← Chapters

သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစ

Vol. 4 Ch. 74

သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစ

Vol. 4 Ch. 74

" နတ်လက်နက်တစ်ခုကို နတ်လက်နက်တစ်ခုကပဲ ဆန့်ကျင်တိုက်ခိုက်နိုင်တာလား။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

ထိုအခြေအနေက ဘာအမှားအယွင်းမှ မရှိပေ။ နတ်လက်နက်များ၏ နှစ်ပေါင်းများစွာ လွှမ်းမိုးမျိုအောက်တွင် ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က နိမ့်ကျနေပြီး ရုပ်ခန္ဓာကို လေ့ကျင့်ကာ အသက်ဓာတ်ကို မြှင့်တင်ပေးရုံသာ ရှိခဲ့သည်။

အလွန်ပါရမီရှိသော လူများပင် သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်သို့သာ ရောက်နိုင်ကြပြီး နတ်လက်နက်များ၏ အရသာရှိသော စားဖွယ်များ ဖြစ်လာကြသည်။

သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်က ဒုတိယအလွှာ၏ အထွတ်အထိပ်အဆင့်နှင့် တူညီလေသည်။ နတ်လက်နက်များ၏ စွမ်းအားက အနည်းဆုံး စတုတ္ထအလွှာတွင် ရှိလေသည်။ ထိုအဆင့်နှစ်ခုကြား ကွာဟချက်က မူလကမ္ဘာမှ အဆင့်ဖြင့် တိုင်းတာလျှင် အဆင့်လေး ဆယ်ဆင့်ကျော် ကွာခြားလေသည်။

" အဲ့ဒီ မိစ္ဆာစစ်သည်ဆိုတာကလည်း နတ်လက်နက်တွေလို့ မင်းဆိုလိုတာလား။ "

" မှန်တယ် အဲ့လိုပဲ။ " စစ်ခုန်လွန်က ခေါင်းငြိမ့်လိုက်သည်။ " ဆရာရဲ့ အဆင့်နဲ့ နတ်လက်နက်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကျော်ကလာတယ်ဆိုတာ သိလောက်ပါတယ်။ "

လွန်ခဲ့သော နှစ်တစ်သောင်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးက တောင်များနှင့် မြစ်များကို စတေးပြီး ပင်လယ်လေးခုကို ပေါင်းစည်းပြီး နတ်လက်နက်များကို ဖန်တီးခဲ့သည်။ ယနေ့ ကမ္ဘာပေါ်ရှိ နတ်လက်နက်များက ထိုခေတ်ကလာခြင်း ဖြစ်လေသည်။

လင်းယွမ်က စစ်ခုန်လွန်ကို တည်ငြိမ်စွာ ကြည့်နေသည်။ လင်းယွမ်၏ အကြည့်အောက်တွင် စစ်ခုန်လွန်က ဖိအားကို ပိုမိုခံစားလာရသည်။ " လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ရှေးဟောင်းနတ်ဘုရား ဖန်တီးခဲ့တဲ့ နတ်လက်နက်တွေက ၃၆လက်ကျော်တယ်။ "

" ဒါပေမယ့် နောက်ပိုင်းမှာ တစ်ခုခုဖြစ်ခဲ့ပြီးတော့ နတ်လက်နက်တွေ ပျက်ဆီးသွားတယ်။ နတ်လက်နက်ကသာ ၃၆လက်ပဲ ကျန်နေခဲ့တယ်။ "

" ပျက်ဆီးသွားတဲ့ နတ်လက်နက်တွေကို နိုင်ငံ ၃၆ နိုင်ငံက နောက်ပိုင်းမှာ မိစ္ဆာစစ်သည်လို့ ခေါ်ခဲ့ကြတယ်။ " စစ်ခုန်လွန်က အားလုံးကို ခနအတွင်း ပြောပြလိုက်သည်။

ထိုအချက်အလက်များက အလွန်လျို့ဝှက်ပြီး နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းတွင် ခေါင်းဆောင်များသာ သိနိုင်လေသည်။ သို့သော် ထိုလျို့ဝှက်ချက်များက အဖွဲ့အစည်း၏ အခြေခံကို မထိခိုက်နိုင်သောကြောင့် သူက ထုတ်ပြောပိုင်ခွင့် ရှိလေသည်။

" အဲ့လိုကိုး။ " လင်းယွမ်က သူ၏ စိတ်ထဲမှ သံသယအချို့ ရှင်းလင်းသွားသည်။

" ဆရာ ကျုပ်က ဆရာဘယ်သူလဲဆိုတာ မသိပေမယ့် နတ်လက်နက် ၃၆လက်က ကျုပ်တို့ကို စောင့်ကြည့်နေပြီး အချိန်ကျရင် လူသားမျိုးနွယ်များစွာကို ခွေးတွေ ဝက်တွေလို ယဇ်ပူဇော်ရတယ်။ ဒီလိုလုပ်ရပ်မျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ။ " စစ်ခုန်လွန်က လင်းယွမ်တိတ်ဆိတ်နေသည်ကို ကြည့်ပြီး ချက်ချင်း ပြောလိုက်သည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲအစည်းက နိုင်ငံ ၃၆လက်၏ ဝန်းရံခြင်းမှ လွတ်မြောက်လာခြင်းမှာ မိစ္ဆာစစ်သည်များကြောင့်သာမက နတ်လက်နက်များက လူသားမျိုးနွယ်အား စားသုံးနေခြင်းကို မကျေနပ်ကြသော လူများကြောင့်လည်း ပါဝင်လေသည်။

အမှန်တရားကို သိကြသော လူများက နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲအစည်းနှင့် အတူတူမရပ်လျှင်တောင် ဆန့်ကျင်ဘက်တွင် မနေကြပေ။ အဆုံးတွင် သူတို့က နတ်လက်နက်များ၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်မည်မဟုတ်သော်လည်း နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို တားဆီးရန်လည်း မလိုအပ်ပေ။

အဆုံးတွင် နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက နတ်လက်နက်များကို ဖယ်ရှားနိုင်ပါက သူတို့လည်း အကျိုးရှိမည်ဖြစ်သည်။

" မင်းက ငါ့ကို နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းထဲ ဝင်စေချင်တာလား။ " လင်းယွမ်၏ မျက်နှာပေါ်တွင် ထူးခြားသော အမူအရာ ပေါ်လာသည်။

သူက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့်ပက်သက်၍ အကြံအစည်အချို့ ရှိခဲ့သော်လည်း သူတို့နှင့် ပေါင်းစည်းရန်တော့ မဟုတ်ပေ။

" မိစ္ဆာစစ်သည်ကို ဒီနေရာ ယူလာရင် ငါ အဲ့ဒါကို စဉ်းစားပေးမယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ပြောလိုက်သည်။

လင်းယွမ်က နတ်လက်နက်များ၏ ပြိုင်ဘက်မဟုတ်သေးပေ။ သို့သော် သူက နတ်လက်နက်တစ်ခုကို မကိုင်တွယ်နိုင်လျှင် မိစ္ဆာစစ်သည်ကိုရော ကိုင်တွယ်နိုင်မှာလား။

မိစ္ဆာစစ်သည်များက နတ်လက်နက်များ၏ အကြွင်းအကျန်များ ဖြစ်ပြီး ၎င်းတို့၏ ခွန်အား အနည်းငယ်သာ ကျန်ခဲ့လေသည်။ ထို့အပြင် ၎င်းတို့က ပုန်းအောင်းကာ သက်ရှိများ၏ အသက်နှင့် ဝိညာဉ်ကို မစားသုံးခဲ့သောကြောင့် ၎င်းတို့၏ စွမ်းအားမှာ သိုင်းသူတော်စင်အဆင့်ထက် အနည်းငယ်သာ အားကောင်းလေသည်။

ထိုအခြေအနေမျိုးတွင် လင်းယွမ်က မိစ္ဆာစစ်သည်များကို လေ့လာချင်၏။ မည်မျှပင် အားနည်းသည်ဖြစ်စေ ၎င်းတို့က တစ်ချိန်က နတ်လက်နက်များသာ ဖြစ်ကြသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နတ်လက်နက်များ၏ အားနည်းချက်ကို ၎င်းတို့ဆီမှ ထုတ်ဖော်လာနိုင်ပေသည်။

" စဉ်းစားပေးမယ်။ " စစ်ခုန်လွန်၏ သူငယ်အိမ်များက ကျုံ့သွား၏။

သူ၏ အစောပိုင်းစကားများက လင်းယွမ်၏ သနားကြင်နာမှုကို ထွက်ပေါ်လာစေရန်ဖြစ်ပြီး သူ၏ အသက်ကို ချမ်းသာပေးရန် ဖြစ်လေသည်။ သို့သော် မမျှော်လင့်ဘဲ လင်းယွမ်က ၎င်းကို အလေးအနက် တွေးနေလေသည်။

နတ်လက်နက်များ၏ လူသားမျိုးနွယ်ကို စားသုံးမှုသည် စွမ်းအားကြီးသူများကို အနည်းငယ်သာ သက်ရောက်မှုရှိလေသည်။ ထို့အပြင် သူတို့၏ အတင့်အတန်းက မြင့်မားနေလျှင် သူတို့အတွက် ထိခိုက်မှုရှိမည်မဟုတ်ပေ။

လင်းယွမ်က အဆင့်အတန်းမြင့်သော လူတစ်ယောက် ဖြစ်မည်မှာ သေချာလေသည်။

" ကောင်းပြီ။ ဒါပေမယ့် ကျုပ် ဌာနချုပ်ကို ပြန်ရမယ်။ အဲ့ဒီမှာ ကျုပ်ကလွဲလို့ ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ နတ်လက်နက် အစိတ်အပိုင်းတစ်ခု ရှိတယ်။ " စစ်ခုန်လွန်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။ လင်းယွမ်က သူ့အား လှည့်စားရန် အကြောင်းပြချက် မရှိသည်ကို သူသိလေသည်။

မိစ္တာစစ်သည်များက နတ်လက်နက်များ၏ အစိတ်အပိုင်းများ ဖြစ်လျှင်တောင် သူတို့၏ ကိုယ်ပိုင်အသိကို ပိုင်ဆိုင်လေသည်။ သိုင်းသူတော်စင် နှစ်ဆယ်မပြောနှင့် နှစ်ရာလည်း မိစ္ဆာစစ်သည်တစ်ခုကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

လင်းယွမ်၏ အမိန့်အောက်တွင် စစ်ခုန်လွန်က ယာယီနန်းတော်ထဲမှ ထွက်ခွာသွားသည်။

" ဒီလို အင်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သာ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းထဲ ဝင်ခဲ့ရင်..." စစ်ခုန်လွန်က စိတ်ထဲတွင် ဝမ်းသားသွားမိသည်။

လင်းယွမ်က သူ၏ အဆင့်အတန်းကို မဖော်ပြခဲ့လျှင်တောင် သိုင်းသူတော်စင်များကို အမိန့်ပေးပြီး နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ဌာနချုပ်ကို ဖျက်ဆီးနိုင်ခြင်းက ကြောက်စရာကောင်းသော ဩဇာအာဏာကို တွေ့မြင်နိုင်လေသည်။

နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ဌာနချုပ်က ပျက်ဆီးနေပြီး အချို့နေရာများက အကောင်းတိုင်း ရှိနေသည်။

စစ်ခုန်လွန်က မြေအောက်အနက်ရှိုင်းဆုံးသို့ ဝင်ရောက်လာပြီး ထိုနေရာတွင် ဘာမှမရှိသော ကျောက်အခန်းတစ်ခု ရှိနေသည်။

စစ်ခုန်လွန်က ထောင့်တစ်ထောင့်သို့ တိုးကပ်၍ စကားအနည်းငယ်ကို ရွတ်ဆိုပြီး သူ၏ သွေးစက်များကို ချလိုက်သည်။

ပြင်းထန်သော တုန်ခါသံများနှင့်အတူ ကျောက်တံခါးတစ်ချပ် ပွင့်သွားခဲ့သည်။ ၎င်းကို မြင်သောအခါ စစ်ခုန်လွန်က သက်ပြင်းချလိုက်သည်။

ကျောက်တံခါးပွင့်သွားခြင်းက မိစ္ဆာစစ်သည်ရှိနေသေးသည်ကို ဆိုလိုလေသည်။ မိစ္ဆာစစ်သည်များက ကိုယ်ပိုင်အသိကို ပိုင်ဆိုင်ကြ၏။ ဌာနချုပ် ပျက်စီးသွားလျှင် ၎င်းတို့က အလိုအလျောက် ထွက်သွားကြပေလိမ့်မည်။

ကျောက်တံခါးထဲသို့ ဝင်သွားပြီး စစ်ခုန်လွန်က ကျောက်တုံးစင်မြင့်တစ်ခုဆီသို့ သွားလိုက်သည်။ သူက လေးစားသော အမူအရာနှင့် ပြောလိုက်သည်။

" မဟာအရှင် "

ကျောက်တုံးစင်မြင့်ပေါ်တွင် ကြေးမုံတစ်ခု၏ အစိတ်အပိုင်းတစ်ခု ရှိနေသည်။

" အို ဒီနတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက ပျက်ဆီးသွားပြီမဟုတ်လား။ မင်းက ဘာလို့အသက်ရှင်နေသေးတာလဲ။ " ကျောက်တုံးစင်မြင့်ပေါ်ရှိ အပိုင်းအစမှ စိတ်ဝိညာဉ်လှိုင်းများထွက်ပေါ်လာပြီး အသံပို့လွှတ်ပြောလိုက်သည်။

" ဒီလိုပါ။ " စစ်ခုန်လွန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။ သူက မိစ္ဆာစစ်သည်ကို လင်းယွမ်ဆီသို့ ယူသွားချင်လျှင် မိစ္ဆာစစ်သည်က ဆန္ဒရှိရန် လိုအပ်လေသည်။

" အဲ့လိုကိုး။ "

" မင်းက ငါ့ကို အဲ့ဒီလူနဲ့တွေ့ရင် သူ့ကို တိုက်ရိုက်ထိန်းချုပ်စေချင်တာလား။ " အစိတ်အပိုင်းက ဆက်ပြောလိုက်သည်။ ထိုအစိတ်အပိုင်းက သူတော်စင်စိတ်နှလုံးကြေမုံ၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။

၎င်းက ပျက်ဆီးသွားလျှင်တောင် လူသားများ၏ စိတ်ကို ထိန်းချုပ်ပြီး ကျွန်ပြုနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။ သို့သော် ၎င်းက ထိုစွမ်းရည်ကို တစ်ခါတစ်ရံသာ အသုံးပြုနိုင်လေသည်။ အဓိကပြဿနာမှာ မိစ္ဆာစစ်သည် လှုပ်ရှားလိုက်လျှင် စွမ်းအားလှိုင်းများက နတ်လက်နက်များကို အလွယ်တကူ ဆွဲဆောင်သွားနိုင်လေသည်။

နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းပျက်ဆီးချိန်တွင် သူတော်စင်စိတ်နှလုံးကြေးမုံက ထိုအကြောင်းရင်းကြောင့် မလှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်ချေက အလွန်နည်းသော်လည်း ၎င်းက လျစ်လျူမရှုရဲပေ။

သူတော်စင်စိတ်နှလုံးကြေးမုံက လင်းယွမ်လို အဆင့်အတန်းမြင့်သူတစ်ယောက်ကို ထိန်းချုပ်နိုင်လျှင် စွန့်စားမှုထက် အကျိုးအမြတ်က ပိုများလေသည်။ လင်းယွမ်၏ လက်အောက်ငယ်သား သိုင်းသူတော်စင်အဆင့် နှစ်ဆယ်ကိုတော့ သူတော်စင်စိတ်နှလုံးကြေးမုံက သူတို့ထဲမှ ဆယ်ယောက်ကို စားလိုက်လျှင်တောင် ၎င်း၏ ဒဏ်ရာများ အတော်အသင့် ပြန်ကောင်းလာပေလိမ့်မည်။

အလယ်ပိုင်းလွင်ပြင် ၃၆ နိုင်ငံတွင် နိုင်ငံကာကွယ်ရေးနတ်လက်နက်များက ယဇ်ပူဇော်သည့် အချိန်တွင် လူအရေအတွက်များစွာကို စားသောက်နိုင်ကြလေသည်။ သို့သော် သူတော်စင်စိတ်နှလုံးကြေးမုံကတော့ ထိုကုသမှုမျိုးကို မလိုချင်ပေ။

" မင်းပြောခဲ့တာတွေက အမှန်တွေဆိုတာ သေချာလား။ " သူတော်စင်စိတ်နှလုံးကြေးမုံက စိတ်ဝိညာဉ်လှိုင်းများ ထုတ်လွှတ်ပြီး ပြောလိုက်သည်။

" မဟာအရှင် ကျွန်တော်ပြောသမျှ စကားတိုင်းက အမှန်တွေပါ။ " စစ်ခုန်လွန်က လေးနက်စွာ ပြောလိုက်သည်။ မိစ္ဆာစစ်သည်ကို လှုပ်ရှားစေချင်လျှင် တန်ကြေးတစ်ခုတော့ ပေးဆပ်ရပေလိမ့်မည်။

" ငါ့ကို အဲ့ဒီကို ခေါ်သွား။ " သူတော်စင်စိတ်နှလုံးကြေးမုံက လေပေါ်မြောက်လာပြီး စစ်ခုန်လွန်၏ လက်ထဲသို့ ကျသွားသည်။

စစ်ခုန်လွန်က သူတော်စင်စိတ်နှလုံးကြေးမုံကို သယ်ဆောင်ပြီး လင်းယွမ်၏ ယာယီနန်းတော်သို့ ပြန်ရောက်လာသည်။

" ဒီအနံ့အသက်..." သူတော်စင်စိတ်နှလုံးကြေးမုံက စိတ်ဝိညာဉ်လှိုင်းအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။

တံခါးဝတွင် ရပ်လိုက်ရုံနှင့် ၎င်းက အတွင်းမှ သိုင်းသူတော်စင် ၇ယောက် ၈ယောက်၏ တည်ရှိမှုကို ခံစားမိလေသည်။

သွေးသန့်စင်ခြင်း သူတော်စင်အဆင့်... နိုင်ငံကာကွယ်ရေးနတ်လက်နက်များအတွက်ပင် သူတို့က ရှားပါးလှပြီး အမြဲတမ်း မစားသောက်နိုင်ပေ။ လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့သော မိစ္ဆာစစ်သည်ဆို ပြောစရာပင် မလိုပေ။

သူတော်စင်စိတ်နှလုံးကြေးမုံက နောက်ဆုံးအကြိမ် စားခဲ့သော သွေးသန့်စင်ခြင်း သူတော်စင်အဆင့်၏ အရသာကိုပင် သတိမရတော့ပေ။ ၎င်းက ခန်းမနှင့် နီးကပ်လာသည်နှင့် ပိုမိုစိတ်လှုပ်ရှားလာသည်။ သူတော်စင်စိတ်နှလုံးကြေးမုံ၏ အပိုင်းအစက အလင်းရောင်များ တဖျပ်ဖျပ် တောက်ပနေသည်။

ဤအချိန်တွင် သူတော်စင်စိတ်နှလုံးကြေးမုံက လင်းယွမ်ကို မြန်မြန်ထိန်ချုပ်ရန်သာ တွေးနေလေသည်။ ထို့နောက် လင်းယွမ်ကို အမိန့်ပေးပြီး သိုင်းသူတော်စင်များကို တစ်ယောက်ပြီးတစ်ယောက် စားသောက်နိုင်ပေလိမ့်မည်။

စစ်ခုန်လွန်က ခန်းမရှေ့တွင် ရပ်လိုက်သည်။

" မဟာအရှင် ကျွန်တော်တို့ ရောက်ပြီ။ " စစ်ခုန်လွန်က သူ၏ ရင်ဘတ်ကို ထိ၍ သူတော်စင်စိတ်နှလုံးကြေးမုံကို သတိပေးလိုက်သည်။

" ငါသိတယ် ငါသိတယ်။ " သူတော်စင်စိတ်နှလုံးကြေးမုံက စိတ်မရှည်သော စိတ်ဝိညာဉ်လှိုင်းကို ထုတ်ဖော်လိုက်သည်။ သို့သော် ၎င်းက ပုံမှန်အတိုင်း နတ်လက်နက်၏ ကျန်ရှိသော စွမ်းအားဖြင့် ခန်းမအတွင်းသို့ အာရုံခံလိုက်သည်။

" အဲ့ဒါ ဘာလဲ။ " သူတော်စင်စိတ်နှလုံးကြေးမုံက တုန်ခါသွား၏။ ကောင်းကင်အောက်တွင် အခြားစစ်မှန်သော နတ်လက်နက်များသာ ၎င်းကို ခြိမ်ခြောက်မှု ပေးနိုင်လေသည်။

နတ်လက်နက်များ၏ ဆက်နွယ်မှုအရ ခန်းမအတွင်း နတ်လက်နက်တစ်ခု မရှိသည်ကို ၎င်းက သေချာလေသည်။ သို့သော် ထိုကြောက်စရာကောင်းသော ခြိမ်းခြောက်မှုက...

" ထားလိုက်တော့ ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော်ဘူး။ " ခနအတွင်း သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစက ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။

" ဝှစ် "

အလင်းတန်းတစ်ခုက စစ်ခုန်လွန်၏ ရင်ဘတ်ထဲမှ ပျံသန်းထွက်လာသည်။ အလင်း၏ အတွင်းတွင် ကြေးမုံအပိုင်းအစတစ်ခု ရှိနေလေသည်။

" သွားစို့ " သူတော်စင်စိတ်နှလုံးကြေးမုံအပိုင်းအစက နန်းတော်၏ အပြင်ဘက်သို့ ပျံသန်းသွားသည်။

ထိုအချိန်တွင် ခန်းမထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

" မင်းက ဒီအထိရောက်လာပြီးမှ အထဲကို တစ်ချက်လောက် ဝင်မကြည့်တော့ဘူးလား။ "

မိုင်အနည်းငယ်အတွင်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားက ဆူပွက်သွားပြီး ထိုက်ယင်နှင့်ထိုက်ယန်တို့ ပေါင်းစပ်ပြီး အဖြူအနက်လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုလက်ကြီးက ထွက်ပြေးနေသော သူတော်စင်စိတ်နှလုံးကြေးမုံအပိုင်းအစကို ဆွဲယူပြီး ခန်းမထဲသို့ လျင်မြန်စွာ ပြန်ကျုံ့သွားသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters