စစ်မှန်တဲ့ အကြောင်းပြချက်..
Vol. 18 Ch. 256
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။
မှတ်သားမူတစ်ခု ...အဲဒီ ရွှေရောင် အကာ အကွယ်က တကယ်တော့ ပျက်ပြားခြင်း အဆင့် အိပ်မက်ဆိုး သားရဲ ကို ပုံတူ ကူးထားတာ ပေါ့။
ဘယ်လို သားရဲကများ အကာအကွယ် ပုံစံ ရှိနေ ရတာလဲ။
သို့ပေမယ့် ဒါက အကာအကွယ် တစ်ခုနဲ့ တူနေတာကြောင့် သားရဲ ကလည်း အကာကွယ်နဲ့ တူရမယ်လို့ မဆို လို ပါဘူး။အဓီက အချက်က ဒီအကာအကွယ်ကို သတ္တု အရည်တွေနဲ့ ပြုလုပ်ထားတယ် ဆို တာပါ။သတ္တု အရည်တွေက စီးဆင်းပြီး ရွှေ့လျား နေခဲ့ပါတယ်။ဒါက ဂန်လောင် ရဲ့ ခန္တာ ကိုယ် မှာ ဒုတိယ အရည်ပြား လိုတောင် ရှိနေခဲ့တယ်။
မပြောင်းလဲတဲ့ တစ်ခုတည်းသော အရာက သူ့ရဲ့ မှန်ပုံသဏ္ဌာန် မျက်နှာပါပဲ။
ဒီ သက်ရှိသတ္တု ကြီး က အမှန်တော့ မှတ်သားမူ တစ်ခု မဟုတ်ပဲ ထပ်တူညီမူ တစ်ခုဖြစ်နေမယ်ဆိုတာ မသိနိုင် တာတော့ မဟုတ်ပေ။
နစ်ဖီကို ကြည့်လိုက်ပြီး ဆန်နီ မေးလိုက်တယ်။
" နင် ဒါကို ဘယ်လို များသိသွား ရတာလဲ"
သူမ ခနလောက် တွေဝေနေ ပြီးကာမှ ပြောလိုက်တယ်။
"ရဲတိုက် ထဲ မှာ ငါတို့ ရဲ့ သူလျို ရှိနေတယ်ဆို တာ နင်သိထားပြီး ပြီမလား ။သူမက ငါတို့ ကို ပြောတာပဲ"
ထပ်ပြီးတော့ ဆန်းကြယ်တဲ စပိုင် ပဲလား ။ဒီတစ်ယောက် က ရဲတိုက်အရှင် ရဲ့ နောက်လိုက် တွေထဲမှာ အတော်လေး အဆင့်အတန်း မြင့်တယ်ဆို တာကို ဆန်နီ ပိုပြီး သေချာ သွား ခဲ့ပါပြီ။သူနဲ့ အရမ်းကို နီးကပ်တဲ့ လူပဲ ဒီလို အရေးကြီး တဲ့ အရာမျိုးကို သိပါလိမ့်မယ်။
တကယ်တော့ ဂန်လောင်က ဒီလို အရေးကြီးတဲ့ အရာ မျိုးကို ဘယ်သူ့ကို မှ ပေးမသိ ဘူးလို့တောင် ဆန်နီ ထင် ထားခဲ့ တာပါ။
ဂန်လောင်ရဲ့ အယုံကြည်ရဆုံး သူက ဘာလို့ သူ့ရဲံ ရန်သူ တွေကို ကူညီ ပေးနေ တာလဲ။ဒါက ရဲတိုက်အရှင် ကိုယ်တိုင် စနစ်တကျ စီစဥ်ထားတဲ့ ထောင်ခြောက် တစ်ခုလား။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို မျက်မှောင်ကျုတ်ကာ ကြည့်ပြီး မေးလိုက်တယ်။
"နင့်ရဲ့ သူလျို က ယုံကြည်လို့ ရော ရလို့လား"
တကယ်လို့ သူလျိုအကြောင်း သူခန့်မှန်းထားတာသာ မှန်ကန်မယ်ဆို ရင် အခြေအနေ တွေက ပိုပြီး ရှုပ်ထွေးလာပါပြီ။
သူမ အတော်ကြာအောင် တိတ်ဆိတ် နေပြီးကာမှ ပြန်ဖြေလိုက်တယ်။
"ယုံကြည်မူလား ။သိပ်ပြီး မယုံရဘူး လေ ...တကယ်တော့ လုံးဝပဲ။ဒါပေမဲ့ ငါတို့ ရထားတဲ့ အချက်အလက် ကိုတော့ ယုံကြည်လို့ ရတယ်"
သူ မျက်ခုံး ပင့်လိုက်ပြီး
" ဘာလို့ လဲ"
နစ်ဖီ ပုခုံးကို တွန့်လိုက် ပြီး မတူညီစွာ ပြန်ဖြေလိုက် ပါတယ်။
"ဘာလို့လဲ ဆိုတော့ ဒီမှာ ရှိတဲ့ လူတွေကို ကျိန်စာသင့် နယ်မြေကနေ ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အခွင့် အရေး မို့လို့ ပေါ့။ပြီး တော့ ဂန်လောင် ကတော့ ဒီလို မဟုတ်ဘူးလေ ။
'စိတ်ဝင်စားစရာပဲ..'
ဒီတော့ ဂန်လောင်ရဲ့ အင်အားစုထဲက ထိပ်ပိုင်း တစ်စုံတစ်ယောက်ကလည်း ဒီနေရာက နေ ထွက်သွားချင်တာကြောင့် ရက်စက်တဲ့ ဂန်လောင်ကို သစ္စာဖောက်ခဲ့တာပေါ့..။ဒီလူက ဂန်လောင်ကို သစ္စာရှိနေတယိ ဆိုတာက သူ့မှာ တစ်ခြားရွေးချယ်စရာ မရှိတုန်းကပါ..။အခု အင်မော်တယ် မီးတောက်ကလန်ရဲ့ နောက်ဆုံး သမီးတော်က ရုတ်တရက် ပေါ်လာတာကြောင့်..သူကဘက်ပြောင်းခဲ့ပါတယ်..။
သူမရဲ့ သူလျိုက အနက်ရောက်မြို့တော်ထဲက အရူးတွေလို သူမရဲ့ စကားကို ယုံကြည်ခဲ့တာလား..ဒါမှမဟုတ်..အသက်ရှင်ကျန်ရစ်မယ့် လူအနည်းငယ် ထဲမှာ သူ ပါမယ်လို့ ယုံကြည်မူရှိနေတာလားတော့ မပြောနိုင်ပါဘူး..။
..ဒါမှမဟုတ် ဆန်နီ မသိထားတဲ့ တစ်ခြားတစ်ခုခုကို
သိနေတာလည်း ဖြစ်နိုင်ပါတယ်..။
ဘာပဲဖြစ်ဖြစ် နစ်ဖီကတော့ သူလျိုဆီက ရတဲ့ အချက်အလက်နဲ့ ပတ်သက်ပြီး..ယုံကြည်မူ ရှိနေတဲ့ပုံပါပဲ..။ဒီတော့ သူလည်း သံသယဖြစ်နေစရာ မလိုအပ်တော့ပေ..။သူမက ..သူ့လိုမျိုး တစ်စုံတစ်ယောက်ကို အလွယ်တကူ ယုံကြည်လောက်အောင် မတုံးအတော့ပါဘူး..။
နစ်ဖီကလည်း..သံသယ လွန်ကဲမူ နဲ့ပတ်သက်ပြီး အကောင်းဆုံး သင်ယူပြီးနေပါပြီ..။
သူတို့ စကားပြောနေတာကို သိချင်စိတ်နဲ့ တစ်ချိန်လုံး နားထောင်နေတဲ့ ကိုင်က ရုတ်တရက် လည်ချောင်းကို ရှင်းလိုက်ပြီး..
"အာ..ကြားဖြတ်ပြောရလို့ စိတ်မကောင်းပါဘူး..။ဒါပေမဲ့ ငါတစ်ခုလောက် မေးချင်တယ်..။ငါတို့က ပထမ အရှင်သခင်ရဲ့ ကျွင်းကျန်ရစ် တာကိုလည်း တွေ့ပြီ..ပြီးတော့ မင်းတို့ ဆွေးနွေးနေကြတဲ့ မှတ်သားမူ ကိုလည်း ရပြီ..။ဒါက ငါတို့ရဲ့ စူးစမ်းရှာဖွေမူက ပြီးသွားပြီလို့ ဆိုလိုတာလား..။ငါတို့ တကယ်ပဲ ပန်းတိုင်ကို အောင်မြင်သွားပြီလား..။တကယ်လား.."
ဒါက..တကယ်ကို ဒီီလို အခြေအနေ ဖြစ်နေခဲ့တာပါ..။
သို့ပေမယ့် ဆန်နီ ပိုကောင်းကောင်း သိထားပါတယ်..။
ရင်းနှီးတဲ့ အပြုံးနဲ့အတူပဲ..သူ ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..မဟုတ်ဘူး ကောင်လေး..။ဒီ စူးစမ်းရှာဖွေ မူရဲ့ ပန်းတိုင်က အခုထိ မပြီးမြောက်သေးဘူး.."
ခန့်ညားတဲ့ လေးသည်တော်က သူ့ကို အံ့ဩသင့်စွာကြည့်လိုက်တယ်..။
"ဒါပေမဲ့...ငါတို့က ဂန်လောင်ကို အနိုင်ယူဖို့ ကူညီပေးနိုင်တဲ့ ပစ္စည်းကို ရထားပြီးပြီ မဟုတ်ဘူးလား.."
နစ်ဖီလည်း ဆန်နီကို စိုက်ကြည့်နေခဲ့တယ်..။သူမက ပြုံးလိုက်ပြီး..
"ဟုတ်တယ်..ဆန်နီ..ငါတို့ ဘာဆက်လုပ်ဖို့ လိုသေးလို့လဲ..။ပြောပါဦး.."
သူ ပြုံးလိုက်တယ်..။
"ကောင်းပြီ..ဒါက အရမ်းရိုးရှင်းတယ်..။ဟုတ်တယ်..ငါတို့ ဒီလို စွန့်စားခန်းထွက်လာတာရဲ့ အကြောင်းပြချက်က..ရဲတိုက်အရှင်ကို အနိုင်ယူနိုင်မယ့် အရာကို ရှာဖွေဖို့ပဲ..။ဒါကလည်း တကယ်ပဲ အကြောင်းပြချက် တစ်ခုဖြစ်တယ်..။ဒါပေမဲ့ ဒါက အကြောင်းပြ ချက် အကုန်မဟုတ်သေးဘူး..ဟုတ်တယ်မလား.."
ကတ်စီဟာ သူ့ဘက်ကို လှည့်လာကာ နားထောင်ရင်း သက်ပြင်းချလိုက်ပါတယ်..။
အဲ့အချိနိမှာတော့ ကတ်စတာရဲ့ မျက်နှာဟာ ပြုံးနေခဲ့တယ်..။အယ်ဖီကတော့ ဘာကိုမှ ဂရုစိုက်တဲ့ပုံ မပေါ်ပါဘူး..။
တစ်ဖက်မှာတော့ နစ်ဖီရဲ့ အပြုံးက ပိုမို ကြီးမားလာခဲ့တယ်..။
"ဒါဆို အကြောင်းပြချက် အကုန်လုံးက ဘာလဲ.."
ဆန်နီဟာ..သူတို့ကို ဥမင်ရဲ့ အပေါက်ဝ ဆီ ညွှန်ပြလိုက်ပါတယ်..။
"ဒါပေါ့..ပထမရဲတိုက်အရှင် စတင်ခဲ့တာကို အဆုံးသတ်ဖို့ပေါ့..."
ကိုင် ကတော့ သူနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ဘာတွေဖြစ်နေတာလဲ မသိစွာပဲ ကြည့်နေခဲ့တယ်..။
"အာ..ဒါကဘာကို ဆိုလိုတာလဲ.."
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
"တွေးကြည့်စမ်းပါဦး ကိုင်..။ငါတို့က တူညီတဲ့ မြေပုံကို ကြည့်ခဲ့ကြရတာပဲ..။ပထမ ရဲတိုင်အရှင်ရဲ့ စူးစမ်းရှာဖွေမူ ပျောက်ဆုံးသွားတဲ့ နေရာရဲ့ အနီးနားမှာ ဘယ်လို သင်္ကေတ တွေ ရေးခြစ်ထားလဲ ဆိုတာ.."
ခန့်ညားတဲ့ လေးသည်တော်ဟာ မျက်မှောင်ကျုတ်လိုက်တယ်..။
"အဲတာက..အာ..။အဲ့မှာ...သုံးခုရှိတယ်..။သရဖူ တစ်ခု ၊ မေးခွန်းပုံစံ တစ်ခု ( ? ) နဲ့ အနီရောင် ကြက်ခြေခတ်အမှတ်အသား တစ်ခုပဲ.."
ဆန်နီ ပြုံးလိုက်ပြီး..
"အတိအကျပဲ..။မြေပုံထဲမှာ ကြက်ခြေခတ် အမှတ်အသား ခြောက်ခု ရှိပြီး..အဲတာတွေက ခေါင်းပြတ် ရုပ်ထုတွေရဲ့ နေရာကို မှတ်ထားတာ..။အနက်ရောင် မြို့တော်ရဲ့ အရှေ့ဘက်မှာ နှစ်ခု ၊ မြောက်ဘက်မှာ တစ်ခု ၊ အနောက်ဘက်မှာ တစ်ခု ပြီးတော့ တောင်ဘက်မှာ နှစ်ခု..။ငါတို့က တောင်ဘက်မှာ ရှိတဲ့ ရုပ်ထု နှစ်ခုထဲက တစ်ခုကို ရောက်ပြီးသွားပြီ..။အဲတာက ပင့်ကူ မိခင်ကြီး အသိုက်လုပ်ထားတဲ့ နေရာပဲ.."
သူ နစ်ဖီ ဘက်ကို လှည့်လိုက်ပြီး ပြောလိုက်တယ်..။သူ့ အပြုံးတွေကတော့ မရှိတော့ပါဘူး..။
"ဒီတော့ အားလုံးရဲ့ အမှန်တရားက..ပထမအရှင်သခင်က..ဟောလိုး တောင်တန်းကို ဖြတ်ပြီး ထွက်ပေါက်ကို ရှာဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး..။သူက မဖြစ်နိုင်တာကို လုပ်ရလောက်အောင် အရူးတစ်ယောက် မဟုတ်ဘူးလေ..။မဟုတ်ဘူး..သူ ဒီနေရာကို လာတာက ငါတို့နဲ့ တူညီတဲ့ ရည်ရွယ်ချက်ကြောင့်လာခဲ့တာ..။နောက်ဆုံး ရုပ်ထုကို ရှာဖို့.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။
ဒီတိတ်ဆိတ်မူက သက်သောင့်သက်သာ မရှိသလို ဖြစ်တော့မယိ့ အချိန်မှာပဲ..သူမက ရုတ်တရက် ပြောလာခဲ့ပါတယ်..။
"ဒါ အမှန်ပဲ..."
ကိုင်က သူမကို ကြောင်အစွာ ကြည့်နေခဲ့တယ်..။
"ဒါပေမဲ့..ဘာလို့လဲ..။မဟုတ်ဘူး..ခနလေး..အဲ့ရုပ်ထုက ဘာတွေ အရေးကြီးနေလို့လဲ.."
နစ်ဖီ သက်ပြင်းချလိုက်တယ်..။
"ဒါက ကူညီပေးချင်တဲ့ လူတွေပဲ ကူညီပေးကြလို့ရတယ်..။ရှေ့ဆက်ပြီး မသွားချင်တဲ့လူ..နဲ့ တိုက်ပွဲမှာ စွန့်စားပြီး မတိုက်ခိုက်ချင်တဲ့လူက ဒီမှာနေခဲ့လို့ရတယ်..။တကယ်တော့ ငါတို့ထဲက တစ်ချို့က ဒီီလိုလုပ်သင့်တယ်.."
သူမ ဥမင်ကိုကြည့်ကာ..ခနလောက် တိတ်ဆိတ်နေပြီးမှ ထပ်ပြောလိုက်ပါတယ်..။
"ဟုတ်တယ်..ရှေ့နားမှာဆိုရင်..ရှေးဟောင်းရုပ်ထုကြီး ရှိနေလိမ့်မယ်..။အဲဒီမှာ သန်မာတဲ့ သတ္တဝါတစ်ကောင်က စောင့်ကြပ်နေလိမ့်မယ်..။အဲဒီ အစောင့်က ဘာလဲဆိုတာတော့ ငါလည်း အတိအကျမသိဘူး..။ဒါပေမဲ့ ငါတို့ အဲဒီကောင်ကို သတ်ရလိမ့်မယ်..။တိုက်ခိုက်ချင်တဲ့လူတွေက ငါနဲ့လိုက်ခဲ့လို့ရတယ်..။ကျန်တဲ့လူတွေက ဒီမှာစောင့်ပြီး ငါတို့ပြန်လာတာကို စောင့်နေကြ.."
သူမ အဖွဲ့သားတွေကို ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်..။
"ဒါပေမဲ့ တကယ်လို့ နင်တို့ ငါနဲ့ လိုက်ခဲ့မယ်ဆိုရင် ရိုးရှင်းတဲ့ စည်းမျဥ်းတစ်ခုကိုတော့ လိုက်နာရလိမ့်မယ်..။ဘာတွေပဲဖြစ်လာပါစေ..ဒါက အရေးကြီးတယ်..နင်က ရုပ်ထုကြီးဆီကို ရောက်ပြီး ထိတွေ့ထား ခဲ့တာ မဟုတ်ရင် နောက်ဆုံး အဆုံးသတ် ဓားချက်ကို အသုံးပြုလို့ မရဘူး.."