ကောင်းကင်က မဟာယန်ကို ကောင်းချီးပေးခြင်း
Vol. 4 Ch. 68
လင်းယွမ်၏ မွေးဖွားလာမှုက ဧကရာဇ်လျိုရှစ်ကို အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားစေခဲ့သည်။ သူက ညီလာခံကျင်းပရာတွင်လည်း ပို၍ တက်ကြွလာခဲ့သည်။
လင်းယွမ် မမွေးဖွားမီ သူက သူ၏ မျိုးနွယ်မှ အခြားတစ်ယောက်ကို မွေးစားပြီး ထီးနန်းကို အမွေပေးရန် စဉ်းစားခဲ့သည်။ သို့သော် မည်သို့ပင် ဖြစ်စေ ထိုလူက သူ၏ သွေးသားရင်းမဟုတ်ဘဲ အခြားလူတစ်ယောက်သာ ဖြစ်နေဆဲ ဖြစ်၏။ ထို့ကြောင့် လျိုရှစ်က နိုင်ငံတော်အရေးကို ကိုင်တွယ်ရာတွင် စိတ်မပါတော့ပေ။ နိုင်ငံတော်ကို အခြားသူလက်ထဲသို့ ထည့်ပေးလိုက်ပါက သူ၏ ကြိုးစားမှုအားလုံးက အဓိပ္ပါယ်မရှိဖြစ်သွားပေလိမ့်မည်။
ယခု အရာအားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။ ဧကရာဇ်လျိုရှစ်တွင် သူပိုင်ဆိုင်သမျှကို အမွေဆက်ခံရန် သားတစ်ယောက် ရှိလာပြီဖြစ်သည်။
ထို့အပြင် ထိုသားတော်၏ ခန္ဓာကိုယ်နှင့် မွေးရာပါ အရည်အချင်းများက အလွန်အားကောင်းသောကြောင့် စစ်ဆေးကြည့်သောအခါ လျိုရှစ်ပင် မယုံကြည်နိုင်ဖြစ်ခဲ့ရလေသည်။ ထိုကဲ့သို့ သန်မာသော ခန္ဓာကိုယ်နှင့် ကလေးက အသက်နှစ်နှစ် သုံးနှစ်အရွယ်တွင်ပင် ကျားနှင့် ကျားသစ်များကို လက်ဗလာဖြင့် ဆုတ်ဖြဲနိုင်ပေလိမ့်မည်။
လျိုရှစ်က ၎င်းကို သဘောကျသော်လည်း ဧကရာဇ်တစ်ပါးက သိုင်းစွမ်းရည်ရှိရုံနှင့် မရသည်ကို သူနားလည်လေသည်။ ပို၍ အရေးကြီးသည်မှာ နိုင်ငံရေး ထက်မြက်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုတို့ ဖြစ်သည်။
ယနေ့တွင် အလယ်ပိုင်းလွင်ပြင်ကို နိုင်ငံ ၃၆ နိုင်ငံ ပိုင်းခြားထားသည်။ မဟာယန်နိုင်ငံက နိုင်ငံ ၃၆ နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်ပြီး တောင်ပိုင်းလွင်ပြင်တွင် တည်ရှိလေသည်။ အားအနည်းဆုံးမဟုတ်သော်လည်း အသန်မာဆုံးလည်း မဟုတ်ပေ။
အထူးသဖြင့် လက်ရှိမျိုးဆက်တွင် မဟာယန်နိုင်ငံက နိုင်ငံပေါင်း ၃၆နိုင်ငံတွင် အခြေခံအုတ်မြစ်ဖြစ်သော နတ်လက်နက်စစ်သည်ကို မမွေးထုတ်နိုင်သေးပေ။ ၎င်းက လျိုရှစ်ကို ဒုက္ခများစေလေသည်။
နတ်လက်နက်စစ်သည်တစ်ယောက်မရှိဘဲ မဟာယန်နိုင်ငံက အခြားနိုင်ငံများနှင့် ယှဉ်လျှင် တစ်ဆင့်နိမ့်နေပြီဖြစ်သည်။ သို့သော် မဟာယန်နိုင်ငံ၏ အခြေခံအုတ်မြစ်နှင့် သူတို့က နတ်လက်နက်စစ်သည်မရှိလျှင်တောင် အားနည်းသည်ဟု ပြောလို့မရပေ။
ဧကရာဇ်လျိုရှစ်၏ အစီအစဉ်မှာ သူ၏ လက်ထပ်တွင် နတ်လက်နက်စစ်သည်တစ်ယောက် မွေးထုတ်ပေးနိုင်ရန် ဖြစ်သည်။ ထိုမှသာ သူက လင်းယွမ်ကို ထီးနန်းလွှဲပေးသည့်အချိန်တွင် နိုင်ငံက အေးချမ်းသာယာပြီး စည်ပင်ဝပြောသော နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုအချိန်တွင် လင်းယွမ်က သူ၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ပေလိမ့်မည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲမှုဖြစ်စေ ဥပဒေများ ပြောင်းလဲခြင်းဖြစ်စေ အားလုံးက လင်းယွမ်က ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။ သို့သော် ထိုကိစ္စအားလုံးက လင်းယွမ် ဧကရာဇ်တစ်ပါး၏ အဓိပ္ပါယ်ကို သိသောအခြေအနေပေါ်တွင် မူတည်လေသည်။
သူက ဘာမှမသိဘဲ သူ၏ ဆန္ဒအတိုင်းသာ ပြုမူနေခဲ့လျှင် ဧကရာဇ်လျိုရှစ်က မဟာယန်နိုင်ငံကို အရူးဧကရာဇ်တစ်ယောက်၏ လက်ထဲသို့ လွှဲပြောင်းပေးမည်မဟုတ်ပေ။
ထို့ကြောင့် လင်းယွမ် အသက်ငါးနှစ်ပြည့်သည်နှင့် အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခံရမည်ဖြစ်ပြီး အမွေဆက်ခံသူအဖြစ် လေ့ကျင့်ရပေလိမ့်မည်။
လင်းယွမ်က အသက် သုံးလေးနှစ်အရွယ်တွင် ရေတတ်ဖတ်တတ်နေပြီဖြစ်ပြီး ဧကရာဇ်လျိုရှစ်ကို စိတ်မပျက်စေခဲ့ပေ။
အသက်ခြောက်နှစ်အရွယ်တွင် လျိုရှစ်က လင်းယွမ်အတွက် ဆရာသခင်တစ်ယောက် ရှာပေးပြီး စာပေပညါများ သင်ကြားစေခဲ့သည်။ လင်းယွမ်၏ ဆရာက မဟာယန်နိုင်ငံရှိ ကျော်ကြားသော မိသားစုမှ ပညာရှိတစ်ယောက် ဖြစ်၏။
သူက ငါးနှစ်အရွယ်မျှသာ ရှိသေးသော လင်းယွမ်ကို မြင်လိုက်ရချိန်တွင် အံ့ဩသွားခဲ့ပြီး အချိန်အတော်ကြာ မတုန့်ပြန်နိုင်ခဲ့ပေ။
ချန်ထျန်းခန်းမထဲတွင် ဆရာသခင်က အကူအညီမဲ့သော အမူအရာနှင့် ဧကရာဇ်လျိုရှစ်ကို လျှောက်တင်လိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုး သူ့ကို ဆက်ပြီးမသင်နိုင်တော့ပါဘူး..." ဆရာသခင်က ပလ္လပေါ်မှ ဧကရာဇ်လျိုရှစ်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ။ ယွမ်အာက မင်းကို ဒေါသထွက်အောင် လုပ်လိုက်ပြန်ပြီလား။ " ဧကရာဇ်လျိုရှစ်က စိုးရိမ်စွာ မေးလိုက်သည်။ သူက လင်းယွမ်ကို သင်ကြားပေးရန် ဆရာသခင်ကို အတော်လေးပင် ဖျောင်းဖျခဲ့ရသည်။
အဆုံးတွင် ပညာရှိများ၏ အသက်ကို ခြိမ်းခြောက်ခြင်းက အချည်းနှီးသာ ဖြစ်၏။ ပညာရှိအများစုက ဧကရာဇ်၏ သေဒဏ်ချမှတ်ခြင်းကို အလွန်လိုလားကြလေသည်။ ထိုနည်းလမ်းဖြင့် သူတို့က သမိုင်းတွင် သူတို့၏ နာမည်ကို ချန်ထားခဲ့နိုင်မည်ဖြစ်သည်။
ထို့အပြင် ဆရာသခင်၏ နောက်တွင်် မဟာယန်နိုင်ငံရှ် ပညာရှိအများစု ရှိနေကြသည်။ လှုပ်ရှားမှုတစ်ခုက ကြီးမားသော သက်ရောက်မှုကို ဖြစ်စေနိုင်လေသည်။
ထို့ကြောင့် ဧကရာဇ်က အမျိုးမျိုးသေယ ကတိများနှင့် ဆွဲဆောင်ခဲ့ပြီး နောက်ဆုံးတွင် ဆရာသခင်က လင်းယွမ်ကို သင်ကြားပေးရန် သဘောတူခဲ့လေသည်။
သို့သော် ဧကရာဇ်လျိုရှစ် မထင်မှတ်ထားသည်မှာ ဆရာသခင်က အလုပ်ဝင်ပြီး တစ်နှစ်ပင်မပြည့်သေးမီ အလုပ်ထွက်ရန် စီစဉ်နေလေသည်။
" ကျွန်တော်မျိုးကို ဒေါသထွက်အောင်လုပ်ရင် ပြဿနာ မရှိသေးပါဘူး။ "
ဆရာသခင်က အနည်းငယ် သက်ပြင်းချလိုက်သည်။ သူက ဆယ်စုနှစ်အချို့ ရှင်သန်ခဲ့ပြီး ကျောင်းသားအမျိုးမျိုးကို ကြုံတွေ့ဖူးလေသည်။ သူ၏ စိတ်က အလွန်တည်ငြိမ်ပြီး ခေါင်းမာသော ကျောင်းသားများနှင့်ပင် သူ၏ အရည်အချင်းများကို ယုံကြည်မှုရှိခဲ့လေသည်။
သို့သော် လင်းယွမ်က ခေါင်းမာသူတစ်ယောက် မဟုတ်ပေ။ သူက ခေါင်းမာခြင်းမရှိသည့်အပြင် အလွန်ထူးခြားသော ပါရမီကို ပြသခဲ့လေသည်။
ဆရာသခင်သင်ကြားပေးသော သဘောတရားတိုင်းကို လင်းယွမ်က သံသယဝင်စရာမလိုအောင် တတ်မြောက်ခဲ့လေသည်။ ၎င်းက လင်းယွမ်၏ မေးခွန်းထုတ်ခြင်းကို စောင့်နေသော ဆရာသခင်အား အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။
မင်းက တစ်ခါရှင်းပြရုံနဲ့ အားလုံး နားလည်သွားတာလား။ ဒါဆို မင်းက ငါ့ကို ဘာအတွက်လိုနေသေးတာလဲ။
အစပိုင်းတွင် ဆရာသခင်က လင်းယွမ် ဟန်ဆောင်နေသည်ဟု ထင်ခဲ့လေသည်။ ထို့ကြောင့် သူက လင်းယွမ်ကို ဖော်ထုတ်ရန် မေးခွန်းများစွာကို ပြင်ဆင်ခဲ့သည်။
သို့သော် ဆရာသခင် မမျှော်လင့်ထားသည်မှာ လင်းယွမ်က မေးခွန်းတိုင်းကို တစ်ကြိမ်တည်းနှင့် ဖြေနိုင်ခဲ့သည်။ သူ ယခင်က မတွေးမိသော အခြားရှုထောင်များကို တွက်ဆရန် ဥပမာအချို့လည်း ပေးခဲ့လေသည်။
ဆရာသခင်အတွက် အိပ်မက်ဆိုးက ယခုမှ စတင်ခြင်းဖြစ်သည်။
သင်ခန်းစာများအတွက် ဆရာသခင်က ကိရိယာတစ်ခုကဲ့သို့ ဖြစ်လာသည်။ သူက ဂန္တဝင်စာအုပ်များထဲမှ အကြောင်းရာများကို ဖတ်ပြရန်သာ လိုအပ်ပြီး ရှင်းပြရန် မလိုအပ်ပေ။ လင်းယွမ်က တစ်ခါနားထောင်ရုံဖြင့် အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
ထို့အပြင် တစ်ခါတစ်ရံ ဆရာသခင် စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ လင်းယွမ်က ပိုမိုရှင်းလင်းသော အဓိပ္ပါယ်များကို ပြောပြတတ်လေသည်။ ထိုအဓိပ္ပါယ်များကို နားထောင်ပြီး သူလေ့လာခဲ့သည့် ဆယ်စုနှစ်များက အချည်းနှီးဖြစ်သွားသည်ဟု ခံစားခဲ့ရလေသည်။
ထို့ကြောင့် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ စာကြည့်စားပွဲရှေ့တွင် အသက်ကြီးသော ဆရာသခင်က ကျောင်းသားတစ်ယောက်ကဲ့သို့ ဂရုတစိုက် နားထောင်နေခဲ့သည်။ ကလေးတစ်ယောက်ဖြစ်သော လင်းယွမ်က ရှင်းပြနေပြီး သူ၏ အသိပညာများက ရှေးခေတ်နှင့် ခေတ်သစ်အချိန်များ ရောယှက်နေသည်။
သူက လင်းယွမ်နှင့်သာ ဆက်နေလျှင် သည်းမခံနိုင်တော့ဘဲ သူ၏ ဆရာသခင်အဖြစ် တင်မြှောက်မိပေလိမ့်မည်။
၎င်းက ဧကရာဇ်လျိုရှစ်ကို လေးနက်သွားစေ၏။ သူ၏ သားတော်က ဆရာသခင်တစ်ယောက်ကို ထိုအခြေအနေမျိုးဖြစ်အောင် လုပ်ခဲ့လေသည်။
" အရှင်မင်းကြီး အိမ်ရှေ့စံမင်းသားရဲ့ အခြေအနေကို ထိန်းချုပ်ပုံနဲ့ ကိစ္စတွေကို ချဉ်းကပ်ပုံက ဒီအစေခံအိုကြီး ကိုင်တွယ်နိုင်တာထက် ပိုပါတယ်။ ကျွန်တော်တို့လို သေမျိုးတွေက သူ့ကို သင်ပြဖို့ ဘယ်လိုအရည်အချင်းတွေ ရှိမှာလဲ။ " ဆရာသခင်က ခါးသီးစွာ ပြောလိုက်သည်။
" မင်းကိုင်တွယ်နိုင်တာထက်ပိုတယ်။ " ဧကရာဇ်လျိုရှစ်က အံ့ဩသွား၏။
ဆရာသခင်ကဲ့သို့ စာပေပညါရှင်တစ်ယောက်၏ ချီးကျူးခြင်းခံရခြင်းသည် အများစုအတွက် ဝမ်းသာစရာ ဖြစ်ပေလိမ့်မည်။
သို့သော် ဧကရာဇ်လျိုရှစ်အတွက် သူ၏ သားတော်မှာ ခြောက်နှစ်အရွယ်သာ ရှိနေသေးသည်။ ဆရာသခင်က သူ့ကို လှောင်နေသကဲ့သို့ ခံစားလိုက်ရသည်။
" ဆရာသခင်က အခြားအခြေအနေတွေ တောင်းဆိုချင်ရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ ဘာတွေလိုအပ်လို့လဲ။ " ဧကရာဇ်လျိုရှစ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ဆရာသခင်က ခါးသီးစွာ ပြုံးလိုက်သည်။ သူက အခြေအနေကို ကိုယ်တိုင်မကြုံတွေ့ဖူးလျှင် တစ်စုံတစ်ခု တောင်းဆိုချင်သောကြောင့် အခွင်းအရေးယူနေသည်ဟု ထင်ပေလိမ့်မည်။
ဆရာသခင်က သက်ပြင်းချလိုက်သည်။ " ကျွန်တော်မျိုးရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အိမ်ရှေ့စံမင်းသားကို သင်ပြဖို့ မကိုက်ညီတော့ပါဘူး။ " ဧကရာဇ်လျိုရှစ် ယုံကြည်စေရန်အတွက် သူ၏ မာန်မာနကို စွန့်လွှတ်လိုက်လေသည်။
" ဆရာသခင်ရဲ့ စကားတွေက..." ဧကရာဇ်လျိုရှစ်က တုန်လှုပ်သွား၏။
စာပေပညာရှင်များက သူတို့၏ ဂုဏ်သတင်းကို အလွန်အလေးထားကြပြီး အထူးသဖြင့် ဆရာသခင်ကဲ့သို့သော စာပေပညာရှင်ကြီးများ ဖြစ်လေသည်။ သူက လင်းယွမ်ကို မသင့်ပြချင်တောင် သူ၏ ကိုယ်ကျင့်သိက္ခာကို နှိမ့်ချပစ်ရန် မလိုအပ်ပေ။ အဆုံးတွင် လင်းယွမ်က ခြောက်နှစ်အရွယ် ကလေးတစ်ယောက်သာ ဖြစ်လေသည်။
" ဆရာသခင် ဘာအကြံများ ပေးချင်လဲ။ " ဧကရာဇ်လျိုရှစ်က ခနတိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
" ကျွန်တော်မျိုးတို့ မဟာယန်နိုင်ငံက " ဆရာသခင်က ခနရပ်ပြီး သက်ပြင်းချလိုက်သည်။ " သူတော်စင်ဘုရင်တစ်ပါးကို ကြိုဆိုရပါလိမ့်မယ်။ "
" သူတော်စင်ဘုရင်တစ်ပါး။ " ဧကရာဇ်လျိုရှစ်က ယုံကြည်ရန် ခက်ခဲနေသည်။
ရှေးခေတ်အချိန်များကတည်းက ဧကရာဇ်တစ်ပါး၏ အမြင့်ဆုံးဂုဏ်ယူမှုက သူတော်စင်ဘုရင်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
ဆရာသခင်က လင်းယွမ်ကို ထီးနန်းမတက်သေးမီ သူတော်စင်ဘုရင်တစ်ပါးအဖြစ် သတ်မှတ်ခဲ့လိမ့်မည်ဟု ဧကရာဇ်လျိုရှစ်က မမျှော်လင့်ထားပေ။
" အရှင်မင်းကြီး ဒီအစေခံ ထွက်သွားပါတော့မယ်။ " ဆရာသခင်က ဧကရာဇ် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ဧကရာဇ်လျိုရှစ်က သူ့ကို မတားဘဲ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူက သူ၏ လက်ကို ဝှေ့ရမ်းပြီး အစောင့်များနှင့် အစေခံများကို ထွက်သွားစေလိုက်သည်။ ထို့နောက် သူက ချန်ထျန်းခန်းမထဲတွင် တစ်ယောက်တည်းထိုင်ပြီး အတွေးနက်နေသည်။
အချိန်အတော်ကြာပြီးနောက် ချန်ထျန်းခန်းမထဲမှ ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။
" ဟားဟားဟား ငါ လျိုရှစ်ရဲ့ သားက သူတော်စင်ဘုရင်တဲ့ခါး။ "
" ဟားဟားဟား ကောင်းကင်က မဟာယန်ကို ကောင်းချီးပေးတာပဲ။ "
" ဟားဟားဟားဟားဟားဟားဟား "
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း