ငါက မိုးကြိုးပဲ
Vol. 4 Ch. 64
မကြာမီ ကန်လန်ကြယ်၏ အဖွဲ့လိုက်ပြိုင်ပွဲက ပြီးဆုံးသွား၏။ တုန်နင်မြို့က လင်းယွမ်၏ ကျေးဇူးကြောင့် အဆင့်တစ်ရာအတွင်း ဝင်ရောက်သွားခဲ့သည်။ ၎င်းက ကန်လန်ကြယ်၏ အဆင့်သတ်မှတ်ချက်ဖြစ်သည်။
ကန်လန်ကြယ်ကို တိုက်ကြီးငါးတိုက် ခွဲခြားထားပြီး အရှေ့ဘက်တိုက်ကြီး၊ အနောက်ဘက်တိုက်ကြီး၊ မြောက်ဘက်တိုက်ကြီး၊ တောင်ဘက်တိုက်ကြီးနှင့် ဗဟိုကုန်းမြေတို့ဖြစ်ကြသည်။ မြို့ပေါင့် နှစ်သောင်းကျော်တွင် အဆင့်တစ်ရာအတွင်း ဝင်ခဲ့ခြင်း ဖြစ်သည်။
တုန်နင်မြို့က ထိုအဆင့်သို့ ရောက်သွားခြင်းမှာ လင်းယွမ်ဟူသော လူတစ်ယောက်ကြောင့် ဖြစ်ကြောင်း လူတိုင်းသိကြလေသည်။ တတိယအလွှာများနှင့် ယှဉ်နိုင်သော ထိုဆင့်ကဲပြောင်းလဲသူက တုန်နင်မြို့၏ အဖွဲ့တွင် အဓိက ဖြစ်လေသည်။ အခြားအဖွဲ့ဝင်သုံးယောက်ကို အထောက်အပံ့များဟု ခေါ်ခြင်းမှာ သူတို့ကို ချီးကျူးခြင်းဖြစ်သည်။
" ငါတို့မြို့မှာ လင်းယွမ်လို ဆင့်ကဲပြောင်းလဲသူတစ်ယောက်သာရှိရင် အဆင့်ငါးဆယ်ထဲဝင်နိုင်လိမ့်မယ်။ " တစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
" အဲ့ဒီအဆင့်နဲ့ နယ်ပယ်တစ်ခုကို ထိန်းချုပ်နိုင်တာ တကယ်ကိုရှားတယ်။ " နောက်တစ်ယောက်က ထောက်ခံလိုက်သည်။
" တုန်နင်မြို့က ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ အရင်ပြိုင်ပွဲတွေတုန်းက သူတို့ကို ကြားတောင်မကြားဖူးခဲ့ဘူး။ "
" မှန်တယ်။ အဲ့ဒီလင်းယွမ်ဆိုတဲ့လူကိုလည်း ဘယ်သူမှမသိကြဘူး။ "
မရေတွက်နိုင်သော ပွဲကြည့်သူများက လျင်မြန်စွာ ဆွေးနွေးလိုက်ကြသည်။
အဖွဲ့လိုက်ပြိုင်ပွဲတွင် လင်းယွမ်က အလွှမ်းမိုးနိုင်ဆုံး ဖြစ်လေသည်။ သူက ကျော်ကြားသော တတိယအလွှာ ဆင့်ကဲပြောင်းလဲသူများကိုပင် ကျော်တက်သွားခဲ့သည်။
ဒုတိယအလွှာနှင့် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ထိန်းထားနိုင်ခြင်းမှာ ယခင်ပြိုင်ပွဲများတွင် ရှားရှားပါးပါး ဖြစ်လေသည်။
" တစ်ဦးချင်းပြိုင်ပွဲက စတော့မယ်။ "
" လင်းယွမ်က ဘယ်အဆင့်ကို ရောက်နိုင်မလဲမသိဘူး။ "
" ငါ့အမြင်အရ အနည်းဆုံး ထိပ်ဆုံးငါးဆယ်ထဲ ဝင်နိုင်လိမ့်မယ်။ "
" သူက ထိပ်ဆုံးနှစ်ဆယ်ထဲ ဝင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။ "
ကန်လန်ကြယ်ပြိုင်ပွဲတွင် အဖွဲ့လိုက်ပြိုင်ပွဲထက် တစ်ဦးချင်းပြိုင်ပွဲများက လူအများ၏ စိတ်ဝင်စားခြင်း ပိုခံရလေသည်။
တုန်နင်မြို့၏ ပြိုင်ပွဲကွင်းပြင်။
တစ်ဦးချင်းပြိုင်ပွဲက အဖွဲ့လိုက်ပြိုင်ပွဲပြီးနောက် လဝက်ကြာပြီးသောအခါ ကျင်းပခြင်းဖြစ်သည်။
လင်းယွမ်က ကွင်း၏ တစ်ဖက်တွင် ရပ်နေပြီး သူ၏ ပြိုင်ဘက်ကို စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှ ထိုင်ခုံများတွင် လူများဖြင့် ပြည့်နှက်နေသည်။ ရာချီသော ပြိုင်ပွဲများ အပြီးတွင် လင်းယွမ်က ပရိတ်သတ်အများအပြားကို ရရှိခဲ့သည်။
အထူးသဖြင့် သူက နောက်ဆုံးပြိုင်ပွဲတွင် ဒုတိယအလွှာနှင့် တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်နှင့် ဒုတိယအလွှာ အထွတ်အထိပ်နှစ်ယောက်ကို နာရီဝက်ကြာအောင် ထိန်းထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ပြိုင်ပွဲ၏ စည်းမျဉ်းကြောင့် သူက ရှုံးနိမ့်ခဲ့သော်လည်း သူက မရေတွက်နိုင်သော ပရိတ်သတ်များ ရရှိခဲ့သည်။
ယခု ကန်လန်ကြယ်၏ နေရာအနှံ့မှ မရေတွက်နိုင်သော ပွဲကြည့်သူများက လင်းယွမ်၏ ပြိုင်ပွဲများကို အာရုံစိုက်နေကြပြီဖြစ်သည်။ ဘီလီယံရှိသော နိုင်ငံသားများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။
" ဒီတစ်ခါ ပြိုင်ပွဲမှာ ငါက ဒီလောက်ထိ ရောက်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ " အစီအစဉ်မှူး စွန်းပင်းက စိတ်လှုပ်ရှားနေသည်။
သူက တုန်နင်မြို့၏ အစီအစဉ်မှူး ဖြစ်သောကြောင့် တုန်နင်မြို့၏ ပြိုင်ပွဲများကိုသာ ကြေညာပေးရလေသည်။ ယခင်ပြိုင်ပွဲများတွင် စွန်းပင်းက ပြိုင်ပွဲအနည်းငယ်ကိုသာ ကြေညာခဲ့ရလေသည်။
ယခု သူတို့က ပြိုင်ပွဲတွင် အဆင့်ငါးရာအတွင်း ဝင်ခဲ့သောကြောင့် နောက်ဆုံးအဆင့်ထိ ရောက်လုနီးပါး ဖြစ်ခဲ့ရသည်။
စွန်းပင်းက အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။
" အခု အံ့ဩစရာတွေကို ဖန်တီးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် လင်းယွမ်ကတော့ ရောက်ရှိလို့လာပါပြီ။ " စွန်းပင်းက လင်းယွမ်ကို ကြေညာပေးပြီးနောက် သူ၏ ပြိုင်ဘက်ကို မိတ်ဆက်ပေးလိုက်သည်။
" ဒီပွဲရဲ့ ပြိုင်ဘက်ကတော့ ရေဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်တဲ့ ဟိုင်ရန်မြို့က စစ်မာယွင်ပဲ ဖြစ်ပါတယ်။ "
ပွဲကြည့်ပရိတ်သတ်များနှင့် ပြည့်နှက်နေသော ပြိုင်ပွဲကွင်းပြင်ကို ကြည့်ပြီး စွန်းပင်း၏ အသံက ပို၍ ကျယ်လောင်လာသည်။ " ယခင်ပွဲတွေအရ လင်းယွမ်က အနိုင်ရဖို့ အခွင့်အရေးများပေမယ့် စစ်မာယွင်ကိုလည်း လျှော့မတွက်သင့်ပါဘူး။ "
ပြိုင်ပွဲကွင်းပြင်ထဲတွင် လင်းယွမ်က ပေါ်လာသည်နှင့် အဝေးမှ ပြိုင်ဘက်ကို ကြည့်လိုက်သည်။ စစ်မာယွင်က အပြာရောင်မျက်လုံးများနှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမကို ကြည့်ရသည်မှာ သမုဒ္ဒရာတစ်စင်းကို ကြည့်ရသကဲ့သို့ ခံစားရစေသည်။
" ရေဓာတ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် " လင်းယွမ်က စိတ်ဝင်စားသွား၏။
ရေဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဒြပ်စင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များထဲမှ တစ်ခုဖြစ်လေသည်။ ဒြပ်စင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များမှာ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးတို့ဖြစ်ပြီး ရေခဲ၊ အရိပ်တို့ကဲ့သို့သော အခြားအထူးဒြပ်စင်များလည်း ရှိလေသည်။
ယခင်ပြိုင်ပွဲများတွင် လင်းယွမ်က ဒြပ်စင်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် လေ့ကျင့်သူများကို ကြုံတွေ့ခဲ့ရလေသည်။ သို့သော် ရေဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကတော့ အမှန်တကယ် ရှားပါးလေသည်။
ထိုအချိန်တွင် ပြိုင်ပွဲ စတင်လိုက်သည်။
လင်းယွမ်က စစ်မာယွင်ကို အနီးကပ်လေ့လာရန် သူ၏ ထိုက်ကျိနယ်ပယ်ကို ဖြန့်ကျက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် စစ်မာယွင်က သူမ၏ လက်ကို တုန့်ဆိုင်းခြင်းမရှိ မြှောက်လိုက်သည်။ " ငါအရှုံးပေးတယ်။ "
သူမက လင်းယွမ်ကို လေးနက်စွာ ကြည့်လိုက်သည်။ အခြားပြိုင်ဘက်များဆိုလျှင် စစ်မာယွင်က ခုခံရန် ကြိုးစားပေလိမ့်မည်။ သူမက တိုက်ရိုက် အရှုံးပေးမည်မဟုတ်ပေ။
သို့သော် လင်းယွမ်ကတော့ မတူပေ။ သူမက လင်းယွမ်ကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ လင်းယွမ်နှင့် ရင်ဆိုင်ရသော ပြိုင်ဘက်များက နောက်ဆုံးအချိန်ထိ ဆွဲခေါ်ခြင်း ခံခဲ့ရလေသည်။ ပြိုင်ပွဲအတွင်း လင်းယွမ်က သူတို့ကို ကစားစရာအရုပ်များအဖြစ် ဆက်ဆံခဲ့လေသည်။
ပထမအလွှာ ပြိုင်ဘက်ဖြစ်စေ ဒုတိယအလွှာဖြစ်စေ အခြေအနေက အတူတူပင် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်မာယွင်က တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူမက တိုက်ရိုက်အရှုံးပေးခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် သူမက တတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို နာရီဝက်ကြာအောင် ခုခံနိုင်မည်မဟုတ်ပေ။
" အရှုံးပေးတယ်။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီးနောက် သူက သက်ပြင်းချလိုက်သည်။
သူမက ထွက်မသွားမီ လင်းယွမ်ကို လေးနက်စွာ မေးလိုက်သည်။ " နင်လည်း အဲ့ဒီဆယ်နေရာအတွက် လာတာလား။ "
" ဆယ်နေရာ " လင်းယွမ်က ပြန်မဖြေဘဲ သူ၏ နေရာကို ပြန်ရောက်မှ စဉ်းစားလိုက်သည်။
" ငါ ပြိုင်ပွဲရဲ့ ဆယ်နေရာအကြောင်း သိချင်တယ်။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။ သူက အခြားသူများကို မေးခြင်းထက် လူသားမျိုးနွယ်၏ အရာအားလုံးကို သိနေသော ဉာဏ်ပညာနတ်ဘုရားကို မေးခြင်းက ပိုကောင်းလေသည်။
" ဆယ်နေရာဆိုတာ ကန်လန်ကြယ်ပြိုင်ပွဲရဲ့ ထိပ်ဆုံး ဆယ်နေရာကို ဆိုလိုပါတယ်။ ထိပ်ဆုံး ပြိုင်ပွဲဝင် ဆယ်ယောက်က ချီခွန်ကြယ်သခင်ရဲ့ အာရုံစိုက်ခြင်းကို ခံရဖို့ အခွင့်အရေးတစ်ခုရှိပါတယ်။ " ဉာဏ်ပညာနတ်ဘုရားက ပြောလိုက်သည်။
" ချီခွန်ကြယ်သခင် " လင်းယွမ်က အံ့ဩသွား၏။
၎င်းက ကြယ်နယ်မြေတစ်ခုလုံးကို အုပ်ချုပ်သော စွမ်းအားကြီး တည်ရှိမှုတစ်ခု ဖြစ်လေသည်။ ချီခွန်ကြယ်နယ်မြေ၏ အဓိက ကြယ်စနစ်ရှစ်ခုက ချီခွန်ကြယ်သခင်၏ ဩဇာအာဏာအောက်တွင် တည်ရှိလေသည်။
ကန်လန်ကြယ် ဗဟိုကုန်းမြေ။
လျို့ဝှက်နေရာတစ်ခုတွင် မျက်လုံးထဲတွင် လျှပ်စီးများ လင်းလက်နေသော ယောကျာ်းတစ်ယောက်က ဆိုဖာပေါ်တွင် ထိုင်နေသည်။ ထိုလူက ထိုနေရာတွင် ထိုင်နေရုံဖြင့် သူ၏ ဘေးပတ်လည်ရှိ ဟင်းလင်းပြင်ထဲတွင် လျှပ်စီးတန်းများ လင်းလက်နေကြသည်။
" ဒါကတော့ ဒီပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် ပြိုင်ဘက်စာရင်းနဲ့ အသေစိတ် အချက်အလက်တွေပါ။ မိုးကြိုးနတ်ဘုရား ပြိုင်ပွဲအတွင်း ဘာပြဿနာမှမဖြစ်အောင် ကြည့်ထားသင့်ပါတယ်။ "
ထိုလူ၏ ဘေးမှ သက်လက်ပိုင်းလူတစ်ယောက်က ရှေ့မှ အလင်းမျက်နှာပြင်ကို ဖိလိုက်ပြီးနောက် စာရင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုစာရင်းက တတိယအလွှာများနှင့် ထူးခြားသော တိုက်ခိုက်ရေးစွမ်းအားရှိသည့် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများ ပါဝင်ပြီး လင်းယွမ်၏ နာမည်ကလည်း သူတို့ကြားတွင် ရှိလေသည်။
" ငါ အဲ့ဒါကို မလိုအပ်ဘူး။ " မိုးကြိုးနတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သည်။
သူငယ်စဉ်က မိုးကြိုးပစ်ခံခဲ့ရပြီး လျှပ်စီးများက သူ၏ ပတ်ဝန်းကျင်မှ လူတိုင်းကို သတ်ဖြတ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်က လျှပ်စီးခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက မိုးကြိုးနှင့်ပက်သက်သည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရွေးချယ်ပြီး ဆယ်စုနှစ်အတွင်း တတိယအလွှာသို့ ရောက်ရှိခဲ့လေသည်။
သူ၏ တိုက်ခိုက်ရေးစွမ်းအားက မိုးကြိုးကို လွှမ်းမိုးခြင်း၊ ဆင့်ခေါ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် အသွင်ပြောင်းလဲခြင်းတို့ ဖြစ်၏။
" ပြိုင်ဘက်တွေကို ခွဲခြမ်းစိတ်ဖြာတာက အားနည်းတဲ့သူတွေရဲ့ အလုပ်ပဲ။ ငါအဲ့ဒါကို မလိုဘူး။ "
မိုးကြိုးနတ်ဘုရားက ထရပ်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ " ဒီပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ငါ အာရုံစိုက်ဖို့ မထိုက်တန်ဘူး။ "
" ဘာလို့လဲဆိုတော့ သူတို့အားလုံးက သာမန်လူတွေဖြစ်ပြီးတော့ ငါက မိုးကြိုးဖြစ်လို့ပဲ။ " မိုးကြိုးနတ်ဘုရား၏ အသံက ယုံကြည်မှုများနှင့် ပြည့်နှက်နေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း