တတိယအလွှာ
Vol. 4 Ch. 62
" အဲ့ဒါ နယ်ပယ်ပဲ။ "
" နယ်ပယ်တစ်ခုရဲ့ စွမ်းအား။ "
" အဆင့်လေး၊ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတွေပဲ ကျွမ်းကျင်နိုင်တဲ့ နယ်ပယ်လား။ " အစီအစဉ်မှူးစွန်းပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သီအိုရီအရ အဆင့်လေး၊ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူများကသာ ၎င်းကို ကျွမ်းကျင်နိုင်ကြလေသည်။
သို့သော် ခြွင်းချက်က ရှိစမြဲပင်။ အထူးဆင့်ကဲပြောင်းလဲသူများ သို့မဟုတ် ကြီးမားသော အခွင့်အလမ်းတစ်ခု ကြုံတွေ့ရသူများက နယ်ပယ်၏ စွမ်းအားကို ဖမ်းဆုပ်နိုင်ကြလေသည်။ ၎င်းက စဦးအဆင့် နယ်ပယ်သာ ရှိပြီး အဆင့်လေးနှင့် အဆင့်ငါးတို့၏ နယ်ပယ်များနှင့် မယှဉ်နိုင်ပေ။
မည်သို့ပင် ဖြစ်စေ အစောပိုင်းအဆင့်များတွင် နယ်ပယ်တစ်ခုကို ကျွမ်းကျင်ထားခြင်းက ပြိုင်ပွဲတွင် လှည့်စားခြင်းနှင့် တူလေသည်။ နယ်ပယ်တစ်ခုနှင့် အရာအားလုံးကို ကြိုတင်သိရှိနေသကဲ့သို့ အဆင့်တူများကို ကောင်းကောင်း ဖိနှိပ်နိုင်လေသည်။
" ဒီနှစ်ပြိုင်ပွဲရဲ့ တုန်နင်မြို့က ပြိုင်ပွဲဝင်နေကြားမှာ နယ်ပယ်ကို ကျွမ်းကျင်တဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ပါဝင်နေလိမ့်မယ်လို့ ငါလုံးဝမမျှော်လင့်ထားဘူး။ " အစီအစဉ်မှူး စွန်းပင်းက စိတ်လှုပ်ရှားနေသည်။
သူ၏ အကြည့်က အနောက်တွင် ရပ်ပြီး ပြိုင်ပွဲကို ဝင်ပါခြင်းမရှိသော လင်းယွမ်အပေါ်သို့ ကျရောက်သွားသည်။ ယခု သူတို့ အထင်သေးခဲ့သော အသစ်လေး လင်းယွမ်က နယ်ပယ်တစ်ခုကို ကျွမ်းကျင်ထားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်နေခဲ့သည်။
နယ်ပယ်တစ်ခုကို ထုတ်ဖော်ခြင်းက စွမ်းအားများစွာ ကုန်ပြီး ကျုံးပိုင်နှင့် အခြားသူများကလည်း တိုက်ခိုက်ရန်အတွက် ထိုစွမ်းအားကို မှီခိုနေရလေသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော နိုင်ငံသားများက မှင်သက်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးလိုက်ကြသည်။
" အရမ်းစွမ်းအားကောင်းတာပဲ။ သူက ဇီကျင်းမြို့က လူးလေးယောက်လုံးကို ဖိနှိပ်ပြီး သူတို့ရဲ့ ခွန်အား တစ်စိတ်တစ်ပိုင်းကိုပဲ အသုံးပြုစေတယ်။ "
ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။ " အဲ့ဒီလူသစ်က ဘယ်သူလဲ။ သူက ငါတို့တုန်နင်မြို့ရဲ့ ဘယ်မိသားစုကလဲ။ "
" ရေး အကိုက အရမ်းတော်တာပဲ။ " လင်းယိက နားမလည်သော်လည်း အစီအစဉ်မှူးက လင်းယွမ်အား ချီးကျူးသည်ကို မြင်သောအခါ သူမကလည်း အားပေးလိုက်သည်။
" နယ်ပယ်တစ်ခု.... ငါတို့သားက ဇီကျင်းမြို့ကို တကယ် အနိုင်ယူနိုင်စွမ်းရှိတာလား။ " လင်းချောင်ချန်က ရေရွတ်လိုက်သည်။
ပြိုင်ပွဲကွင်းပြင်တွင် တိုက္ပြဲက ဆက်ဖြစ်နေသည်။ ဇီကျင်းမြို့မှ ဆင့်ကဲပြောင်းလဲသူလေးယောက်က ဖိနှိပ်မှု ဒဏ်ကို ခံစားနေရသည်။ သူတို့က ၎င်းမှာ လင်းယွမ်ကြောင့် ဖြန်မှန်း သိကြည့်သော်လည်း ဖြေရှင်းနိုင်စွမ်း မရှိကြပေ။
ထိုက်ကျိနယ်ပယ်၏ ဖိနှိပ်မှုအောက်တွင် သူတို့က ခက်ခက်ခဲခဲ လှုပ်ရှားနေရသည်။ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အလွန်လျင်မြန်စွာဖြင့် လင်းယွမ်အနီးသို့ ချဉ်းကပ်သွားသည်။ သို့သော် သူက လင်းယွမ်နှင့် နီးကပ်သွားသည်နှင့် ဖိအားက အလွန်ပြင်းထန်လာပြီး သူ့ကို ဒူးထောက်ကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
" ဘာဖြစ်နေတာလဲ။ " အဖွဲ့ခေါင်းဆောင် ဘီလူးက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
နယ်ပယ်၏ စွမ်းအားက သူ၏ အကန့်အသတ်အား ဖိနှိပ်နိုင်သည်ကို သူခံစားမိလေသည်။ သို့သော် သူတို့က ပြိုင်ပွဲကို အဆုံးမသတ်သေးဘဲ အချိန်ဆွဲနေလေသည်။
" သူက ငါတို့ကို ကစားနေတာလား။ " အဖွဲ့ခေါင်းဆောင် ဘီလူးက မွန်းကြပ်သွား၏။ သို့သော် သူက ဘာလုပ်ကမှန်းမသိတော့ပေ။ သူက အရှုံးလည်း မပေးချင်ပေ။
တဖြည်းဖြည်းနှင့် တိုက်ပွဲက နာရီဝက်ကြာသွားခဲ့သည်။ ပြိုင်ပွဲကွင်းပြင်က တဖြည်းဖြည်း ကျုံ့လာသည်။ ပြိုင်ပွဲ၏ စည်းမျဉ်းများအရ နာရီဝက်ကြာပြီးတိုင်း ပြိုင်ပွဲကွင်းပြင်ကို လျှော့ချမည်ဖြစ်သည်။ ၎က ပြိုင်ပွဲကို မတိုက်ခိုက်ဘဲ ရှောင်ဖယ်နေသူများကို တားဆီးရန်ဖြစ်သည်။
" အချိန်ကျပြီ။ " လင်းယွမ်က ထိုက်ကျိနယ်ပယ်ကို အနည်းငယ် အရှိန်မြှင့်လိုက်သည်။
ချက်ချင်းပင် ကျုံးပိုင်တို့နှင့် တိုက်ခိုက်နေကြသော ဇီကျင့်မြို့မှ ဆင့်ကဲပြောင်းလဲသူ လေးယောက်က သတ်ဖြတ်ခြင်းခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။
လင်းယွမ်၏ စွမ်းအားနှင့် ထိုက်ကျိနယ်ပယ်ကို အသုံးပြုခြင်းက သူ၏ ပြိုင်ဘက်များကို အတွေးတစ်ချက်နှင့် ဖျက်ဆီးနိုင်လေသည်။ သို့သော် သူက ပြိုင်ဘက်များ၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို လေ့လာချင်သောကြောင့် ယခုထိ အချိန်ဆွဲခဲ့ခြင်း ဖြစ်လေသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်ဖန်တီးထားသော လမ်းစဉ်အသစ်တစ်ခု ဖြစ်လေသည်။ ယခု လင်းယွမ်က အထွတ်အထိပ်တွင် ရှိနေပြီး ရှေ့တက်ရမည့် လမ်းကြောင်းကို ဖော်ထုတ်ရန် လိုအပ်လေသည်။
ယခုအချိန်တွင် လင်းယွမ်က အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ၏ အားသာချက်နှင့် အားနည်းချက်များကို စုဆောင်းရန် လိုအပ်လေသည်။ ၎င်းတို့ကို ပေါင်းစည်းပြီး လမ်းကြောင်းအသစ်တစ်ခု ဖန်တီးရန်ဖြစ်သည်။
သို့သော် ၎င်းက တံခါးပိတ်ကျင့်ကြံရုံနှင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။ လင်းယွမ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြည့်စုံနိုင်သော်လည်း အချိန်များစွာ ကြာပေလိမ့်မည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်စဉ်များစွာကို နားလည်ခြင်းဖြင့် သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဆက်လက်တိုးတက်စေမည်ဖြစ်သည်။
" ငါတို့နိုင်သွားတာလား။ " သူတို့က ၎ကို မျှော်လင့်ထားလျှင်တောင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ သူတို့က အနိုင်ယူရန် မဖြစ်နိုင်သော ပြိုင်ဘက်များကို အနိုင်ရခဲ့လေသည်။
ခနကြာပြီးသောအခါ ကျုံးပိုင်၊ ဆောင်ရုံနှင့် လုရှီကွမ်တို့က လေးစားစွာဖြင့် လင်းယွမ်ဆီသို့ ပြန်ရောက်လာကြသည်။ ထိုနိုင်ပွဲက လင်းယွမ်၏ ကျေးဇူးကြောင့်သာ ဖြစ်လေသည်။ လင်းယွမ်မရှိလျှင် သူတို့၏ ကိုယ်ပိုင်ခွန်အားနှင့် ဇီကျင်းမြို့မှ ပြိုင်ဘက်များကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
" ဒီပြိုင်ပွဲမှာ ငါတို့ ဘယ်အဆင့်ထိပဲရောက်ရောက် ရသမျှဆုလာဒ်တွေကို မစ္စတာလင်းကိုပဲ ပေးရလိမ့်မယ်။ " ကျုံးပိုင်က ခနစဉ်းစားပြီး ပြောလိုက်သည်။
သူတို့ ရရှိသော အရာများထက် လင်းယွမ်၏ ခွန်အားကို စဉ်းစားသင့်ပေသည်။ ယခုအချိန်တွင် သူတို့က အဆင့်ငါးထောင်မဟုတ်ဘဲ အဆင့် သုံးထောင် သို့မဟုတ် နှစ်ထောင်ထဲသို့ပင် ဝင်နိုင်လေသည်။ ပြိုင်ပွဲ၏ အဆင့်သုံးထောင်အတွင်းဝင်သော ဆုလာဒ္မ်ားက သူတို့နှင့် မထိုက်တန်ဟု ကျုံးပိုင်က ခံစားရလေသည်။
သူက အနည်းငယ် ကူညီပေးခဲ့လျှင် ကျုံးပိုင်က သူ့ကိုသူ ယုံကြည်ရန် အကြောင်းပြချက်ရှိမည်ဖြစ်သော်လည်း ယခုအချိန်တွင် သူတို့က လင်းယွမ်၏ ရုပ်သေးရုပ်များသာ ဖြစ်လေသည်။ ထို့ကြောင့် တရားဝင်ဆုလာဒ်များကို ရယူရန် သူတို့က အရည်အချင်း မပြည့်မီပေ။
" ငါတို့လည်း အဲ့တိုင်းပဲ။ " ဆောင်ရုံနှင့် လုရှီကွမ်တို့ကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး အလားတူပြောလိုက်ကြသည်။
နောက်နှစ်လအတွင်း ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။ အဖွဲ့လိုက်ပြိုင်ပွဲအပြင် လင်းယွမ်က တစ်ဦးချင်းပြိုင်ပွဲများကိုလည်း ဝင်ပြိုင်ခဲ့သည်။ ရလဒ္မ်ားမွာ သူက ပြိုင်ပွဲတိုင်းကို သီသီလေးကပ်နိုင်ခဲ့လေသည်။
လင်းယွမ်က သူ၏ အခွင့်အရေးကို လက်မလွှတ်ချင်သောကြောင့် ရွေးချယ်စရာမရှိပေ။ သူက ပြိုင်ပွဲတွင် ပြိုင်ဘက်ကို အနိုင်ယူခြင်းအပြင် သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်နိုင်ရန် အချိန်ဆွဲပြီးတိုက်ခိုက်ခဲ့လေသည်။
ထို့နောက် သူက ၎င်းတို့၏ အနှစ်သာရများကို ရွေးချယ်ပြီး သိုင်းတာအိုကို ဆက်လက်ပြည့်စုံစေခဲ့လေသည်။
ပြိုင်ပွဲအတွင်းမှ ဆင့်ကဲပြောင်းလဲသူများက သန်မာကြပြီး သူတို့ကို ပါရမီရှင်များဟုပင် ခေါ်နိုင်လေသည်။
ထပ်ဆုံး ဆင့်ကဲပြောင်းလဲသူငါးရာက ဒုတိယအလွှာကန့်သတ်ချက်တွင် ရှိနေကြပြီး တစ်ခါတစ်ရံ တတိယအလွှာကိုပင် ရောက်နေကြသည်။
မကြာမီ တုန်နင်မြို့၏ အဖွဲ့က ကန်လန်ကြယ်၏ ထိပ်ဆုံးတစ်ရာထဲသို့ ဝင်ရောက်သွားသည်။ သူတို့က အလယ်ပိုင်နယ်မြေမှ ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့ကြသည်။
သူတို့၏ ပြိုင်ဘက်က ဗဟိုတိုက်ကြီး၏ အချမ်းသာဆုံး မြို့များထဲမှ တစ်ခုဖြစ်သော လန်ရွှယ်မြို့မှဖြစ်သည်။ သူတို့၏ ပြိုင်ပွဲဝင်လေးယောက်ထဲတွင် သုံးယောက်က ဒုတိယအလွှာ ကန့်သတ်ချက်တွင် ရှိနေပြီး တစ်ယောက်က တတိယအလွှာတွင် ရှိနေသည်။
ထို့အပြင် သူတို့လျှောက်လှမ်းသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အလွန်အစွမ်းထက်ကြလေသည်။ အထူးသဖြင့် အိပ်မက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်သော တတိယအလွှာ ဆင့်ကဲပြောင်းလဲသူဖြစ်၏။
ပြိုင်ပွဲစတင်သည်နှင့် ကျုံးပိုင်နှင့် အခြားနှစ်ယောက်က တုန့်ပြန်ချိန်မရလိုက်ပေ။ သူတို့က အိမ်မက်ဆင့်ကဲပြောင်းလဲသူ၏ အကြည့်တစ်ချက်နှင့် နက်ရှိုင်းသော အိပ်မက်ထဲသို့ ကျဆင်းသွားပြီး ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည်။ လင်းယွမ်တစ်ယောက်သာ ကျန်နေခဲ့သည်။
လင်းယွမ်က ဆင့်ကဲပြောင်းလဲသူလေးယောက်၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် ထိုက်ကျိတာအိုကို အသုံးပြုပြီး နာရီဝက်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ နောက်ဆုံး ပြိုင်ပွဲကွင်း၏ အရွယ်အစား လျော့နည်းလာသော်လည်း လင်းယွမ်က ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။
ပြိုင်ပွဲ၏ စည်းမျဉ်းများအရ အနိုင်ရသူမရှိလျှင် ကျန်ရှိသော ပြိုင်ပွဲဝင်အရေအတွက်ကို ကြည့်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ကြလေသည်။ လန်ရွှယ်မြို့က လေးယောက်ကျန်ပြီး တုန်နင်မြို့တွင် လင်းယွမ်တစ်ယောက်တည်းသာ ကျန်လေသည်။ ထို့ကြောင့် လန်ရွှယ်မြို့က အနိုင်ရလေသည်။
" ငါတို့ တုန်နင်မြို့က ကမ္ဘာအဆင့်တစ်ရာထဲ ဝင်နိုင်လိမ့်မယ်လို့ ငါတစ်ခါမှမတွေးဖူးဘူး။ " မစ္စတာလျောင်က အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူပင်မဟုတ်ဘဲ ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ယခင်ဥက္ကဋ္ဌများပင် ထိုအဆင့်သို့ရောက်ရန် အိပ်မက်ပင် မက်ဖူးကြမည်မဟုတ်ပေ။
" အဲ့ဒါ မစ္စတာလင်းရဲ့ ကျေးဇူးတွေပဲ။ "
ကျုံးပိုင်နှင့် အခြားသူများကလည်း စကားများ ပြောဆိုနေကြသည်။ သူတို့က ထိပ်ဆုံး သုံးထောင် သို့မဟုတ် နှစ်ထောင်သာ ဖြစ်ခဲ့လျှင် သူတို့က မစ္စတာလျောင်ဆီမှ ဆုကြေးအချို့တောင်းရန် ဝံ့ရဲပေသည်။
ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲတွင် ထိပ်ဆုံးတစ်ရာ....၎င်းက ကြောင်စရာကောင်းလှပေသည်။ ကျုံးပိုင်က စိတ်ထဲတွင် မလုံသဖြင့် ဆုကြေးကို မတောင်းဝံ့ပေ။
" တကယ် မစ္စတာလင်းပဲ။ " မစ္စတာလျောင်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ လင်းယွမ်က ပြိုင်ပွဲအားလုံးကို အမြဲတမ်း ထိန်းချုပ်ထားသည်ကို သူမြင်နိုင်လေသည်။ ကျုံးပိုင်နှင့် အခြားသူများက အထောက်အပံ့များထက် မပိုပေ။
" မစ္စတာလင်း အခုဘယ်မှာလဲ။ " မစ္စတာလျောင်က စိုးရိမ်စွာ မေးလိုက်သည်။
လန်ရွှယ်မြို့မှ တိုက်ပွဲပြီးသောအခါ လင်းယွမ်က VR ကမ္ဘာမှ ထွက်သွားခဲ့ပြီဖြစ်သည်။
" မစ္စတာလင်းက သူ ခနလောက် အနားယူချင်တယ်လို့ ပြောတယ်။ " ကျုံးပိုင်က ပြောလိုက်သည်။
လင်းယွမ်က မထွက်သွားမီ ထိုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။
" ငါသိပြီ။ မစ္စတာလင်းက ပင်ပန်းသွားတာထင်တယ်။ " မစ္စတာလျောင်က ခေါင်းငြိမ့်လိုက်သည်။
လန်ရွှယ်မြို့မှ ပြိုင်ဘက်များက အမှန်တကယ် စွမ်းအားကောင်းကြပြီး အထူးသဖြင့် ရှားပါးသော တတိယအလွှာ အိပ်မက်ဆင့်ကဲပြောင်းလဲသူ၏ စွမ်းရည်များဖြစ်သည်။ ပြင်ပကမ္ဘာတွင် သူ၏ စွမ်းအားအပြည့်ကို ထုတ်လွှတ်လျှင် လူပေါင်းတစ်သန်းနီးပါးက အဆုံးမရှိသော အိပ်စက်ခြင်းသို့ ကျဆင်းသွားပေလိမ့်မည်။ ထိုကဲ့သို့သော ပြိုင်ဘက်ကို ရင်ဆိုင်ခြင်းက စိတ်စွမ်းအားများ ကုန်ဆုံးမည်မှာ အမှန်ပင် ဖြစ်သည်။
ရွှေယွဲ့နေအိမ်၏ လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က ထိုင်နေသည်။ သူက ပြိုင်ပွဲများတွင် ကွဲပြားသော ဆင့်ကဲပြောင်းလဲသူများကို တစ်ရာမှ တစ်ထောင်အထိ တွေ့မြင်ခဲ့ရလေသည်။
သူ၏ စိတ်ထဲမှ မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သုံးသပ်နေသည်။ အချိန်အချို့ ကြာပြီးနောက် လင်းယွမ်က သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ယင်နှင့်ယန် ယှက်နွယ်နေသော ထိုက်ကျိသင်္ကေတက သူ၏ မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင် တောက်ပလာသည်။
" တတိယအလွှာ.." လင်းယွမ်က ဖြည်းညင်းစွာ အသက်ရှုလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အော်ရာက လျင်မြန်စွာ ပြောင်းလဲလာသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တတိယအလွှာက နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း