← Chapters

သန်း 90 တန်စူပါပြိုင်ကားတစ်စီး

Vol. 6 Ch. 88

သန်း 90 တန်စူပါပြိုင်ကားတစ်စီး

Vol. 6 Ch. 88

လင်းဖန်သည် စားသောက်ပြီးနောက်ရှောင်ပန်နှင့် ရှောင်အန်းတို့ကို မိန်းကလေးအိပ်ဆောင်သို့လိုက်ပို့ပေးလိုက်သည်။

လင်းဖန်သည်အမြွှာညီအမနှစ်ယောက်ရဲ့ကြွေရုပ်များကဲ့သို့ မျက်နှာများကို ကြည့်ကာမနေနိုင်ဘဲပါးကိုဆွဲညစ်လိုက်သည်။

လင်းဖန်းရုတ်တရက်ပါးညစ်လိုက်မှုကြောင့်ရှောင်ပန်နှင့် ရှောင်အန်း၏ လှပသော မျက်နှာလေးများသည် ခရမ်းချဉ်သီးမှည့်များကဲ့သို့ နီရဲသွားလေသည်။

လင်းဖန်၏သူမတို့၏ ရှက်ရွံ့သောအသွင်အပြင်ကို ကြည့်ပြီး မနေနိုင်ဘဲနမ်းလိုက်သည်။

တခဏချင်းမှာပဲ ရှောင်ပန် နဲ့ ရှောင်အန်း တို့၏ လှပတဲ့ မျက်လုံးတွေဟာ ပြူးကျယ်လာပြီး သူမတို့ရဲ့ လှပတဲ့ မျက်နှာတွေ၊ နားတွေ၊ လည်ပင်းတွေ... တစ်ကိုယ်လုံး ဖြူဖွေးနေတဲ့ အသားအရည်တွေကအခုဆိုနီနေပြီဖြစ်သည်။

လင်းဖန်က သူမတို့အသွင်ပြင်ကိုကြည့်ပြီးပြုံးကာ “ကောင်းပြီ၊ မြန်မြန်သွားတော့။”

“ဟုတ်”

ရှောင်ပန်နှင့်ရှောင်အန်းတို့သည်တစ်ချိန်တည်းတွင် တုံ့ပြန်ခဲ့ကြပြီး၊ ထို့နောက်တွင် သူမတို့သည်အသက်ဘေးမှလွတ်အောင် ပြေးသွားသကဲ့သို့ သွယ်လျလှပသော ခြေထောက်နှစ်ချောင်းတို့ဖြင့် အိပ်ဆောင်ဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။

လင်းဖန်သည် သူမတို့အပေါ်ထပ်တက်သည်အထိ စောင့်နေပြီးမှ Mercedes-Benz G သို့ဝင်လိုက်သည်။

ထို့နောက် အရှိန်မြှင့်စက်ကိုနင်းကာထွက်ခွာသွားခဲ့သည်။

လင်းဖန် ထွက်သွားသည်နှင့် တပြိုင်နက်ရှောင်ပန်နှင့် ရှောင်အန်း တို့၏ ခေါင်းလေးများသည် အိပ်ဆောင်ပြတင်းပေါက်မှ ထွက်ပေါ်လာခဲ့သည်။

သူမတို့နှစ်ယောက်၏မျက်နှာသည်ယခုချိန်ထိနီနေသေးသည်။

“ဂလင်...ကလင်......!”

ထိုအချိန်တွင် ၎င်းတို့၏ လက်ကိုင်ဖုန်းများ အသံမြည်လာခဲ့သည်။

ရှောင်ရီကဗီဒီယိုဖုန်းခေါ်လိုက်တာပင်ဖြစ်သည်။

ရှောင်ပန်နှင့် ရှောင်အန်း တို့သည် လင်းဖန် ကို အောက်တွင် မမြင်ရသောကြောင့် ဗီဒီယိုနှဖုန်းခေါ်တာကို ကိုင်လိုက်သည်။

“မင်းတို့နှစ်​​ယောက်​မျက်​နှာကဘာလို့နီ​နေတာလဲ” ရှောင်ရီ က ရယ်မောလိုက်ပြီး “မင်းတို့ရည်းစားနဲ့ အတူတူရှိနေလို့လား။”

ရှောင်ပန် နှင့် ရှောင်အန်း တို့၏ လှပသော မျက်နှာများသည် ချက်ချင်းပင် နီရဲလာသည်။

ရှောင်ပန်၊ရှောင်အန်းတို့က ခပ်တိုးတိုး

ဖြင့်”မဟုတ်ဘူး၊သူပြန်သွားပြီ... ပြီးတော့ ငါတို့ရဲ့ပါးကို ညှစ်လိုက်သည်။’’ပြောလိုက်သည်။

“သူ့ကမင်းတို့နှစ်ယောက်ပါး ကို ညှစ်​လိုက်​တာလား?” ရှောင်ရီက သံသယစိတ်ဖြင့် မေးလိုက်သည်။

ရှောင်ပန်၊ရှောင်အန်း “ဟုတ်တယ်၊ ပြီးတော့လည်း နမ်းလဲနမ်းတယ်...”

“ဟားဟား!” ရှောင်ရီက ရယ်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများသည် အေးခဲသွားတော့သည်။

ရှောင်ရီ က “ရှောင်ပန် ၊ ရှောင်အန်း! မင်းတို့ငါထည့်​ပေးလိုက်တဲ့ဟင်းကိုမစားဘူးလား?”

ရှောင်ပန်၊ရှောင်အန်း “သူက ငါတို့ကို ညစာစားဖို့ ဖိတ်လို့မင်းထည့်ပေးလိုက်တဲ့ဟင်းကိုမစားလိုက်ဘူး”

“ဟဲ့ကောင်မတွေ၊အဲ့တာငါပင်ပင်ပန်းပန်းချက်ထားတဲ့ဟာတွေ!” ရှောင်ရီ က အော်ပြော လိုက်သည်။

ရှောင်ပန် နှင့် ရှောင်အန်း တို့သည် စကားမပြောကြသော်လည်း သူမတို့၏အမူအရာများက လင်းဖန်နှင့် ညစာစားခြင်းကပိုအရေးကြီးသည့်ပုံဖြစ်သည်။

……

ထိုအချိန်တွင် လင်းဖန်သည် ကားပါကင်နားတွင်ခဏရပ်လိုက်သည်။

သူသည်ချက်ချင်းမထွက်သွားဘဲ ငွေရောင်စာအိတ်တွေကို အာရုံစိုက်ခဲ့သည်။

လင်းဖန်က”ငွေရောင်စာအိတ် ၅ စောင်၊ မင်းဘာရနိုင်လဲ ကြည့်မယ်”တိုးတိုးလေးပြောလိုက်သည်။

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 800,000ကိုရရှိခဲ့သည်။”

“ဒင်း! ဂုဏ်ယူပါတယ် Pagani Fengshen(​အလန်းစားကား) ကို ရရှိခဲ့သည်။”

“ဒင်း ဂုဏ်ယူပါတယ်၊ မင်း မီးဘေးရှောင်စွမ်းအင်ဒိုင်းကို ရရှိခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်း ယွမ် 500,000ရရှိခဲ့သည်။”

“ဒင်း၊ ဂုဏ်ယူပါတယ် မင်းယွမ် 300,000ရရှိခဲ့သည်။”

ငွေရောင်စာအိတ် ၅ အိတ်ဖွင့်ရာတွင်လင်းဖန်သည် စုစုပေါင်း ယွမ် ၁.၆ သန်း ရရှိခဲ့သည်။

ဒီပိုက်ဆံလေးကို သူ ဂရုမစိုက်ပေ။

သူသည် မီးဘေးရှောင်စွမ်းအင်ဒိုင်းကိုအာရုံစိုက်လိုက်သည်။

【မီးဘေးရှောင် စွမ်းအင်ဒိုင်း- ၎င်းသည် ကမ္ဘာပေါ်ရှိ သာမန်လူများ သည်းမခံနိုင်သောမြင့်မားသောအပူချိန်နှင့် ကြုံတွေ့ရသောအခါတွင် ၎င်းသည် ဖောက်ထွင်းမြင်ရသောအကာအကွယ်ဒိုင်းတစ်ခုအဖြစ် အလိုအလျောက်ဖွဲ့စည်းထားသောကြောင့် အိမ်ရှင်ကို မြင့်မားသောအပူချိန်မှကာကွယ်နိုင်မည်ဖြစ်သည်။ 】

လင်းဖန်က အနည်းငယ်ပြုံးလိုက်ပြီး “နောက်ဆုံးတော့ ဒီအရာက အရမ်းကောင်းတယ်!”

ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး အလွန်မိုက်သော ပုံစံဖြင့် စူပါပြိုင်ကားတစ်စီးသည်သူ့ကားရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။

လင်းဖန်၏ မျက်လုံးများသည်အနည်းငယ် တောက်ပလာခဲ့သည်။

ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ယောအခါအိတ်ကပ်ထဲတွင် ကားသော့တစ်ခု ရှိနေသည်ကို တွေ့သဖြင့်ကားသော့ကိုထုတ်ကာကားသော့ခလုတ်ကို ညင်သာစွာ နှိပ်လိုက်သည်။

“”ပီ...ပီ”

သူ့ရှေ့က စူပါကား၏ရှေ့မီးများသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားခဲ့သည်။

ထင်ရှားသည်မှာ၊ ဤသည်မှာ လင်းဖန်ရရှိသော Pagani Fengshenပင် ဖြစ်သည်။

လင်းဖန်သည် ကားရှေ့သို့ လျှောက်သွားပြီး တံခါးဖွင့်ကာ ဝင်ထိုင်လိုက်သည်။

အလယ်ခလုတ်၊ စတီယာရင်ဘီး စသည်တို့၏ အနေအထားသည် ပြိုင်ကင်းဆန်သော ခံစားမှုအပြည့်ရှိသော Lamborghin​i နှင့် တူညီသည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းကားရှိထိုင်ခုံများကို ထိပ်တန်းသားရေဖြင့်လုပ်ထားသောကြောင့် လူများကိုထိုင်ရတဲ့အခါသက်သောင့်သက်သာဖြစ်စေသည်။

“ဗွမ်း!”

ကားကိုမောင်းလိုက်ပြီးနောက်၊ Pagani Fengshen သည် ဘုရင်တစ်ပါးကဲ့သို့အင်ဂျင်သံများထွက်လာခဲ့သည်။

လင်းဖန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကားပါကင်မှ ထွက်လာခဲ့သည်။

လင်းဖန် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကျောင်းသားတချို့ ရောက်လာတယ်။

“ကြည့်စမ်း ဟိုမှာပြိုင်ကားတစ်စီးရှိတယ်!” အရပ်တိုတိုတုတ်တုတ် ကျောင်းသားက အံ့သြစွာပြောသည်။

“ကြည့်ရအောင်... Fuck! ဒီပုံစံက အရမ်းမိုက်တယ်မဟုတ်လား။ ဘယ်ကားအမျိုးအစားလဲဆိုတာကို အင်တာနက်မှာ ရှာကြည့်အုံးမယ်။” အရပ်ရှည်သော ကျောင်းသားက သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ ပြောလိုက်သည်။

နောက်အခိုက်အတန့်တွင် အရပ်ရှည်သော ကျောင်းသားက “Fuck! Pagani Fengshen ကား သန်း 90 တန်တယ်!”

သူ့အသံက ကျယ်လွန်းသဖြင့် သူ့ဘေးနားရှိ အတန်းဖော်သာမကအဝေးမှ ဖြတ်သွားသော ကျောင်းသားများလည်း ကြားလိုက်ရသည်။

ထို့နောက် ကျောင်းသားအများအပြားသည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ အတန်းအဖွဲ့ထံ ပေးပို့ခဲ့ကြသည်၊ သို့မဟုတ် ၎င်းတို့ကို ပို့စ်် တင်ခဲ့ကြသည်။

……

ထိုအချိန်တွင် လင်းဖန်သည် စာသင်ခန်းထဲသို့ ရောက်ရှိနေပြီဖြစ်သည်။

ပရော်ဖက်ဆာဟောင်း၏ တိုးတိုးတိတ်တိတ် ရှင်းပြချက်ကိုနားထောင်ရင်း လင်းဖန်သည်လျင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။

လင်းဖန်နိုးလာသောအခါကျောင်းဆင်းသွားပြီဖြစ်သည်။

အခန်းဖော် သုံးယောက်နောက် လိုက်ကာ အတူတူ အိပ်ဆောင်ဆီသို့ လျှောက်လာခဲ့သည်။

အိပ်ဆောင်ကိုရောက်သည့်တိုင်မူဇောင်သည် စာအုပ်ကို ကောက်ကိုင်လိုက်ပြီး သေချာကြည့်သည်။

ဇောင်ချင်းဘို​ကတော့ ကွန်ပြူတာကိုဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း ပြုံးနေလိုက်သည်။

စုရီသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ဖုန်းကို အေးအေးဆေးဆေး သုံးနေသည်။

နောက်အခိုက်အတန့်တွင် စုရီရုတ်တရပ်ထရပ်လိုက်ပြီး “Fuck!”လို့အော်ပြောလိုက်သည်။

ဇောင်ချင်းဘို နှင့် မူဇောင်တို့က စုရီကို ပဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ” ဇောင်ချင်စဘိုကအော်ပြီး ပြောလိုက်သည်။

စုရီက “Pagani Fengshen၊ ငါတို့ကျောင်းမီာ Pagani Fengshen ရှိတယ်”

“Fuck! ဒါအမှန်ပဲမဟုတ်လား?” ဇောင်ချင်းဘိုလည်း အလွန်အံ့သြပြီးပြောလိုက်သည်။

“ငါဘာလို့လိမ်ရမှာလဲ။ ကြည့်စမ်း၊ ပုံတွေကို ပို့စ်မှာ တင်ထားတယ်။” စုရီကပြောလိုက်သည်။

ဇောင်ချင်းဘို သည် စုရီနားသို့လာလိုက်ပြီး “ဒီပုံစံ၊ ဟုတ်တယ်၊တကယ် Pagani Fengshen ပဲ၊ ဒါက ယွမ် သန်း 90 တန်တဲ့ စူပါပြိုင်ကားကြီး။”

“သန်း 90?!” မူဇောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ မအော်ပဲနေနိုင်ပဲပြောလိုက်သည်။

ဇောင်ချင်းဘို က “ဒီနေရာက ကားပါကင်နံပါတ် 2 မှာမလား။လာ သွားကြည့်ရအောင်!”

မူဇောင်သည်စာအုပ်ကို အမြန်ပိတ်လိုက်သည်။ သန်း 90 ရှိတဲ့ကားရဲ့ ပုံပန်းသဏ္ဍာန်ကို သူလည်း လိုက်ကြည့်ချင်နေသည်မှာထင်ရှားသည်။

လင်းဖန်သည် ကုတင်ပေါ်တွင် အေးအေးဆေးဆေး လှဲလျောင်းနေသည်ကို

စုရီက မြင်လိုက်ရပြီး “အစ်ကို လင်း၊ မင်းသွားမကြည့်ဘူးလား။”

စုရီ၏အမြင်အရ လင်းဖန်သည် Lamborghini တစ်စီးကို ဝယ်ယူခဲ့ပြီး သူသည် ကားချစ်သူဖြစ်ရမည်။ Pagani Fengshen ကိုတွေ့ခွင့်ရဖို့ကို သူလက်လွတ်မခံသင့်ပေ။(စုရီအတွေး)

လင်းဖန်က “အိုး၊ ဒီကားက ငါ့ပိုင်တယ်လေ’’ဟုပေါ့ပေါ့ပါးပါးပြောလိုက်သည်။

လင်းဖန်ပြောစကားကြောင့်အိပ်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

စုရီက အချိန်အတော်တော်ကြာမှ’’ လင်း ... အစ်ကို လင်း ၊ မင်းဆိုလိုတာက Pagani Fengshen လေ၊ အဲ့ဒါ ... မင်းပိုင်တာလား “

“ဟုတ်တယ်။” လင်းဖန်က ကားသော့ကို စားပွဲပေါ်သို့ ပစ်လိုက်ပြီးပြောလိုက်သည်။

စုရီနဲ့ တခြားသူတွေသည်လင်းဖန် က အရမ်းချမ်းသာတယ်ဆိုတာကိုသိကြသည်။

သို့သော် ဤ Pagani Fengshen သည်လည်း လင်းဖန်ပိုင်မည်ဟုသူတို့ မမျှော်လင့်ခဲ့ပေ။

သူ့မှာ Lamborghini မရှိဘူးလား။

Pagani Fengshen လဲဘာလို့ထပ်ရှိသေးတာလဲ။

နောက်အခိုက်အတန့်တွင် စုရီ၊ ဇောင်ချင်းဘိုနှင့် မူဇောင်တို့က “အစ်ကိုလင်း၊ မင်းကိုလေးစားတဲ့အတွက်ဒူးထောက်ခွင့်ပြုပါ!”

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters