နတ်လက်နက်တစ်ခုကို အခြားနတ်လက်နက်တစ်ခုကပဲ ဆန့်ကျင်နိုင်တယ်
Vol. 4 Ch. 73
ဧကရာဇ်အသစ်က ပလ္လင်ကို ဆက်ခံခဲ့သည်။ အလယ်ပိုင်လွင်ပြင်၏ ၃၆နိုင်ငံကလည်း သံတမန်များ ပို့လွှတ်ပြီး ဂုဏ်ပြုခဲ့ကြသည်။ လင်းယွမ်က အားလုံးက်ု လက်ခံတွေ့ဆုံခဲ့သည်။ ယခုမှ နန်းတက်သည်ဆိုသော်လည်း လင်းယွမ်က လွန်ခဲ့သော ဆယ်နှစ် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခြင်းခံရပြီးကတည်းက စစ်တပ်နှင့် အာဏာက သူ၏ လက်ထဲတွင် ရှိနေခဲ့သည်။ ဧကရာဇ်ဟူသည်မှာ သူ့အတွက် ဘွဲ့တစ်ခုမှလွဲ၍ ဘာမှမဟုတ်ခဲ့ပေ။
လဝက်ကြာပြီးနောက် ချန်ထျန်းခန်းမထဲတွင် လင်းယွမ်က နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အတွေးနက်နေသည်။ သူက ပလ္လင်ကို တရားဝင်ဆက်ခံပြီးနောက် မဟာယန်နိုင်ငံ၏ စစ်မှန်သော လျို့ဝှက်ချက်များကို သိခဲ့ရသည်။
အထူးသဖြင့် နတ်လက်နက်များနှင့် ပက်သက်၍ ဖြစ်၏။ မဟာယန်နိုင်ငံ၏ နိုင်ငံကာကွယ်ရေးနတ်လက်နက်....
၎င်း၏ အစစ်အမှန်နာမည်က နေလလှံဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း ၃၆၀၀ အတွင်း နေလလှံ နတ်လက်နက်ကို သုံးကြိမ် အသက်သွင်းခဲ့သည်။ မိစ္ဆာစစ်သည်ကြောင့် ဖြစ်ပေါ်သော ဖရိုဖရဲ အခြေအနေများကို ထိန်းသိမ်းရန် နတ်လက်နက်ကို အသက်သွင်းခဲ့ကြသည်။
" မိစ္ဆာစစ်သည်လား။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
နတ်လက်နက်တစ်ခုကို လှုပ်ရှားအောင် တွန်းအားပေးနိုင်ခြင်း။ ထိုမိစ္ဆာစစ်သည်များ၏ ခွန်အားက သိုင်းသူတော်စင်အဆင့်ထက် ကျော်လွန်ပေလိမ့်မည်။
" နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း။ " လင်းယွမ်က သေချာတွေးတောနေသည်။
မဟာယန်နိုင်ငံမှ အချက်အလက်များအရ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက မိစ္ဆာစစ်သည်များနှင့် ဆက်နွယ်မှုရှိလေသည်။ မိစ္ဆာစစ်သည်က ဖရိုဖရဲ အခြေအနေများကို ဖန်တီးသည့်အချိန်တိုင်း နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက ၎င်း၏ နောက်တွင် ရှိလေသည်။
ထို့ကြောင့် မဟာယန်နိုင်ငံသာမက နိုင်ငံ ၃၆ နိုင်ငံလုံးက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းမှ တစ်စုံတစ်ယောက်နှင့် တွေ့ကြုံသည့်အကြိမ်တိုင်း ဖမ်းဆီးခြင်းထက် ညှာတာခြင်းမရှိ သတ်ဖြတ်ခဲ့ကြလေသည်။ ၎င်းက နိုင်ငံကာကွယ်ရေးလက်နက် ၃၆လက်လုံး၏ ဆန္ဒဖြစ်ပြီး ဘယ်သူမှ မဆန့်ကျင်ရဲပေ။
" အဲ့ဒီ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက မဟာလျို့ဝှက်ချက်ကြီးတွေ ရှိတဲ့ ပုံပဲ။ "
သူ၏ အင်အားစုများက မဟာယန်နိုင်ငံအတွင်းရှိ နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်း၏ ဌာနချုပ်၏ တည်နေရာကို ဖော်ထုတ်နိုင်ရန် နီးစပ်နေပြီဖြစ်သည်။ လျို့ဝှက်ချက်များက လင်းယွမ်၏ ရှေ့တွင် ပေါ်လာတော့မည်ဖြစ်သည်။
တော်ဝင်တရားရုံး၏ ထိပ်ရှိ ပလ္လင်ပေါ်တွင် လင်းယွမ်က ထိုင်နေသည်။
သာသနာရေးဝန်ကြီးက ရှေ့တိုးလာပြီး ရိုသေစွာ ပြောလိုက်သည်။ " အရှင်မင်းကြီး အာဏာကို ထိန်းချုပ်နိုင်သွားပြီဆိုတော့ နတ်လက်နက်ကို ယဇ်ပူဇော်ဖို့ နတ်လက်နက်ဘိုးဘေးနယ်မြေကို စောလျင်စွာ သွားသင့်ပါတယ်။ "
အလယ်ပိုင်းလွင်ပြင်၏ ၃၆နိုင်ငံတို့က ဓလေ့ထုံးတမ်းများကို မျှဝေခဲ့ကြပြီး နတ်လက်နက်များကို ယဇ်ပူဇော်ခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်၏။
နန်းတက်ခါစ ဧကရာဇ်တိုင်းက နတ်လက်နက်အား ယဇ်ပူဇော်ရန် နတ်လက်နက်ဘိုးဘေးနယ်မြေသို့ လျင်မြန်စွာ သွားရောက်ရန် လိုအပ်လေသည်။ ထိုဓလေ့က ပုံမှန်ပင် ဖြစ်သည်။
နိုင်ငံအသီးသီး၏ နတ်လက်နက်တိုင်းက ကောင်းကင်ကဲ့သို့ တည်ရှိမှုများ ဖြစ်ကြလေသည်။ နတ်လက်နက်များကို ယဇ်ပူဇော်ခြင်းက ကောင်းကင်ကို ယဇ်ပူဇော်ခြင်းပင် ဖြစ်သည်။
" နတ်လက်နက်တွေကို ယဇ်ပူဇော်ဖို့လား။ " လင်းယွမ်က သာသနာရေးဝန်ကြီးကို ကြည့်လိုက်သည်။
နတ်လက်နက်ဘိုးဘေးနယ်မြေက မြို့တော်တွင် တည်ရှိခြင်းမဟုတ်ဘဲ မိုင်တစ်ရာကျော်အဝေးတွင် တည်ရှိလေသည်။
လင်းယွမ်က နတ်လက်နက်ဘိုးဘေးနယ်မြေကို အမြဲတမ်း သတိထားနေခဲ့ပြီး အချိန်အများစုတွင် နတ်လက်နက် နေလလှံက အိပ်စက်သော အခြေအနေတွင် ရှိနေသည်ကို သူသိလေသည်။
သူက နတ်လက်နက်ဘိုးဘေးနယ်မြေနှင့် နီးကပ်စွာ မနေခဲ့ပေ။ မကြာသေးမီက သူ ကောင်းကင်ဖြစ်တည်မှုအဆင့်သို့ တက်ရောင်ရာတွင် မည်သည့်အမှားအယွင်းမှ မဖြစ်စေရန်အတွက် နတ်လက်နက်ဘိုးဘေးနယ်မြေနှင့် ဝေးကွာသော နေရာသို့ ထွက်သွားခဲ့လေသည်။
" ငါ အခုနေလို့မကောင်းဘူး။ ယဇ်ပူဇော်တာကို နောက်တစ်ရက် ရွေ့လိုက်။ " လင်းယွမ်က သာမန်ဆင်ခြေတစ်ခု ပေးလိုက်သည်။
နတ်လက်နက်များကို ယဇ်ပူဇော်ခြင်းက ဘိုးဘေးများ ချမှတ်ခဲ့သော အစဉ်အလာတစ်ခုဖြစ်ပြီး ဧကရာဇ်ပင် ၎င်းကို မပြောင်းလဲနိုင်ပေ။
လင်းယွမ်က သွားရန် ငြင်းဆန်ခြင်းမဟုတ်ဘဲ အချိန်ဆွဲလိုက်ခြင်းသာ ဖြစ်သည်။
" မှန်ပါ့ " သာသနာရေးဝန်ကြီးက အကူအညီမဲ့စွာဖြင့် နောက်ဆုတ်လိုက်သည်။
နေလို့မကောင်းဘူးလား။ အဓိပ္ပါယ်မရှိလိုက်တာ။ အခြားသူများက ထိုဆင်ခြေကို အသုံးပြုလျှင် အဆင်ပြေသော်လည်း ဧကရာဇ်တစ်ပါးက ၎င်းကို အသုံးပြုခဲ့လေသည်။
သာသနာရေးဝန်ကြီးက မင်းဆက်နှစ်ဆက်ကို အမှုထမ်းခဲ့သော အရာရှိဟောင်းတစ်ယောက် ဖြစ်၏။ လင်းယွမ်က အသန်မာဆုံး ခန္ဓာကိုယ်နှင့် မွေးဖွားခဲ့ခြင်းကို သူကိုယ်တိုင် သမားတော်များထံမှ သိခဲ့လေသည်။ သမားတော်များက မြှောက်ပင့်ပြောဆိုလျှင်တောင် အနည်းငယ်တော့ မှန်နိုင်လေသည်။
ထို့ကြောင့် လင်းယွမ်က နေမကောင်းဘူဟု ပြောသောအခါ သူက ၎င်းကို မယုံကြည်ပေ။ သို့သော် မယုံကြည်ဘဲ သတိပေးလိုက်ခြင်းက မကောင်းပေ။
ဧကရာဇ်အသစ်က သာမန်ထက်မြက်မှုမျိုးဆိုလျှင် ဝန်ကြီးက ထိုသို့ လုပ်ရဲပေလိမ့်မည်။ အဆုံးတွင် ဧကရာဇ်အသစ်တစ်ပါးက တရားရုံ တည်ငြိမ်မှု ရှိစေရန် ဝန်ကြီးများ၏ အကြံဉာဏ်များကို ဂရုစိုက်ရလေသည်။
သို့သော် နှစ်နှစ်ဆယ်အတွင်း သာသနာရေးဝန်ကြီးက ထိုအိမ်ရှေ့စံမင်းသာ၏ အကြောင်းကို ကောင်းစွာ နားလည်ပေသည်။ သူက အတင်အကြပ် အကြံဉာဏ်ပေးခဲ့လျှင် ဧကရာဇ်က သူ၏ ဆန္ဒကို လိုက်လျောပေးပေလိမ့်မည်။ ထိုအပြင် သူ၏ မိသားစုနှင့် မျိုးနွယ်ကိုလည်း သူ၏ နောက်သို့ လိုက်စေပေလိမ့်မည်။
" မေ့လိုက်တော့ နောက်နေ့ဆိုတော့လည်း နောက်နေ့ပေါ့။ " သာသနာရေးဝန်ကြီးက ဆုံးဖြတ်ချက် ချလိုက်ပြီး ဘာမှမပြောတော့ပေ။ ဧကရာဇ်က ၎င်းကို နှစ် နှစ်ဆယ် သုံးဆယ်ကြာအောင် ဆိုင်းငံ့ထားလိမ့်မည်ဟု သူမယုံကြည်ပေ။
ဝူယွမ်မြို့ မဟာယန်နိုင်ငံ၏ တောင်ပိုင်းမှ မြို့တစ်မြို့ ဖြစ်၏။ ကြီးမားသော တာချန်တောင်တန်းက နောက်ခံပြုထားသောကြောင့် အလွန်ပင် သာယာလှပလေသည်။
ဝူယွမ်မြို့မှ ဆယ်မိုင်ကျော်ဝေးသော တောနက်ကြီးထဲတွင် ရုတ်တရက် ပုံရိပ်နှစ်ဆယ်ကျော်ပေါ်လာသည်။
ထိုလူနှစ်ဆယ်ကျော်က ထိုနေရာတွင် ရပ်နေရုံနှင့် စွမ်းအားလှိုင်းများ ထွက်ပေါ်နေပြီး အားလုံးက သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်များ ဖြစ်ကြသည်မှာ ထင်ရှားနေသည်။
သိုင်းသူတော်စင်အဆင့်က သာမန်လူများ၏ အကန့်အသတ်ဖြစ်၏။ သိုင်းသူတော်စင်အဆင့် လူနှစ်ဆယ်ကျော်က အနည်းငယ် အားနည်းသော နိုင်ငံများရှိ သိုင်းသူတော်စင်အရေအတွက်နှင့် နှိုင်းယှဉ်နိုင်လေသည်။
သိုင်းသူတော်စင်အဆင့် နှစ်ဆယ်ကျော်အပြင် အခြားစွမ်းအားကောင်းသော လူအချို့လည်း အဝေးတွင် ရှိနေကြသည်။
" ဒီသစ်တောက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ ဌာနချုပ်ပဲ။ အရှင်ပြောထားတဲ့အတိုင်းပဲ။ နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းရဲ့ လူတွေအားလုံးကို ဖမ်းဆီးရမယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မသတ်ရဘူး။ မင်းတို့ နားလည်လား။ " ခေါင်းဆောင် သိုင်းသူတော်စင်က အခြားသိုင်းသူတော်စင်များကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။
" နားလည်ပါပြီ။ " အားလုံးက ခေါင်းငြိမ့်လိုက်ကြသည်။
သိုင်းသူတော်စင်အဆင့် နှစ်ဆယ်ကျော်၏ စွမ်းအားအောက်တွင် သိုင်းဘုရင်အဆင့်နှင့် သိုင်းဧကရာဇ်အဆင့် တစ်ရာကျော်လျင်တောင် ခုခံနိုင်မည်မဟုတ်ပေ။
နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ဌာနချုပ်က လျင်မြန်စွာ ပြိုကွဲသွားသည်။ ခေါင်းဆောင် စစ်ခုန်လွန်က လွတ်မြောက်ရန်ပင် အချိန်မရခဲ့ပေ။ သိုင်းသူတော်စင်အဆင့် သုံယောက်က သူ့ကို တိုက်ခိုက်ခဲ့ပြီး သူ၏ အမြင်များအားလုံး အမှောင်ကျသွားခဲ့သည်။
စစ်ခုန်လွန်သတိပြန်ရလာသောအခါ သူက ဇိမ်ခံမြင်းရထားလုံးတစ်ခုထဲတွင် ရှိနေသည်ကို အံ့အားသင့်စွာ တွေ့ခဲ့ရသည်။ သူ၏ သွေးကြောများအားလုံး ပိတ်ခံထားရပြီး စွမ်းအားများကို မစုစည်းနိုင်တော့ပေ။
" တကယ်ဘယ်သူလုပ်ခဲ့တာလဲ။ " စစ်ခုန်လွန်၏ စိတ်ထဲတွင် ပြင်းထန်စွာ လှုပ်ရှားနေသည်။
နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ယောက်က အလယ်ပိုင်းလွင်ပြင်၏ နိုင်ငံအားလုံး၏ အမြင်တွင် လမ်းကူးကြွက်တစ်ကောင်သာ ဖြစ်လေသည်။
စစ်ခုန်လွန်က သူ၏ စိတ်ထဲတွင် အလွန်ရှင်းလင်းနေသည်။ သူက နိုင်ငံကာကွယ်ရေးနတ်လက်နက်များရှိသော ထိုနိုင်ငံများ၏ ပြိုင်ဘက်မဟုတ်ပေ။
ထို့အပြင် သူက နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းကို တည်ထောင်ချိန်တွင် အလွန်လျို့ဝှက်ခဲ့သည်။ သူက တစ်စုံတစ်ခု ဖြစ်လျှင် လွတ်မြောက်နိုင်ရန်အတွက် ဌာနချုပ်၏ အောက်တွင် ဥမင်များ တူးခဲ့လေသည်။
သို့သော် ယခုတော့... စစ်ခုန်လွန်က အေးစက်မှုကို ခံစားလိုက်ရသည်။ သိုင်းသူတော်စင်အဆင့် နှစ်ဆယ်ကျော်၏ ဖိအားအောက်တွင် သူပင် မလွတ်မြောက်ခဲ့သောကြောင့် အခြားအဖွဲ့ဝင်များဆို ပြောစရာပင် မလိုပေ။
" မဟာယန်နိုင်ငံလား။ ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုလား။ "
" မဟုတ်သေးဘူး..." စစ်ခုန်လွန်က မျက်မှောင်ကြုတ်သွား၏။
အလယ်ပိုင်းလွင်ပြင် ၃၆နိုင်ငံ၏ လက်ထဲသို့ ကျရောက်သွားလျှင် သူဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။
နိုင်ငံတိုင်းက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့ဝင်များကို တွေ့လျှင် တွေ့သည့်နေရာတွင် သနားညှာတာခြင်း မရှိ သတ်ဖြတ်ခဲ့လေသည်။ ထိုအပြင် သူတို့ကို ဖမ်းဆီးပြီး လျို့ဝှက်ချက်များ မေးမြန်ခဲ့လျှင်တောင် အဖြေမရဘဲ အဖွဲ့ဝင်တိုင်းက ခန္ဓာကိုယ်ပေါက်ကွဲပြီးသာ သေဆုံးသွားကြပေလိမ့်မည်။
စစ်ခုန်လွန်က ဘယ်သူ သူ့ကို ပစ်မှတ်ထားမှန်း မစဉ်းစားနိုင်ဖြစ်နေသည်။
" ဒီနေရာက ဝူယွမ်မြို့ပဲ။ " စစ်ခုန်လွန်က ကန်လန့်ကာမှ အပြင်သို့ ကြည့်လိုက်သည်။
" ထားလိုက်တော့ သေတာဖြစ်ဖြစ် ရှင်တာဖြစ်ဖြစ် ငါဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်တော့ဘူး။ "
နာရီဝက်ကြာပြီးသောအခါ ရထားလုံးက ရပ်တန့်သွားသည်။ ထို့နောက် ရထားလုံးတံခါးပွင့်လာပြီး စစ်ခုန်လွန်ကို ဆင်းလာရန် အချက်ပြလိုက်သည်။
ထိုလူက သိုင်းသူတော်စင်အဆင့် နှစ်ဆယ်ထဲမှ လူတစ်ယောက်ဖြစ်သည်ကို စစ်ခုန်လွန် မှတ်မိလိုက်သည်။ အလယ်ပိုင်းလွင်ပြင်တွင် အဆင့်အတန်းမြင့်မားလှသည့် သိုင်းသူတော်စင်အဆင့်တစ်ယောက်က ယခု မြင်းရထားမောင်းသူတစ်ယောက် ဖြစ်နေသည်။
မြင်းလှည်းပေါ်မှ ဆင်းပြီး စစ်ခုန်လွန်က မြင်းရထားမောင်းသူနှင့်အတူ သူတို့၏ ရှေ့မှ နေအိမ်သို့ လမ်းလျှောက်သွားကြသည်။ ၎င်းက နေအိမ်တစ်ခုဆိုသည်ထက် နန်းတော်တစ်ခုနှင့်ပင် ပိုတူနေသည်။ အတွင်းတွင် တန်ဖိုးကြီး ပစ္စည်းများ၊ အဆင်အယင်များနှင့် ပြည့်နှက်နေသည်။
အတွင်းသို့ ရောက်သောအခါ စစ်ခုန်လွန်က ကိစ္စအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူကို တွေ့လိုက်ရသည်။
၎င်းက မြင့်မြတ်သော အော်ရာတစ်ခု ထွက်ပေါ်နေသော လူငယ်တစ်ယောက် ဖြစ်သည်။ ထိုနေရာတွင် ထိုင်နေရုံဖြင့် စစ်ခုန်လွန်ကို တင်းကြပ်သော ခံစားမှုတစ်ခု ပေးစွမ်းနိုင်လေသည်။
" မင်းသွားလို့ရပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေရမ်းပြီး သိုင်းသူတော်စင်ကို ထွက်သွားခိုင်းလိုက်သည်။
" ဟုတ်ကဲ့ပါ အရှင် " သိုင်းသူတော်စင်က ရိုသေစွာ ပြောပြီး ထွက်ခွာသွားသည်။
အရှင်.... စစ်ခုန်လွန်က တံတွေးများ မျိုချလိုက်သည်။ သိုင်းသူတော်စင်အဆင့်တစ်ယောက်က လူငယ်တစ်ယောက်အား အရှင်ဟု ခေါ်သည်ကို မျက်မြင်ကိုယ်တွေ့ မကြုံရလျှင် စစ်ခုန်လွန်က ယုံကြည်နိုင်မည်မဟုတ်ပေ။
စစ်ခုန်လွန်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး စကားပြောလိုက်သည်။ " ဆရာ ဘာလို့ကျုပ်ကို ဖမ်းရတာလဲ မေးလို့ရမလား။ "
ဤအချိန်တွင် သူက ထိုလူငယ်အတွက် တစ်ခုခု အသုံးဝင်သည်ကို သဘောပေါက်လာသည်။ မဟုတ်လျှင် သူက ထိုနေရာတွင် ရပ်နေနိုင်မည်မဟုတ်ပေ။
" ငါသိချင်တယ်။ မင်းရဲ့ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက နိုင်ငံ ၃၆လက်ရဲ့ နိုင်ငံကာကွယ်ရေးနတ်လက်နက်တွေကို ယှဉ်နိုင်ဖို့ ဘာကို အသုံးပြုခဲ့တာလဲ။ "
" ပြီးတော့ မိစ္ဆာစစ်သည်ဆိုတာ ဘာလဲ။ " လင်းယွမ်က မေးလိုက်သည်။
၎င်းကို ကြားသောအခါ စစ်ခုန်လွန်က အံ့ဩသွား၏။ သူက တစ်ဖက်လူမှာ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ အခြားဌာနချုပ်များအကြောင်း သိချင်လိမ့်မည်ဟု ထင်ခဲ့လေသည်။ လင်းယွမ်က ထိုမေးခွန်းကို မေးသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ယန္တရားကို အသက်သွင်းပြီး သူ့ကိုသူ ဖောက်ခွဲပစ်ရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် သူက ယခုမေးခွန်းကို မမျှော်လင့်ထားခဲ့ပေ။
" နတ်လက်နက်တွေက မဟာတည်ရှိမှုတစ်ခုပဲ။ ကျုပ်တို့လို သေမျိုးတွေက သူတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ " စစ်ခုန်လွန်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။
" ရှေးခေတ်အချိန်ကတည်းက နတ်လက်နက်တစ်ခုကို အခြားနတ်လက်နက်တစ်ခုကပဲ ဆန့်ကျင်နိုင်တယ်။ "
" အဲ့ဒါ သံမဏိ စည်းမျဉ်းပဲ။ "
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း