← Chapters

ဟောပြောပွဲစတင်ခြင်း

Vol. 6 Ch. 89

ဟောပြောပွဲစတင်ခြင်း

Vol. 6 Ch. 89

လင်ဖန်းသည် သူတို့သုံးယောက်၏ ရယ်မောဖွယ်အသွင်အပြင်ကို ကြည့်ပြီးရယ်လိုက်သည်။

“အစ်ကို လင်း၊ Pagani Fengshen ကို သွားကြည့်ဖို့ငါတို့ကိုခေါ်သွားပေး” စုရီက စိုးရိမ်တကြီးပြောလိုက်သည်။

“ဒါဆို၊သွားကြရအောင်။” လင်းဖန်က ပြောလိုက်သည်။

လူလေးယောက် တစ်ဖွဲ့သည် ကားပါကင်ဆီသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့ကြသည်။

Mercedes-Benz Big G၊ Lamborghini၊နောက်ထပ်၊ Pagani Fengshen ။(အဲ့တာတွေကလင်းဖန်ပိုင်တဲ့ကားတွေပါ😁😁)

လင်းဖန်သည် Pagani Fengshenကားခလုတ်ကို နှိပ်လိုက်သည်။

ရုတ်တရက် အတောင်ပံဖြန့်တော့မယ့် စင်ရော်တောင်ပံကဲ့သို့တံခါးများ ဖြည်းညှင်းစွာပွင့်လာပြီး ကားမီးတွေကမှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။

စုရီ၊ မူဇောင် နှင့် ဇောင်ချင်းဘို တို့အားလုံး ၏မျက်နှာများသည်စိတ်လှုပ်ရှားမှုများဖြင့်

ပြည့်နက်နေသည်။

“ဒီလိုပုံစံ၊ ... Fuck, fuck! အဲဒါ အရမ်းမိုက်တယ်!” စုရီက​ပြောသည်။

ဇောင်ချင်းဘိုသည် ကားထဲသို့ ကမန်းကတန်းတက်ကာ လက်ကိုင်ဖုန်းကို ထုတ်ကာ “ငါ့ရဲ့ ချစ်လှစွာသော သူငယ်ချင်းများ အားလုံး သန်း 90 တန်တဲ့ စူပါပြိုင်ကားတစ်စီး တွေ့ချင်တယ်လို့ ကြားလိုက်ရတယ်။ ဒီနေ့... မင်းတို့ကိုပြမယ်!”ဟုဗီဒီယိုရိုက်ထားလိုက်သည်။

မူဇောင်သည် Pagani Fengshen ၏ ကိုယ်ထည်ကို ညင်သာစွာ ပွတ်သပ်လိုက်ရာ၊ သူသည် ကမ္ဘာပေါ်တွင် အလှပဆုံးအရာကို ထိမိနေသကဲ့သို့ သူ့မျက်နှာသည် ပျော်ရွှင်မှုအပြည့်ရှိနေသည်။

အချိန်အတော်တော်ကြာပြီးမှလူသုံးယောက်က Pagani Fengshen ကို တုံ့ဆိုင်းစွာ ထွက်ခွာသွားသည်။

ဇောင်ချင်းဘို က “အစ်ကို လင်း၊ မင်းမှာ Lamborghini နဲ့ Mercedes-Benz G ရှိနေပြီမဟုတ်လား?ဘာလို့ နောက်တစ်စီးကို ဝယ်လိုက်တာလဲ?”

လင်းဖန်က “ငါဒီကားကိုကြိုက်လို့ဝယ်လိုက်တာ”

“ကြိုက်လို့ဝယ်တာလား?” ဇောင်ချင်းဘို က ပြောသည်။

လင်းဖန် က ပြုံးပြီး “မင်းတို့အဝတ်အစားတွေ ဝယ်ရင်ကြိုက်တဲ့ဟာဆိုအများကြီးတာပဲမဟုတ်လား၊ ငါလဲအတူတူပဲလေ”

ကားဝယ်တာနဲ့ အဝတ်အစားဝယ်တာကတူလို့လား။ !

အဆင်ပြေလား

ဇောင်ချင်းဘို၊ စုရီနှင့် မူဇောင်တို့က “အစ်ကို လင်း၊ငါတို့ မင်းကိုနောက်တစ်ကြိမ်ဒူးထောက်ခွင့်ပြုပါ”

…………

မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့သို့ရောက်ရှိလာပြီဖြစ်သည်။

ဒီနေ့မှာ နေသာပြီး ရသီဥတုသာရာသည်။

လင်းဖန်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ယခင်ကထက် ပို၍ နှစ်ချိုက်စွာ အိပ်ပျော်နေသည်။

ကျန်ပေ့တက္ကသိုလ် အသွင်အပြင် ပြောင်းလဲနေပြီဆိုတာ သူ မသိခဲ့ပေ။

ကျောင်းတံခါးမှာ ရောင်စုံပန်းပွင့်တွေနဲ့ အလှဆင်ထားသည်။

ကျောင်းအတွင်းတွင် ဆိုင်းဘုတ်ကြီးများစွာ ချိတ်ဆွဲထားသည်။

“ကျန်ပေ့တက္ကသိုလ် မှ ကြိုဆိုပါတယ်”

“ဇောင်ထင်မြင်ယူဆချက်ကို ကျင်းပပေးသည့်အတွက် ကျန်ပေ့တက္ကသိုလ်အား နွေးထွေးစွာ ဂုဏ်ပြုပါသည်။”

…………

နံနက်ပိုင်းတွင် ကျန်ပေ့တက္ကသိုလ်မှ ဆရာများနှင့် စေတနာ့ဝန်ထမ်း အများအပြားသည် တံခါးဝတွင် စောင့်ဆိုင်းခဲ့ကြပြီး ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့် ပါမောက္ခများကို ခန်းမထဲသို့ ဖိတ်ကြားနေကြသည်။

ကျန်ပေ့၏ အငွေ့အသက်သည် အလွန်သက်သောက်သက်သာရှိနေသည်။

ခန်းမထဲသို့ လူများ တိုးများလာသည်နှင့်အမျှ ဟေးချမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်းစိုးရိမ်တကြီး ဖြစ်လာသည်။

ဘာလို့ဆိုလင်းဖန် မလာသေးသောကြောင့်ပင်ဖြစ်သည်။

ဟောပြောပွဲကျင်းပတော့မည် ဖြစ်သော်လည်း တင်ဆက်သူကမလာသေးပေ။ !

ဟေးချမ်သည် သူ့ဆဲလ်ဖုန်းကို အမြန်ထုတ်လိုက်ပြီး လင်းဖန်၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။

ဟေးချမ်ကဖုန်းခေါ်ဆိုသော်လည်းဖုန်းလုံးဝမကိုင်ပေ။

ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။

ဘာကြောင့်လဲ ဆိုတော့ နေ့တိုင်း အိပ်ရာမဝင်ခင်မှာ လင်းဖန် က သူ့လက်ကိုင်ဖုန်းကို အသံတိတ်မုဒ်အဖြစ် ပြောင်းထားလို့ပင်ဖြစ်သည်။

နောက်ဆုံးတွင်၊ ညတိုင်း 0:00 တွင်၊ တရုတ်ဘဏ်မှသည် ငွေလွှဲမှုသတိပေးချက်တစ်ခုပေးပို့မည်ဖြစ်သည်။

ဒီသတိပေးသံသည်အိပ်ရတာ စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့်အသံတိတ်သို့ပြောင်းထားခဲ့သည်။

လင်းဖန်ကဖုန်းမကိုင်သောကြောင့်ဟေးချမ် က တစ်စုံတစ်ယောက်ကိုလင်းဖန်အိပ်ဆောင်သို့သွားခိုင်းလိုက်သည်။

သို့သော် လင်းဖန်သည် မနေ့ညက အိပ်ဆောင်သို့ပြန်မလာခဲ့ပေ။

ဒါကိုကြားတော့ဟေးချမ် စိတ်ပူသွားခဲ့သည်။

ဟောပြောပွဲကျင်းပချိန်ဖြစ်သောကြောင့်ခန်းမထဲမှာ လူတွေပိုပြီးများလာခဲ့သည်။

ဟေးချမ်သည် စိုးရိမ်တကြီးဖြင့်ဟတုဘက်လျှောက်ဒီဘက်လျှောက်လုပ်နေသည်။

ထိုအချိန်တွင် သူ၏ လက်ကိုင်ဖုန်းမှအသံ မြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကိုမြင်ပြီးနောက် ဟေးချမ်သည် ဖုန်းကို လုံးဝ မဆိုင်းမတွဖြေကြားခဲ့သည်။

“လင်းဖန်၊ မင်းအခုဘယ်မှာလဲ၊ ဟောပြောပွဲ စတော့မယ်။ ခန်းမကို မြန်မြန်လာတော့!”

လင်းဖန် က သမ်းဝေပြီး “အိုး၊ စတော့မလို့လား ကောင်းပြီ၊ ခဏနေလာခဲ့မယ်”

ဟေးချမ်သည်ဖုန်းချပြီး အပြင်သို့ အလျင်စလို လျှောက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟောပြောပွဲစတင်ချိန်ထက်ပိုပြီးမိနစ်၃၀ကေျာ်သွားခဲ့သည်။

အချိန်နှောင့်နှေးစေရန်ကျောင်းခေါင်းဆောင်များက စင်မြင့်ပေါ်တွင် ဟောပြောနေကြသည်။

ဒါပေမယ့် တချို့လူတွေကတော့စိတ်မရှည်တော့ပေ။

“ ဘာလို့ မစသေးတာလဲ” မုတ်ဆိတ်မွေးတွေအပြည့်နဲ့ အဖြူရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ ပရော်ဖက်ဆာ လူးကတ်စ် က မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

“ဘာလို့ကြာနေလဲမသိဘူး ဇောင် ရဲ့အယူအဆကို ရှင်းပြလိုက်ရုံပဲကို” ပါမောက္ခ ဘတ်စ်တော် က ပြောလိုက်သည်။

ဂျေဖလိမ်းက ပြုံးပြုံးရွှင်ရွှင်နဲ့ “ငါကတော့အချိန်ကိုဂရုမစိုက်ဘူး။ ငါအရင်က တရုတ်စကားပုံတစ်ခုကိုကြားဖူးတယ်။အဲ့တာက၊တိုဟူးပူပူကို မြန်မြန်မစားနဲ့တဲ့”(ပြောချင်တာကအရမ်းပူတုန်းစားလိုက်ရင်လျှာဘဲအပူလောင်မယ်ဘာအရသာမှမရှိဘူး။အေးတဲ့အချိန်ထိစောင့်ပြီးမှစားရင်အရသာရှိတယ်လို့ပြောတာ😁😁)

“ဒါဘာကိုဆိုလိုတာပါလဲ?” လူးကတ်စ် က မေးလိုက်သည်။

“ဆိုလိုတာက ပိုကောင်းတာတွေကြည့်ချင်ရင် စောင့်ရတဲ့ အချိန်ပိုကြာလေဖြစ်တယ်” ဂျေဖလိမ်းက ပြောလိုက်သည်။

သူ့ဘေးမှာထိုင်နေတဲ့ ရမိုတာက က “မင်းဘာလို့ ဒီထိကို လာလဲဆိုတာ ငါနားမလည်ဘူး” လို့ပြောသည်။

“

“ဇောင်ထင်မြင်ယူဆချက်ကအဲဒါက ကိန်းဂဏာန်းတွေရဲ့ ရိုးရှင်းတဲ့အသုံးအနှုန်းတစ်ခုပါပဲ။ မင်းသာ ကိန်းဂဏန်းတွေအကြောင်း ပိုသိချင်ရင် ငါတို့ကျွန်းနိုင်ငံကို လာသင့်တယ်!”(မှတ်ချက်ဒီထဲမှာပါတဲ့နိုင်ငံမြို့တွေကမရှိတာများပြီးရှိတာနည်းပါတယ်😁😁)

“ဘာလို့လဲဆို​တော့ ကျွန်​​တော်​တို့ရဲ့ ပရော်​ဖက်​ဆာ တာနာကာ က ရိုင်းလင်း ရဲ့ ထင်​မြင်​ချက်​ကို ​ဖြေရှင်းပြီးသားဖြစ်​​နေလို့ပဲ!”

ရမိုတာက သူ့မျက်နှာမှာ ကြည်ညိုလေးစားမှု နဲ့ ဂုဏ်ယူစရာအမူအရာဖြင့်ပြောလိုက်ငည်ါ

ဂျက်ဖရီနဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ တခြားသူတွေက ယဉ်ကျေးစွာ ပြုံးပြပြီး ဘာမှမပြောပေ။

ရိုင်းလင်း၏ ထင်မြင်ယူဆချက်ကို ဖြေတာလဲ။

ဒါ ကသက်သက်စိတ်ကူးယဉ်နေတာပဲ ။

အစပိုင်းတွင် တာနာကာ သည် ရိုင်းလင်းအယူအဆကို ဖြေရှင်းခဲ့ပြီး တိကျသော အဖြေလုပ်ငန်းစဉ်ကို အင်တာနက်ပေါ်တွင် လွှင့်တင်ခဲ့သည်။

သင်္ချာပညာရှင် အများအပြားသည် သုတေသနပညာရှင်များသည်တွက်ချက်မှုများကို ချက်ချင်းလုပ်ဆောင်ခဲ့ကြသည်။

မကြာခင်မှာပဲ အဖြေကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

ဘာလဲဆိုတော့တာနာကာက တွက်ချက်မှုမှားနေတယ်ဆိုတာပင်ဖြစ်သည်။

ကမ္ဘာ့သင်္ချာပည်ရှင်အဖွဲ့ကရိုင်းလင်းယူဆချက်ကိုတွက်တာမှားနေတယ်ဆိုပြီးတရားဝင်ကြေညာခဲ့သည်။

ဒါပေမဲ့ကျွန်းနိုင်ငံရှိ သင်္ချာအသိုက်အဝန်းသည် တာနာကာ က ရိုင်းလင်းယူဆချက်ကိုဖြေတာဆိုပြီးယုံကြည်နေကြသည်။

ဟေးချမ် သည် လူအများ မကျေမနပ်ဖြစ်နေကြောင်းကိုသူသိသည်။လင်းဖန်မလာသောကြောင့်သူဘာလုပ်ရမှန်းမသိဖြစ်နေသည်။

အဲ့ချိန်တွင် လင်းဖန်သည် နောက်ဆုံးတွင် ရောက်လာခဲ့ချေပြီဖြစ်သည်။

ဟေးချမ်သည်လင်းဖန်ကိုမြင်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်”လင်းဖန်၊ ဒီကိုလာခဲ့”ဟုပြောလိုက်သည်။

ဟေးချမ်“မင်း အဆင်သင့်ဖြစ်ပြီလား” လို့ပြောလိုက်သည်။

ဘယ်လို့အဆင်သင့်မဖြစ်ရမှာလဲ။

ဟောပြောပွဲမှာ ဇောင်၏ထင်မြင်ယူဆချက်အတွက် တွက်ချက်ပေးရုံပဲမဟုတ်ဘူးလား။

နောက်ထပ်ဘာတွေပြင်ဆင်ဖို့ လိုသေးလို့လဲ။

လင်းဖန်က “အဆင်သင့်ဖြစ်ပြီ” ဟု ပေါ့ပေါ့ဆဆ ပြောလိုက်သည်။

“ကောင်းပြီ ဒါဆို မင်း မြန်မြန်တက်လိုက်တော့။” ဟေးချမ် က ပြောသည်။

စင်ပေါ်မှာ စကားပြောနေတဲ့ ကျောင်းခေါင်းဆောင်က လင်းဖန်ရောက်လာတာကို သတိပြုမိလိုက်သည်။

သူက ပြုံးပြီးပြောတယ် “ငါအများကြီးမပြောတော့ဘူး။ ဒီဟောပြောပွဲရဲ့အဓိကအကြောင်းအရာက ဇောင်ထင်မြက်ယူဆချက်ကိုသွားရအောင်!”

“ကဲအပိုတွေမပြောတော့ဘူး ဇောင် ရဲ့ထင်မြင်ယူဆချက်ကို ဖြေပေးတဲ့ လင်းဖန် ကျေးဇူးပြုပြီး စင်ပေါ်တက်လာပေးပါ။”

လင်းဖန်သည်ဒါကို ကြားပြီး စင်မြင့်ဆီသို့ လျှောက်သွားသည်။

ဒါကိုမြင်တော့ အောက်က သင်္ချာပညာရှင်တွေက မျက်မှောင်ကြုတ်လိုက်ငည်။

“သူက လင်းဖန် လား”

“What the fuck၊ သူကငယ်ငယ်လေးပဲရှိသေးတယ်? နောက်နေတာလား?”

…………

သင်္ချာပညာရှင် အများအပြားသူတို့ မလာခင်က ဇောင်ရဲ့ ယူဆချက်ကို ဖြေရှင်းပေးသူဟာ တရုတ်လူမျိုး ဖြစ်တယ်လို့သာ သိခဲ့ကြသည်။

သူတို့ရဲ့ ပထမဆုံး အတွေးက ဒီတရုတ်အမျိုးသားဟာ အနည်းဆုံး အသက် လေးဆယ် ဒါမှမဟုတ် ငါးဆယ်ရှိမယ်လို့ခန့်မှန်းထားသည်။

သို့သော်၊ သင်္ချာပညာရှင်တော်တော်များများက သူသည် ဤမျှငယ်လိမ့်မည်ဟု မGp4ပြီးသွားတာကြာပါပြီမတင်ဖြစ်လိုက်ဘူး။ဒီနေ့gp5ပြီးပါပြီ😁😁

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters