← Chapters

လ အမြုတေ

Vol. 18 Ch. 261

လ အမြုတေ

Vol. 18 Ch. 261

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ သူ့ရဲ့ ဝိဥာဥ် ပင်လယ် ထဲကို ဝင်ပြီး..မှတ်သားမူ အသစ်ကို ကြည့်ဖို့ အချိန်ရခဲ့တယ်..။

ဒါက..အနက်ရောင် ၊ မှိန်ပြပြ ၊ ဖျော့တော့ တဲ့ စတီးနဲ့ ပြုလုပ်ထားတဲ့ အဝိုင်းပုံစံ..ဒိုင်းကာ တစ်ခုပါ..။အတွင်းမှာတော့..သူတစ်ယောက်တည်းသာ မြင်နေရတဲ့..တောက်ပပြီး နူးညံ့သိမ်မွေ့တဲ့ ကြိုးတွေရှိနေခဲ့ပါတယ်..။

မှတ်သားမူ : [ ဆည်းဆာချိန် အမြုတေ ]

မှတ်သားမူ အဆင့် : တက်ရောက်မူ

မှတ်သားမူ သတ်မှတ်ချက် : II

မှတ်သားမူ အမျိုးအစား : လက်နက်

မှတ်သားမူ ဖော်ပြချက် : [ ကြွေကျလာခဲ့တဲ့ ကြယ်တစ်စင်း၏ အမြုတေ ဖြင့် ထုလုပ်ထားခဲ့သည်..။ဒိုင်းကာ တွင်..ကောင်းကင်ဘုံ၏ အလေးချိန်ပါ ပါဝင်၏..။ကိုင်ဆောင်သူ ၏ နှလုံးသားပေါ်မူတည်ပြီး..သူ၏ အလေးချိန်က ပေါ့ပါးခြင်း ၊ လေးလံခြင်းကို ဖြစိပေါ်စေလိမ့်မည် ]

မှတ်သားမူ တိုးမြှင့်ချက် : [ အနိုင်မခံအရှုံးမပေးခြင်း]

တိုးမြှင့်မူ ဖော်ပြချက် : [ သူ၏ သခင်ရဲ့ စိတ်သဘောထားအလိုက်..ဆည်းဆာချိန် အမြုတေ ရဲ့အလေးချိန်က ပြောငိးလဲနိုင်သည် ]

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

ဒီတိုးမြှင့်မူက..တစ်ချက်ကြည့်လိုက်ရုံနဲ့ သိပ်ပြီး တိုးမြှင့်နိုင်စွမ်း မရှိပါဘူး..။လူတွေက..လက်နက် ကိုင်ဆောင်ဖို့အတွက် ခွန်အားဘယ်လောက်လိုအပ်တာလဲ ဆ်ိုတာကို သိချင်တဲ့အချိန်မှ..လက်နက်တွေရဲ့ အလေးချိန်ကို ဂရုစိူက်ကြတာပါ..။ပုံမှန်ဆိုရင်တော့ လက်နက်အလေးချိန်က ပေါ့ပါးလေလေ ပိုကောင်းလေလေပါပဲ..။ပေါ့ပါးတဲ့ လက်နက်တစ်ခုက..လူတစ်ယောက်ကို အချိန်အတော်ကြာအောင် မမောမပန်း တိုက်ခိုက်စေနိုင်ပြီး..တိုက်ပွဲရဲ့ အနိုင်အရှုံးအတွက်ပါ ကွဲပြားခြားနားမူတွေကို ဖြစ်ပေါ်စေပါတယ်..။

လူသားတွေ ထက်ပိုပြီး သာလွန်တဲ့ ခွန်အားတွေ ၊ ခံနိုင်ရည်အား တွေပိုင်ဆိုင်ထားတဲ့..နိုးထသူ တွေနဲ့ပတ်သက်လာရင်တော့ အခြေအနေတွေက ပြောင်းလဲသွားပါပြီ..။ပေါ့ပါးတဲ့လက်နက် တွေက သူ့နေရာနဲ့သူ အသုံးဝင်တယ် ဆိုပေမယ့်..တိုက်ခိုက်ရာမှာ တကယ် လိုအပ်တဲ့ အရာက..အင်အား ပါ..။ပြီးတော့..တစ်စုံတစ်ခုက..ပိုပြီး လေးလံလေလေ ..ပြင်းထန် တဲ့ ခွန်အားကို ထုတ်ပေးနိုင်လေလေ ပါပဲ..။

အရင်တုန်းကဆိုရင်..ဆန်နီက ဒိုင်းကာ ဆိုတာ ခုခံရေး ပစ္စည်းတစ်ခု အဖြစ်ပဲ သိထားခဲ့တာပါ..။သို့ပေမယ့်..အယ်ဖီနဲ့ ကျောက်တုံးသူတော်စင် တို့ ဒိုင်းကာ အသုံးပြုကြတဲ့ ပုံစံကို ကြည့်မိတဲ့ အချိန်မှာ..ဒိုင်းကာ ဆိုတာက..သေချာလေ့ကျင့်ထားတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ လက်ထဲကို ရောက်ပြီဆိုရင်..သေစေလောက်အောင် ဖျက်ဆီးအားပြင်းတဲ့ ဓားတစ်ချောင်းလိုပါပဲ..။တစ်ခါတစ်လေ ဆိုရင် ဒီထက်တောင် ပိုနေပါသေးတယ်..။

အယ်ဖီက..ကီလိုဂရမ် တစ်ရာလောက် လေးတဲ့ ဒိုင်းကာ တစ်ခုနဲ့ လူတစ်ယောက်ကို လွင့်စင်သွားတဲ့အထိရိုက်ချလိုက်တဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်ရင်း သူ ကြက်သီးထသွားခဲ့တယ်..။ဒိုင်းကာ အလေးချိန်ကို လိုအပ်သလို ပေါ့ပါး နိုင်ပြီး အရှိန်ကို မြှင့်တင်ကာ..ရန်သူနဲ့ထိကာနီးမှ..အလေးချိန်ကို ပြန်မြှင့်ပြီး တိုက်ခိုက်မူကိုတော့..ပြောနေစရာတောင် မလိုတော့ပါဘူး..။ဒါက ဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်..။

သို့ပေမယ့်..စစ်မှန်တဲ့ ခုခံမူ အရကြည့်မယ်ဆိုရင် ဒိုင်းကာ တစ်ခုကို နံရံကြီးတစ်ခုလို ကာကွယ်ထားလို့ ရတာက အတော်လေးကို အသုံးဝင်ပါတယ်..။ဆူးချွန်သားရဲကြီးက ဒိုင်းကာ ကြီးကို ဝင်တိုက်တဲ့ အချိန်မှာတော့..အရိုးအနည်းငယ် ကျိုးပြီး နောက်ကို ပြန်ကန်ထွက်သွားတာကို သူ မြင်တွေ့ခဲ့ရပါသေးတယ်..။

ဆန်နီ ကတော့..ဒိုင်းကာ တစ်ခုနဲ့ ဘယ်တုန်းကမှ လေ့မကျငိ့ခဲ့ဖူးပေ...။သူ့ရဲ့ လက်နှစ်ဖက်နဲ့ကိုင်ဆွဲပြီး အသုံးပြုရတဲ့ ဓားကပဲ အဆင်ပြေနေပါတယ်..။သို့ပေမယ့် စိတ်ဆန္ဒသာ ရှိရင် ..နည်းလမ်းဆိုတာ အမြဲ ရှိနေပါလိမ့်မယ်..။

ကျေနပ်တဲ့ အပြုံးနဲ့အတူပဲ..သူက ဆည်းဆာချိန် အမြုတေကို အပြင်ကို ထုတ်လိုက်တယ်..။တောက်ပတဲ့ အလင်းစက်ကလေးတွေက သူ့ရဲ့ လက်မောင်းဝန်းကျင်မှာ ပေါ်လာခဲ့တယ်..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..အဝိုင်းပုံစံ အရိပ်တစ်ခုက အစစ်အမှန်ပုံစံ အဖြစ်ပြောင်းလဲလာခဲ့ပါတယ်..။နောက်ထပ် စက္ကန့်အနည်းငယ် ရောက်တဲ့ အချိန်မှာတော့ မှတ်သားမူက အပြည့်အဝ ဖြစ်ပေါ်လာခဲ့ပါပြီ..။

'ဘယ်လို..အ..အိုး..ခရက် '

အံ့ဩတဲ့ အသံနဲ့တူပဲ..ဆန်နီ ယိုင်နဲ့ပြီး..ရှေ့ကို ထိုးကျသွားခဲ့တယ်..။ကံကောင်းချင်တော့..သူက သံဒိုင်းကာ ပေါ်ကို ပြုတ်ကျသွားခဲ့လို့ပါ..။မဟုတ်ရင် ဒိုင်းကာ ရဲ့ အလေးချိန်ကြောင့် သူက ဒဏ်ရာ ရရှိသွားနိုင်ပါတယ်..။

'ဒါက..အရမ်း လေးတယ်..'

ဒီ သောက်ကျိုးနဲ အရာက..သူထင်ထားတာထက် အတော်လေးကို လေးလံနေခဲ့တာပါ..။အမှန်တော့..သူက ဒီဟာကို သယ်ပြီး လျောက်သွားဖို့ မပြောနဲ့..မ ကြည့်ဖို့ အတွက်တောင် အတော်လေးလံနေခဲ့တယ်..။

အဖွဲ့ဝင်တွေက..မတ်တတ်ရပ်ဖို့တောင် ခဲယဥ်းနေတဲ့ ဆန်နီ ကို..စိတ်ရှုတ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြတယ်..။

ဆန်နီကတော့ အံကိုကြိတ်ထားပြီး..ဒူးတစ်ဖက်ကို ထောက်ကာ..ဒိုင်းကာကို မြေကြီးပေါ်ကနေ မ တင်ဖို့ ကြိုးစားနေခဲ့ပါတယ်..။သို့ပေမယ့် သူ ဘယ်လောက်ပဲ ကြိုးစားပါစေ..ဒီဟာက စင်တီမီတာ အနည်းငယ် အပြင် ပိုပြီး မြင့်တက် မလာခဲ့ပါဘူး..။

"ချီးပဲ..."

'ကောင်းပြီ..ငါ ဝန်ခံတယ်..။ဒါကြီးက အရမ်းလေးလွန်းတယ်..။အလေးချိန်ကို နည်းနည်းလောက် လျော့ချကြရအောင်...'

သို့ပေမယ့် စက္ကန့်အနည်းငယ်လောက် ကြာပြီးတဲ့ နောက်မှာတော့..သူ့မျက်နှာက အေးခဲသွားခဲ့ပါတယ်..။

'...မဖြစ်နိုင်တာ..'

သို့ပေမယ့် အမှန်တရားကတော့ လက်ခံဖို့ ခက်ခဲတာအမှန်ပါပဲ..။

သူ...သူက ဆည်းဆာချိန် အမြုတေရဲ့ အလေးချိန်ကို လုံးဝ မပြောင်းလဲနိုင်ခဲ့ပေ..။

တိုးမြှင့်မူက..ဆန်နီကို လိုသလို ထိန်းညှိခွင့်ပေးရမှာ ဖြစ်ပေမယ့်..ဒီစွမ်းအင်ကို ထုတ်ဖော်ဖို့ သူက..ဝိဥာဥ် အဆီအနှစ် ၊ အရိပ်အဆီအနှစ် တွေကို အများကြီး အသုံးပြုဖို့လိုအပ်ပါတယ်..။

သန်မာတဲ့ တိုးမြှင့်မူတွေတိုင်းက ဒီလိုပါပဲ..။ပြီးတော့..မှတ်သားမူ အဆင့်က မြင့်မားလေလေ..သူတို့ရဲ့ အလုပ်ခုပ်ပုံက ဒီလိုဖြစ်လေပါပဲ..။

ပြသနာက..အိပ်စက်သူတွေအနေနဲ့ ဝိဥာဥ် အဆီအနှစ်တွေကို ထိန်းချုပ်ပြီး အသုံးချဖို့အတွက် နည်းလမ်း ရှိမနေခဲ့တာပါ..။

ဆန်နီဟာ ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ..။သူက ..တက်ရောက်မူ အဆင့် မှတ်သားမူတွေကို တစ်ခုမဟုတ် ၊ နှစ်ခုမဟုတ် ၊ သုံးခုအထိတောင် ပိုင်ဆိုင်ခွင့် ရခဲ့သူပါ..။သို့ပေမယ့် ဒီထဲက နှစ်ခုက သူ့အတွက် လုံးဝ အသုံးပြုလို့ မရခဲ့ပဲ..တတိယတစ်ခုကလည်း..သွေးတွေ ဆုံးရှုံးပြီး သေတာမျိုးမဖြစ်ချင်ရင် လက်ဖြောင့်အောင် ပစ်တတ်မှ ရမယ့် လက်နက်မျိုးဖြစ်နေခဲ့ပါတယ်..။

'ချီးပဲ ..ချီးပဲ..။ဒါက..သောကျိုးနဲ ကံစီမံရာ စွမ်းရည်ကြောင့်ပဲ ဖြစ်ရမယ်..'

ဆန်နီ ကျိန်ဆဲနေတုန်းမှာပဲ..အယ်ဖီက သူ့အနားကို ရောက်လာခဲ့ပြီး..အပေါ်ကနေ ငုံ့ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သူမက ရှေ့ကိုကိုင်းလိုင်ကြီး..ဆည်းဆာချိန် အမြုတေကို ယူကာ မကြည့်လိုက်တယ်..။ဆန်နီအပါအဝင်..ဒိုင်းကာ က..ဘာပြသနာမှ မရှိပဲ..မြေကြီးကနေ ကြွတက်လာခဲ့ပါတယ်..။

"အဲတော့ ဒီဟာပေါ့..။အဲ့ ခွေးသားဆီကနေ နင် ရခဲ့တဲ့ မှတ်သားမူက.."

နောက်ဆုံးမှာတော့ မုဆိုးမိန်းကလေးရဲ့ အကူအညီနဲ့ ထရပ် နိုင်ခဲ့တဲ့ ဆန်နီဟာ..သူမကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။သူ့အမူအရာက တော် ခန့်မှန်းလို့ မရနိုင်ခဲ့ပါဘူး..။ယင်းနောက် သူ ရုတ်တရက် ပြုံးလိုက်ပြီး...

"ဟုတ်တယ်..။စကားမစပ် အယ်ဖီ..။ငါတို့က သူငယ်ချင်းတွေ မလား..။ကြည့်လေ..ပြီးခဲ့တဲ့ တိုက်ပွဲမှာတုန်းက နင့်ရဲ့ ဒိုင်းကာ ပျက်ဆီးသွားတာကို ငါ အကူညီမဲ့စွာနဲ့ ကြည့်နေခဲ့ရတယိ..။ဒီတော့..."

သူမ မျက်လုံးတွေ ကျဥ်းမြောင်းသွားခဲ့တယ်..။

"ခနလေး...ဆန်နီရဲ့..သမာသမတ် မကျတဲ့ ကုန်စည်ပြပွဲက စီးပွားရေးလုပ်ဖို့ ပြန်ဖွင့်လှစ်လိုက်ပြီလို့တော့ ငါ့ကို မပြောနဲ့နော်..."

သူ မျက်တောင် အကြိမ်အနည်းငယ် ခတ်ပြီးမှ ပြောလိုက်တယ်..။

"ဘာလို့လဲ..ဟုတ်တယ်..။နင် ဘယ်လိုသိတာလဲ.."

မုဆိုးမိန်းကလေးဟာ..လေးလံတဲ့ ဒိုင်းကာကိုကြည့်ပြီး ပုံမှန်လေသံနဲ့ပြောလိုက်တယ်။

"ကောင်းပြီ...အပြန်အလှန်အနေနဲ့ ဘယ် ဘာလိုချင်လဲ.."

ဆန်နီ ခနလောက်တွေးလိုက်တယ်..။

"နင့်ရဲ့ အဆုံးအစ မရှိတဲ့ အိတ်..။ပြီးတော့..နောက်ထပ် နိုးထမူအဆင့် မှတ်သားမူ နှစ်ခုရောပဲ..."

အယ်ဖီ ဘာမှ မဆုံးဖြတ်ရသေးခင်မှာပဲ နစ်ဖီက ကြားဝင်ပြီး ပြောလာခဲ့တယ်..။အနားကို တိုးလာခဲ့ပြီး သူမက မုဆိုးမိန်းကလေးကို အရင်ကြည့်လိုက်တယ်..။ယင်းနောက်..ဆန်နီ ၊ ဒိုင်းကာ တို့ကို ထပ်ကြည့်လိုက်ပြီး..နောက်ဆုံးမှာပြောလိုက်ပါတယ်..။

"အဲတာကို အယ်ဖီကို ပေးတဲ့ အတွက်..အလဲအလှယ်အနေနဲ့ တက်ရောက်မူအဆင့် မှတ်သားမူကို ပြန်ပေးမယ် ဆိုရင်ရော..။နင့်ရဲ့ နည်းစနစ်နဲ့ ကိုက်ညီတဲ့ တစ်ခုကိုပေါ့..."

ဆန်နီဟာ ဆည်းဆာချိန် အမြုတေကို ပြန်သိမ်းလိုက်ပြီး..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို သံသယနဲ့ကြည့်ပြီး ခနလောက် တွေဝေနေခဲ့တယ်..။ဒါက သူ့ဆီကနေ အမြုတေ မှတ်သားမူကို ရဖို့အတွက် သူမရဲ့ ပရိယာယ် များလား..။

တကယ်လို့ သူမမှာ တက်ရောက်မူအဆင့် မှတ်သားမူ ရှိတယ်ဆိုရင် ဘာလို့ တစ်ချိန်လုံး ဖုံးကွယ်ထားရတာလဲ..။ပြီးတော့..သူမက ဘယ်ကနေ ရလာခဲ့တာလ​ဲ..။

အတော်ကြာပြီးကာမှ သူ ပြောလိုက်တယိ..။

"မသိဘူးလေ..။နင့်ရဲ့ မှတ်သားမူကို ပြကြည့်ပေါ့..။ပြီးရင် ငါတို့ ဆုံးဖြတ်ကြမယ်.."

နစ်ဖီ တိတ်တဆ်ိတ်ပဲ ရှေ့ကို တစ်လှမ်းတ်ိုးကာ သူ့ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်..။ယင်းနောက် စွမ်းအင်တန်း တစ်ခုက သူ့ရဲ့ ခန္တာကိုယ်ထဲကို စီးဝင်လာခဲ့ပါတယ်...။

အခိုက်အတန့်က တီးတိုးပြောလိုက်တယ်..။

[ သင်က မှတ်သားမူ တစ်ခုကို ရရှိခဲ့သည် ]

နစ်ဖီကို သံသယဖြစ်စွာ တစ်ချက်ကြည့်လိုက်ပြီး ဆန်နီဟာ အချက်အလက်ဇယားကို ဖွင့်ပြီး..သူရရှိလိုက်တဲ့ မှတ်သားမူရဲ့ နာမည်ကို ကြည့်လိုက်ပါတယ်..။သူ့ရဲ့ အရိပ်တောင်မှ ဒါကိုမြင်ပြီး အံ့ဩသွားခဲ့တယ်..။

သူ့ရှေ့က လေပေါ်မှာပေါ်နေတဲ့ အချက်အလက်ဇယားမှာတော့ စာသားတွေကို ရေးထားခဲ့တယ်..။

မှတ်သားမူ : [ လ အမြုတေ ]

All Chapters