ကြက်သွေးရောင် ထိပ်လန့်စရာ၏ ရှေးပြေးနိမိတ်
Vol. 18 Ch. 258
.
ဆန်နီ ဟာ..အရင်ကလည်း..ဆူးချွန်ဆတ်သား နဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်..။
အရင်တုန်းက..ဒီသတ္တဝါကြီးက..သူတို့ အမဲလိုက်အဖွဲ့သား တစ်ချ်ို့ကို စက္ကန့်အနည်းငယ်အတွင်း သတ်ပြခဲ့ပြီး..အယ်ဖီ ရဲ့ ခွန်အားကြောင့်သာ ပြန်ဆုတ်ပြေးသွားခဲ့တာပါ..။
ပြီးတော့..ဆူးချွန် ဆတ်သားက သူတို့ကို တိုက်ခိုက်နေစရာ မလိုပဲ..နောက်ပြန်ဆုတ်ပြီး လွယ်ကူတဲ့ သားကောင်ကို ရှာဖွေလို့ရပါတယ်..။
ဒီ လျိုဝှက် ဂူထဲမှာတော့ နောက်ဆုတ်စရာ လမ်းဆိုတာ မရှိပေ..။ဒီ ပျံသန်းနိုင်သတ္တဝါက ဒီနေရာကို ဘယ်လိုများ ရောက်လာတာလဲ ဆိုတာကို ဆန်နီ မတွေးတတ်တော့ပါဘူး..။
သို့ပေမယ့်..သူကလည်း လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလို..အားနည်းပြီး..အတွေ့အကြုံမရှိတဲ့ ကလေးတစ်ယောက် မဟုတ်တော့ပေ..။
ဆန်န က အတော်လေးကို သန်မာလာခဲ့ပါပြီ..။သူ့ရဲ့ မှတ်သားမူ တွေကလည်း ပိုမိုကောင်းမွန်လာခဲ့တယ်..။သူ့ရဲ့ ကျွမ်းကျင်မူ နဲ့ နည်းစနစ် တွေက..အရင်ကထက်စာရင် အများကြီး ပိုကောင်းလာခဲ့ပြီး ..အိပ်မက်ဆိုးသားရဲတွေကို သူ သတ်ခဲ့တဲ့ ပမာဏကလည်း ရာနဲ့ချီပြီး ရှိပါတယ်..။
ပြီးတော့ သူ့မှာ ကျောက်တုန်းသူတော်စင်လည်း ရှိနေပါသေးတယ်..။
သို့ပေမယ့်..ပိုပြီး အရေးကြီးတာက သူ့ရဲ့ မှတ်သားမူ တွေကို အရုဏ်ဦး သရဖူက ..စွမ်းအင်တွေ မြှင့်တင်ပေးဦးမယ် ဆိုတာပါပဲ..။
သီအိုရီ အရဆိုရင်..ဆန်နီက သန်းခေါင်ယံ အမြုတေကို အားဖြည့်မူ သုံးခုတောင် အသုံးပြုလို့ ရပါတယ်..။ပထမတစ်ခုက သူ့အရိပ်ရဲ့ အားဖြည့်မူ ၊ ဒုတိယ တစ်ခုက..သရဖူ ကနေဖြစ်ပြီး နောက်ဆုံးတစ်ခုက..သွေးပန်းပွင့် ဆီကနေပါ..။သွေးပန်းပွင့်ကတော့ တစ်စုံတစ်ယောက်က သားရဲကို သွေးထွက်အောင် လုပ်လိုက်တာနဲ့ သက်ရောက်မူ စတင်ပါပြီ..။
အရင်နှစ်ခေါက်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ အလောင်းစားသုံးသူ နဲ့ ကြီးမားတဲ့ ရှဥ့်ကြီးတွေနဲ့ မတူစွာပဲ..ဒီသားရဲကိုတော့ လူသားတွေက..သွေးထွက်နိုင်အောင် လုပ်နိုင်လိမ့်မယ်လို့ သူ မျှော်လင့်မိပါတယ်..။
..ဒါပေမဲ့ ..ပထမဆုံး သူ အသက်ရှင်နေမှဖြစ်မှာပါ..။
ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်က..ဆတ်သား ရဲ့ တိုက်ခိုက်မူကို တစ်ချက်တော့ တောင့်ခံနိုင်တယ်ဆိုတာ သေချာသိပေမယ့်လည်း..ဆန်နီဟာ စမ်းသပ်မူ မလုပ်ချငိတာကြောင့် ဘေးကို ခုန်ပြီး ရှောင်လိုက်တယ်..။
ခနအကြာမှာတော့..ကြီးမားတဲ့ သတ္တဝါကြီးက..ဒိုင်းကာကြီး နှစ်ခုနဲ့ ထိပ်တိုက်တွေ့နေခဲ့ပါပြီ..။တစ်ခုက အယ်ဖီ ရဲ့ ဒိုင်းကာ ဖြစ်ပြီး နောက်တစ်ခုက ကျောက်တုံး သူတော်စင်ဆီကပါ..။ကြီးမားတဲ့ ..နှုတ်သီးကြီးကတော့..မုဆိုးမိန်းကလေး ဆီကို တည့်တည့် ဦးတည်ပြီး ဆင်းသက်လာခဲ့တယ်..။
တကယ်လို့ ဒါက အရင်တုန်းက ဆိုရင်..အယ်ဖီ ကိုင်ဆောင်ထားတဲ့ ဒိုင်းကာက စက္ကူနဲ့လုပ်ထားတဲ့ သတ္တုလို ချက်ချင်း ဆုတ်ပြဲသွားမှာပါ..။သို့ပေမယ့်..အရုဏ်ဦး သရဖူရဲ့..အင်အားတိုးမြှင့်ပေးထားမူကြောင့်..ဒါက တစ်နည်းအားဖြင့် တောင့်ခံနေနိင်ခဲ့ပါတယ်။
သို့ပေမယ့် သက်ရောက်လာတဲ့ အားကတော့ အရမ်းကို ပြင်းထန်လွန်းနေခဲ့တယ်..။ခန္တာကိုယ်တစ်ခုလုံးကို ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ အရိပ်သူတော်စင် တောင်မှ အရုပ်ကလေး တစ်ရုပ်လို လွင့်စင် ထွက်သွားခဲ့တာပါ..။
သို့ပေမယ့်..သူတို့ရဲ့ ခုခံထားမူက.အဖွဲ့သားတွေကို ပြန်လည်စုစည်းပြီး တိုက်ခိုက်နိုင်ဖို့ အဖိုးတန်တဲ့ အချိန်အနည်းငယ် ရှာဖွေပေးနိုင်ခဲ့တယ်..။
ကိုင် နဲ့ ကတ်စီ တို့က လေပေါ်မှာပျံပြီး..သားရဲနဲ့ အကွာအဝေး အနည်းငယ် ခွာထားတဲ့ အချိန်မှာ နစ်ဖီ နဲ့ ကတ်စတာ တို့ကတော့ ဘေးတစ်ဖက်စီကနေ တိုက်ခိုက်နေခဲ့ကြတယ်..။ဓားတစ်လက်က.
အဖြူရောင် အလင်းတန်းတွေ တောက်ပနေပြီး နောက်ထပ် တစ်လက်ကတော့ အစိမ်းရောင် အလင်းတန်းတွေ တောက်ပ နေခဲ့တာပါ...။
သို့ပေမယ့်..ဆတ်သားကတော့..ကြောက်စရာ ကောင်းစွာ..သန်မာနေတုန်းပါပဲ..။အဖွဲ့သားတွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေက..နောက်တစ်ဆင့်အထိ တိုးမြှင့်ပေးထားခြင်း ခံရပေမယ့် သူတို့ရဲ့ သခင်တွေကတော့ မူလက အခြေအနေအတိုင်း ရှိနေဆဲပါ..။သူတို့က..ကျရှုံးမူ အဆင့် သားရဲတစ်ကောင်ရဲ့ ခွန်အားနဲ့ အမြန်နှုန်းကို ယှဥ်နိုင်တဲ့ အနေအထားမှာ ရှ်ိမနေကြပေ..။
သားရဲကြီးရဲ့ ရှေ့ဘက် လက်ခြောက်ချောင်းထဲက နှစ်ချောင်းက ဓားတွေကို ခုခံထားခဲ့တယ်..။နောက်ထပ်နှစိချောင်းက..လူသားတွေကို တိုကိခိုက်ပြီး..နောက်ဆုတ်အောင် ဖိအားပေးကာ မသေရုံတမယ် ဖြစ်နေစေခဲ့ပါတယ်..။
...ယင်းနောက် ..ဆတ်သား သတ္တဝါကြီးက ခေါင်းကို မော့ကြည့်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ မြင်ကွင်းထဲမှာ ကိုင် ကို တွေ့လိုက်ရတယ်..။
အင်အားပြင်းတဲ့ တောင်ပံကြီးတွေက လှုပ်ခတ်လာပြီး..သေးငယ်တဲ့ ဟာရီကိန်း လေတိုက်နှုန်းတစ်ခု ဖြစ်ပေါ်လာကာ..နစ်ဖီ နဲ့ ကတ်စတာကို နောက်ကို ဆုတ်စေခဲ့ပါတယ်..။ခွန်အားကြီးတဲ့ ခြေထောက်တွေကို သုံးပြီး လေပေါ်ကို ပျံသန်းက..နောက်ဆုတ်နေတဲ့ လေးသည်တော် ဆီကို ဦးတည်သွားလိုက်တယ်..။လေးသည်တော်က ခန္တာကိုယ်ကို လှည့်ပြီး မြားနဲ့ ချိန်ရွယ်ဖို့ ကြိုးစားနေခဲ့ပါတယ်..။
...ယင်းနောက်မှာတော့..ရုတ်တရက် သုံးမြောင့်ဆူးချွန်တစ်ခုက..သားရဲရဲ့ ခြေထောက်တစ်ဖက်ကို ထိမှန်သွားပြီး မမြင်ရတဲ့ ကြိုးတစ်ချောင်းက ရစ်ပတ်သွားခဲ့တယ်..။
'ခရက် '
ဆန်နီ ဘာမှတောင် မတွေးလိုက်ရသေးခင်မှာပဲ..မယုံနိုင်လောက်တဲ့ ခွန်အားတစ်ခုက သူ့ကို ဆွဲခေါိသွားခဲ့ပါတယ်..။
သို့ပေမယ့် ဒါက ဆန်နီလိုချင်နေတဲ့ အရာ အတိအကျပါပဲ..။
အနက်ရောင် တောင်ပံတွေက သူ့ရဲ့ နောက်ကျောမှာပေ့ါ်လာခဲ့ပြီး..ဆန်နီဟာ သူ့ကို ဆွဲခေါ်သွားတဲ့ အရှိန်ကို အသုံးချကာ..သူ့ရဲ့ နှေးကွေးတဲ့ တောင်ပံတွေကို တိုကိပွဲဝင်လက်နက်အဖြစ် အသုံးချလိုက်ပါတယ်..။
တကယ်တော့ သူက ဆတ်သားရှိနေတဲ့ နေရာကို..ဒုံးကျည်နဲ့ ပစ်လိုက်သလို အရှိန်နဲ့ ရောက်သွားခဲ့တာပါ..။
သန်းခေါင်ယံ အမြုတေက လေထဲမှာ အရောင်တစ်ချက် လက်သွားပြီး..သားရဲကြီးရဲ့ အသားထဲကို ထိုးဖောက်သွားခဲ့တယ်..။
'လုပ်လိုက်စမ်းပါ..'
တကယ်ပဲ..အရိပ်ရဲ့ အားဖြည့်မူရော ၊ အရုဏ်ဦး သရဖူ ရဲ့ အားဖြည့်မူပါ ရှိနေတာကြောင့်..သူ့ရဲ့ဓားသွားက ကျရှုံးမူအဆင့် သားရဲရဲ့ အသွေးအသားကို ထိုးဖောက်နိုင်လောက်အောင် ထက်ရှနေခဲ့ပါပြီ..။ဒါတောင်မှ သူက..ကျောက်တုံးတစ်ခုကို ဖြတ်တောက်ဖို့ ကြိုးစားနေသလို ခံစားနေခဲ့ရတယ်..။
သို့ပေမယ့် ဒါက လုံလောက်ပါတယ်..။
ဆန်နီဟာ..ဆတ်သားရဲ့ တောင်ပံ အောက်ဘက်နားကို ချိန်ရွယ်လိုက်တယ်..။အနက်ရောင်တောင်ပံ ရဲ့ အရှိန်နဲ့ ..သုံးမြှောင့်ဆူးချွန်က ဖန်တီးလိုက်တဲ့ အရှိန်ကြောင့်..ဆန်နီ တိုက်ခိုက်လိုက်တဲ့ ထိချက်က တကယ်ကို ဆိုးဆိုးဝါးဝါးပါပဲ..။
သို့ပေမယ့် ဒီဓားကို ထက်ရှလာစေ တာက သူ့ကြောင့်မဟုတ်ပေ..။
သားရဲကြီးရဲ့ တောင်ပံထဲကို သန်းခေါင်ယံ အမြုတေ ထိုးဖောက်ဝင်သွားတာနဲ့ ..သူ့ရဲ့ ခန္တာကိုယ်ကနေ သွေးတွေ တလဟော စီးဆင်းလာခဲ့ပါတယ်..။ဒီလို ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် သွေးပန်းပွင့်က နိုးထလာခဲ့ပြီး..ဓားသွားကို ပိုမို ထက်ရှလာစေခဲ့တယ်..။ဓားဦးက တောင်ပံ ထဲကို ပိုပြီး နက်ဝင်သွားကာ..ကျိုးပဲ့လု မတတ်တောင် ဖြစ်သွားစေခဲ့ပါတယ်..။
ဆူးချွန် ဆတ်သားဟာ ရုတ်တရက် ဟန်ချက်ပျက်သွားပြီး မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။
'ဖုန်တွေကို စားလိုက် ခွေးသား..'
အဲ့အခိုက်အတန့်မှာပဲ ဆန်နီဟာ အနက်ရောင်တောင်ပံကို အလျင်အမြန် ရုတ်သိမ်းလိုက်ပြီး..မွန်းစတားနဲ့ အနည်းငယ် အဝေးမှာရှိတဲ့ မြေကြီးတွေပေါ်ကို ပြုတ်ကျစေလိုက်တယ်..။
အနက်ရောင် တောင်ပံနဲ့ အောက်ကို ဆင်းလာတာက သက်သောင့် သက်သာရှိနိုင်ပေမယ့်..သူကတော့ အကောင်းအတိုင်း ဖြစ်တော့မှာမဟုတ်တော့ပါဘူး..။တောင်ပံက ကျိုးပဲသွားတယ်ဆိုရင်တောင်မှ ..ဆူးချွန်ဆတ်သား က..နောက်ထပ် တစ်ဖက်နဲ့ အပေါ်ကို ခုန်ပြီး တိုက်ခိုက်နိင်ပါသေးတယ်..။
ဖြစ်နိုင်တာက...
ဆန်နီ မြေပေါ်ပြုတ်ကျပြီး တစ်ချိန်တည်းမှာပဲ..ကြောက်မက်ဖွယ်ရာ အနက်ရောင်မြားတစ်စင်းက သားရဲ ရဲ့ နောက်ထပ် တောင်ပံ တစ်ဖက်ကို စိုက်ဝင်သွားခဲ့ပါတယ်..။မြေကြီးပေါ်ကို ဘာသွေးမှ ထွက်ပေါ်မလာခဲ့ပဲ..မြားကသာ..စုပ်ယူပြီး သောက်သုံးပစ်လိုက်ပါတယ်..။ဒီလိုလုပ်ခြင်းအားဖြင့်..သွေးပန်းပွင့်ရဲ့ ကြီးထွားမူကို အဟန့်အတားတော့ ဖြစ်စေခဲ့တယ်..။
သို့ပေမယ့်..သတ္တဝါကြီးကတော့ ပင့်ကူမိခင်ကြီးလို နှေးကွေးသွားတာတွေ ၊ ဒယိမ်းဒယိုင် ဖြစ်တာတွေ မရှိခဲ့ပါဘူး..။ဒါက သူ့ရဲ့ ခန္တာကိုယ်ကိုသာ လှုပ်ယမ်းလိုက်ပြီး..စိုက်ဝင်နေတဲ့ မြားကို အစိတ်စိတ် ကွဲကြေသွားကာ အလင်းစက်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်..။
သို့ပေမယ့်..ဆန်နီကတော့ ဒီဟာတွေ ဘာမှ မမြင်တော့ပေ..။
သူက ဆူးချွန်ဆတ်သားကို နောက်ကျောပေးထားပြီး..ကြီးမားတဲ့ ရုပ်ထုကြီးရှိတဲ့ဘက်ကို မြန်နိုင်သမျှ မြန်မြန် ပြေးနေခဲ့ပါပြီ..။