← Chapters

လက်နက်စစ်သည်တစ်ယောက်ကို ဖိနှိပ်နိုင်တယ်

Vol. 4 Ch. 70

လက်နက်စစ်သည်တစ်ယောက်ကို ဖိနှိပ်နိုင်တယ်

Vol. 4 Ch. 70

လုံဟုကမ္ဘာတွင် ကျန်းဝူဓားက ဓားအသိကို ပိုင်ဆိုင်လေသည်။

သို့သော် ဤကမ္ဘာတွင် နတ်လက်နက်များက လူသားများကို မွေးမြူပြီး စားသုံးကြလေသည်။ ၎င်းက စိတ်အသိတင်မဟုတ်ဘဲ အသိဉာဏ်ပင် ဖြစ်၏။

နတ်လက်နက် ၃၆လက်က စတုတ္ထအလွှာ စွမ်းအားကြီးပုဂ္ဂိုလ် ၃၆ယောက်နှင့် ညီမျှလေသည်။ သူတို့ စုစည်းလိုက်လျှင် လူသားမျိုးနွယ်ကို ကိတ်မုန့်လှီးသကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင်ပေလိမ့်မည်။

သို့သော် နတ်လက်နက် ၃၆လက်က ထိုကဲ့သို့ မလုပ်ပေ။ သူတို့က ရေရှည်အတွက် အစီအစဉ်ဆွဲခဲ့ကြလေသည်။ သူတို့က သူတို့၏ ကိုယ်စားလှယ်များကိုပင် ရှာဖွေခဲ့ကြပြီး ထိုလူများမှာ နိုင်ငံ ၃၆နိုင်ငံမှ တော်ဝင်မိသားစုများပင် ဖြစ်သည်။ သူတို့က ယဇ်ကောင်များကို စီမံခန့်ခွဲစေခဲ့သည်။ အချိန်ကျလာသည်နှင့် သူတို့က သင့်တော်သော ယဇ်ကောင်များကို စားသုံးကြလေသည်။ ၎င်းက လုံးဝ ပြည့်စုံသော အစီအစဉ်တစ်ခု ဖြစ်၏။

ထိုအချက်များကြောင့် လင်းယွမ်က ထိုနတ်လက်နက်များမှာ အသိဉာဏ်တင်မဟုတ်ဘဲ ထိုထက် ပိုအဆင့်မြင့်သည်ကို သေချာသွားခဲ့သည်။

" ဒါပေမယ့် ငါက အခု အန္တရာယ်မရှိသေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

လူသားအားလုံးက ယဇ်ကောင်များဖြစ်လျှင်တောင် သူတို့ကြားတွင်လည်း အဆင့်များရှိကြလေသည်။ ထို့အပြင် လင်းယွမ်က မဟာယန်နိုင်ငံ၏ တော်ဝင်မိသားစုမှ ဖြစ်သကဲ့သို့ နတ်လက်နက်၏ ကိုယ်စားလှယ်ဖြစ်ပြီး သူ၏ အဆင့်အတန်းက အမြင့်ဆုံး ဖြစ်လေသည်။

သူက စားသောက်ခံရခြင်းမှ မလွတ်မြောက်နိုင်လျှင်တောင် နောက်ဆုံးမှ စားခံရပေလိမ့်မည်။

" စွမ်းအား စွမ်းအား လုံလောက်တဲ့ စွမ်းအားသာ ရှိရင် နတ်လက်နက်တစ်လက်ဖြစ်နေရင်တောင် လက်သီးတစ်ချက်နဲ့ ဖျက်ဆီးပစ်နိုင်လိမ့်မယ်။ " လင်းယွမ်က သက်ပြင်းချပြီး သစ်သားမျှော်စင်ထဲမှ ထွက်ခွာသွားသည်။

ဤကမ္ဘာရှိ သက်ရှိများ၏ ကျင့်ကြံခြင်းစနစ်က နတ်လက်နက်များ၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသည်။ မည်မျှပင် ပါရမီရှိစေ အဆုံးသတ်က သိုင်းသူတော်စင်အဆင့်သာ ရှိလေသည်။

နတ်လက်နက်များ၏ အမြင်တွင် သူတို့က အရသာရှိသော အစားအစာများသာ ဖြစ်ကြလေသည်။

သို့သော် လင်းယွမ်က ကွဲပြားလေသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက ဤကမ္ဘာမှ လာခြင်းမဟုတ်ဘဲ နတ်လက်နက်များ၏ လွှမ်းမိုးမှုအောက်တွင် ရှိမနေပေ။

အရှေ့နန်းတော်သို့ ပြန်ရောက်သောအခါ လင်းယွမ်က ထိုင်လိုက်သည်။

" ဒီနေ့ ငါ့ရဲ့ ခွန်အားအားလုံးကို ပြန်ရအောင် လုပ်ရမယ်။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။

ဤကမ္ဘာသို့ စရောက်ပြီး လွန်ခဲ့သော ခြောက်နှစ်ကတည်းက လင်းယွမ်က ဆေးဝါးအမျိုးမျိုးကို စားသောက်ခဲ့သည်။ အမှန်တော့ လင်းယွမ်၏ ကျင့်ကြံခြင်းအမြန်နှုန်းနှင့် သူ၏ စွမ်းအားများကို ပြန်ရရန် အများဆုံး ငါးနှစ်သာ လိုအပ်လေသည်။

သို့သော် ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က လင်းယွမ်ကို ထူးဆန်းမှု ပေးခဲ့လေသည်။

ခန္ဓာသန့်စင်ခြင်း၊ အရွတ်သန့်စင်ခြင်း၊ အရေပြားသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း၊ ခြင်ဆီသန့်စင်ခြင်းနှင့် နောက်ဆုံး သွေးသန့်စင်ခြင်း။ အနည်းငယ် ထူးဆန်းသော်လည်း ၎င်းတို့က ခန္ဓာကိုယ်တည်ဆောက်ရာတွင် ပြည့်စုံလေသည်။

၎င်းက ခန္ဓာကိုယ်၏ အတွင်းအပြင် အစိတ်အပိုင်းအားလုံးကို သန့်စင်စေသည်။ ထို့ကြောင့် လင်းယွမ်က ထိုကျင့်ကြံခြင်းစနစ်ကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ထဲသို့ ပေါင်းစည်းခဲ့ခြင်းက သူ့ကို နောက်တစ်နှစ် ကြာသွားစေခဲ့သည်။

" ရောက်ခါနီးပြီ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် စည်းချက်ညီသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။

နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က တတိအလွှာ ခွန်အားကို ပြန်လည်ရရှိခဲ့သည်။ ထို့အပြင် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက ယခင် မူလကမ္ဘာမှ ခွန်အားထက် ကျော်လွန်သွားခဲ့သည်။ သူက လိုလန်ဟီဆီမှ လေ့လာခဲ့သော ခန္ဓာအသွင်ပြောင်းလဲခြင်းနည်းစနစ်ကိုလည်း အောင်မြင်သွားပြီဖြစ်သည်။

" ဖြည်းဖြည်းသွားတာပေါ့။ " လင်းယွမ်၏ အကြည့်က တည်ငြိမ်နေသည်။

သူ၏ ခန့်မှန်းချက်အရ နိုင်ငံ ၃၆နိုင်ငံမှ နတ်လက်နက်များ၏ ခွန်အားက အနည်းဆုံး စတုတ္ထအဆင့် သို့မဟုတ် အထွတ်အထိပ် ခွန်အား ရှိပေလိမ့်မည်။ နတ်လက်နက်များနှင့် နှိုင်းယှဉ်ပါက လက်ရှိလင်းယွမ်က အားနည်းနေဆဲ ဖြစ်သည်။

တစ်နေ့တွင် လင်းယွမ်က ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် သူ၏ အမခုနှစ်က သူ့အား စောင့်နေသည်ကို တွေ့လိုက်ရသည်။ သူမက လင်းယွမ်၏ ဖအေတူအမေကွဲ အမဖြစ်ပြီး မဟာယန်နိုင်ငံ၏ သတ္တမမင်းသမီးဖြစ်လေသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ကောင်းမွန်ပြီး မကြာခန စကားပြောကြလေသည်။

" ရှောင်ယွမ် ငါ အခြားညီမတွေနဲ့ နတ်လက်နက်ဘိုးဘေးနယ်မြေကို သွားမလို့ပဲ။ " အမခုနှစ်၏ အသံက စိုးရိမ်မှုများ ပါဝင်နေသည်။

" နတ်လက်နက်ဘိုးဘေးနယ်မြေ " လင်းယွမ်၏ အမူအရာက မပြောင်းလဲပေ။

နတ်လက်နက်ဘိုးဘေးနယ်မြေက မဟာယန်နိုင်ငံ၏ နိုင်ငံကာကွယ်ရေးနတ်လက်နက် အိပ်စက်နေသော နေရာဖြစ်သည်။

အမခုနှစ်နှင့် အခြားမင်းသမီးများက နတ်လက်နက်ဘိုးဘေးနယ်မြေသို့ သွားသည့်အကြောင်းရင်းမှာ လက်နက်စစ်သည်နေရာနှင့် ပက်သက်နေပေလိမ့်မည်။

လက်နက်စစ်သည်တစ်ယောက် ဖြစ်လာရန် နတ်လက်နက်၏ အသိအမှတ်ပြုခြင်းကို အရင်ဆုံး ရရှိရန် လိုအပ်လေသည်။ ယခင်မှတ်တမ်းများအရ မဟာယန်နိုင်ငံ၏ လက်နက်စစ်သည်များက တော်ဝင်မျိုးနွယ်ကြားမှ ရွေးချယ်ခြင်း ဖြစ်သည်။ ထို့အပြင် လက်နက်စစ်သည်များ၏ တိုတောင်းသော သက်တမ်းက လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။

လက်ရှိ ဧကရာဇ်က ရွေးချယ်စရာရှိလျှင် သူ၏ ကလေးများကို လွှတ်မည်မဟုတ်ပေ။ သို့သော် ယခု မဟာယန်နိုင်ငံက လက်နက်စစ်သည်နေရာ လစ်လပ်နေခဲ့သည်။ အခြားတော်ဝင်မျိုးနွယ်များကို ပို့လွှတ်ခဲ့သော်လည်း တစ်ယောက်မှ နတ်လက်နက်၏ ရွေးချယ်ခြင်း မခံခဲ့ရပေ။ ဤအခြေအနေတွင် ဧကရာဇ်လျိုရှစ်က သူ၏ ကလေးများကို လွှတ်ရန်သာ ရှိတော့လေသည်။

မှန်၏။ သမီးများသာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်သော လင်းယွမ်က လက်နက်စစ်သည်တစ်ယောက် ဖြစ်လာရန် မဖြစ်နိုင်ပေ။

လက်နက်စစ်သည်များက အသက်မရှည်ကြသည့်အပြင် နတ်လက်နက်၏ အနီးတွင် ရှိနေရန်လည်း လိုအပ်လေသည်။ ထို့ကြောင့် သူတို့က ထီးနန်းကို ဆက်ခံရန် မဖြစ်နိုင်ပေ။

" ဘာပြဿနာမှမရှိလောက်ပါဘူး။ " သူက ပြောလိုက်သည်။

" ငါလည်း အဲ့လိုမျှော်လင့်တာပဲ။ " သူအမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်။

လက်နက်စစ်သည်များ ဘာဖြစ်သွားလဲ သူမ မသိသော်လည်း နှစ်သုံးဆယ် သို့မဟုတ် နှစ်လေးဆယ်ကြာတိုင်း မဟာယန်နိုင်ငံက လက်နက်စစ်သည်တစ်ယောက်ကို ရွေးချယ်လေသည်။ သို့သော် အဟောင်းများ ရှိလျှင် အသစ်များ ရွေးချယ်ရန် မဖြစ်နိုင်သောကြောင့် ယခင် လက်နက်စစ်သည်များ သေဆုံးသွားပေလိမ့်မည်။

နေ့တစ်ဝက်ကြာပြီးသောအခါ သူ၏ အမက ငိုပြီး လင်းယွမ်ဆီသို့ ရောက်လာခဲ့သည်။

" ​မောင်လေး ငါအရွေးခံလိုက်ရတယ်။ " သူမ၏ အသံက တုန်ယင်နေပြီး ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

မကြာမီ အင်ပါယာအစောင့်များ ရောက်လာကြပြီး သူမကို ခေါ်သွားခဲ့သည်။ သူမက မခုခံပေ။ နတ်လက်နက်၏ ရွေးချယ်ခံရပြီးနောက် သူမ၏ ကံတရားက သတ်မှတ်ပြီး ဖြစ်လေသည်။ ဧကရာဇ်ပင် ၎င်းကို မပြောင်းလဲနိုင်ပေ။ သူမ၏ ရည်ရွယ်ချက်မှာ လင်းယွမ်ကို နောက်ဆုံးအကြိမ် လာတွေ့ခြင်းသာ ဖြစ်လေသည်။

ထို့အပြင် လက်နက်စစ်သည်တစ်ယောက် ဖြစ်လာသည်နှင့် နတ်လက်နက်ကို အသက်မသွင်းရမချင်း နတ်လက်နက်ဘိုးဘေးနယ်မြေမှ ထွက်သွားရန် အခွင့်အရေး မရှိပေ။

" နတ်လက်နက်တွေက သန်မာတဲ့ ဝိညာဉ်ကို ပိုနှစ်သက်တာလား။ " လင်းယွမ်က သူ၏ အမ ထွက်သွားသည်ကို ကြည့်ရင်း တွေးနေသည်။

အခြားအမများနှင့်ယှဉ်လျှင် သူအမ၏ စိတ်ဝိညာဉ်က မွေးရာပါသန်မာလေသည်။

သူတို့က သန်မာတဲ့ ဝိညာဉ်တွေကို ဘာလို့နှစ်သက်တာလဲ။ သူတို့က အရသာပိုရှိလို့လား။

နတ်လက်နက်များအတွက် သွေးနှင့်ချီသန်မာသော ကျင့်ကြံသူများက သာမန်အစားအသောက်များ ဖြစ်လေသည်။ သို့သော် သန်မာသော စိတ်ဝိညာဉ်တစ်ခုက စားတော်ပွဲတစ်ခုကဲ့သို့ ဖြည်းညင်းစွာ စားသောက်ခြင်း ဖြစ်သည်။ ၎င်းက လက်နက်စစ်သည်များ အသက်မရှည်ရသည့် အကြောင်းရင်း ဖြစ်လေသည်။

လင်းယွမ်၏ အတွေးများက တုန်လှုပ်သွား၏။ နတ်လက်နက်များက ကျင့်ကြံခြင်း စနစ်တွင် စိတ်ဝိညာဉ်လေ့ကျင့်မှုများ မပါဝင်သည့် အကြောင်းရင်းကို သူ ခန့်မှန်းမိသွားသည်။

ခန္ဓာနှင့် စိတ်ဝိညာဉ် နှစ်ခုလုံး ကျင့်ကြံလျှင် သိုင်းသူတော်စင်များကို ဖိနှိပ်နိုင်သော လူများ ထွက်ပေါ်လာပေလိမ့်မည်။ အချိန်ကြာလာလျှင် သူတို့က နတ်လက်နက်များ၏ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်လေသည်။

" ယွမ်အာ မင်းရဲ့ အမက နတ်လက်နက်ရဲ့ ရွေးချယ်ခံရတာ ဂုဏ်ယူစရာပါ။ အဲ့ဒါက ငါတို့ မဟာယန်နိုင်ငံအတွက်လည်း ကောင်းတဲ့အရာပဲ။ " ဧကရာဇ်လျိုရှစ်က လင်းယွမ်ကို ညင်သာစွာ ပြောလိုက်သည်။

၎င်းက မဟာယန်နိုင်ငံ၏ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့သော်လည်း ဧကရာဇ်လျိုရှစ်က စိတ်မကောင်းပေ။ သူက လက်နက်စစ်သည်တစ်ယောက်၏ အဓိပ္ပါယ်ကို သိလေသည်။

အခြားတော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်လျှင် သူက မျက်တောင်တစ်ချက် ခတ်မည် မဟုတ်ပေ။ ယခု သူ၏ သမီးအရင်း ဖြစ်လေသည်။

သို့သော် ဧကရာဇ်လျိုရှစ်က နောင်တမရပေ။ မဟာယန်နိုင်ငံက သဘောတူညီမှုစာချုပ်ကြောင့် လက်နက်စစ်သည်မရှိခြင်းက ပြဿနာများ မဖြစ်ခဲ့ပေ။

လက်နက်စစ်သည်ရှိသော နိုင်ငံနှင့် မရှိသော နိုင်ငံက မတူညီပေ။ အလယ်ပိုင်းလွင်ပြင်ရှိ အခြားအင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရာတွင် မဟာယန်နိုင်ငံက အားနည်းသောကြောင့် တရားမျှတမှုမရှိသော စာချုပ်အချို့ကိုပင် လက်မှတ်ရေးထိုးရပေလိမ့်မည်။

လက်နက်စစ်သည်တစ်ယောက်က နတ်လက်နက်ကို အသက်သွင်းနိုင်သည့်အပြင် အရေးပါသော အဟန့်အတားတစ်ခုလည်း ဖြစ်လေသည်။

ယခု သတ္တမမင်းသမီးက လက်နက်စစ်သည် ဖြစ်လာပြီးနောက် မဟာယန်နိုင်ငံ၏ အားနည်းချက်ကို ဖယ်ရှားပေးနိုင်ခဲ့သည်။ ထို့ကြောင့် လာမည့် နှစ်သုံးဆယ် လေးဆယ်အတွင်း မည်သည့်ပြဿနာမှ ရှိလာမည်မဟုတ်ပေ။

သတ္တမမင်းသမီးရဲ့ ကိုယ်ပိုင်ခံစားချက်ကတော့....

" ယွမ်အာ မင်းနဲ့ သတ္တမသမီးတော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာ အဖေသိတယ်။ ဒါပေမယ့် ငါတို့က လက်နက်စစ်သည်တစ်ယောက် မွေးထုတ်ပေးနိုင်ရင် စွန့်လွှတ်ရတာ ထိုက်တန်ပါတယ်။ " သူက နှစ်သိမ့်လိုက်သည်။

ဧကရာဇ်လျိုရှစ်က လင်းယွမ်နှင့် သတ္တမမင်းသမီးတို့ကြားမှ ဆက်ဆံရေးကို သိသောကြောင့် လင်းယွမ်ကို လာဖျောင့်ဖျခြင်း ဖြစ်လေသည်။

" ခမည်းတော် တကယ်တော့..." လင်းယွမ်က ခန တိတ်ဆိတ်သွား၏။

" တကယ်တော့ ဘာလဲ။ " ဧကရာဇ် လျိုရှစ်က အနည်းငယ် စိတ်လှုပ်ရှားသွား၏။ သူက ထိုကိစ္စအတွက် လင်းယွမ်၏ အတွေးများကို သိချင်လေသည်။ ၎င်းက လင်းယွမ်အပေါ် ဧကရာဇ်၏ စမ်းသပ်ချက်လည်း ဖြစ်၏။

လင်းယွမ်က သတ္တမမင်းသမီးကို မစွန့်လွှတ်နိုင်သေးလျှင် ဧကရာဇ်လျိုရှစ်က အလွန်စိတ်ပျက်သွားပေလိမ့်မည်။ သာမန်လူများက မောင်နှမပက်သက်မှုများကို တန်ဖိုးထားနိုင်သော်လည်း ဧကရာဇ်ကတော့ မလုပ်နိုင်ပေ။

ဧကရာဇ်တစ်ပါးက ကိုယ်ပိုင်ခံစားချက်များကြောင့် ဆုံးဖြတ်ချက်များ ယိမ်းယိုင်သွားလျှင် တစ်နိုင်ငံလုံး ကပ်ဘေးထဲ ကျရောက်သွားပေလိမ့်မည်။ မဟာယန်နိုင်ငံ၏ အနာဂတ် ဧကရာဇ်တစ်ပါးအနေဖြင့် လင်းယွမ်က မဟာယန်နိုင်ငံ၏ အကျိုးစီးပွားကို အဓိကကြည့်ရပေလိမ့်မည်။

မဟာယန်နိုင်ငံ၏ အနာဂတ်ကို ဆယ်စုနှစ်အချို့ကြာအောင် ထိန်းထားနိုင်လျှင် ဧကရာဇ်လျိုရှစ်က မင်းသမီးတစ်ပါးမဟုတ် ဆယ်ပါးဆိုလည်း စွန့်လွှတ်နိုင်လေသည်။

" တကယ်တော့ လက်နက်စစ်သည်ဆိုတာ မလိုပါဘူး။ " လင်းယွမ်က ဧကရာဇ်လျိုရှစ်ကို ကြည့်လိုက်သည်။ " သားတော်ကို အချိန်သာပေးပါ။ သားတော် လက်နက်စစ်သည်တစ်ယောက်ကို ဖိနှိပ်နိုင်ပါလိမ့်မယ်။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters