အဆင့်လေးနိုင်ငံသား
Vol. 4 Ch. 63
" ဒါ တတိယအလွှာလား။ " သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြောင်းလဲနေသည်ကို ခံစားပြီး အပြုံးတစ်ပွင့်က လင်းယွမ်၏ မျက်နှာတွင် ပေါ်လာသည်။ ဒုတိယဆင်းသက်ခြင်း အဆုံးသတ်သောအခါ လင်းယွမ်က ဒုတိယအလွှာ အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။
လင်းယွမ်က မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာပြီးနောက် သူက တတိယအလွှာနှင့် ခြေတစ်လှမ်းသာ လိုတော့လေသည်။ ဒုတိယအလွှာ အထွတ်အထိပ်တွင် ရှိနေသော အခြားဆင့်ကဲပြောင်းလဲသူများက သူတို့လမ်းစဉ်များ၏ လမ်းညွှန်မှုအတိုင်း တတိယအလွှာသို့ တက်ရောက်နိုင်လေသည်။
သို့သော် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့် ရှေ့ဆက်ရမည့်လမ်းကြောင်းကို သူကိုယ်တိုင်သာ ရှာဖွေရလေသည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ကန်လန်ကြယ်ပြိုင်ပွဲမှ များပြားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို မလေ့လာခဲ့လျှင် တတိယအလွှာသို့ ရောက်ရန် အချိန်များ နှောင့်နှေးပေလိမ့်မည်။
" တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတွေကို မြို့ဖျက်ဆီးသူအဆင့်လို့လည်း ခေါ်တယ်။ ခွန်အားအပြည့် တိုက်ခိုက်မှုတစ်ခုက မြို့တစ်ဝက်ကို ဖျက်ဆီးနိုင်တယ်။ "
" ငါ့ရဲ့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ တတိယအလွှာက ထိုက်ကျိနယ်ပယ်နဲ့ မိုင်အချို့ကို လွှမ်းခြုံနိုင်တယ်။ အတွေးတစ်ချက်နဲ့ အဲ့ဒီအကျယ်အဝန်းအတွင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ " လင်းယွမ်က ထိုင်နေပြီး ထိုက်ကျိနယ်ပယ်က ရွှေယွဲ့အိမ်ယာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုခနတွင် ရွှေယွဲ့အိမ်ယာအတွင်းရှိ အားလုံး၏ အသက်က လင်းယွမ်၏ အတွေးတစ်ချက်အပေါ်တွင် မူတည်နေသည်။
" ကန်လန်ကြယ်တစ်ခုလုံးမှာ အသက်တရာအောက် ဆင့်ကဲပြောင်းလဲသူတွေက တတိယအလွှာကို ရောက်တဲ့သူ အယောက်နှစ်ဆယ်တောင် မပြည့်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်၏။
အလယ်အဆင့် အသက်ဂြိုလ်တစ်ခုဖြစ်သော ကန်လန်ကြယ်က လူဦးရေ ၅၀ ဘီလီယံ ရှိလေသည်။ ထိုသို့ မြင့်မားသော လူဦးရေကြောင့် ထူးခြားထက်မြက်သော ပါရမီရှင်များ မွေးဖွားလာမည်မှာ မလွဲမသွေဖြစ်သည်။
ပြိုင်ပွဲတွင် တွေ့ခဲ့ရသော တတိယအလွှာ ပြိုင်ဘက်တစ်ယောက်ဆိုလျှင် သူက မိုးကြိုးမုန်တိုင်းကြားတွင် မွေးဖွားခဲ့ပြီး သူတစ်ယောက်သာ အသက်ရှင်ခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်က မိုးကြိုးများ၏ သန့်စင်ခြင်းခံခဲ့ရလေသည်။ ထို့ကြောင့် သူက အလွန်မြန်ဆန်ပြီး မိုးကြိုး အဖြစ်ပင် ပြောင်းလဲနိုင်လေသည်။ ထို့ကြောင့် အခြားပြိုင်ပွဲဝင်များက သူ့ကို မိုးကြိုးနတ်ဘုရားဟု ခေါ်ခဲ့လေသည်။
လင်းယွမ်က မိုးကြိုးနတ်ဘုရားနှင့် ရင်မဆိုင်ဖူးသော်လည်း သူ၏ ထိုက်ကျိနယ်ပယ်က မိုးကြိုးနတ်ဘုရားကို ကန့်သတ်ထားနိုင်သည်ဟု ခံစားရတလသည်။
မိုးကြိုးနတ်ဘုရားကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ထူးခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အမျိုးအစားထဲတွင် ပါဝင်ပြီး ယေဘုယျအားဖြင့် သူတစ်ယောက်တည်းအတွက်သာ သင့်တော်လေသည်။
" ဉာဏ်ပညာနတ်ဘုရား။ " လင်းယွမ်က ခနစဉ်းစားပြီး ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။
" အခု ငါက တတိယအလွှာကို ရောက်သွားပြီဆိုတော့ လာမယ့်ပြိုင်ပွဲမှာ ငါ့ရဲ့ စွမ်းအားအကုန် ထုတ်သုံးလို့ရပြီလား။ " လင်းယွမ်က မေးလိုက်သည်။
ဉာဏ်ပညာနတ်ဘုရားက ယခင် သူ့အား မျိုးနွယ်ခြားများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရမည်ကို စိုးရိမ်သောကြောင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူ အဆင့်အတန်းကို ထုတ်မပြရန် သတိပေးခဲ့လေသည်။
" စိတ်အေးအေးထားပါ။ ထူးခြားတဲ့ ပါရမီနဲ့ ဆင့်ကဲပြောင်းလဲသူတွေကို ကြယ်နယ်မြေအဆင့်ထဲ မရောက်မချင်း မျိုးနွယ်ခြားတွေက သတိပြုမိမှာ မဟုတ်ပါဘူး။ " ဉာဏ်ပညာနတ်ဘုရားက ရှင်းပြလိုက်သည်။
စကြာဝဠာလူသားမဟာမိတ်၏ ပိုင်နက်က အလွန်ကျယ်ဝန်းပြီး လူဦးရေက အလွန်များပြားလေသည်။ ကန်လန်ကြယ်တစ်ခုတည်းပင် လူဦးရေ ၅၀ ဘီလီယံ ရှိလေသည်။
ချီခွန်ကြယ်နယ်မြေတွင် ကန်လန်ကြယ်ကဲ့သို့ အသက်ဂြိုလ်ပေါင်း တစ်သန်းကျော် ရှိလေသည်။ ထို့ကြောင့် မျိုးနွယ်ခြားများက ဂြိုလ်တစ်ဂြိုလ်၏ ထိပ်တန်းဆယ်ယောက် သို့မဟုတ် ထိပ်တန်း လူတစ်ရာကိုသာ အာရုံစိုက်ကြလေသည်။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီးနောက် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အား လေ့ကျင့်နေသည်ကို အခြားသူများ ရှာတွေ့နိုင်လား မေးကြည့်လေသည်။
ဉာဏ်ပညာနတ်ဘုရား၏ အဖြေက သိနိုင်ရန် အလွန်ခက်ခဲသည်ဟု ပြောလေသည်။ ယခုအချိန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ယင်ယန်အဆင့်၏ ထိုက်ကျိတာအိုကို မပြောနှင့် ဆရာသခင်အဆင့်ကိုပင် ဘယ်သူမှ မရောက်ကြသေးပေ။
ထိုအဆင့်ကို မရောက်ဘဲ ထိုက်ကျိတာအိုကို နားမလည်လျှင် လင်းယွမ်က ထိုက်ကျိတာအိုကို အသုံးပြုလျှင်တောင် ဘယ်သူမှ ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
စကြာဝဠာလူသားမဟာမိတ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက မရေတွက်နိုင်အောင် ရှိနေပြီး ထိုက်ကျိတာအို သို့မဟုတ် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်နှင့် ဆင်တူသော ဆင့်ကဲပြောင်းလဲခြင်း လမ်းစဉ်များ ရှိမည်မှာ သေချာလေသည်။ လင်းယွမ်သာ ထုတ်မပြောလျှင် ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။ အများစုက ခန့်မှန်းချက်များသာ ရှိပေလိမ့်မည်။
ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူတစ်ယောက်အတွက် အလွန်အရေးပါလေသည်။ ပြိုင်ဘက်က ကိုယ်လေ့ကျင့်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သိလျှင် ၎င်း၏ အားနည်းချက်များကို ပစ်မှတ်ထားနိုင်လေသည်။
" ငါ့ရဲ့ နိုင်ငံသားအဆင့်ကို မြှင့်ရမယ်။ " လင်းယွမ်က သူ၏ ကောင်းမှုအမှတ်များကို အသုံးပြုပြီး နိုင်ငံသားအဆင့်ကို မြှင့်တင်လိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ထပ်မံတင်ပြပြီးနောက် ရရှိသော ကောင်းမှုအမှတ်များနှင့် လင်းယွမ်က နိုင်ငံသားအဆင့်လေးသို့ မြှင်တင်နိုင်မည်ဖြစ်သည်။ သို့သော် သူက ဗဟိုဘဏ်မှ ချေးငွေများကို ရယူချင်သောကြောင့်သာ ထိုကိစ္စကို အချိန်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
ကောင်းမှုအမှတ်များ နှုတ်ယူသွားခြင်းနှင့်အတူ လင်းယွမ်၏ နိုင်ငံသားအဆင့်က အဆင့်လေးသို့ တရားဝင်ရောက်သွားခဲ့သည်။
ကန်လန်ကြယ်တွင် အဆင့်လေးနိုင်ငံသားများက အထွတ်အထိပ်များအဖြစ် သတ်မှတ်နိုင်ပြီး အဆင့်မြင့်အရာရှိများနှင့် နှိုင်းယှဉ်နိုင်လေသည်။ အဆင့်လေးနိုင်ငံသားများ၏ အခွင့်ထူးများက အဆင့်သုံးနိုင်ငံသားများထက် ပိုမိုနက်ရှိုင်းလေသည်။
ထို့အပြင် လင်းယွမ်က သူ၏ အသက် အန္တရာယ်ရှိသည်ဟု ခံစားရလျှင် ကန်လန်ကြယ်၏ တိုက်ပွဲသင်္ဘောများကို သူ့အား ကာကွယ်ရန် အမိန့်ပေးနိုင်လေသည်။ လင်းယွမ်၏ ဗဟိုဘဏ်မှ ချေးငွေကန့်သတ်ချက်ကလည်း တစ်ဘီလီယံသို့ ရောက်သွားခဲ့သည်။
" အဆင့်ငါး နိုင်ငံသားကို အဆင့်မြှင့်ဖို့ ကောင်းမှုအမှတ် ငါးသောင်းလိုတာလား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွား၏။
ကန်လန်ကြယ်တစ်ခုလုံးတွင် အဆင့်ငါးနိုင်ငံသား မရှိသည်မှာ အံ့ဩစရာမရှိပေ။ အဆင့်ငါး နိုင်ငံသားသို့ မြှင့်တင်ရန် လိုအပ်သော ကောင်းမှုအမှတ်က ယခင် အဆင့်လေးဆင့်၏ စုစုပေါင်းနှင့် ညီမျှလေသည်။
" ဖြည်းဖြည်းချင်းပဲသွားတာပေါ့။ " လင်းယွမ်က အလျင်မလိုပေ။
ယခု သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တတိယအလွှာသို့ ရောက်သွားပြီဖြစ်သောကြောင့် သူအတွက် ကောင်းမှုအမှတ်များ ရရှိပေလိမ့်မည်။ ထို့အပြင် အနာဂတ်တွင် သူက အဆင့်လေး သို့မဟုတ် အဆင့်ငါးသို့ ရောက်သည်နှင့် လုံလောက်သော ကောင်းမှုအမှတ်များ ရရှိမည်ဖြစ်သည်။
သီအိုရီအလားအလာ အဆင့်ခြောက်ရှိစဉ်ကပင် လင်းယွမ်က ကောင်းမှုအမှတ်နှစ်သောင်းရရှိခဲ့သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သာ အမှန်တကယ် အဆင့်ခြောက်သို့ ရောက်သွားလျှင် လင်းယွမ်ရရှိမည့် ကောင်းမှုအမှတ်က နှစ်သောင်းထက် ပိုပေလိမ့်မည်။
" မစ္စတာလျောင်က သုံးကြိမ်တောင် လာထားတာလား။ " လင်းယွမ်က သူ၏ ဧည့်သည်စာရင်းကို ကြည့်လိုက်သည်။ " ငါတံခါးပိတ်လေ့ကျင့်တာ သုံးရက်ကြာသွားတာပဲ။ "
လင်းယွမ်က ထပြီး လျောင်ဟွေ့ချန်ကို မက်ဆေ့ချ်ပို့လိုက်သည်။ " ကျွန်တော်အဆင်ပြေတယ်။ "
တတိယအလွှာသို့ အဆင့်ချိုးဖျက်ပြီးနောက် လင်းယွမ်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပို၍ သန်မာလာသည်။
" မင်း တစ်ခုခုလိုရင် ငါ့ကို ပြောပါ။ အဲ့ဒီလုမန်ရဲ့ တိုက်ခိုက်မှုက အိပ်မက်နဲ့ ဝိညာဉ်ကို ပစ်မှတ်ထားတာပဲ။ VR ကမ္ဘာတင်မဟုတ်ဘူး အပြင်ထိပါ ထိခိုက်နိုင်တယ်။ " မစ္စတာလျောင်၏ အသံက စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည်။
လင်းယွမ်၏ နောက်ဆုံးတိုက်ပွဲက အိပ်မက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာလျောင်က လင်းယွမ် ထိခိုက်သွားမည်ကို စိုးရိမ်လေသည်။ လွန်ခဲ့သော လအနည်းငယ်က တိုက်ပွဲများတွင် သူက လင်းယွမ်၏ သန်မာသော ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်ကို နားလည်သွားခဲ့သည်။
ဒုတိယအလွှာ အဆင့် ၁၂ ခွန်အားနှင့် လင်းယွမ်က တတိယအလွှာ ဆင့်ကဲပြောင်းလဲသူကို နာရီဝက်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ အချိန်ကန့်သတ်ချက်သာ မရှိလျှင် သူက ဆက်လက်တိုက်ခိုက်နိုင်ဦးမည်ဖြစ်သည်။ ထိုကဲ့သို့သော ပါရမီမျိုးက အရှေ့ဘက်တိုက်ကြီး တစ်ခုလုံးတွင် ရှားပါလေသည်။
" ကျွန်တော်တကယ် အဆင်ပြေတယ်။ " လင်းယွမ်က ခနစဉ်းစားပြီး နောက်ထပ် မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။ " ကျွန်တော်က တတိယအလွှာကို ရောက်သွားပြီ။ "
တတိယအလွှာသို့ ရောက်သွားခြင်းက အချိန်ကြာ ဖုံးကွယ်နိုင်မည်မဟုတ်ပေ။ လာမည့် တစ်ဦးချင်းတိုက်ပွဲများတွင် လင်းယွမ်က တတိယအလွှာ ဆင့်ကဲပြောင်းလဲသူနှင့် ရင်ဆိုင်ရသောအခါ သူ၏ ခွန်အားအပြည့်ကို ထုတ်လွှတ်ရပေလိမ့်မည်။
တုန်နင်မြို့၏ ဆင့်ကဲပြောင်းလဲသူများအဖွဲ့တွင် မစ္စတာလျောင်က သူ၏ ရှေ့မှ အလင်းမျက်နှာပြင်ကို မှင်သက်စွာ ကြည့်နေသည်။ အထူးသဖြင့် စကားလုံး ခြောက်လုံးကိုပင်။
" ကျွန်တော်က တတိယအလွှာကို ရောက်သွားပြီ။ "
တတိယအလွှာ လင်းယွမ်က တတိယအလွှာကို ဆရာက်သွားတာလား။ သူ့ရဲ့ တုန်နင်မြို့က တကယ် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာတာလား။
တုန်နင်မြို့က ပြိုင်ပွဲပေါင်း ထောင်ချီကျင်းပခဲ့သော်လည်း ဒုတိယအလွှာ အထွတ်အထိပ်များသာ ပါဝင်ခဲ့ကြသည်။ တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများကို စိတ်ကူးပင်မယဉ်ဖူးပေ။
တုန်နင်မြို့မှ ထွက်ပေါ်လာသော ဆင့်ကဲပြောင်းလဲသူများတော့ ရှိခဲ့ဖူးလေသည်။ သို့သော် သူနို့က အသက်တစ်ရာကျော်ပြီဖြစ်သောကြောင့် ပြိုင်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိကြပေ။
ယခု ကန်လန်ကြယ်တစ်ခုလုံးကျင်းပသော ပြိုင်ပွဲတွင်ပင် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူ ဒါဇင်ကျော်သာ ပါဝင်လေသည်။
" ငါ့တုန်နင်မြို့မှာ ငါ့တုန်နင်မြို့မှာ နဂါးတစ်ကောင်မွေးဖွားလာပြီပဲ။ " မစ္စတာလျောင်၏ မျက်လုံးများက နီရဲနေပြီး သူ့ဟာသူ ရေရွတ်လိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း