ရာဇဝင်တွင်မည့်အခိုက်အတန့်!
Vol. 6 Ch. 90
သင်္ချာပညာရှင်အားလုံးက သင်္ချာပညာကို နေ့ချင်းညချင်း မလုပ်ဆောင်နိုင်ဘူးဆိုတာ ကောင်းကောင်းသိတယ်၊ အဲဒါက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ဖို့ လိုသင့်သည်။
ဇောင် ၏ ထင်မြင်ယူဆချက်ကို ဖြေရှင်းရန်၊ ကမ္ဘာပေါ်မှာဆယ်နှစ်ကျော်ကြာအောင် နှောင့်ယှက်ခဲ့သော ဤပြဿနာမျိုးသည် အဆင့်မြင့်သင်္ချာပညာကို စုဆောင်းထားရန် လိုအပ်သည်။(ပြောချင်တာကဇောင်ထင်မြင်ယူဆချက်ကိုမလေ့လာဘဲမတွက်နိုင်ဘူး)
ဒါက ရှင်းပါတယ်... ဒီဇောင်ထင်မြင်ယူဆချက်ကိုအသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ပေ။
ရမီုတာ က “ဇောင် ရဲ့ ယူဆချက်ကို ဖြေရှင်းပေးခဲ့တာကကလေးတဲ့လား။ ဘယ်လောက်တောင်ရယ်စရာကောင်းတဲ့ကိစ္စလဲ၊တရုတ်ကငါတို့ကိုသက်သက်သောက်ခွက်ပြောင်တာလား”
ဒီစကားကို ပြောပြီးတာနဲ့ ပတ်ဝန်းကျင်ကလူတွေအားလုံးချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
သူတို့အားလုံး မိုင်ထောင်ချီအဝေးမှနေပြီးဟောပြောပွဲနားထောင်ဖို့ ဒီကိုလာခဲ့ကြသည်။
ဂျေဖလိမ်းကသက်ပြင်းတစ်ချက်ချလိုက်ပြီး “အရင်နားထောင်ရအောင်” ဟုဆိုလိုက်သည်။
ရှင်းရှင်းလင်းလင်းပြောရရင် ဂျေဖလိမ်း က လင်းဖန်ကိုအကောင်းမြင်စိတ်မရှိပေ။
ဘာလို့ဆိုလင်းဖန်သည် ငယ်လွန်းသောကြောင့်ဖြစ်သည်။
သူ့လက်အောက်ကပါရဂူကျောင်းသားတောင် လင်းဖန်ထက် အသက်ကြီးသည်။
…………
ခန်းမအလယ်။
ဟန်တီက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး လှပတဲ့ မျက်လုံးတစ်စုံက လင်းဖန်ကို စိုက်ကြည့်ရင်း နှလုံးသားထဲမှာ လင်းဖန်၊ မင်းဘယ်လိုရှင်းပြမလဲ။ဟုပြောနေလိုက်သည်။
ဒီအချိန်စင်ပေါ်မှာရပ်နေတဲ့ လင်းဖန်က “မင်္ဂလာပါ အားလုံးပဲ ငါ့နာမည် လင်းဖန် ပါ။ ဇောင် ရဲ့ ထင်မြင်ယူဆချက်ကို အသေးစိတ်ရှင်းပြပါ့မယ်။”
လင်းဖန်က စကားရပ်လိုက်ပြီး အီလက်ထရွန်းနစ်စာရေးဘုတ်ကို တိုက်ရိုက်သွားကာဇောင်ရဲ့ ထင်မြင်ယူဆချက်ရဲ့ အသေးစိတ်အဖြေကို စတင်ရေးသားတော့သည်။
ဤသည်မှာ သင်္ချာညီလာခံ၏ အဓိကအင်္ဂါရပ်တစ်ခုလည်းဖြစ်သည်။
ΠMp(22n)^πMp(22n-1)=2n^1......(က)
ΠMp(22n)=2n+1^n-1
…………
အစပိုင်းတွင် လက်ရှိ ရှိနေသော သင်္ချာပညာရှင်အားလုံးသည် လင်းဖန်ကိုမထီမဲ့မြင်ပြုနေကြဆဲဖြစ်သည်။
သို့သော်၊ အဆင့်ဆင့် တွက်ချက်ပြီးသောအခါ လူတိုင်းသည် ၎င်းတို့၏ မထီမဲ့မြင်ပြုခြင်းကို လျင်မြန်စွာ ပယ်ရှားလိုက်ပြီး လေးနက်လာကြသည်။
သင်္ချာပညာရှင်တွေဟာ တွက်ချက်ဖို့ စာရွက်နဲ့ ဘောပင်ကို တခါတရံ ထုတ်ယူကာ တခါတရံ ဝမ်းနည်းခြင်းတွေကို ပြသပြီး တခါတရံ ခေါင်းညိတ်ပြနေသည်။
ရာနှင့်ချီသော အသေးစိတ်တွက်ချက်မှုများကို ရေးသားပြီးနောက် လင်းဖန်သည်နောက်ဆုံးအဖြေကို ရေးသားခဲ့သည်။
ထို့ကြောင့်- 2^(2^n) less than 2^(2^(n+1))၊ Mp တွင် 2^(n+1)-1 ရှိပြီး အဓိကနံပါတ်ဖြစ်သည်။
ဤအချိန်တွင် ဇောင် ၏ ထင်မြင်ယူဆချက်သည် ပြီးပြည့်စုံသော အောင်မြင်မှုဖြစ်ကြောင်း လင်းဖန်ကသက်သေပြခဲ့သည်။
သက်သေပြပြီးပြီဆိုပေမဲ့လင်းဖန်သည်စာရေးတာကိုမရပ်လိုက်ဘဲဆန့်ကျင်ဘက်အနေနဲ့ သူ့စာရေးနှုန်းက ပိုပြီးမြန်သွားခဲ့သည်။
6{6NM+(M-N)}-1=(6N+1)(6M-1)
X=/=6NM+-(M-N)
6X-1=q
…………
……
...
တက်ရောက်လာသော သင်္ချာပညာရှင်များက ချီးကျူးဂုဏ်ပြုရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ဒါပေမယ့် ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့သြသွားကြသည်။
ဇောင်ရီက “လင်းဖန်က ဘာလို့ ဆင်းမလာသေးတာလဲ။
“ဒီ... ဒါ...” ဟေးချမ် ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
…………
ပရော်ဖက်ဆာ ဘလိုက်ဒ့် ၏ ရွှံ့မျက်လုံးများ အနည်းငယ် တောက်ပလာပြီး သူ၏ အမူအရာမှာ ပို၍ အာရုံစိုက်လာခဲ့သည်။
ဂျေဖလိမ်းက ပြုံးပြီး “ပါမောက္ခ အက်ဒင့်၊သူတရုတ်ပြည်ကို မလာတဲ့အတွက်နောင်တရလိမ့်မယ်ထင်တယ်” ဟုပြောလိုက့သည်။
“သူ အောင်မြင်စွာဖြေနိုင်တယ်လို့ မင်းထင်လား” လူးကတ်စ် က မေးသည်။
“ဘယ်သူသိလဲ၊ ဒီကမ္ဘာကြီးပြဿနာရဲ့ အဖြေကို ဘယ်သူမှ အာမခံလို့မရဘူး။ ဒါပေမယ့် ငါတို့က မျှော်လင့်လို့တော့ရတယ်။” ဂျေဖလိမ်းက ပြောသည်။
လူးကတ်စ်လဲခေါင်းညိတ်လိုက်သည်။
ဘေးနားရှိ ရမိုတာသည် သက်ပြင်းကို ချလိုက်ပြီး “ဒီတရုတ်လူမျိုးကတော်လွန်းတယ်”
ကျွန်းနိုင်ငံသည် တော်တဲ့သူများကို ကိုးကွယ်သောနိုင်ငံဖြစ်သည်။
ယခုလင်းဖန်သည် ဇောင်၏ ထင်မြင်ချက်အသေးစိတ်ဖြစ်စဉ်ကို ရေးသားခဲ့သည်။
ဒါလုံးဝကိုသူလက်လမ်းမမီဘူးဆိုတာနားလည်လိုက်သည်။
…………
ခန်းမအလယ်။
ဟန်တီ၏ လှပသော မျက်လုံးများသည် လင်းဖန်အား အစမှအဆုံး စိုက်ကြည့်နေခဲ့သည်။
သူမ၏မျက်လုံးထဲတွင် လင်းဖန်သည် Zhou ၏ ထင်မြင်ယူဆချက်အသေးစိတ်ဖြစ်စဉ်ကို ရေးတာမဟုတ်ဘဲ လှပသောတေးဂီတကို တီးခတ်နေသလိုပင်ဖြစ်သည်ာယ
ချောပြီး ချစ်စရာကောင်းသည်။
ဇောင်၏ ထင်မြင်ယူဆချက်ကို ဖြေရှင်းလိုက်သောအခါတွင် လင်းဖန်သည် အချိန်ခဏမျှ ခေတ္တရပ်ကာ အမွှာအထင်အမြင်ကို ထပ်မံဖြေရှင်းလိုက်တော့သည်။(အမွှအထင်အမြင်က ကမ္ဘာ့ပေါ်မှာမဖြေရှင်းနိုင်တဲ့သင်္ချာပုဒ်စာတစ်ပုဒ်)
အဲဒါက ထိတ်လန့်စရာကောင်းတဲ့ရာဇဝင်ကိုဖန်တီးနေသလိုပင်ဖြစ်သည်။
တွက်ချက်မှုများ ဆက်တိုက် ထွက်ပေါ်လာခြင်းနှင့်အတူ ဟန်တီ ၏ နှလုံးခုန်သံသည် ဆက်လက် မြန်နေရင်းမြန်လာသည်။
အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာ ၄ နာရီကြာသွားခဲ့သည်။
ယခုအချိန်သည် နေ့လယ် ၃ နာရီ ထိုးနေပြီဖြစ်သည်။
မနက်ပိုင်း ခန်းမထဲကို ဝင်ကတည်းက သင်္ချာပညာရှင် တော်တော်များများ ထိုင်နေကြသည်။ဒါကြောင့်သူတို့ဗိုက်ဆာနေပြီဖြစ်သည်။
ဒါပေမယ့် စားဖို့ ဘယ်သူမှ မသွားဘဲတစ်ချိန်လုံးထိုင်နေသည်။
ထမင်းစားဖို့နေနေသာသာ အိမ်သာသွားတဲ့လူနောင်မရှိသလောက်ပင်ဖြစ်သည်။
ဘာလို့အဲ့လိုလုပ်လဲဆိုသူတို့ ထွက်သွားပြီးတာနဲ့ ကြီးကျယ်တဲ့ အခိုက်အတန့်တွေကို လွတ်သွားမှာကို ကြောက်လို့ပင်ဖြစ်သည်။
“ဒါ ဒါ ဒါ!”
လင်းဖန်ကဘာကိုမှဂရုမစိုက်ဘဲ စင်ပေါ်မှာ တွက်ချက်မှုတွေကို မြန်မြန်ဆန်ဆန် ချရေးနေသည်။
တကယ်တော့ အစမှာ လင်းဖန် ဟာ ဇောင် ရဲ့ ထင်မြင်ယူဆချက် အဖြေကို ရေးဖို့သာ ရည်ရွယ်ခဲ့သည်။
သို့သော် စာအရေးအသား တိုးတက်လာသည်နှင့်အမျှ သူ၏လူတစ်ကိုယ်လုံးသည် ၎င်းကို လုံးလုံးလျားလျား အာရုံစိုက်လာကာ သူ့ခန္ဓာကိုယ်သည် အမြွှာ တွက်ချက်ပုံသေနည်းကို အလိုအလျောက် ရေးသားခဲ့သည်။
နောက်ထပ် နာရီဝက်အကြာမှာတော့ လင်းဖန်ရဲ့ အရေးအသားလှုပ်ရှားမှုဟာ ရုတ်တရက် နှေးကွေးလာတော့သည်။
အောက်မှာထိုင်နေတဲ့ သင်္ချာပညာရှင်တွေက အသံတိုးတိုးလေးနဲ့ ပြောနေလိုက်သည်။
“အလုပ်မဖြစ်ဘူးလား?”
“ဟုတ်ပါတယ်ဒါက ခက်တယ်...”
“သူကို အပြစ်မတင်ပါနဲ့။”
…………
စင်ပေါ်မှာရပ်နေတဲ့ လင်းဖန်က အခုအချိန်မှာတကယ်ကို ဒုက္ခရောက်နေခဲ့သည်။
လင်းဖန်၏စိတ်ထဲမှာတော့ သူ့လက်ထဲမှာ ရေးထားတာက ပုံသေနည်းမဟုတ်ပဲ အဆုံးစွန်သော လျှောက်လှမ်းကြီးကိုလျှောက်နေသလိုပင်ဖြစ်သည်။
သို့သော် ဤလမ်းသည် အလွန်ရှည်သည်။
ထိုအချိန်တွင် လမ်းအလယ်၌ ကျောက်တုံးကြီးကြီးတစ်ခု ရှိနေသည်။
သာယာလှပတဲ့ ရှုခင်းတွေကို မြင်ချင်ရင် ကျောက်တုံးကို ဖယ်ရမည်ဖြစ်သည်။
အခု ငါဆက်သွားရင် လှပတဲ့ ရှုခင်းတွေက ငါ့မျက်စိရှေ့မှာ မြင်ရလိမ့်မှာပင်ဖြစ်သည်။
ဒါကြောင့်လင်းဖန်က လက်မလျှော့ချင်ပေ။
ရှေ့ဆက်ဖို့ ကိုတတ်နိုင်သမျှ လုပ်မည်ဖြစ်သည်။
[သင်သည် သင်္ချာပညာရှင်အဆင့် သင်္ချာအတွေ့အကြုံရှိလျှင် ကျွမ်းကျင်မှုနှစ်ထပ်ကတ်ကို အသုံးပြုပါ၊ အချိန် 1 နာရီ။ 】
“သုံးမယ်”
လင်းဖန်သည် အလိုလိုတုံ့ပြန်လိုက်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! အကြွင်းမဲ့ အာရုံစူးစိုက်မှု 】