← Chapters

နတ်လက်နက်တစ်ရာ

Vol. 4 Ch. 75

နတ်လက်နက်တစ်ရာ

Vol. 4 Ch. 75

စစ်ခုန်လွန်က မှင်သက်နေဆဲ ဖြစ်သည်။ သူက ရုတ်တရက် ထွက်ပြေးသွားသော သူတော်စင်စိတ်နှလုံးကြေးမုံအပိုင်းအစကြောင့် ချက်ချင်း မတုန့်ပြန်နိုင်ခဲ့ပေ။ ထို့နောက် အဖြူတစ်ဝက် အနက်တစ်ဝက်ရှိနေသော လက်ကြီးတစ်ဖက်က သူတော်စင်စိတ်နှလုံးကြေးမုံကို ကြက်ကလေးတစ်ကောင်လို ခန်းမထဲသို့ ဆွဲခေါ်သွားသည်ကို သူက မြင်လိုက်ရပြန်သည်။

စစ်ခုန်လွန်က အဖြူအနက်လက်ကြီးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရလေသည်။ သူတော်စင်စိတ်နှလုံးကြေးမုံက ရုတ်တရက် နက်နဲသော အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ၎င်း၏ အော်ရာက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေနိုင်လေသည်။

သို့သော် အဖြူအနက်လက်ကြီးအောက်တွင် ထိုနက်နဲလှသော အလင်းတန်းက ရေလောင်းခံလိုက်ရသော မီးစတစ်ခုကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

" ဒါ ဒါ ဒါ..." စစ်ခုန်လွန်၏ စိတ်က တုန်ခါနေသည်။

၎င်းက စစ်မှန်သော နတ်လက်နက်တစ်ခု၏ အပိုင်းအစ မိစ္ဆာစစ်သည်ဖြစ်၏။ နတ်လက်နက် ထွက်ပေါ်မလာလျှင် ၎င်းက ပြိုင်ဘက်ကင်းလေသည်။ လူတစ်ယောက်၏ စွမ်းအားနှင့် ၎င်းကို မဆန့်ကျင်နိုင်ပေ။

နတ်လက်နက်အပိုင်းအစက သူထင်ထားသလောက် မသန်မာတာလား။ မဖြစ်နိုင်ပေ။

ရုတ်တရက် တုန်လှုပ်မှုတစ်ခုက စစ်ခုန်လွန်၏ စိတ်ထဲမှ ထွက်ပေါ်လာသည်။ နတ်လက်နက်အပိုင်းအစက အားနည်းနေခြင်းမဟုတ်လျှင် ထိုအဖြူအနက်လက်ကြီးက အလွန်သန်မာနေခြင်း ဖြစ်ရပေမည်။

" ဒီကမ္ဘာမှာ ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနိုင်တာလဲ။ " စစ်ခုန်လွန်၏ အတွေးများက ယောက်ယက်ခတ်နေပြီး မကြာသေးမီက တွေ့ခဲ့သော လင်းယွမ်ကို တွေးမိသွားသည်။ ထိုအဖြူအနက်လက်ကြီးက လင်းယွမ်ထုတ်ဖော်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် လင်းယွမ်က နတ်လက်နက်တစ်ခုမဟုတ်သလို လက်နက်စစ်သည်တစ်ယောက်လည်း မဟုတ်ဘဲ သူက ဘယ်လိုလုပ် နတ်လက်နက်အပိုင်းအစထက် ပိုသန်မာနေတာလဲ။

လက်နက်စစ်သည်များက နတ်လက်နက်များ၏ နက်ရှိုင်းစွာ လွှမ်းမိုးခြင်းခံထားရပြီး သာမန်လူများနှင့် အလွန်ကွဲပြားလေသည်။

ခန်းမထဲတွင် လင်းယွမ်က စားပွဲတစ်လုံးရှေ့၌ ပေါ့ပါးစွာ ထိုင်နေသည်။ သူ၏ ရှေ့တွင် ကြေးမုံအပိုင်းအစတစ်ခု လွင့်မျောနေ၏။

" မင်းက လူသားတစ်ယောက်လား။ မဟုတ်ဘူး လူသားတစ်ယောက်က ဘယ်လိုလုပ် ဒီအဆင့်ထိ ကျင့်ကြံနိုင်တာလဲ။ " သူတော်စင်စိတ်နှလုံးကြေးမုံအပိုင်းအစက ထိတ်လန့်သော စိတ်ဝိညာဉ်လှိုင်းများ ထုတ်လွှတ်နေသည်။

နတ်လက်နက်အပိုင်းအစက လင်းယွမ်၏ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှသော အော်ရာကြောင့် ထိန်လန့်သွားခဲ့သည်။ သူက အပြည့်အဝ နိုးထနေသော နတ်လက်နက်လောက် မသန်မာသော်လည်း နတ်လက်နက်အပိုင်းအစထက်တော့ သာလွန်လေသည်။

ဤကမ္ဘာကြီး၏ ကျင့်ကြံခြင်းစနစ်က သွေးသန့်စင်ခြင်း သူတော်စင်အဆင့် ဖြစ်ပြီး ရှေ့ဆက်တက်ရန် လမ်းကြောင်းမရှိပေ။

သို့သော် လင်းယွမ်ကတော့....

" ဒါ နတ်လက်နက်တွေရဲ့ အနှစ်သာရပဲ။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာသည်။ သူ၏ ရှေ့မှ သူတော်စင်စိတ်နှလုံးကြေးမုံက အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်လေသည်။

သို့သော် လင်းယွမ်၏ မျက်လုံးထဲတွင် ထိုဟာက ပြည့်စုံသော အရာဖြစ်၏။ သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစကို လေ့လာခြင်းက ကောင်းကင်နှင့်မြေကြီး၏ အစိတ်အပိုင်းတစ်ခုကို လေ့လာခြင်းနှင့် တူလှသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကြီး၏ အစိတ်အပိုင်း၏ နိယာမများနှင့် အနှစ်သာရကို လေ့လာပြီး အသိအမြင်များ ရရှိခဲ့ပါတယ်။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကြီး၏ အစိတ်အပိုင်း၏ နိယာမများနှင့် အနှစ်သာရကို လေ့လာပြီး အသိအမြင်များ ရရှိခဲ့ပါတယ်။ ]

" ဒါဆို နတ်လက်နက်တွေက ဒီကမ္ဘာကြီးက နိယာမတွေရဲ့ ပြင်ပအသွင်အပြင်တွေပေါ့။ "

လင်းယွမ်က တွေးတောနေသည်။ သူ၏ ခွန်အားက တတိယအလွှာသို့ ဆက်တိုက်တိုးတက်လာခဲ့သည်။ သူက ကမ္ဘာကြီးကို တည်တံ့စေပြီး ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ပေးသော နိယာမများကို ခံစားမိခဲ့သည်။

မူလကမ္ဘာတွင် လင်းယွမ်က ထိုခံစားမှုကို ရရှိခဲ့သော်လည်း မူလကမ္ဘာ၏ နိယာမများက အလွန်စွမ်းအားကောင်းလှသည်။ လင်းယွမ်က နားလည်ရန် ကြိုးစားခဲ့သော်လည်း အဆုံးမရှိသော စကြာဝဠာကို လေ့လာနေရသကဲ့သို့ အကျိုးရလဒ် အနည်းငယ်သာ ရရှိခဲ့လေသည်။

တိုးတက်မှုက အလွန်နှေးကွေးလှပြီး အဆုံးမရှိသော စကြာဝဠာ၏ လှည့်ပတ်နေသော နိယာမများကို နားလည်နိုင်ရန် နှစ်တစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း အချိန်မည်မျှကုန်မလဲ မသေချာပေ။

ဤကမ္ဘာ၏ အနှစ်သာရက မူလကမ္ဘာထက် နိမ့်ကျသော်လည်း နိယာမများကို နားလည်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ အခြေခံအနှစ်သာရများကို ဖုံးကွယ်ထားသောကြောင့် ၎င်းတို့ကို နားလည်နိုင်ရန် အလွန်ခက်ခဲလေသည်။

ယခု လင်းယွမ်က သူ၏ ရှေ့မှ သူတော်စင်စိတ်နှလုံးကြေးမုံကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

သူတော်စင်စိတ်နှလုံးကြေးမုံကဲ့သို့ နတ်လက်နက်များက ကမ္ဘာအနှစ်သာရ၏ အသွင်အပြင်ဖြစ်သောကြောင့် သူတို့က အသိဉာဏ်များရှိပြီး စွမ်းအားကောင်းကြခြင်း ဖြစ်သည်။ သူတို့က ကမ္ဘာအနှစ်သာရ၏ ပြင်ပအသွင်အပြင်များ ဖြစ်သောကြောင့် သူတို့ကို လေ့လာခြင်းက ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို လေ့လာခြင်းထက် ပိုမိုလွယ်ကူလေသည်။

အထူးသဖြင့် သူတော်စင်စိတ်နှလုံးကြေးမုံက ပျက်ဆီးသွားပြီဖြစ်သောကြောင်း ၎င်းအတွင်းမှ နိယာမများက ပို၍ ရှင်းလင်းလာလေသည်။ ခနလောက် ဆင်ခြင်လေ့လာခြင်းဖြင့် လင်းယွမ်၏ တစ်ရက်နှစ်ရက် ဆင်ခြင်ခြင်းဖြင့် ညီမျှလေသည်။

" မင်း.... မင်းတကယ် ဘာလုပ်ချင်တာလဲ။ "

" ငါက ကောင်းကင်နဲ့မြေကြီးရဲ့ နတ်လက်နက်ပဲ။ မင်းဖျက်ဆီးလို့မရနိုင်ဘူး။ " လင်းယွမ်၏ စိတ်လှုပ်ရှားသော အကြည့်အောက်တွင် သူက မသက်မသာ ခံစားရလေသည်။

" မင်းရဲ့ ခွန်အားနဲ့ အဲ့ဒီ၃၆ကောင်ရဲ့ မျက်လုံးထဲမှာ မင်းက နှစ်ထောင်ချီအတွင်း အရသာအရှိဆုံး အဆင့်မြင့် စားတော်ပွဲကြီးတစ်ခုပဲ။ "

" မင်းငါ့ကို လွှတ်ပေးရင် ငါမင်းကို အဲ့ဒီ၃၆ကောင်ရဲ့ အမြင်အောက်က ပုန်းကွယ်နိုင်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခုကို သင်ကြားပေးမယ်။ " သူတော်စင်စိတ်နှလုံးကြေးမုံအပိုင်းအစက စတင်ညှိနှိုင်းလိုက်သည်။

၃၆ ကောင်ဆိုသည်မှာ နိုင်ငံကာကွယ်ရေးနတ်လက်နက် ၃၆လက်ကို ဆိုလိုလေသည်။

" ဖျက်ဆီးလို့မရနိုင်ဘူးလား။ " လင်းယွမ်က သူ၏ စိတ်အသိကို ကြေးမုံအပိုင်းအစထဲသို့ ပို့လွှတ်ပြီး စစ်ဆေးလိုက်သည်။

ဤကမ္ဘာကြီးထဲရှိ ကောင်းကင်နှင့် မြေကြီး၏ နိယာမအသွင်အပြင်တစ်ခု အနေဖြင့် သူတော်စင်စိတ်နှလုံးကြေးမုံအပိုင်းအစက ဖျက်ဆီး၍မရနိုင်ပေ။ မှန်၏ ဖျက်ဆီးခြင်းဆိုသည်မှာ အပိုင်းအစပင်မကျန်အောင် ဖျက်ဆီးပစ်ခြင်းကို ဆိုလိုလေသည်။ ပြည့်စုံသော နတ်လက်နက်က အပိုင်းအစများ ဖြစ်သွားသော်လည်း ရှင်သန်နိုင်ဆဲ ဖြစ်သည်။

" ဖျက်ဆီးလို့မရဘူးဆိုတာ နတ်လက်နက်တွေပဲ။ ဒါပေမယ့် စိတ်အသိကတော့ စုတ်ဖြဲပစ်လို့ရတယ်မဟုတ်လား။ " လင်းယွမ်က ပြုံးလိုက်သည်။

ထိုအချိန်တွင် သူတော်စင်စိတ်နှလုံးကြေးမုံက ချက်ချင်း သတိဝင်သွားသည်။ " မင်းဘယ်လိုသိတာလဲ။ "

မူလ သူတော်စင်စိတ်နှလုံးကြေးမုံက ပျက်ဆီးသွားပြီးနောက် ၎င်း၏ မူလအသိကလည်း ပျောက်ကွယ်သွားခဲ့သည်။

လက်ရှိ သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစက အချိန်ကြာမှ မွေးဖွားခဲ့သော အစိတ်အပိုင်း၏ စိတ်အသိအသစ်တစ်ခု ဖြစ်လေသည်။ ထိုအပိုင်းအစသာမက အခြားအပိုင်းအစများကလည်း စိတ်အသိများ ပြန်လည်ဖြစ်ပေါ်နေခဲ့သည်။

ထို့ကြောင့် မိစ္ဆာစစ်သည်ဟု ခေါ်ဆိုသည့် သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစကဲ့သို့ စိတ်အသိများက စစ်မှန်သော နတ်လက်နက်များဆီသို့ ရောက်ပြီး သူတို့၏ စိတ်အသိများ ဖျက်ဆီးခံရမည်ကို ကြောက်ကြခြင်း ဖြစ်သည်။ သို့သော် ထိုကိစ္စက နတ်လက်နက်များ၏ လျို့ဝှက်ချက် ဖြစ်လေသည်။

အခြားနတ်လက်နက်များကလည်း ၎င်းကို ထုတ်ဖော်ကြမည်မဟုတ်ပေ။

" လျို့ဝှက်နည်းစနစ်ကိုတော့ မင်းငါ့ကို ပြောပြဖို့မလိုဘူး။ ငါ့ဟာငါ ယူနိုင်တယ်။ "

လင်းယွမ်၏ မျက်လုံးများထဲတွင် ထိုက်ကျိ၏ အဖြူအနက်ဝဲတစ်ခု ဖြစ်ပေါ်လာပြီး စိတ်ဝိညာဉ်ဖိနှိပ်မှုတစ်ခုက သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစပေါ်သို့ ကျရောက်သွားသည်။

လင်းယွမ်က သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစကို ဝိညာဉ်ရှာဖွေရန် စီစဉ်နေခြင်းဖြစ်သည်။ သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစက ၎င်း၏ ကိုယ်ပိုင်စိတ်အသိမွေးဖွားလာသောကြောင့် သက်ရှိတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး ၎င်း၏ မှတ်ဉာဏ်များထဲသို့ အတင်းအကျပ် ဝင်ရောက်နိုင်လေသည်။

ထိုဝိညာဉ်ရှာဖွေခြင်းနည်းစနစ်က လင်းယွမ် စိတ်နှင့် ဝိညာဉ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာပြီးနောက် ဖန်တီးထားခြင်း ဖြစ်သည်။

" မင်း မင်းဘာလုပ်ချင်တာလဲ။ " ကြေးမုံအပိုင်းအစက တုန်ခါသွား၏။ ၎င်း၏ ခန္ဓာကိုယ်က အနက်ရောင်အလင်းတစ်ခု လင်းလက်လာသည်။

လင်းယွမ်၏ ထိုက်ကျိနယ်ပယ် ဖိအားအောက်တွင် အနက်ရောင်အလင်းများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ကြီးမားကျယ်ပြန်သော စွမ်းအားတစ်ခုက အပိုင်းအစထဲသို့ ဝင်ရောက်သွားသည်။ လင်းယွမ်က ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ဖြင့် ၎င်း၏ မှတ်ဉာဏ်များကို ကြည့်ရှုလိုက်သည်။

မူလ သူတော်စင်စိတ်နှလုံးကြေးမုံ ပြိုကွဲပြီးနောက် ၎င်း၏ မှတ်ဉာဏ်များက မပြည့်စုံတော့ပေ။ လင်းယွမ်က သူလိုချင်သော အချက်အလက်တစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းက လွန်ခဲ့သော နှစ်ရှစ်ထောင်မှ ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်လေသည်။

ကောင်းကင်ဘုံကိုးခုမှ သွေးသန့်စင်ခြင်း သိုင်းသူတော်စင်တစ်ယောက်ကိုပင် စုတ်ဖြဲပစ်နိုင်သော လေပြင်းများက တိုက်ခတ်နေသည်။ ထိုနေရာက သက်ရှိများ၏ တားမြစ်နေရာတစ်ခု ဖြစ်ပုံရလေသည်။

သို့သော် ထိုနေရာတွင် ကြောက်စရာကောင်းသော တည်ရှိမှု တစ်ရာကျော်က ရပ်နေကြသည်။ ထိုကြောက်စရာကောင်းသော တည်ရှိမှုများ၏ အရင်းအမြစ်မှာ စစ်လက်နက်အမျိုးမျိုး ဖြစ်ကြလေသည်။

ဓား၊ ဆေဘာ၊ လှံ၊ စစ်ပုဆိန်၊ ခေါင်းလောင်း၊ ဒယ်အိုး စသည်ဖြင့် များစွာ ရှိနေကြသည်။

" အဲ့ဒါ ဘာလဲ။ " မှတ်ဉာဏ်ထဲတွင် လင်းယွမ်က လှံရှည်တစ်လက်ကို တွေ့လိုက်ရသည်။ ကောင်းကင်နှင့်မြေကြီး၏ အလင်းများအားလုံးက ထိုလှံတွင် စုစည်းနေသည်ဟု ထင်ရသည်။

လှံ၏ ကိုယ်ထည်ပေါ်တွင် နေနှင့်လကို ရေးထွင်းထားပြီး အလွန်ထက်ရှသော စွမ်းအားတစ်ခု ဝန်းရံထားသည်။

နေလလှံ။ ၎င်းက မဟာယန်နိုင်ငံ၏ နိုင်ငံကာကွယ်ရေးနတ်လက်နက်ဖြစ်၏။ ထိုလှံက ယနေ့ခေတ်အထိ ပြည့်စုံသော နတ်လက်နက် ၃၆လက်ထဲမှ တစ်ခုဘည်း ဖြစ်၏။

All Chapters