← Chapters

နတ်လက်နက်လော နတ်ဆိုးလက်နက်လော

Vol. 4 Ch. 69

နတ်လက်နက်လော နတ်ဆိုးလက်နက်လော

Vol. 4 Ch. 69

နာမည် - လျိုယွမ် (လင်းယွမ်)

အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါးစောင့်ကြပ်သူ

လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း

လက်ကျန်အချိန် - ၁၅၄နှစ်

အရှေ့နန်းတော်တွင် လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။ သူက ဤကမ္ဘာတွင် ခြောက်နှစ်ကြာသွားပြီဖြစ်၏။ ထို​ခြောက်နှစ်တွင် လင်းယွမ်၏ ဘဝက အလွန်သာယာနေပြီး လိုတရနေခဲ့သည်။

ခနစဉ်းစားပြီးနောက် လင်းယွမ်က အရှေ့နန်းတော်မှ ထွက်သွားသည်။ သူက အင်ပါယာနန်းတော်အတွင်းမှ သစ်သားမျှော်စင်တစ်ခု ရှေ့သို့ ရောက်သွားသည်။ ထိုနေရာတွင် အင်ပါယာအစောင့်များစွာ စောင့်ကြပ်နေကြသည်။

လင်းယွမ်က မရပ်ဘဲ မျှော်စင်၏ ဝင်ပေါက်သို့ တိုက်ရိုက်လမ်းလျှောက်သွားလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်။ "

" အိမ်ရှေ့စံမင်းသားကို အရိုအသေပေးပါတယ်။ "

အင်ပါယာအစောင့်များက လင်းယွမ်ကို အလွန်လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

လင်းယွမ်က အသက်ငါးနှစ်အရွယ်တွင် အိမ်ရှေ့စံမင်းသားအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူက အရှင်မင်းကြီး၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လေသည်။ ၎င်းက မဟာယန်နိုင်ငံသမိုင်းတလျှောက် အလွန်ရှားပါးလေသည်။

အကြီးဆုံးသားများပင် အရွယ်ရောက်ပြီးမှ အိမ်ရှေ့စံတင်မြှောက်ခြင်းခံရပြီး အိမ်ရှေ့စံဖြစ်လာလျှင်တောင် ဧကရာဇ်၏ စောင့်ကြည့်ခြင်းကို ခံရလေသည်။

အိမ်ရှေ့စံမင်းသား၏ တည်ရှိမှုက နန်းတွင်းအခြေအနေများကို တည်ငြိမ်စေလေသည်။ လင်းယွမ်က အလွန်ငယ်သေးသော်လည်း ဧကရာဇ်လျိုရှစ်က အုပ်ချုပ်မှုတွင် ပါဝင်စေပြီး အနာဂတ်ဧကရာဇ်အတွက် ပြင်ဆင်မှုများ ပြုလုပ်ပေးလေသည်။

လင်းယွမ်က သစ်သားမျှော်စင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုနေရာက အင်ပါယာနန်းတော်၏ တားမြစ်နေရာဖြစ်၏။ ထိုနေရာတွင် မဟာယန်နိုင်ငံ၏ စွမ်းအားအကောင်းဆုံး နည်းစနစ်များနှင့် နည်းလမ်းများ ရှိနေလေသည်။

လွန်ခဲ့နှစ်တွင် လင်းယွမ်က သစ်သားမျှော်စင်ထဲသို့ ဝင်ရန် ဧကရာဇ်လျိုရှစ်ဆီသို့ ခွင့်တောင်းခဲ့သည်။

ဧကရာဇ်လျိုရှစ်ကလည်း နှစ်ခါမတွေးဘဲ သဘောတူလိုက်သည်။ လင်းယွမ်က သူ၏ သား မဟာယန်နိုင်ငံ၏ အနာဂတ်ဧကရာဇ်ဖြစ်လေသည်။ ထို့အပြင် ဧကရာဇ်က လင်းယွမ်ကို စမ်းသပ်ချင်ခဲ့သည်။

လင်းယွမ်က အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူက မျှော်စင်ထဲမှ နက်နဲသော နည်းစနစ်များကို နားလည်နိုင်မှာလား။

သူက လင်းယွမ်၏ စပ်စုချင်စိတ်ကို ရပ်တန့်ရန် မျှော်လင့်ခဲ့လေသည်။ သို့သော် လင်းယွမ်က မဟာယန်နိုင်ငံ၏ နှစ်ထောင်ချီသက်တမ်းရှိသော နည်းစနစ်များကို ဖမ်းဆုပ်နိုင်ခဲ့သည်။

" ဒီကမ္ဘာရဲ့ ကျင့်ကြံခြင်းစနစ်..." လင်းယွမ်က ထောင့်တစ်နေရာတွင် အမှတ်တမဲ့ ထိုင်လိုက်သည်။ သူက စဉ်းစားရင်း အတွေးနက်နေသည်။

မဟာယန်နိုင်ငံ သို့မဟုတ် အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၆နိုင်ငံတွင် ကျင့်ကြံခြင်းစနစ်ကို အဆင့် ၇ဆင့် ခွဲခြားထားသည်။

၎င်းတို့မှာ ခန္ဓာသန့်စင်ခြင်း သိုင်းသမားအဆင့်၊ အရွတ်သန့်စင်ခြင်း သိုင်းတပည့်အဆင့်၊ အရေပြားသန့်စင်ခြင်း သိုင်းသခင်အဆင့်၊ အရိုးသန့်စင်ခြင်း သိုင်းဘုရင်အဆင့်၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း သိုင်ဧကရာဇ်အဆင့်နှင့် နောက်ဆုံး သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်တို့ ဖြစ်ကြသည်။

လင်းယွမ်၏ ခန့်မှန်းချက်အရ အသန်မာဆုံး သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်က သွေးနှင့်ချီကို ပေါင်းစပ်ခြင်းဖြစ်ပြီး မူလကမ္ဘာရှိ ဒုတိယအလွှာ အထွတ်အထိပ်၏ ခွန်အားနှင့် ညီမျှလေသည်။

သို့သော် လင်းယွမ်က တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိလေသည်။

အလယ်ပိုင်းလွင်ပြင် ၃၆နိုင်ငံ၏ ကျင့်ကြံခြင်းစနစ်ကို ကြည့်လျှင် ခန္ဓာကိုယ်ကို သန့်စင်ပြီး သွေးနှင့်ချီကို အားကောင်းစေခြင်းဖြစ်သည်။ စိတ်ဝိညာဉ်နှင့် ပက်သက်၍ အနည်းငယ်မျှ မရှိပေ။

လင်းယွမ် ပထမဆုံးဆင်းသက်ခဲ့သော ကမ္ဘာပင် မဟာဆရာသခင်အဆင့်တွင် စိတ်ဝိညာဉ်စွမ်းအားကို အသုံးနိုင်နေပြီဖြစ်သည်။

" လက်နက်စစ်သည် " လင်းယွမ်က တီးတိုးရေရွတ်လိုက်သည်။

သိုင်းသမားအဆင့်မှ သိုင်းသူတော်စင်အဆင့်ထိ ကျင့်စဉ်စနစ်က သာမန်လူများ မထိတွေ့နိုင်သော အရာဖြစ်လေသည်။ ဤကမ္ဘာကြီးတွင် နောက်ထပ် ကျင့်ကြံခြင်း စနစ်တစ်ခုလည်း ရှိနေသည်။ ၎င်းက လက်နက်စစ်သည်တစ်ယောက် ဖြစ်လာရန်ဖြစ်သည်။ နတ်လက်နက်က ဤကမ္ဘာကြီးတွင် အသန်မာဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်၏။

အလယ်ပိုင်းလွင်ပြင် ၃၆နိုင်ငံတွင် နိုင်ငံတိုင်းက နိုင်ငံကာကွယ်ရေး နတ်လက်နက်တစ်ခုစီ ပိုင်ဆိုင်ကြလေသည်။ နတ်လက်နက်များ၏ စွမ်းအားက လူသားများ စိတ်ကူးနိုင်သည်ထက် ကျော်လွန်လေသည်။

နတ်လက်နက် ကိုင်ဆောင်ထားသူတစ်ယောက်က ၎င်း၏ အော်ရာအမျှင်တစ်ခုဖြင့်ပင် သိုင်းသူတော်စင်အဆင့် ဆယ်ယောက်၊ အယောက်တစ်ရာကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိလေသည်။

ထို့ကြောင့် ဧကရာဇ်လျိုရှစ်က လင်းယွမ် သူတော်စင်ဘုရင်တစ်ပါး ဖြစ်လာနိုင်သည်ဟု ကြားသောအခါ စိတ်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

မွေးရာပါ ခန္ဓာကိုယ်က မည်မျှ သန်မာသည်ဖြစ်စေ သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်သာ ဖြစ်လာနိုင်လေသည်။

သွေးသန့်စင်ခြင်း သိုင်းသူတော်စင်တစ်ယောက်က လက်နက်စစ်သည်တစ်ယောက်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

မဟာယန်နိုင်ငံက နတ်လက်နက်တည်ရှိနေသရွေ့ မည်သည့်သိုင်းသူတော်စင်မှ ကျူးကျော်ရဲမည်မဟုတ်ပေ။ သို့သော် လူတိုင်းက လက်နက်စစ်သည်တစ်ယောက် ဖြစ်မလာနိုင်ပေ။ လက်နက်စစ်သည်တစ်ယောက် ဖြစ်လာရန် နတ်လက်နက်၏ အသိအမှတ်ပြုမှုကို လိုအပ်လေသည်။

ထို့အပြင် လက်နက်စစ်သည်များက အသက်ရှည်ရှည်မနေရပေ။ နှစ်လေးဆယ် အသက်ရှင်နိုင်သော လက်နက်စစ်သည်ပင် ရှားပါးလေသည်။ထို့ကြောင့် အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၆နိုင်ငံတွင် လက်နက်စစ်သည် တစ်ယောက်သာ ရှိလေသည်။ ထိုသို့ဆိုလျှင်တောင် တစ်ခါတစ်ရံ လက်နက်စစ်သည်များ လစ်လပ်သွားလေသည်။

မဟာယန်နိုင်ငံက လက်ရှိ ထိုကပ်ဆိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် နတ်လက်နက် တည်ရှိမှုနှင့်အတူ နိုင်ငံ ၃၆ နိုင်ငံ ချုပ်ဆိုထားသော စာချုပ်ကြောင့် ရေတိုတွင် ပြဿနာရှိမည်မဟုတ်ပေ။

" လက်နက်စစ်သည်တစ်ယောက်ရဲ့ ခွန်အားက နတ်လက်နက်က လာတာပဲ။ အဲ့ဒါရဲ့ အော်ရာမျှင်တစ်ခုက သိုင်းသူတော်စင်တစ်ရာကို အဆုံးသတ်နိုင်တယ်။ နတ်လက်နက်ရဲ့ စွမ်းအားက တတိယအလွှာ ဒါမှမဟုတ် စတုတ္ထအလွှာတောင် ဖြစ်လောက်တယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

သူ၏ အသိအမြင်များနှင့် လက်နက်စစ်သည်များမှာ ရုပ်သေးများသာ ဖြစ်သည်ကို သိလေသည်။ အစစ်အမှန်စွမ်းအားက နတ်လက်နက်ကိုယ်တိုင်သာ ဖြစ်သည်။

လင်းယွမ်က မတ်တပ်ရပ်ပြီး သစ်သားမျှော်စင်ထဲမှ စာအုပ်စင်တစ်ခုဆီသို့ သွားလိုက်သည်။ သူက ထိုထဲမှ စုတ်ပြဲနေသော စာအုပ်ဟောင်းတစ်ခုကို ယူလိုက်၏။ ထိုထဲတွင် နတ်လက်နက်များနှင့် ပက်သက်သည့် အချက်အလက်အနည်းငယ် ပါဝင်လေသည်။

လင်းယွမ်က ဧကရာဇ်လျိုရှစ်ကို နတ်လက်နက်များအကြောင်း မေးမြန်းခဲ့သော်လည်း ထိုအကြောင်းရောက်သည်နှင့် လေးနက်သွားပြီး စကားလွှဲသွားလေ့ရှိသည်။ သူက သူ၏ သား လင်းယွမ်ကို နတ်လက်နက်များအကြောင်း မသိစေချင်သေးပုံရသည်။

လင်းယွမ်က စာရွက်များကို ဖြည်းညင်းစွာ လှန်ပြီး ဖတ်လိုက်သည်။

" အလယ်ပိုင်းလွင်ပြင်ရဲ့ နိုင်ငံ ၃၆ခုလုံးမှာ နတ်လက်နက်တစ်ခုစီ စောင့်ကြပ်နေတယ်။ တစ်လောကလုံးက အေးချမ်းနေပေမယ့် နတ်လက်နက်တစ်ခုစီအတွက် လိုအပ်တဲ့ အရင်းအမြစ်က ကြီးမားလှတယ်။ "

" လိုအပ်ချက်တွေ မပြည့်ရင် နတ်လက်နက်တွေက သူတို့ဘာသာသူတို့ နိုးထလာပြီး ယစ်ပူဇော်ဖို့ ရှာဖွေကြလိမ့်မယ်။ အဲ့ချိန်ရောက်ရင် သတ္တဝါအားလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။ "

" အဲ့ဒါတွေက တကယ် နတ်လက်နက်တွေလား ငါသိချင်မိတယ်။ မဟုတ်ရင်..." စာအုပ်ထဲမှ အကြောင်းအရာအချို့ကို ဖျက်ဆီးထားပြီးဖြစ်သည်။ သို့သော် လင်းယွမ်က အခြားအကြောင်းအရာများကို ဖတ်ပြီး အချို့ကို ခန့်မှန်းနိုင်လေသည်။

" အဲ့ဒါတွေက တကယ် နတ်လက်တွေ မဟုတ်ရင် နတ်ဆိုးလက်နက်တွေပဲ။ " လင်းယွမ်က စာအုပ်ကို ပိတ်ပြီး စာအုပ်စင်တွင် ပြန်ထားလိုက်သည်။

သစ်သားမျှော်စင်ထဲတွင် စာအုပ်ပေါင်း တစ်သောင်း သို့မဟုတ် တစ်သိန်းကျော် ရှိလေသည်။ ထို့အပြင် ထိုစာအုပ်က အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသောကြောင့် အခြားလူများ ရှာတွေ့မည်မဟုတ်ပေ။

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် မျှော်စင်ထဲမှ သိုင်းပညာများနှင့် လျို့ဝှက်နည်းစနစ်များကို လေ့လာခြင်းကြောင့်သာ မဟုတ်လျှင် ထိုစာအုပ်ကို ရှာတွေ့မည်မဟုတ်ပေ။

" နတ်လက်နက် " လင်းယွမ်က မျက်မှောင်ကြုတ်နေ၏။

နတ်လက်နက်များ၏ မူလကို မျှော်စင်ထဲတွင် မှတ်တမ်းမရှိပေ။ ၎င်းက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းမှ ​ရှေးခေတ်အချိန်များနှင့် ပက်သက်နေလေသည်။ နတ်လက်နက်များအားလုံးက ထိုအချိန်က မွေးဖွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ယနေ့အခြေအနေကို ဘယ်လိုဖန်တီးခဲ့လဲ ဘယ်လိုရောက်လာလဲ ဘယ်သူမှ မသိကြပေ။

နှစ်ပေါင်းတစ်သောင်းက အလွန်ရှည်ကြာလှသည်။ မူလကမ္ဘာက ကြယ်တာယာခေတ်သို့ ရောက်နေပြီဖြစ်သောကြောင့် ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက ဒေတာများနှင့် ရှိနေလေသည်။ သို့သော် လင်းယွမ်ယခုရှိနေသော ကမ္ဘာတွင် စစ်ပွဲ သို့မဟုတ် ကပ်ဘေးများပင် အချိန်ကြာလာသည်နှင့်အမျှ မေ့လျော့သွားကြသည်။

" ဒီကမ္ဘာ..." လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

နတ်လက်နက်များကို အားဖြည့်ပေးသောအရာမှာ သွေးနှင့်ချီများပင် ဖြစ်သည်။ ထို့အပြင် ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က ခန္ဓာကိုယ်ကို လေ့ကျင့်ပြီး သွေးနှင့်ချီကို မြှင့်တင်ပေးခြင်းဖြစ်သည်။

ထိုအချက်နှစ်ချက်ကို ခွဲခြားကြည့်လျှင် သာမန်သာ ဖြစ်သော်လည်း ပေါင်းစပ်ကြည့်လျှင်....

လင်းယွမ်က ချက်ချင်း နောက်ထပ် တစ်လွှာကို ခံစားမိလိုက်သည်။

" ဒီကမ္ဘာက လူတွေက နတ်လက်နက်တွေရဲ့ ယဇ်ကောင်တွေနဲ့ တူတယ်။ "

" နိုင်ငံ ၃၆နိုင်ငံက ခြံ ၃၆ခုနဲ့ တူပြီး လူတွေက နတ်လက်နက်တွေရဲ့ စားသောက်ခြင်းခံရဖို့ စောင့်ဆိုင်းနေတဲ့ သိုးတွေလိုပဲ။ " လင်းယွမ်က တွေးလိုက်သည်။

သိုင်းသမားအဆင့်မှ သိုင်းသူတော်စင်အဆင့်ထိ ကျင့်ကြံခြင်းစနစ်က နတ်လက်နက်များမှ လာခြင်းဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ထိုမျှ ထူးထူးခြားခြား တိုက်ဆိုင်နေမည်မဟုတ်ပေ။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters