တိုက်ရိုက်တိုက်ခိုက်ခြင်း
Vol. 4 Ch. 61
မြို့များကြား ပြိုင်ပွဲများကို တစ်ဦးချင်းပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲဟူ၍ ခွဲခြားထားလေသည်။ တစ်ဦးချင်းပြိုင်ပွဲများက နားလည်ရန် လွယ်ကူလေသည်။ အဖွဲ့လိုက်ပြိုင်ပွဲက ဆင့်ကဲပြောင်းလဲသူများ လေးယောက်ချင်း.ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ဖြစ်လေသည်။ ထို့ကြောင့် အဖွဲ့လိုက်ပြိုင်ပွဲများက အဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အဓိကမူတည်လေသည်။
တုန်နင်မြို့တွင် အစီအစဉ်မှူး စွန်းပင်း ပေါ်လာသည်။ စွန်းပင်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုးကို နက်ရှိုင်းစွာ နားလည်ထားပြီး အချိန်တိုအတွင်း တိုက်ပွဲ၏ အခြေအနေနှင့် သူ၏ ခန့်မှန်းချက်များကို ကောင်းကောင်းထုတ်ပြနိုင်လေသည်။
စွန်းပင်း၏ ဘေးတွင် ပြိုင်ပွဲ၏ နောက်ထပ် အစီအစဉ်မှူး မိန်းကလေးတစ်ယောက် ရပ်နေသည်။ သမိုင်းအရ တုန်နင်မြို့၏ ပြိုင်ပွဲများတွင် အစီအစဉ်မှူးက ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက် နှစ်ယောက် ရှိလေသည်။
" ဒီနေ့ ပြိုင်ပွဲစတင်မှာ ဖြစ်ပြီး ကျွန်တော်တို့ တုန်နင်မြို့က အခြားမြို့က ပြိုင်ဘက်တွေ အားလုံးကို ကြိုဆိုပါတယ်။ "
" ဒီအချိန်မှာ တုန်နင်မြို့ရဲ့ ကိုယ်စားပြု ဆင်ကဲ့ပြောင်းလဲသူတွေက အရင်အဆင့်တွေကို ကျော်တက်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ " စွန်းပင်းက အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်နှင့် တက်ကြွစွာ ပြောလိုက်သည်။
" ကောင်းပြီ ကျွန်တော် အားလုံးကို မိတ်ဆက်ပေးပါမယ်။ တုန်နင်မြို့က ကျွန်တော်တို့ ကိုယ်စားပြုသူတွေကတော့ အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ပထမအလွှာ အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်တဲ့ ကျုံးပိုင်ပဲ ဖြစ်ပါတယ်။ သူက ဒုတိယအလွှာကို ရောက်ဖို့ အရမ်းနီးစပ်နေပြီလို့ ယုံကြည်ပါတယ်။ "
" ဒုတိယက ဆောင်ရုံဖြစ်ပါတယ်။ "
" တတိယက လုရှီကွမ်ဖြစ်ပါတယ်။ "
" စတုတ္ထက..."
စွန်းပင်းက ဆက်လက်မကြေညာမီ ခနရပ်လိုက်သည်။ " စတုတ္ထကိုယ်သားပြုသူက ပထမဆုံးအကြိမ် ဝင်ပြိုင်တာဖြစ်ပြီး ဒီနေရာမှာ ရပ်နေနိုင်တဲ့အတွက် ထူးခြားတဲ့ အရည်အချင်းတွေ ရှိမှာ အသေအချာပါပဲ။ "
ထို့နောက် စွန်းပင်းက ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူလေးယောက်ကို ကြေညာလိုက်သည်။
" ပြိုင်ဘက်တွေက သန်မာပြီးတော့ လူတိုင်းက အရင်ဇီကျင်းမြို့ရဲ့ ပြိုင်ပွဲမှတ်တမ်းတွေကို သိကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က တုန်နင်မြို့ရဲ့ ပြိုင်ပွဲဝင်လေးယောက်ကို ပိုယုံကြည်ပါတယ်။ "
စွန်းပင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။ " အခု တိုက်ပွဲစကြစို့။ "
" အကို ကံကောင်းပါစေ။ " လင်းယိက သူမ၏ လက်သီးလေးများကို ဆုပ်ပြီး လင်းယွမ်ကို အားပေးလိုက်သည်။
" လူတိုင်းရဲ့ အခြေအနေက သိပ်မကောင်းဘူး။ ဇီကျင်းမြို့က အရမ်းသန်မာတယ်။ အနိုင်ယူဖို့ အခွင့်အရေး မရှိလောက်ဘူး။ "
လုချုံးက အလင်းမျက်နှာပြင်ကို ကြည့်ပြီး ပြောလိုက်သည်။ " သူတို့က အနိုင်ယူဖို့ ခက်ခဲတဲ့အကြောင်း ပြောနေကြတယ်။ အဲ့ဒါ ငါတို့ ရှောင်ယွမ်ကို လှောင်နေတာ မဟုတ်လား။ "
" ဇီကျင်းမြို့ရဲ့ ခွန်အားက တကယ်ကြောက်စရာကောင်းတယ်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင် ဘီလူးပဲ။ " လင်းချောင်ချန်က ယခင်ကတည်းက ပြိုင်ပွဲများ ကြည့်ဖူးသောကြောင့် အခြေအနေကို ခန့်မှန်းမိလေသည်။ " အရင်တိုက်ပွဲမှတ်တမ်းတွေအရဆိုရင်တော့ တုန်နင်မြို့က ရှုံးဖို့ သေချာနေပြီ။ "
လုချုံးမျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ လင်းချောင်ချန်က လျင်မြန်စွာ ရှင်းပြလိုက်သည်။ " ဒါပေမယ့် အဲ့ဒါက ငါတို့ ရှောင်ယွမ်နဲ့ ဘာမှမဆိုင်ပါဘူး။ "
" ရှောင်ယွမ် ဝင်မပြိုင်ရင်တောင် တုန်နင်မြို့ရဲ့ အရင်ပြိုင်ပွဲဝင်တွေအနေနဲ့လည်း အနိုင်ရဖို့ အခွင့်အရေးမရှိဘူး။ အဲ့ဒီလူတွေက အပြစ်တင်ဖို့ပဲ သိတယ်။ ရှောင်ယွမ် ဘာမှမလုပ်ရသေးပေမယ့် သူတို့က သူ့ကို ပစ်မှတ်ထားနေကြပြီ။ "
" ရှောင်ယွမ်အကြောင်း ကောင်းကောင်း မပြောနိုင်ဘူးလား။ " လုချုံးက လင်းချောင်ချန်ကို စိုက်ကြည့်လိုက်သည်။ " ရှောင်ယွမ်ကို ငါယုံကြည်တယ်။ "
လင်းချောင်ချန်က ချက်ချင်း ရယ်မောလိုက်သည်။ " ဟုတ်တယ်။ ငါလည်း ရှောင်ယွမ်ကို ယုံတယ်။ ရှောင်ယွမ်နဲ့ တုန်နင်မြို့က သေချာပေါက် အနိုင်ရလိမ့်မယ်။ "
ပြိုင်ပွဲကွင်းပြင်တွင် လင်းယွမ်၊ ကျုံးပိုင်နှင့် အခြားနှစ်ယောက်တို့ ပေါ်လာကြသည်။
" မစ္စတာလင်း ငါတို့ အခု ဘယ်လိုပြိုင်ကြမလဲ။ " ကျုံးပိုင်က တိုးတိုးလေး မေးလိုက်သည်။
သာမန်အခြေအနေအရ ဇီကျင်းမြို့မှ လေးယောက်ကို အနိုင်ရရန် အခွင့်အရေးမရှိသည်ကို သူသိလေသည်။ လင်းယွမ်က သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လေသည်။ လုရှီကွမ်နှင့် ဆောင်ရုံတို့ကလည်း လင်းယွမ်ကို ကြည့်နေကြသည်။
" ဘယ်လိုပြိုင်မလဲ။ " လင်းယွမ်က ခနစဉ်းစားလိုက်သည်။
" မင်းတို့ အရင်သွား။ သူတို့ကို တိုက်ရိုက်တိုက်ခိုက်လိုက်။ " လင်းယွမ်က ပြောလိုက်သည်။
" ကောင်းပြီ.... ဟမ် " ကျုံးပိုင်က တုန့်ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ ထို့နောက် သူကြားလိုက်ရသောစကားများကို နားလည်သွားသည်။
ငါတို့ အရင်သွားရမှာလား။
ကျုံးပိုင်က သူတို့နှင့် ဆန့်ကျင်ဘက်ရှိ ဇီကျင်းမြို့မှ လေးယောက်ကို ကြည့်လိုက်သည်။ အထူးသဖြင့် အလယ်တွင် ရပ်နေသော ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို ဖြစ်သည်။
သူက တံတွေးများမျိုချလိုက်သည်။ လင်းယွမ် ရှေ့က မသွားဘဲ သူတို့အရင်သွားလျှင် သူတို့က ပြိုင်ဘက်ကို မရိုက်နိုင်သည့်အပြင် သူတို့သာ တစ်ချက်တည်း ရိုက်ခံလိုက်ရပေလိမ့်မည်။
လုရှီကွမ်နှင့် ဆောင်ရုံတို့ကလည်း စိတ်ရှုပ်သွား၏။ ဘီလူးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်ထားသူက ထိပ်တိုက်ရင်ဆိုင်မှုများတွင် အားအကောင်းဆုံး ဖြစ်လေသည်။
" ငါပြောတဲ့အတိုင်းသာ လုပ်ပါ။ " လင်းယွမ်၏ အသံက အေးစက်လာသည်။
" ကောင်းပြီ။ " ကျုံးပိုင်က အံ့ကြိတ်ပြီး ပြောလိုက်သည်။ အဆုံးတွင် ၎င်းက VR ကမ္ဘာတစ်ခုသာ ဖြစ်ပြီး သူတို့သေသွားလျှင်တောင် ပြင်ပကမ္ဘာမှ သူတို့၏ ခန္ဓာကိုယ်က ထိခိုက်မှုရှိမည်မဟုတ်ပေ။ သူတို့က ပြိုင်ပွဲကို ရှုံးနိမ့်သွားရုံသာ ရှိလေသည်။
ဝှစ် ဝှစ် ဝှစ်....
ကျုံးပိုင်၊ လုရှီကွမ်နှင့် ဆောင်ရုံတို့က ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူလေးယောက်ထံသို့ တိုက်ရိုက်ပြေးဝင်သွားသည်။
ထိုအချိန်တွင် လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားတို့က ထိုက်ကျိဖြစ်ပေါ်လာပြီး ယင်ငါးနှင့် ယန်ငါးတို့က လှည့်ပတ်ကူးခတ်နေသကဲ့သို့ မမြင်ရသော စွမ်းအားတစ်ခုက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုက်ကျိနယ်ပယ်။
လင်းယွမ်က မူလစွမ်းအားကို ထိုက်ကျိတာအိုထဲသို့ ပေါင်းထည့်ချိန်တွင် နားလည်ခဲ့သော စွမ်းရည်တစ်ခု ဖြစ်လေသည်။ ထိုက်ကျိနယ်ပယ်ထဲတွင် သူက ပြိုင်ဘက်များကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။
လင်းယွမ်က နယ်ပယ်၏ စွမ်းအားကို အသုံးပြုပြီး သူ၏ ပြိုင်ဘက်များကို အနီးကပ် လေ့လာနိုင်လေသည်။ သူက လုံဟုကမ္ဘာတွင် နယ်ပယ်၏ အရိပ်အမြွက်ကို နားလည်ခဲ့သော်လည်း မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပေါင်းစပ်ပြီးမှ အပြည့်အဝ နားလည်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင် ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူလေးယောက်ကလည်း လင်းယွမ်နှင့် အခြားသူများကို လေ့လာနေကြသည်။ ကျုံးပိုင်နှင့် အခြားနှစ်ယောက်က တုန့်ဆိုင်းခြင်းမရှိဘဲ သူတို့ဆီသို့ ပြေးလာနေသည်ကို မြင်သောအခါ သူတို့က အံ့ဩသွားကြသည်။
" သေချင်နေကြတာပဲ။ " လူထွားကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ကျုံးပိုင်နှင့် အခြားနှစ်ယောက်က သူတို့၏ အရှိန်ကို အားကိုးလျှင် သူက အနည်းငယ် စိတ်ပူပေလိမ့်မည်။ သို့သော် ယခု သူတို့က ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့ကြလေသည်။
" လာစမ်း မင်းတို့ကို တစ်ခါတည်း အနိုင်ယူပစ်မယ်။ " လူထွားကြီး၏ ခန္ဓာကိုယ်က ရုတ်တရက် ငါးမီတာအထိ ကြီးထွားလာပြီး ကျုံးပိုင်တို့ထံ ဝင်ရောက်သွားသည်။
သူ၏ နောက်ရှိ ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူ လေးယောက်၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ရှိနေသည်။ သူတို့၏ အမြင်တွင် တုန်နင်မြို့မှ ဆင့်ကဲပြောင်းလဲသူများက လက်လျှော့သွားပြီး သူတို့ကိုသူတို့ သတ်သေရန် ပြေးလာကြသည်ဟု ထင်နေကြသည်။
" တုန်နင်မြို့က ပြိုင်ပွဲဝင်တွေက ဇီကျင်းမြို့က ပြိုင်ဘက်လေးယောက်ကို ရင်ဆိုင်ဖို့ ဘယ်လိုနည်းလမ်းတွေ သုံးမလဲ ကြည့်ကြရအောင်။ "
" ဒါက.... ဘုရားရေ ကျုံးပိုင်နဲ့ အခြားနှစ်ယောက်က သူတို့ရဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်ဖို့ တည့်တည့်ကြီး ပြေးသွားကြတာလား။ "
" သူတို့ ဘာလုပ်ဖို့ စီစဉ်နေကြတာလဲ။ " ထိုမြင်ကွင်းကြောင့် အစီအစဉ်မှူးစွန်းပင်းကလည်း အံ့အားသင့်သွားသည်။ သူက ပြိုင်ပွဲပေါင်းများစွာကို မြင်ဖူးသော်လည်း ထိုကဲ့သို့သော ဗျူဟာမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
ထိပ်တိုက်ရင်ဆိုင်ရာတွင် အားကောင်းသော ဘီလူးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူများကို တိုက်ရိုက်ဖိနှိပ်သော ဗျူဟာတစ်ခုတော့ ရှိလေသည်။ သို့သော် ၎င်းက ထိပ်တိုက်ရင်ဆိုင်ရာတွင် ကျွမ်းကျင်သော ဆင့်ကဲပြောင်းလဲသူများ၏ ရွေးချယ်မှုဖြစ်လေသည်။
ယခုအချိန်တွင် ကျုံးပိုင်၊ ဆောင်ရုံနှင့် လုရှီကွမ်တို့ထဲရှိ တစ်ယောက်မှ ထိပ်တိုက်ရင်ဆိုင်ရာတွင် ကျွမ်းကျင်သော ဆင့်ကဲပြောင်းလဲသူ မပါပေ။ ပြိုင်ပွဲဝင်အသစ် လင်းယွမ်ကတော့ နောက်တွင် ပုန်းနေခဲ့သည်။
" ငါတို့ တုန်နင်မြို့က ပြိုင်ပွဲဝင်တွေက ရှုံးမှာသေချာနေလို့ သူရဲကောင်းဆန်ဆန် အရှုံးပေးဖို့ ရွေးချယ်လိုက်တာ ထင်တယ်။ " စွန်းပင်းက သူ၏ ခေါင်းကို ခါလိုက်သည်။ သူတို့က အနည်းဆုံးတော့ ထွက်ပြေးခြင်းထက် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ရင်ဆိုင်ရန် ရွေးချယ်ခဲ့ကြလေသည်။
" မဟုတ် မဟုတ်ဘူး။ အဲ့ဒါဘာလဲ။ " စွန်းပင်က နှစ်ဖက်လုံး တိုက်ရိုက် ရင်ဆိုင်လိုက်သည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် သူ၏ မျက်လုံးများက ပြူးကျယ်သွားသည်။
ပုံမှန်အားဖြင့် ကျုံးပိုင်နှင့် အခြားသူများက ဘီလူး၏ ဆုတ်ဖြဲခြင်းကို ခံရမည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ သူတို့အားလုံးက ထိခိုက်ခြင်း မရှိကြပေ။
ထိုအစား ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူလေးယောက်က ဖိနှိပ်ခံလိုက်ရသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားကြသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ပြိုင်ပွဲကွင်းပြင်တွင် ကျုံးပိုင်၊ ဆောင်ရုံနှင့် လုရှီကွမ်တို့က လုံးဝ အံ့ဩသွားကြသည်။ အနီးကပ်တိုက်ခိုက်ရာတွင် ဇီကျင်းမြို့မှ ပြိုင်ဘက်လေးယောက်၏ အရှိန်နှင့် စွမ်းအားများက သိသိသာသာ ကျဆင်းသွားသည်ကို သိလိုက်ကြရသည်။
အထူးသဖြင့် ဘီလူ၏ ခွန်အားပြည့်ရိုက်ချက်ကို ကျုံးပိုင်က ဘာမှမဖြစ်သကဲ့သို့ ရှောင်တိမ်းသွားခဲ့သည်။
" ဘာဖြစ်နေတာလဲ။ " ကျုံးပိုင်က ပြိုင်ဘက်လေးယောက်၏ ထိတ်လန့်နေသော အမူအရာများကို မြင်လိုက်ရသည်။ ထိုအခြေအနေကို သူတို့ကိုယ်တိုင်လည်း နားလည်ကြသည်မှာ ရှင်းလေသည်။
" မစ္စတာလင်း။ " ထိုအတွေးက ကျုံးပိုင်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ဆင့်ကဲပြောင်းလဲသူများက ဉာဏ်မကောင်းလျှင်တောင် အရူးများမဟုတ်ကြပေ။ လင်းယွမ်က သူတို့ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သောကြောင့် သူ့တွင် ခိုင်မာသော အကြောင်းရင်း ရှိမည်မှာ သေချာလေသည်။
" မစ္စတာလင်း လှုပ်ရှားပြီလား။ သူက သူတို့ကို ဖိနှိပ်လိုက်တာလား။ "
" ဒါ နယ်ပယ်တစ်ခုရဲ့ စွမ်းအားလား။ " ကျုံးပိုင်က စိတ်ထဲမှ တွေးလိုက်သည်။
နယ်ပယ်တစ်ခု၏ စွမ်းအားက တိကျသော နေရာတစ်ခုကို ထိန်းချုပ်နိုင်လေသည်။ အဆင့်နှစ် သို့မဟုတ် အဆင့်သုံးရှိသော အထူးဆင့်ကဲပြောင်းလဲသူများသာ ထိုစွမ်းရည်များကို လေ့လာကြလေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဘီလူးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခဲ့ပါတယ်။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မီးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခဲ့ပါတယ်။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စိတ်သခင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခဲ့ပါတယ်။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီး သင်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံစေခဲ့ပါတယ်။ ]
ထိုက်ကျိနယ်ပယ်မှတစ်ဆင့် လင်းယွမ်က ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူလေးယောက်ကို အနီးကပ်လေ့လာနိုင်ခဲ့ပြီး သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အားသာချက်နှင့် အားနည်းချက်များကို ရှာဖွေနိုင်ခဲ့သည်။ ဥပမာ သူက ဘီလူးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူကို ဖိနှိပ်ရန် နယ်ပယ်စွမ်းအားကို ထိုလူ၏ ရင်ဘတ်သို့ ပို့လွှတ်ထားခဲ့သည်။
ထို့အပြင် ကျုံးပိုင်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများကြောင့် သူတို့၏ ပြိုင်ဘက်များကို တုန့်ပြန်မှုအမျိုးမျိုး ဖြစ်ပေါ်စေပြီး လင်းယွမ်၏ လေ့လာခြင်းအောက်သို့ ကျရောက်သွားစေခဲ့သည်။
လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အပေါ် နားလည်မှုက လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း