← Chapters

ငရဲသို့ သွားရာလမ်း..

Vol. 18 Ch. 262

ငရဲသို့ သွားရာလမ်း..

Vol. 18 Ch. 262

'နောက်ထပ် အမြုတေ မှတ်သားမူ လား..'

ဆန်နီဟာ..မျက်ခုံးပင့်တင်လိုက်ပြီး နစ်ဖီကို တစ်ချက်ကြည့်ကာ အချက်အလက်ဇယားကို ပြန်ကြည့်လိုက်ပါတယ်..။သူ့ မျက်လုံးတွေက အရောင်လက်သွားခဲ့တယ်..။

မှတ်သားမူ : [ လ အမြုတေ ]

မှတ်သားမူ အဆင့် : [ တက်ရောက်မူ ]

မှတ်သားမူ အဆင့် : I

မှတ်သားမူ အမျိုးအစား : လက်နက်

မှတ်သားမူ ဖော်ပြချက် : [ ကြယ်တွေက..ပျောက်ကွယ်ပြီး ကြွေကျသွားကြသည့် အချိန်တွင် ..ဘာမှမရှိသည့် ကောင်းကင်ထက်မှာ..အထီးကျန်သည့် လ တစ်စင်းသာ ကျန်ရှိတော့သည်..။လ ရောင်တွေ အကုန်လုံးကို အမှောင်ထုက တိုက်စားသွားသည့် အချိန်တွင်..ဒီဓားကို သေးငယ်သည့် အပိုင်းအစလေးဖြင့်..ထုလုပ်ထားခဲ့ခြင်းဖြစ်သည်..]

မှတ်သားမူ စွမ်းရည် : [ မမြင်ရ ]

စွမ်းရည် ဖော်ပြချက် : [ လရောင်မှ ထုလုပ်ထားခြင်းဖြစ်ပြီး..ဒီ ဓားက ကိုင်ဆောင်သူ၏ လက်အတွင်းသို့ ကြန့်ကြာခြင်း မရှိပဲ ပေါ်လာနိုင်သည် ]

ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။မျက်မှောင်ကျုတ်ထားရင်းနဲ့ သူက လ အမြုတေကို ထုတ်ကြည့်လိုက်ပါတယ်..။

ရှည်လျားပြီး ပါးလွှာတဲ့ ဓားသွားနဲ့ ဓားမြောင်တစ်ချောင်းက သူ့ရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ ထိပ်ဖျားက ချွန်ထက်နေပြီး ရိုးရှင်းတဲ့ ကြက်ခြေခတ် အမှတ်အသားတွေလည်း ရှိနေခဲ့တယ်..။သူ့ရဲ့ လက်ကိုင်ကိုတော့..အနက်ရောင် သစ်သား နဲ့ ပြုလုပ်ထားခဲ့ပါတယ်..။ဓားမြောင်ရဲ့ အဓိက ထူးခြားတဲ့ အရာက..သန့်ရှင်းပြီး ကြည်လင်တဲ့ ဖန်သားနဲ့ ပြုလုပ်ထားသလိုဖြစ်နေခဲ့တာပါ..။ဖန်သားက..တစ်နည်းအားဖြင့် ပြောရရင် ..စတီးလောက်ကို မာကျောတဲ့ ဖန်သားဖြစ်ပြီး..ပိုပြီးလည်း ထက်ရှပါတယ်။

မြေအောက် လှိုဏ်ဂူ ရဲ့ အမှောင်ထု ထဲမှာတော့..တစ္ဆေဓားမြောင်က မမြင်ရလု နီးပါးတောင်ဖြစ်နေခဲ့တယ်..။

ဆန်နီကို အမှန်တကယ် အံ့ဩစေတဲ့ အရာက သူ့ရဲ့ အသွင်အပြင်မဟုတ်သလို သူ့ရဲ့ အဆင့်လည်း မဟုတ်ပါဘူး..။ဒါက သူ့ရဲ့လက်ထဲမှာ ရုတ်ချည်းပေါ်လာမူပါ..။ဒီမှာ အလင်းစက် ဖြစ်တည်မူတွေ ၊ ဘာမှ မရှိမူကနေ..ပေါ်ပေါက်လာတဲ့ အရှိန်ယူမူ တွေ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး...။ဓားမြောင်က လက်ထဲမှာ အမြဲတမ်းရှိနေသလိုပဲ ရုတ်တရက် ပေါ်လာခဲ့တာပါ..။

ဒါက..ဒါက မယုံနိုင်စရာ စွမ်းရည်ပါပဲ..။ဒီအရာက သိပ်ပြီး အင်အားကြီးတဲ့ပုံမပေါ်ပေမယ့် လူအများကြီး ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာကို ဆန်နီ ချက်ချင်းနားလည်လိုက်ပါတယ်..။

တစ်ကြိမ် ထုတ်ယူပြီဆိုရင်..မှတ်သားမူတွေက ဖွဲ့စည်းဖို့ အတွက် အချိန်ကြာတတ်ပါတယ်။ဆည်းဆာ အမြုတေဆိုရင်..သူ့ရဲ့ လှိုင်းတွေက တည်ရှိမူ အဖြစ်ဖွဲ့စည်းဖို့ ၆ စက္ကန့်ကနေ ၈ စက္ကန့်လောက်အထိ ကြာတာပါ..။သို့ပေမယ့် နစ်ဖီကိုင်ဆောင်ထားတဲ့ ငွေရောင် ဓားရှည်လို ထုတ်ယူဖို့ ၁ စက္ကန့်လောက်ပဲ ကြာတယ်ဆိုရင်တောင် ဒါက ချက်ချင်း ဖြစ်တည်လာတာ မဟုတ်သေးပါဘူး..။ထပ်ပြောရရင်..မှတ်သားမူ တွေ ဖြစ်ပေါ်လာတယ် ဆိုတာက..တောက်ပတဲ့ အလင်းစက်တွေကို ကြေးနန်းရိုက်လိုက်သလိုပါပဲ..။

အချိန်တိုလေးအတွင်းမှာ မှတ်သားမူတစ်ခုကို ထုတ်ယူပြီး ရန်သူကို အံ့ဩသင့်စေဖို့ဆိုတာ အတော်ကို ခဲယဥ်းတဲ့အရာပါ..။ကျွမ်းကျင်မူ ရှိတဲ့ ရန်သူတွေက ဒီလိုမျိုးအရာ ပေါ်ထွက်လာတာကို အမြဲတမ်း သတိထားမိတတ်ကြပါတယ်..။​ပြောင်းလဲနေတဲ့ ကြယ်ပွင့်လို ဓားပညာရှင်တစ်ယောက်ရဲ့ ထောင်ချောက်ထဲ မရောက်မချင်း သူတို့က အကဲခတ်နိုင်စွမ်းရှိကြပါတယ်..။သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ ထောင်ချောက်ဆင်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပေ..။

ဒီဟာတွေ အကုန်လုံးက လ အမြုတေကို သက်ရောက်ခြင်း မရှိပါဘူး..။ဒီ တစ္ဆေ ဓားမြောင်က လက်ထဲကို ဘယ်ကမှန်းမသိ ရောက်လာပြီး တားဂတ်ကို ချက်ချင်း ထိုးစိူက်လိုက်လို့ ရပါတယ်..။

'..ဘယ်လောက်တောက် ကြမ်းတမ်းလိုက်တဲ့ အရာလဲ..'

ဒီဟာက..ဆန်နီ အသုံးပြုနေတဲ့ နည်းစနစ်နဲ့ အမှန်တကယ်ကို အသုံးဝင်တဲ့ အရာပါ..။သူက အရိပ်တေံထဲက နေထွက်လာပြီး ရန်သူကို တစ်ချက်တည်း အဆုံးသတ်ရတာကို သဘောကျပါတယ်..။သူ့ရဲ့ လက်နက်တိုက်ထဲမှာ ..တစ္ဆေဓားမြောင် ရှ်ိနေပြီဆိုရင်..သူက အမှတ်မထင် တိုက်ခိုက်ဖို့ အမှောင်ထဲမှာတောင် ပုန်းနေစရာမလိုတော့ပါဘူး..။

ဘယ်သူမှ ဓားရောက် လာတာကို မြင်နိုင်မှာမဟုတ်ပေ..။

ဒီဟာက တက်ရောက်မူ အဆင့် ဖြစ်နေတာကိုတော့ ထည့်ပြောနေစရာတောင် မလိုတောပါဘူး..။လ အမြုတေ နဲ့ဆိုရင်..ဆန်နီက..အရုဏ်ဦး အမြုတေ ရဲ့ အကူအညီ မပါပဲနဲ့တောငမ ကျရှုံးမူအဆင့် သားရဲကိုဒဏ်ရာရအောင် လုပ်လိူ့ရပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် အရိပ်ရဲ့ အားဖြည့်မူနဲ့တင် လုံလောက်တာထက် ပိုနေပါပြီ..။

သူက ဓားမြောင်ကို အသုံးပြုဖို့ဆိုရင်..မွန်းစတားရဲ့ အနီးမှာ ရှိနေမှဖြစ်မှာပါ..။သို့ပေမယ့်..ဒီလိုဆိုရင်တောင် သူ့မှာ အခွင့်အရေး ရှိနေပါသေးတယ်..။

ဆန်နီ ရဲ့ နှုတ်ခမ်းမှာ ကျေနပ်တဲ့ အမူအရာတွေ ပေါ်လာခဲ့ပြီး နစ်ဖီ ဘက်ကို လှည့်ကာ မေးလိုက်တယ်..။

"နင် ဒါကို ဘယ်ကနေ ရခဲ့တာလဲ.."

သူမ ခနလောက် တွေဝေနေခဲ့ပြီးမှ ဖြေလိုက်တယ်..။

"အနက်ရောင် မြို့တော်ရဲ့ တောင်ဘက်.."

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။ဒါက အဓိပ္ပါယ်ရှိပါတယ်..။သူမရဲ့ မြေပုံမှာ နောက်ထပ် အနီရောင် ကြက်ခြေခတ်တစ်ခုက အဲ့နားမှာပါ..။

သူက ဒီသုံးလအတွင်းမှာ ကျိန်စာသင့် မြို့တော်ရဲ့ လမ်းတွေကြားထဲမှာ အမဲလိုက်နေတုန်း..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကလည်း တကယ်ကို အလုပ်များနေခံ့ပါတယ်..။

အခု အမြုတေ မှတ်သားမူ ငါးခုဖြစ်တဲ့..အာရုဏ်ဦး အမြုတေ ၊ ဇင်းနစ် အမြုတေ ၊ ဆည်းဆာချိန် အမြုတေ ၊ သန်းခေါင်းယံ အမြုတေ နဲ့ လ အမြုတေ တွေကို ဖယ်ရှားလိုက်မယ်ဆိုရင် နောက်ထပ် နှစ်ခုကျန်နေပါသေးတယ်..။

သူတို့က ဘယ်ရုပ်ထုမှာ ချည်နှောငိနေတာလဲ..ဒါမှမဟုတ် တစ်စုံတစ်ယောက်က ပိုင်ဆိုင်ထားပြီးပြီလား ဆိုတာကို ဆန်နီ သိချင်သွားခဲ့တယ်..။

..

အခုတော့ ဒါက ပြသနာ တစ်ခု မဟုတ်သေးပါဘူး..။

သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ တစ္ဆေဓားမြောင်ကို သိမ်းဆည်းကာ ပြောလိုက်တယ်..။

"ငါ နင့်ကို သတိပေးထားရဦးမယ်..။ဒိုင်းကာကို အသုံးပြုမယ့် စွမ်းရည်က နိုးထသူတစ်ယောက် အသက်သွင်းမှ ရမှာ..။ဒါက သူ့ရဲ့ အလေးချိန်ကိုလိုအပ်သလို ပြောင်းလဲနိုင်လိမ့်မယ်..။ဒါပေမဲ့ အခုတော့ အဲတာက အတော်ကြီးကို လေးလွန်းတယ်.."

နစ်ဖီ လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ အယ်ဖီက ပုခုံးတွန့်ပြလိုက်တယ်..။

"ငါက အဲတာနဲ့ အဆင်ပြေတယ်.."

ဆန်နီ နောက်ဆုံးတော့ လွတ်လပ်စွာ ပြုံးလိုက်ပါတယ်..။

"...အာ..ဒါဆို ကောင်းတာပေါ့..။ငါတို့ အပေးအယူဖြစ်ပြီ.."

***

အဆုံးမှာတော့ သူတို့က မြေအောက်လှိုဏ်ဂူထဲမှာဟရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ကြတယ်..။နစ်ဖီ ကတော့ သူမရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ တစ်ခြားအဖွဲ့သားတွေကို ကုသပေးလို့ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်နေရပါတယ်..။တစ်ခြားသူတွေကလည်း..သူတို့ရဲ့ ထိခိုက်ခံထားရတဲ့ မှတ်သားမူတွေနဲ့ ဝင်္ကပါထဲကို ပြန်မသွားချင်ကြပါဘူး..။

နောက်ဆုံးမှာတော့..သူတို့က ပြန်ဖို့အတွက် အဆင်သင့်ဖြစ်သွားခဲ့ကြတယ်..။

ဆန်နီက ဒီခနတာ အတွင်းမှာ အနားယူသလို ၊ အရိပ်ကခုန်မူကိုလည်း လေ့ကျင့်ပြီး..သူ့ရဲ့ ပထမအဆင့်ကို အောင်မြင်ဖို့ကြိုးစားနေခဲ့ပါတယ်..။

သူတို့ရဲ့ ရှေ့ဆက်ရမယ့် ခရီးမှာ သွေးထွက်များတဲ့ တိုက်ပွဲတွေပဲ ရှိမယ်ဆိုတာ သူ သိထားပြီးသားပါ..။ပထမဆုံးအနေနဲ့ သူတို့က ဝင်္ကပါ လမ်းတစ်လျောက်လုံးမှာ မမျှော်လင့်ထားတဲ့ ထိပ်လန့်စရာတွေနဲ့ တိုက်ခိုက်ရပါလိမ့်မယ်..။ပြီးတော့..အနက်ရောင် မြို့တော်ထဲကို ပြန်ရောက်တဲ့ အချိန်ကျရင်..

ဒီအရှုပ်ထုတ်တွေ ပါဝင်နေတဲ့ ကစားပွဲရဲ့ နောက်ဆုံး ပြဇာတ်က စတင်ပါတော့မယ်..။

နောက်ကို ပြန်ကြည့်လိုက်ရင်..သူက ဒီရှစ်လ အတွင်းမှာ ဘယ်လောက်တောင် ကျော်ဖြတ်ခဲ့ရလဲ ဆ်ိုတာကို မယုံကြည်နိုင်တော့ပေ..။

ဆန်နီ မေ့ပျောက်ကုန်းမြေကို စရောက်တဲ့ အချိန်တုန်းက..သူက အားနည်းပြီး အတွေ့အကြုံမရှိပါဘူး..။

သူက ကြေးခွံသားရဲ တစ်ကောင်နဲ့ ပထမဆုံး စပြီးတိုက်ခိုက်တဲ့ အချိန်တုန်းက အသက်ဆုံးရှုံးရ မတတ်တောင် ဖြစ်ခဲ့ပါတယ်..။

ပြီးတော့ အခုချိန်မှာတော့ သူက သူ့ရဲ့လက်နဲ့ ကိုယ်တိုင်သတ်ဖြတ်ခဲ့တဲ့ ကျရှုံးမူအဆင့် မွန်းစတားရဲ့ ဘေးနားမှာ ရပ်နေခဲ့ပါတယ်။

ကြေးခွံသားရဲ တစ်ကောင်ကို မနည်းသတ်ဖြတ်ခဲ့ရတဲ့ အခြေအနေကနေ..ကြေးခွံသားရဲ ခေါင်းဆောင်ကို အသက်စွန့်ပြီး တိုက်ခိုက်ရတဲ့ အခြေအနေ ကနေ..ပင်လယ်အနက်ရှိုင်းထဲက ထိပ်လန့်စရာ သတ္တဝါကို ခေါ်ထုတ်ပြီး ကြေးခွံနတ်ဆိုးကို သတ်ဖြတ်နိုင်ခဲ့တဲ့ အခြေအနေအထိ ရောက်ခဲ့တယ်..။

အနက်ရောင်မြို့တော်ထဲက လမ်းကြားတွေထဲမှာ အိပ်မက်ဆိုးသားရဲတွေကို ဘယ်လိုအမဲလိုက်ရမယ်မှန်း မသိတဲ့ အခြေအနေကနေ..မြို့တော်အောက်က ဝင်္ကပါထဲမှာ..မသေနိုင်တဲ့ မွန်းစတားတွေကို တိုက်ခိုက်နိုင်ခဲ့တဲ့ အထိ တိုးတက်လာခဲ့တယ်..။

ဝင်္ကပါ ထဲကို ကိုယ်သဘောဆန္ဒအလျောက် ပြန်သွာစပြီး..ပင့်ကူသားရဲ အုပ်နဲ့ တိုက်ခိုက်မူတွေ ၊ ခေါင်းပြတ် ရုပ်တုကြီးပေါ်မှာ လိုက်ပါစီးနင်းပြီး ကျရှုံးမူအဆင့် သားရဲတွေ ၊ နိုးထမူအဆင့် သားရဲတွေ များစွာနဲ့ တိုက်ပွဲဝင်ခဲ့ရတယ်..။

ဟောလိုး တောင်တန်းရဲ့ တောင်ခြေမှာ အမည်မသိ အုတ်ဂူကို ရှာဖွေရင်းကနေ ပထမဆုံးအရှင်သခင် ရဲ့ နောက်ဆုံး ထွက်သက်နေရာအထိ ရောက်လာနိုင်ခဲ့ကြတယ်..။

သူက အများကြီးကို ရှင်သန်ဖြတ်ကျော်ခဲ့တယ်။အများကြီးကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်..။ပြီးတော့ အများကြီးကို အောင်မြင်နိင်ခဲ့ပါတယ်..။

ဒါပေါ့ သူက အမြဲတမ်းကို အနိုင်ရနေတာချည်းပဲ မဟုတ်ပါဘူး..။သူက ရှုံးနိမ့်တဲ့ အရသာကိုလည်း အများကြီး အများကြီး ခံစားဖူးပါတယ်..။တိုက်ပွဲထဲမှာရော ၊ ဒီငရဲကြီးမှာ ပိတ်မိနေတဲ့ တစ်ခြား အကျဥ်းသားတွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်တဲ့ နေရာမှာရော သူက ရှုံးနိမ့်ခဲ့တာပါ..။

သူက နာကျင်မူ ၊ ဝမ်းနည်းမူ နဲ့ စိတ်ပျက်မူတွေကို အများကြီး ကြုံတွေ့ခဲ့ရပါတယ်...။

ပြီးတော့ သူက မကြာခင်မှာ ဒီအရသာ တွေကို အများကြီး ထပ်ခံစား ရဦးမှာပါ။

ဆန်နီ ခေါင်းကို လှည့်ပြီး အပေါင်းအပါတွေကို ကြည့်လိုက်တယ်..။နစ်ဖီ ၊ ကတ်စီ ၊ ကိုင် ၊ အယ်ဖီ နဲ့ ကတ်စတာ တို့က သူတို့ရဲ့ ရှည်လျားတဲ့ အိမ်ပြန်ခရီးအတွက် ပြင်ဆင်ရင်း အလုပ်များနေခဲ့ကြပါတယ်..။

အဆုံးသတ်မှာ သူတို့ထဲကဘယ်လောက်များ အသက်ရှင် ကျန်ရစ် နိုင်မှာလဲ..။

မျက်လုံးတွေကို ပိတ်လိုက်ရင်း သူ သက်ပြင်းချလိုက်တယ်..။

နောက်ဆုံးအချိန်အထိ ရှင်သန်နေဖို့ဆိုတာ လွယ်ကူတဲ့ အရာတစ်ခု မဟုတ်ပါဘူး..။

သို့ပေမယ့် ဆန်နီကတော့ သူက ဒီလိုလုပ်နိုင်တယ် ဆိုတာကို ကမ္ဘာကြီးကို ပြသဖို့အတွက် စိတ်ဆုံးဖြတ်ထားပြီးပါပြီ..။

သူက အနိုင်ရကို ရရမှာပါ..။သူကပဲ နောက်ဆုံးကျန်ရစ်သူ ဖြစ်ရ ပါလိမ့်မယ်..။

ဒီအတွက် ဘာကိုပဲ..လုပ်ရပါစေ...။

...လုပ်ရမယ့် အရာက သူ့ကို နာကျင်စေမယ် ဆိုရင် တောင်မှပါ..။

All Chapters