← Chapters

သွေးထွက်များတဲ့ ဖျက်ဆီးမူ

Vol. 18 Ch. 259

သွေးထွက်များတဲ့ ဖျက်ဆီးမူ

Vol. 18 Ch. 259

ဆန်နီဟာ..သူ့ရဲ့ အလျင်မြန်ဆုံး အရှိန်နဲ့..ရုပ်ထုကြီးဆီကို သွားနေခဲ့တယ်..။ဒါက..လူသားတွေ ပြေးနိုင်တဲ့ အမြန်ဆုံး အရှိန်နဲ့....မဟုတ်ဘူး..ဒါက တစ်ခြားအိပ်စက်သူတွေထက်တောင် ပိုမြန်လိုက်ပါတယ်..။

သူ့ နားထဲမှာ လေတိုက်ခတ်သံတွေ ဆက်တိုက်ကြားနေရတဲ့ အခါမှာတော့..အရိပ်ဟာ သန်းခေါင်ယံ အမြုတေ ဆီကနေ ဖယ်ရှားလိုက်ပြီး..ဒဏ်ရာရနေတဲ့ သားရဲကြီးကို ကြည့်နေခဲ့တယ်..။သူ့ ရဲ့ တောင်ပံတွေ အသုံးပြုလို့ မရတော့ဘူးဆိုပေမယ့်..ဆူးချွန်သားရဲကတော့ လုံးဝ နှေးကွေးမသွားခဲ့ပါဘူး..။သူက နှုတ်သီးကို..ဖွင့်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်ကာ လူသားတွေဆီကို ဒေါတသကြီးတောင် ပိုဝင်သွားပါသေးတယ်..။

'...ဒီအကောင်က ပျော်နေတယ်လို့တော့ ငါမထင်ဘူး..'

သူ့ရဲ့ အဖွဲ့သားတွေက အန္တရာယ်ကျရောကိနေပြီဆိုပေမယ့်လည်း..ဆန်နီကတော့..သူတို့ကို ကူညီဖို့အတွက် ရပ်တန့်မနေခဲ့ပေ..။နစ်ဖီကတော့..ရှေးဟောင်းရုပ်ထုကြီးကို ပထမဆုံး ထိတွေ့ခဲ့တဲ့ လူကပဲ..သတ္တဝါကြီးကို..သတ်ဖြတ်ခွင့်ရှိမယ်လို့ ပြောခဲ့ပါတယ်..။အဲဒီမတိုင်ခင်အထိတော့..ဒီတိုက်ပွဲက တုံးအပြီး အန္တရာယ်များတဲ့ ဂိမ်းတစ်ခုလိုပါပဲ..။

ဘာပဲဖြစ်ဖြစ် ကိုယ်ခံပညာရဲ့ အနှစ်သာရဆိုတာက သတ်ဖြတ်မူ ပါ..။တကယ်လို့ ဒီ သောက်ကျိုးနဲ အကောင်ကို ဘယ်သူကမှ သတ်ခွင့်မရဘူးဆိုရင် ..သူတို့က ဘယ်လိုလုပ် အသက်ရှငိဖို့ မျှော်လင့်နိုင်တော့မှာလဲ..။

ဒီတော့..ဆန်နီက တစ်နည်းအားဖြင့် သူတို့ကို ကူညီနေခဲ့တာပါ..။

သူ့ရဲ့ နောက်မှာတော့..အဖွဲ့သားတွေရဲ့ အခြေအနေ တွေက သိပ်ပြီး ကောင်းမနေခဲ့ပေ..။

အဖွဲ့သားတွေက ဘယ်လောက်ပဲ ပါရမီ ထူးချွန်ကြပါစေ..ဆူးချွန်ဆတ်သားက သူတို့အတွက်..ပိုကြီးမား ၊ ပိုသန်မာပြီး..ပို မြန်ဆန် လွန်းပါတယ်..။သူတို့ထဲက ဘယ်သူမှ အပိုင်းပိုင်း အစစ ဖြစ်မသွားသေးတာကပဲ အတော်လေး ..ဆန်းကျယ်နေပါပြီ..။

သို့ပေမယ့် ဒါက ဘယ်လောက်တောင် ကြာကြာခံနိုင်မှာလဲ..။

အရိပ်က စောင့်ကြည့်နေတုန်းမှာပဲ..ကြောက်စရာ နှုတ်သီးကြီးက နောက်တစ်ကြိမ် ဆင်းသက်လာခဲ့ပြီး..အယ်ဖီရဲ့ ဒိုင်းကာကို ထပ်ပြီး ထိမှန်သွားခဲ့တယ်..။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အဝိုင်းပုံစံ ဒိုင်းကာ ပေါ်မှာ ကျယ်ပြန့်တဲ့ အက်ကွဲကြောင်းကြီး ပေါ်ထွက်လာခဲ့ပါတယ်..။

မုဆိုးမိန်းကလေး မတုန့်ပြန်န်ုင်ခင်မှာပဲ..လက်တွေ အများကြီးက..ဒိုင်းကာ ရဲ့ အက်ကွဲကြောင်းကို လက်တွေ အများကြီးနဲ့ ထပ်မံတိုက်ခိုက်လာခဲ့တယ်..။နောက်ဆုံးတော့..မှတ်သားမူက ကွဲကြေသွားခဲ့ပြီး..အယ်ဖီရဲ့ လက်ပါ ကျိုးသွားခဲ့ပါတယ်..။သူမရဲ့ လက်က အဆစ်လွဲသွားသလိုဖြစ်သွားပြီး သံလွင်ရောင် အရည်ပြားပေါ်မှာ အရိုးထွက်ပေါ်နေတာကိုပါ မြင်နေခဲ့ရတယ်..။

' ချီးပဲ မြန်မြန်..'

အနက်ရောင် ကျောက်တုံး နီးကပ်လာတဲ့ အချိန်မှာတော့..သူက ဆူးချွန်ဆတ်သားက..ဒဏ်ရာရနေတဲ့ အယ်ဖီကို အဆုံးသတ်ဖို့ ကြိုးစားနေတာကိုပါ စောင့်ကြည့်နေခဲ့ပါတယ်..။ကံကောင်းစွာပဲ ..အဲ့အချိန်မှာ နစ်ဖီက..သတ္တဝါကြီးရဲ့ အရှေ့လက်တွေ တားဆီးထားတဲ့ အတားအဆီးကို ဖောက်ထွင်းနိုင်ခဲ့တယ်..။သူမရဲ့ ဓားက အရောင်လက်သွားပြီး..အသွေးအသားထဲကို ထိုးထည့်လိုက်ကာ အက်ကွဲကြောင်း ဒဏ်ရာကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်..။

သူ့ရဲ့ အကာအဝေးက..သတ္တဝါကြီး သူရဲ့ နောက်ကျောကို ရုတ်တရက် တိုက်ခိုက်လို့ မရတဲ့ အခြေအနေကို ရောက်တဲ့အချိန်မှာ ဆန်နီဟာ အရိပ်ကို သူ့ဆီကို ပြန်လှည့်လာဖို့ အမိန့်ပေးလိုက်ပါတယ်..။တိုက်ပွဲကို ကြည့်နေတဲ့ သူ့ရဲ့ အမြင်အာရုံက ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်..။မကြာခင်မှာပဲ အရိပ်က သူ့ရဲ့ ခန္တာကိုယ် ဝန်းကျင်မှာ ရစ်ပတ်သွားခဲ့ပါတယ်..။

ဆန်နီ ရဲ့ အလျင်နှုန်းက နှစ်ဆ ဖြစ်သွားခဲ့ပါပြီ..။

ကြမ်းတမ်းတဲ့ တိုက်ပွဲက အသံတွေကို ကြားနေရင်းနဲ့ သူက..မပြီးဆုံးသေးတဲ့ ရုပ်ထုနားကို ရောက်လာခဲ့တယ်..။

သို့ပေမယ့် သူ ဒီဟာကို မထိနိုင်ခင်မှာပဲ..ရုတ်တရက် အရိပ်တစ်ခုက သူ့ရှေ့မှာဝေဝါးစွာ ပေါ်လာပြီး..အနက်ရောင် သဲတွေထဲမှာ လျောထိုးကာ..ကျောက်တုံးရုပ်ထုရဲ့ ရှေ့မှာ ရပ်လိုက်ပါတယ်..။ဒါကတော့ ကတ်စတာပါ..။

ဂုဏ်ယူရတဲ့ ဆက်ခံသူ အခြေအနေကလည်း သိပ်တော့ မကောင်းလှပေ..။သူ့ရဲ့ တောက်ပတဲ့ အကာအကွယ် အင်္ကျီက သားရဲရဲ့ လက်သည်းတွေကြောင့် တွန့်ကြေနေခဲ့ပါပြီ..။သူ့ရဲ့ ရင်ဘတ်မှာလည်းနစ်ရှိုင်းတဲ့ ဒဏ်ရာကြီး လေးခုလောက် ရှိနေခဲ့တယ်..။သွေးတွေက ဒဏ်ရာတွေကနေ တလဟော စီးကျနေပြီး..လူငယ်လေးဟာ ဖြူဖျော့နေခဲ့ပါတယ်..။

မဟုတိဘူး...ဒီလောက်တင် မဟုတ်ပေ..။ဆန်နီ သေချာ မပြောနိုင်ပေမယ့် ..ကတ်စတာက..တစ်နည်းအားဖြင့် နည်းနည်းတော့ ထူးခြားနေခဲ့ပါတယ်..။ယင်းနောက် သူ သတိထားမိလိုက်တယ်..။သူ့ရဲ့ လည်ပင်းက ငွေ​ရောင်ကြိုးလေးမှာ သဲနာရီလို အဆောင် ပစ္စည်းလေး ရှိနေခဲ့တာပါ..။

'အဲတာက ဘာလဲ..။အဆောင် မှတ်သားမူလား..။ကတ်စတာ မှာ အဆောင် တစ်ခု ရှိတာကို ငါ မသိခဲ့ဘူး..'

အချိန်ကို ဖြုန်းမနေခဲ့ပဲ..ဆက်ခံသူဟာ သူ့ရဲ့ သွေးစွန်းနေတဲ့ လက်ကို ရုပ်ထုကြီးပေါ်တင်ကာ တစ်ခနလောက် မျက်လုံးတွေကို ပိတ်ထားခဲ့တယ်..။

'သူက..မာဗယ်ပေါင်းကူး ပေါ်မှာတုန်းက ဒီဟာကို ဝတ်မထားဘူး မလား..'

ခနအကြာမှာတော့ ကတ်စတာက မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပြီး..ဆန်နီကို နက်မှောင်တဲ့ အမူအရာနဲ့ကြည့်လိုက်ပါတယ်..။ပြီးတာနဲ့ သူက ဝေဝါးသွားခဲ့ပြီး ပြန်လည်ပူးပေါင်းဖို့အတွက် တိုက်ပွဲဆီကို ရောက်သွားခဲ့တယ်..။

သူ ပျောက်ကွယ်သွားတာနဲ့..ဆန်နီဟာ ကျောက်တုံးရုပ်တုကြီးနဲ့ ဝင်တိုက်သွားခဲ့ပြီး သူ့ရဲ့ အရှိန်က ရပ်တန့်သွားခဲ့တယ်..။သူက ကျောက်တုံးမျက်နှာပြင်နဲ့ ပြင်းထန်စွာ တိုက်မိပြီး..နောက်ပြန်လန်ကျကာ..မြေကြီးပေါ်လှိမ့်သွားခဲ့ပါတယ်..။သူက တုန်ရီစွာပဲ မတ်တတ်ပြန်ရပ်လိုက်တယ်..။

'အား..ချီးပဲ...ဒါက နာတယ်ဟ..'

ဒါကလည်း..ရုပ်ထုကို ထိလိုက်တာပဲ..ဟုတ်တယ်မလား..။

နောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ နောက်ထပ် သွေးမြားတစ်စင်းက..ဆူးချွန်ဆတ်သားရဲ့ ကိုယ်မှာ စိုက်ဝင်နေပြီး..ခနအကြာမှာ အပိုင်းပိုင်းအစစ ဖြစ်သွားတာကို ဆန်နီ တွေ့လိုက် ရတယ်..။ဒါက ဖျက်ဆီးခံလိုက်ရတာ မဟုတ်ပါဘူး..။အနည်းဆုံး ဒါက ကိုင် ဆီကို ပြန်ရောက်သွားခဲ့တာပါ..။

တိတ်တဆိတ် ကခုန်သူဟာ..ကြီးမားတဲ့ သတ္တဝါကြီးအနားမှာ ရစ်ဝဲနေပြီး သူ့ရဲ့ မျက်လုံးတွေကို ဦးတည်နေခဲ့တယ်..။ထည်ဝါလှတဲ့ ဓားပျံက ထပ်တူညီမူ တစ်ခုပါ..။ဒါကြောင့်..သူက..အရုဏ်ဦး သရဖူရဲ့ စွမ်းအားမြှင့်တင်ပေးမူကို မခံယူခဲ့ပါဘူး..။သူက သားရဲကြီးအတွက် ခြိမ်းခြောက်မူ ဆိုတာထက် စိတ်အနှောက်အယှက်ဖြစ်စရာ တောင် ပိုဖြစ်နေပါသေးတယ်..။ဒါတောင်မှ..သူက ပြတ်ရှရာ တစ်ချို့ကို ဖန်တီးထားနိုင်ပြီး သတ္တဝါကြီးကို သွေးတွေ ထွက်နေစေခဲ့တယ်..။

ဒါက ဆန်နီ လိုအပ်နေတဲ့ အရာ အတိအကျပါပဲ..။သွေး..ဖြစ်နိုင်သလောက် သွေးတွေ အများကြီး..။

သူက သန်းခေါင်းယံ အမြုတေကို ကိုင်ထားပြီး ရှေ့ကို တက်သွားကာ..ဆူးချွန်သားရဲ ဆီကို တိုးဝင်သွားခဲ့ပါတယ်..။

'ဘယ်သူက အရင် သားရဲကို သတ်နိုင်မလဲ ကြည့်ကြတာပေါ့..ကတ်စတာ..။မြို့ပြင်မှာနေတဲ့ ငါ့လို ကြွက်တစ်ကောင်က...အဆင့် ၃ တက်ရောက်မူအဆင့် မှတ်သားမူ ကို ရပြီး..မင်းလို ဆက်ခံသူက ဘာမှဟမရဘူးဆိုရင် ဒါက ရယ်စရာ ကောင်းနေတော့မှာ မဟုတ်ဘူးလား..'

သူ့ရဲ့ သားကောင်နဲ့ အကွာအဝေး အချို့ကို ရောက်လာတဲ့ အခါမှာတော့ ဆန်နီ ဟာ ကျောက်တုံးသူတော်စင်ကို သူမရဲ့ တိုက်ပွဲ ဟန်ပန်ကို ပြောင်းဖို့ အမိန့်ပေးလိုက်တယ်..။

အရိပ်သူတော်စင် ..အသုံးပြုရတာ အကြိုက်ဆုံး တိုက်ပွဲ ဟန်ပန်က သူမရဲ့ လက်နက်၊ အခြေအနေတွေနဲ့ အသင့်တော်ဆုံး..ဖြစ်တဲ့..အေးဆေးတည်ငြိမ်မူ ၊ ကွက်တိဖြစ်မူ နဲ့ မြဲမြံ မူတွေပါ..။သို့ပေမယ့် လက်ရှိအချိန်မှာ ဒါက ဆန်နီ လိုအပ်နေတဲ့အရာ မဟုတ်ပါဘူး..။

သူလိုအပ်နေတာက..သတ်ဖြတ်လိုမူ ၊ ကြမ်းတမ်းမူ နဲ့ သွေးစွန်းတဲ့ ဖျက်ဆီးမူ တွေကိုပါ..။

စက္ကန့်ဝက်လောက် တွေဝေနေပြီးကာမှ ကျောက်တုံးသူတော်စင်ဟာ..သူမရဲ့ ဒိုင်းကာကို လွင့်ပစ်လိုက်ပြီး သူမရဲ့ ဓားကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားလိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို တက်သွားခဲ့ပါတယ်..။အစောက ရှိနေတဲ့ သူမရဲ့ အေးဆေးပြီး တွက်ချက်တတ်တဲ့ ဟန်ပန်က အခုချိန်မှာ မရှိတော့ပါဘူး..။ဂုဏ်ကျတ်သရေ ရှိတဲ့..စစ်သည်တော် တစ်ယောက်အစားသူမက ရက်စက်တဲ့ သတ်ဖြတ်သူ တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ..။

ကြည့်ရတာတော့..သူမက ကိုယ့်ကိုကို ဂရုစိူက်ဖို့ရော..အဖွဲ့သားတွေကို ကာကွယ်ပေးဖို့ရော လုံးဝ အလေးမထားတော့ တဲ့ အတိုင်းပါပဲ..။ သူမက ရန်သူကို သတ်ဖြတ်ဖို့အတွက်တောင် သိပ်ပြီး ဂရုမစိုက်တော့ပေ..။သူမရဲ့ ရည်ရွယ်ချက်က ရန်သူကို များနိုင်သလောက် အများဆုံး နာကျင်မူပေးဖို့ ၊ ဒဏ်ရာပေးဖို့ နဲ့ ပိုပြီးအရေးကြီးဆုံးအနေနဲ့ သွေးတွေ ပမာဏ အများဆုံး ထွက်ဖို့ပါ..။

ဒါက ဆန်နီ သူမကို အမိန့်ပေးထားတဲ့ အတိူင်းပါပဲ..။

သူမ ရှေ့ကို ရောက်သွားတဲ့ အချိန်မှာတော့..ဆူးချွန်သားရဲမှာ..သွေးထွက်နေတဲ့ ဒဏ်ရာတွေ အများအပြားပေါ်ထွက်လာခဲ့ပါပြီ..။သားရဲ ရဲ့ ဖြူဖျော့နေတဲ့ ခန္တာကိုယ်က အခုဆိုရင် အနက်ရောင်သွေးတွေ တစ်ဝက်လောက်အထိကို ဖုံးလွှမ်းနေခဲ့တယ်..။ကတ်စတာ ရဲ့ ဓားက လည်း တစ်ခု နှစ်ခု ဖန်တီးပေးပေမယ့် အများစုက အရိပ်နဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဆီကနေ လာခဲ့တာပါ..။

အယ်ဖီကလည်း တိုက်ခိုက်နေတုန်းပါပဲ..။သူမရဲ့ လက်က အတော်လေးကျိုးပဲ့ပြီး..သူမရဲ့ နှုတ်ခမ်းမှာ သွေးတွေ နီရဲနေပေမယ့်..လှပတဲ့ လှံရှည်က..သတ္တဝါကြီးရဲ့ အကာအကွယ်ကို ကျော်ဖြတ်ကာ..ခန္တာကိုယ်ကို ဖောက်ဝင်တဲ့အထိ တိုက်ခိုက်နေပါသေးတယ်..။

သို့ပေမယ့် ဒီတိုက်ခိုက်မူတွေ တစ်ခုကမှ သတ္တဝါကြီးကို အဆုံးသတ်ပေးဖို့အတွက် မလုံလောက်ခဲ့ပါဘူး..။

သတ္တဝါကြီးအနီးနားက မြင်ကွင်းတွေကို ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီဟာ သူ့အရိပ်ကို သန်းခေါင်းယံ အမြုတေမှာ ရစ်ပတ်ဖို့ အမိန့်ပေးလိုက်တယ်..။အရုဏ်ဦး အမြုတေရဲ့ စွမ်းအင်တွေက..ဓားရဲ့ အတွင်းထဲမှာ လောင်ကျွမ်းနေဆဲ ဖြစ်တာကြောင့်..ဓားအတွင်းထဲမှာ သံစဥ်တွေတောင် ထွက်ပေါ်လာခဲ့ပါတယ်..။

ဒါတင်မကသေးပဲ...သွေးပန်းပွင့် အဆောင်ကလည်း စိတ်မကျေနပ်နိုင်လောက်တဲ့ သွေးဆာမူနဲ့..ဆာလောင်မူကို ဖြည့်ဆည်းပေးထားပါသေးတယ်..။

အရှိန်ကို လုံးဝ မလျော့ပဲ ဆန်နီဟာ..ဆူးချွန်သားရဲကြီးဆီကို သူ့ရဲ့ နောက်ကျောနဲ့ ပြန်ကျစေလိုက်တယ်..။သူ့ရဲ့ အရှိန်က ရှေ့ကို တွန်းပေးနေတဲ့ အချိန်မှာပဲ..သူက အနက်ရောင်သဲတွေထဲကို လျောထိုး

ဝင်သွားခဲ့ပါတယ်..။ပြီးတာနဲ့ သန်းခေါင်းယံ အမြုတေနဲ့ အပေါ်ကို ထိုးလိုက်တယ်..။

ကြောက်စရာ သတ္တဝါကြီးရဲ့ ဝမ်းဗိုက်ကို လွယ်လင့်တကူ ထိုးဖောက်ဝင်သွားပြီး..ဓားသွားက..အရည်ပြား ၊ ကြွက်သား ၊ အူတွေကို ဖြတ်တောက်သွားခဲ့တယ်..။သူကတော့ ဒီ သတ္တဝါကြီး ..ယိုင်နဲ့ပြီး လဲကျသွားဖို့အတွက် ဆက်တိုက် ကျိန်ဆဲပေးနေခဲ့ပါတယ်..။

All Chapters