့အိပ်ဆောင်သို့ပြန်ရောက်သည်နှင့်တပြိုင်နက် သူတို့၏ဖုန်းများသည် အနည်းငယ်တုန်ခါသွားကြသည်။
ရှောင်ရီက WeChat မက်ဆေ့ချ်ကို ပို့လိုက်တယ်ဆိုတာ သိလိုက်ရသည်။
ရှောင်ရီ: နေ့လယ်ကျရင် ယူလာတဲ့ ဟင်းလျာတွေကို ကုန်အောင်စားဖို့ မမေ့နဲ့နော်။
မနေ့ကကျင်းပတဲ့ ရှောင်ပန် နဲ့ ရှောင်အန်းတို့သည် အဆင့်မြင့်ပညာရေးဖလားကို ဆွတ်ခူးခဲ့သောကြောင့်ရှောင်ရီကိုယ်တိုင်အများကြီးချက်ပြုတ်ပေးထားသည်။
သို့သော်လည်း မိသားစုတွင် အစားအသောက်များကိုစားပြီးနောက်တွင် ဟင်းလျာများစွာ ကျန်ရှိနေသေးသည်။
ရှောင်ပန်(ရှောင်အန်း) : ကောင်းပြီ။
ရှောင်ရီ: သေချာစားနော်။
ရှောင်ပန်နှင့် ရှောင်အန်းသည် ရှောင်ရီ ပြောသည့်အတိုင်း မနေ့ကဟင်းများကိုယူကာ အောက်ထပ်မှအပူပေးပြီးနောက်အိပ်ဆောင်သို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင် ၎င်းတို့၏ လက်ကိုင်ဖုန်းများ တုန်ခါသွားပြန်သည်။
လင်းဖန်: စားပြီးပြီလား။ ငါတို့အတူတူစားမယ်ဘယ်လိုသဘောရလဲ။
လင်းဖန်သည် သူ့မတို့ကိုမက်ဆေ့ချ်ပို့ရန် အစပြုခဲ့သည်။
အပြင်မှာ လင်းဖန်နဲ့ အတူတူ စားရမယ်။
ဤသတင်းကိုမြင်ပြီးနောက် ရှောင်ပန်နှင့်ရှောင်အန်းတို့၏ စိတ်လှုပ်ရှားသောကြောင့်မျက်နှာငယ်လေးများ နီမြန်းသွားသည်။
ရှောင်ပန် (ရှောင်အန်း) : ငါတို့ မစားရသေးဘူး။
လင်းဖန်: ဒါဆို ငါ မင်းတို့ကိုအပြင်မှာစောင့်နေမယ်?
ရှောင်ပန် (ရှောင်အန်း): ဟုတ်။
မက်ဆေ့ပို့ပြီးနောက် ရှောင်ပန်နှင့် ရှောင်အန်းသည် အပူပေးထားသော အစားအစာကို ဘေးဖယ်ထားလိုက်သည်။
ထို့နောက် အပြင်သို့ အမြန်လျှောက်သွားခဲ့သည်။
ဒါရှောင်ရီကိုယ်တိုင်လုပ်ထားတဲ့ အစားအစာပဲလား။
ဘာဖြစ်သလဲ?
လင်းဖန် နဲ့ ညစာစားဖို့ ကပိုအရေးကြီးလဲ။ ?
ရှောင်ပန်နှင့် ရှောင်အန်းတို့သည် Mercedes-Benz Big Gပေါ်တက်ပြီးနောက်တွင် ၎င်းတို့၏ရေပုလင်းကိုချက်ချင်းပေးလိုက်သည်။
လင်းဖန်သည် အနည်းငယ်ပြုံးကာ ရေ ပုလင်းနှစ်ပုလင်းကိုဖွင့်ကာ တစ်ခုတစ်ငုံစီသောက်လိုက်ပြီး “ဒါဆို ငါတို့ သွားတော့မယ်။”
စကားပြောပြီးတာနဲ့ အရှိန်မြှင့်စက်ကိုနှင်းကာကြယ်စားသောက်ဆိုင်ဆီ ဦးတည်လာခဲ့သည်။
ခဏအကြာတွင်သူတို့သုံးယောက်သည်ကြယ်စားသောက်ဆိုင်သို့ရောက်လာခဲ့သည်။
“ဒင်!”
ကြည်လင်သောအသံဖြင့် စားပွဲထိုးအမျိုးသမီးက သူ့ကို အမြန်နှုတ်ဆက်လိုက်သည်။
လင်းဖန်ကို တွေ့သောအခါသူမ အံ့အားသင့်သွားပြန်သည်။
မနေ့က ညစာစားဖို့ အလှမယ် သုံးယောက်ကို ဖိတ်တယ်။
အခုနကလဲချောမောလှပတဲ့ မိန်းမနှစ်ယောက်ကို တစ်ပြိုင်နက်ထမင်းဖို့ ဖိတ်တယ်။
အခုလည်း အမွှာညီအမနှစ်ယောက်ကို အတူတူစားဖို့ ခေါ်လာတယ်။
ဘုရားရေ!
ဒါဘယ်လိုပြောရမလဲ
လင်းဖန်ကဒါကို သိပ်ဂရုမစိုက်ပေ။ သူသည် လေးကြိမ် ဆက်တိုက် ထိုင်နေသည့် နေရာကို ထပ်ရောက်လာသည်။ ထို့နောက် သူချူစီရှင်းတို့နဲ့စားလိုက်သော အစားအသောက်အတိုင်း နောက်ထပ်မှာလိုက်သည် ။
မကြာမီတွင် ထိပ်တန်း အရသာရှိသော ဟင်းလျာများကို လာချပေးကာသူတို့သုံးယောက်ဆွဲလိုက်ကြတော့သည်။
ဒီအစားအသောက်တွေကိုစားရင်းရှောင်ပန် နဲ့ ရှောင်အန်းတို့ဟာ စားသောက်ရင်း နှစ်မြုပ်ခဲ့ကြပြီး သူတို့ရဲ့ မျက်နှာတွေဟာ အမြဲတမ်း ပျော်ရွှင်တဲ့ အပြုံးနဲ့ ပြည့်နှက်နေသည်။
ဒါက အရသာရှိလို့လား ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေက ဈေးကြီးလို့ မဟုတ်ပေ။
လင်းဖန် နဲ့ အတူစားသောကြောင့်ဖြစ်သည်။
စားသောက်ပြီးနောက်လင်းဖန်ဘေလ်ရှင်းလိုက်လေသည်။
လင်းဖန်သည် ယွမ် ၂၃၁,၀၀၀ ကို အောင်မြင်စွာ ပေးချေပြီးနောက် ကြည်လင်ပြတ်သားသော အသံတစ်ခု သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
[မစ်ရှင်ပြီးဆုံး- အစားစားခြင်း။ ရမှတ် ၉၀ နှင့် အထက်ရှိသော အလှမယ်ငါးဦးကို တစ်ဦးလျှင် ယွမ် ၁၀၀,၀၀၀ ကျော်တန်ဖိုးရှိသော အစားအစာများစားရန် ဖိတ်ကြားပါ။ ငွေရောင်စာအိတ် ၅ စောင် ချီးမြှင့်သည်။ တိုးတက်မှု- ၅/၅။ 】
လင်းဖန်ဒါကိုကြားတော့ သူ့အနည်းငယ်ပြုံးလိုက်သည်။
မစ်ရှင်နောက်ဆုံးတွင် ပြီးသွားခဲ့သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး