← Chapters

အိပ်မက်ဆိုး ချန်ပီယံ

Vol. 18 Ch. 257

အိပ်မက်ဆိုး ချန်ပီယံ

Vol. 18 Ch. 257

'အာ..ဒီတော့ အဲလို အလုပ်လုပ်တာပေါ့..'

အစကတော့ ဆန်နီက ဆန်းကျယ်တဲ့ အမြုတေ မှတ်သားမူ တွေဆိုတာ..ခေါင်းပြတ်ရုပ်ထုကြီးတွေကို တိုက်ခိုက် အနိင်ယူနိုင်လို့ ရလာတဲ့ ဆုလာဒ်တွေလို့ ထင်ထားခဲ့တာပါ..။

သို့ပေမယ့် အမှန်တရားက ပိုပြီး ရှုပ်ထွေးနေသလိုပါပဲ..။သတ္တဝါကြီး ကိုယ်တိုင်က ပြသနာတစ်ခု မဟုတ်ပေ..။ဒါက..မှတ်သားမူကို ထုတ်ပေးနိုင်တဲ့ ရုပ်ထုကြီးကို ထိတွေ့ပြီးတဲ့ နောက်မှာ..အင်အားကြီးမားတဲ့ ရန်သူကို ရင်ဆိုင်အနိုင်ယူတဲ့..အပြုအမူက အဓိကပါ..။

ဒါကြောင့်လည်း..သူတို့က ဒီရှေးဟောင်းရုပ်ထုကြီးတွေ ဘယ်လောက်တောင် အရေးပါမှန်း မသိသေးခင်မှာတင်..သန်းခေါင်းယံ အမြုတေကို ရရှိခဲ့ကြပါတယ်..။ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ဟာ..သူရဲကောင်း ခေါင်းပြတ်ရုပ်ထုကြီးရဲ့ လည်ပင်းပေါ်မှာ စခန်းချပြီး..ကြေးခွံနတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့ကြတယ်..။

ဒါပေမယ့် မဟုတ်သေးဘူး..ဒါက သိပ်တော့ အဓိပ္ပါယ် မရှိပေ..။တကယ်လို့ ဒါသာ အမှန်ဆိုရင်..အလောင်းစားသုံးသူကို သတ်ဖြတ်ပြီးတဲ့ နောက်မှာ ဆန်နီက..နေုာက်ထပ် အမြုတေ မှတ်သားမူကို ရရှိသင့်ပါတယ်..။

ရုပ်ထု တစ်ခုချင်းစီတိုင်းမှာ..မမြင်ရတဲ့..ကြိုးနဲ့ ချည်နှောင်ထားတဲ့..အိပ်မက်ဆိုး ချန်ပီယံ တွေ ရှိနေတဲ့ ပုံပါပဲ..။​ကျရှုံးသွားတဲ့ စစ်တပ်ရဲ့ ကျိန်စာသင့် စစ်သည်တော် အဖြစ်သတ်မှတ်ခံထားရတဲ့ ကြေးခွံ နတ်ဆိုးက..သူရဲကောင်း ရုပ်ထု နဲ့ ဆက်နွယ်နေခဲ့ပါတယ်..။

သံပင်ကူ မိခင်ကြီးက..အမဲလိုက် ရုပ်ထု ကြီး နဲ့ ဆက်နွယ်နေခဲ့တယ်..။

အရုဏ်ဦး အမြုတေကရော ဘယ် ရုပ်တုကနေ ရောက်လာခဲ့တာလဲ..။ရုပ်တု အဖြစ်ကနေ တစ်နည်းအားဖြင့် အသက်ဝင်လာပြီး..မေ့ပျောက်ကုန်းမြေကြီး အနှံ့လျောက်သွားနေတဲ့..တည်ဆောက်သူ ရုပ်တုကြီးကနေ ရလာတာလား..။ကောလဟာလ တွေအရတော့..ပထမအရှင်သခင်က..ဒီရုပ်ထုကြီးကို ဝင်္ကပါထဲမှာ အတော်ကြာအောင် လိုက်ဖမ်းခဲ့ရပါတယ်..။

သို့ပေမယ့် တစ်နည်းအားဖြင့်..ဆန်နီဟာ..ဒီသတ္တုခေါင်းစည်းက..လမ်းလျောက်နေတဲ့ ရုပ်တုကြီးနဲ့ ဘာမှ မဆိုင်သလို ခံစားနေရပါတယ်..။

'မေးခွန်းတွေ အများကြီးပဲ..'

ပတ်ဝန်းကျင်မှာ..ချန်ပီယံ တွေ ဘယ်လောက်တော၈် ရှိနေသေးတာလဲ..။နစ်ဖီကတော့..တည်ဆောက်သူ နဲ့ ဆက်နွယ်နေတဲ့ အရာကို မရှာဖွေသလို ၊ နတ်သမီး ရုပ်တု နဲ့ ဆက်နွယ်နေတဲ့ အရာကိုလည်း မရှာခဲ့ပေ..။လူသားတွေရဲ့ လက်ထဲမှာ အမြုတေ မှတ်သားမူ တွေ ဘယ်လောက်တောင် ရောက်ရှိနေပြီလဲ..။

သူတို့ အဖွဲ့ဝင် တွေကြားထဲမှာတောင် လတ်တလောမှာ သုံးခု ရှိနေပါတယ်..။ပြီးတော့..သူတို့က လေးခုမြောက်ကို ရရှိဖို့အတွက်..စက်ဆုပ်ဖွယ်ရာ သားရဲတစ်ကောင်ကို..စိန်ခေါ်ကြတော့မှာပါ..။

'..ငါက ဘာလို့ သုံးခုပဲ ရှိတယ်လို့..ယူဆနေရတာလဲ..'

ဆန်နီ စဥ်းစားကြည့်လိုက်တယ်..။

အမှန်တကယ်တော့..သူက သန်းခေါင်းယံ အမြုတေ ၊ ဇင်းနစ် အမြုတေ နဲ့ အရုဏ်ဦး အမြုတေ သုံးခု ကိုပဲ မြင်ဖူးတာကြောင့်..သုံးခုလို့ ယူဆလိုက်တာပါ..။နစ်ဖီက နောက်ထပ် တစ်ခုတွေကို မရထားဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ..။သူတို့ လတ်တလော အသုံးပြုနေတဲ့ မှတ်သားမူတွေကို ထည့်မတွက်ဘူးဆိုရင် နောက်ထပ် သုံးခု ကျန်နေပါသေးတယ်..။

သူမက ဘယ်နှစ်ခုလောက် တွေ့ထားပြီးပြီလဲ..။

သူ နက်မှောင်စွာပြုံးလိုက်တယ်..။

'ကောင်းပြီ...ဒါက နောက်ကျပြီးတော့ပဲဖြစ်ဖြစ် စောပြီးတော့ပဲ ဖြစ်ဖြစ် သိရတော့မှာပဲ..။အခုချိန်မှာ ပိုပြီး ဖိအားများနေတဲ့ အရာက ရှိသေးတယ်..'

နစ်ဖီကို ကြည့်လိုက်ပြီး သူ မေးလိုက်တယ်..။

'ငါက မှတ်သားမူ ကို ရသွားရင်ရော ဘယ်လိုဖြစ်မှာလဲ..။နင် အစောက လည်လည်ပတ်ပတ် ပြောထားသလိုပဲ..ငါက နင့်ရဲ့ နောက်လိုက် မဟုတ်ဘူးလေ..။ဒါက နင့်ရဲ့ အစီစဥ်ကို အနှောက်ယှက် ဖြစ်စေမှာ မဟုတ်ဘူးလား..'

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က အရေးကြီးတဲ့ အရာတစ်ခုကို လက်လွှတ်မှာကို ဆန်နီ မြင်ယောင်ကြည့်လို့တောင် မရပေ..။

သို့ပေမယ့် အံ့ဩစရာကောင်းတာက..သူမက ပုခုံးတွန့်လိုက်ပြီး.

"လိုချင်ရင်..ယူထားလိုက်လေ.."

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

နစ်ဖီက အမြုတေ မှတ်သားမူ သူ့လက်ထဲကို ရောက်လာမယ့် ဖြစ်နိုင်ချေကို ဘာလို့ လျစ်လျူရူ ထားတာလဲ..။ခနလေး..သူမက ငါ့ဆီမှာ သန်းခေါင်ယံအမြုတေ ရှိနေတာကိုလည်း ဘာလို့ ထည့်မတွက်တာလဲ..။

ဖြစ်နိုင်ချေရှိတဲ့ အရာတစ်ခုက..လူသားဖြစ်နေသ၍ အမြုတေ မှတ်သားမူကို ဘယ်သူ ကိုင်ဆောင်ထားထား ပြသနာ မရှိဘူးဆိုတာပါပဲ..။နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက.. ဆန်နီကို နေထိုင်ရ ခက်ခဲစေပါတယ်..။

သူတို့ နှစ်ယောက်ရဲ့ ကံကြမ္မာက တူညီတဲ့ ဦးတည်ချက်ကိုပဲ သွားရမယ် ဆိုတာကို သူမက သေချာသိနေတာလား..။တကယ်လို့ ဒါသာ အမှန်ဆိုရင် သူတို့နှစ်ယောက်ထဲက ဘယ်သူပဲ အမြုတေကို ရပါစေ ဒါက ပြသနာ တစ်ခု မဟုတ်တော့ပါဘူး..။

သူ ခနလောက် စဥ်းစားပြီးမှ ခေါင်းခါယမ်းကာ ပြောလိုက်တယ်..။

"..ကောင်းပြီ..ငါတို့ ဘာကို စောင့်နေဦးမှာလဲ..။တစ်ခြားလူတွေ တိုက်ခိုက်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က နောက်မှာ ထိုင်စောင့်နေတာကို နင်မမြင်ချင်ဘူးမလား..။အဲ့မွန်းစတား ဆီကို သွားပြီး အမဲလိုက် လိုက်ကြရအောင်.."

အရိုးသားဆုံးပြောရရင်..ဒီပုန်းကွယ်နေတဲ့ ရုပ်ထုကြီးကို ဘယ်လို သတ္တဝါက စောင့်ကြပ်နေလဲ ဆ်ိုတာကို ဆန်နီ စဥ်းစားကြည်လို့တောင်မရတော့ပါဘူး..။သူ ဒီဟာကို ရှာဖွေဖို့ စိတ်လှုပ်ရှားနေပါပြီ..။

အရုဏ်ဦး အမြုတေ ရဲ့ ဆန်းကျယ်လှတဲ့ သက်ရောက်မူ အောက်မှာ..သူတို့ခြောက်ယောက်က ဘာတွေ လုပ်နိုင်စွမ်း ရှိမှာလဲ ဆိုတာကိုလည်း..သူ စောင့်ကြည့်ချင်ပါသေးတယ်..။

အထူးသဖြင့် သူကိုယ်တိုင်ပေါ့..။

***

တောင်ရဲ့ ကြမ်းတမ်းတဲ့ အပိုင်းမှာရှိတဲ့ ကျယ်ပြန့်တဲ့ ဂူ တစ်လုံး ကို သူ တို့ ရောက်လာခဲ့ကြတယ်..။ဂူကြီးက ရဲတိုက်ကြီး တစ်ခုလုံး အထဲကို ထည့်လို့ ရလောက်အောင် တောင် ကြီးမားပါတယ်..။ပြီးတော့ တောင်ကုန်းတစ်ခုကလည်း...သူ့ရဲ့ အထဲမှာ ရှိနေခဲ့သေးတယ်..။ဂူရဲ့ အရွယ်အစားကို ကြည့်ပြီး ဒီတောင်တန်း တွေကို ဘာလို့ ဟောလိုး တောင်တန်း တွေလို့ ခေါ်တာလဲ ဆိုတာကို ဆန်နီ နားလည်လိုက်ပါပြီ..။( Hollow = အခေါင်းပေါက် )

သူ့အမြင်အာရုံက အမှောင်ထုကို ထိုးဖောက်ပြီး ကျယ်ပြန့်တဲ့ ဂူကြီးကို ကြည့်လိုက်တဲ့ အချိန်မှာ အံ့ဩမူတွေကို ခံစားလိုက်ရတယ်..။

ကြမ်းပြင်ကို အနက်ရောင် သဲတွေနဲ့ ဖုံးအုပ်ထားပြီး ..နံရံတွေကတော့ မီးတောင်ထွက်ကျောက် အရောင်တောကိပနေခဲ့ပါတယ်..။ဂူ ကြီးရဲ့ အလယ်မှာတော့..ကြီးမားတဲ့ အနက်ရောင် ကျောက်တုံးကြီးတစ်ခု ရှိနေခဲ့တယ်..။

အမည်မသိ ပန်းပုဆရာ ဖန်တီးထားတဲ့ မပြီးဆုံးသေးတဲ့ ရုပ်တုကြီးရဲ့ အရိပ်က သိသာစွာ မြင်နေခဲ့ရပါတယ်..။သူ့ရဲ့ အပေါ်ပိုင်း ကိုယ်ထည်က..ပြီးဆုံးကာ နီးနေပြီ ဖြစ်ပြီး..အောက်ဘက်ပိုင်းကတော့ ကျောက်တုံးထဲ မှာပဲ ရှိနေပါသေးတယ်..။

ဒီ အနက်ရောင် ရုပ်တုကြီးက သူ့ကို နှစ်ပေါင်းများစွာ အကျဥ်းချထားတဲ့ ကျောက်တုံး တောင်ကုန်းကြီး ထဲကနေ လွတိမြောက်ဖို့ ကြိုးစားနေတဲ့ ပုံစံနဲ့တောင် တူနေခဲ့တယ်..။

အံ့ဩတဲ့ ခံစားမူ နဲ့အတူပဲ..မပြီးဆုံးသေးတဲ့ ရုပ်တုကြီးရဲ့ အကာအကွယ်နဲ့ ဒိုင်းကာရဲ့ အသေးစိတ် အချက်အလက်ကို မှတ်မိလိုက်တယ်..။သူတို့က ပျက်စီးနေတဲ့ ဘုရားကျောင်းကို စောင့်ကြပ်နေတဲ့ အနက်ရောင် စစ်သည်တော် ရဲ့ လက်နက်တွေနဲ့ တစ်ပုံစံတည်းပါပဲ..။

..ပြီးတော့ ကျောက်တုံး သူတော်စင်ရဲ့ လက်နက်နဲ့လည်း တူနေခဲ့ပါတယ်..။

သူ အပေါ်ကို မော့ကြည့်လိုက်ပြီး..ရုပ်တုကြီးရဲ့ ဦးခေါင်းက မရှိတာ သေချာအောင် စစ်ဆေးလိုက်တယ်..။

'...ဒါပေါ့ မရှိတော့ပါဘူး..'

ဒီအရာတွေ အကုန်လုံးက တစ်စက္ကန့်ရဲ့ အပိုင်းအခြားလောက်ပဲ..ကြာသွားခဲ့တာပါ..။

ယင်းနောက် သူ အောက်ကို ငုံ့ကြည့်လိုက်ပြီး..စောင့်ကြပ်နေတဲ့ သတ္တဝါကြီး သူ့ကို သတိမထားမိခင်မှာ ဒီ သတ္တဝါကြီးကို အရင်ကဲခတ်ဖို့ လုပ်လိုက်ပါတယ်..။

...သို့ပေမယ့် ဒါက နောက်ကျသွားခဲ့ပါပြီ..။

အဖွဲ့ဝင်တွေ ဂူထဲကို ဝင်လာတာနဲ့ တစ်ပြိုင်နက်..ရုပ်တုကြီးရဲ့ အောက်ဘက် အမှောင်ထုထဲမှာ တစ်ခုခု လှုပ်ရှားသွားပြီး ရှေ့ကို ထွက်လာခဲ့ပါတယ်..။

ဆန်နီ ကြက်သီးမွေးညှင်း ထသွားခဲ့တယ်..။

' ချီးပဲ....'

အနက်ရောင် သဲမြေပေါ်မှာ ရပ်နေရင်း..ခြင်္သေနဲ့ ကျီးကန်း ပေါင်းစပ်ထားပုံရတဲ့ သတ္တဝါကြီးဟာ သူ့ရဲ့များပြားလှတဲ့ လက်တွေကို ဆန့်တန်းလာခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်က အလောင်းကောင်လို ဖြူဖျော့နေပြီး သူ့ရဲ့ ခေါင်းနဲ့ ရင်ဘတ်မှာ လည်သာ မွှေးတွေ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ အရွယ်အစားက အရမ်းကို ကြီးမားပြီး..ကြွက်သားတွေကလည်း အရည်ပြားအောက်မှာ စတီးချောင်းတွေလိုပါပဲ..။

သတ္တဝါကြီး ရဲ့ နောက်ကျောဘက်မှာ သန်မာတဲ့ လက်နှစ်ဖက် ရှိနေခဲ့ပြီး..သူ့ရဲ့ ကျယ်ပြန့်လှတဲ့ ရင်ဘတ်မှာလည်း..လက်ခြောက်ချောင်း ထွက်ပေါ်နေခဲ့ပါတယ်..။လက်ချောင်းတစ်ချောင်း ချင်းစီ တိုင်းမှာလည်း သေစေလောက်တဲ့ လက်သည်းတွေ ရှိနေခဲ့တယ်..။သို့ပေမယ့်..ကြောက်စရာအကောင်းဆုံး အရာက..သူ့ရဲ့ ရှည်လျားပြီး ချွန်ထက်နေတဲ့ အနက်ရောင် နှုတ်သီး တွေပါပဲ..။

ဒါက..ဆူးချွန်...

" ဆက်သား.."

စက်ဆုပ်ဖို့ကောင်းတဲ့ သားရဲကြီးက..ဆာလောင်မူ ၊ ရူးသွပ်မူ ၊ သေစေလိုမူတွေ အပြည့်နဲ့ ရှေ့ကို တက်

မလာခင် အချိန်အထိ ဆန်နီမှာ ဒီတစ်ခွန်းပြောဖို့သာ အချိန်ရခဲ့ပါတယ်..။

All Chapters