← Chapters

အဆုံး၏ အစ

Vol. 18 Ch. 263

အဆုံး၏ အစ

Vol. 18 Ch. 263

သုံးလ ကြာပြီးတဲ့နောက်မှာတော့ လူသား ခြောက်ယောက် အဖွဲ့ဟာ..ကြက်သွေးရောင် သန္တာပင်လယ်ထဲကနေ ထွက်ပေါ်ပြီး..ကြီးမားတဲ့ အဖြူရောင် ပေါင်းကူး တံတားရှိရာကို ချီတက်လာခဲ့ကြပါတယ်..။အတွေ့အကြုံရှိတဲ့ သားရဲတွေလို လှုပ်ရှားမူနဲ့ သူတို့က ရှေးဟောင်းအဆောက်အဦးရဲ့ အရိပ်ထဲမှာ ယာယီ ပုန်းအောင်းနေတဲ့ သားရဲတွေကို သတ်ကာ..အသားတွေကို ယူပြီး အပေါ်ကို တက်သွားခဲ့ကြတယ်..။

အခက်အခဲအားလုံးကို ကျော်လွှားပြီး ၊ အဖွဲ့သားတွေဟာ အနက်ရောင်မြို့တော်ကို ပြန်တဲ့ လမ်းတစ်လျောက်မှာ ရှင်သန်နိုင်ခဲ့ကြတယ်..။

...ဒါက..ရှင်သန်ရုံမျှသာပါ..။

မာဗယ်ပေါင်းကူးရဲ့ မြောက်ဘက်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..ဆန်နီဟာ အညိုရောင် တံတိုင်းကြီးကို မြင်နေခဲ့ရတယ်..။သူ့ အကြည့်တွေက..ပင်ပန်းမူတွေ ၊ အောင်ပွဲခံမူတွေ နဲ့..စိုးရိမ်ကြောင့်ကြမူတွေ ရှိနေခဲ့ပါတယ်..။

နောက်ဆုံးတော့ သူတို့ ပြန်ရောက်လာကြပါပြီ..။

လွန်ခဲ့တဲ့ သုံးလအတွင်း..အရေမတွက်နိုင်တဲ့ သွေးစွန်း အိပ်မက်ဆိုးတွေ ၊ မရေမတွက်နိုင်တဲ့ ထိပ်လန့်စရာ တွေနဲ့ တိုက်ပွဲတွေကြောင့်..သူ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေ အများကြီးပါပဲ..။ဒါတောင်မှ ဒီဟာတွေက..သူ့အတွက် စမ်းသပ်ရာ ၊ ခံနိုင်ရည်လေ့ကျင့်ရာ နဲ့ ပိုသန်မာလာစေတဲ့ နေရာ တွေ ဖြစ်နေပါသေးတယ်..။

ဆန်နီ မှာ မှန်တစ်ချပ် မရှိပေမယ့်လည်း သူ့ရဲ့ ရုပ်ရည် သွင်ပြင်က အတော်ပြောင်းလဲလာခဲ့တယ် ဆိုတာကို သေချာပြောနိုင်ပါတယ်..။သူက ဒါကို တစ်ခြားအဖွဲ့ဝင်တွေကို ကြည့်ပြီး ပြောနိုင်ခဲ့တာပါ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အကာအကွယ် အင်္ကျီမှာ များပြားလှတဲ့ ခြစ်ရာနဲ့ စုတ်ပြဲ တွေ ရှိနေခဲ့ပြီး..ဝိဥာဥ်ပင်လယ်ရဲ့ ပြန်လည်ပြုပြင် နိုင်စွမ်းကတောင် မသက်ရောက်ခဲ့ပေ..။သူမရဲ့ ငွေရောင် ဆံပင်က ပိုရှည်လာခဲ့ပြီး ခါးလည်လောက်တောင် ရောက်နေခဲ့ပါပြီ..။သူတို့ ခေါင်းဆောင်ရဲ့ ဆင်စွယ်ရောင် မျက်နှာက အနည်းငယ် ဖျော့တော့လာခဲ့ပြီး..သူမရဲ့ အညိုရောင်မျက်လုံးတွေရဲ့ ဝန်းကျင်မှာ မျက်ကွင်းတွေညိုနေတာကို မြင်နေရပါသေးတယ်..။

ကတ်စတာက ပိုပြီးတောငိ ပြောင်းလဲသွားခဲ့တယိ..။သေသပ်ပြီး လှပတဲ့ လူငယ်မျိုးလေး တစ်ယောက်ကို အခုဆိုရငိ မတွေ့ရတော့ပါဘူး..။အဲဒီအစား..မသပ်မရပ် ဆံပင် နဲ့ မုတ်ဆိတ်တွေက နေရာယူထားခဲ့ကာ သူ့မျက်နှာက နက်မှောင်နေခဲ့တယ်..။တစ်ခါတစ်လေဆိုရင်..သူ့ရဲ့ ဆံပင်တွေမှာ..အညိုရောင် တစ်ချောင်း

နှစ်ချောင်းကို တွေ့မိသလိုတောင် ဆန်နီ ခံစားရပါတယ်..။

ကိုင်ကတော့ ခန့်ညားပြီး ထည်ဝါနေတုန်းပါပဲ..။သို့ပေမယ့် သူ့ရဲ့ ဆွဲဆောင်မူတွေကတော့..အညစ်အကြေး ၊ ဖုန်မှုန်း နဲ့ ခြောက်သွေ့နေတဲ့ သွေးတွေ အထပ်ထပ်အောက်မှာ ရောက်နေခဲ့ပါပြီ..။သူဝတ်ထားတဲ့ စတိုင်အပြည့်နဲ့ အကာအကွယ်အင်္ကျီက အခုတော့မရှိတော့ပါဘူး..။သူတို့တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတစ်ခုမှာ ဒါက အဆုံးသတ်သွားခဲ့ပါပြီ..။အခုတော့ သူ့ရဲ့ ကိုယ်မှာ ရေမှော်နဲ့လုပ်ထားတဲ့ အင်္ကျီတစ်ခုသာ ရှိနေပါတော့တယ်..။

လေးသည်တော်ဟာ..လေး အသစ်တစ်စင်းကိုလည်း ကိုင်ဆောင်ထားခဲ့တယိ..။ဒီတစ်ခုမှာတော့..အင်အားပြင်းပြီး ..သတ္တဝါတစ်ကောင်ရဲ့ ဦးချို နှစ်ခုနဲ့ အလှဆင်ထားတာကို တွေ့နေရတယ်..။ကျေနပ်စရာ တစ်ခုက ဒီမှတ်သားမူက..အဆင့် ငါး ဖြစ်ပြီး..အတော်လေးကို ကြမ်းတမ်းပါတယ်..။

အယ်ဖီ ခန္တာကိုယ် ပိုပြီး ကျစိလစ်လာတာက လွဲလို့ ကျန်တာ အကုန် အတူတူပါပဲ..။သူမရဲ့ တောင့်တင်းတဲ့ ခန္တာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို..အဆီတွေကတောင် ဖုံးကွယ်မထားနိုင်ခဲ့ပေ..။မုဆိုးမိန်းကလေးက..မှတ်သားမူ နှစ်ခုကို ကိုင်ဆောင်ထားခဲ့ပြီး..ဒီဟာတွေက အိပ်မက်ဆိုးသားရဲ ဒါဇင်နဲ့ချီပြီးကို သတ်ဖြတ်ထားနိုင်ခဲ့ပါတယ်..။သူမရဲ့ ကြေးအကာအကွယ် အင်္ကျီ က ချိုင့်ခွက်တွေ အများကြီးရှိနေသေးပေမယ့် တစ်နည်းအားဖြင့်တော့ အသုံးဝင်နေပါသေးတယ်..။

ကတ်စီ ကတော့ သူတို့ထဲမှာ အငယ်ဆုံးပါ..။ဒီတော့ သူမရဲ့ ပြောင်းလဲလာမူက အသိသာဆုံးပါပဲ..။အခုဆိုရင်..သူမရဲ့ ကလေးဆန်တဲ့ ညှင်သာမူတွေ က အရွယ်ရောက်ပြီး လှပတဲ့ အမျိုးသမီး အဖြစ် ပြောင်း

လဲသွားခဲ့ပါပြီ..။သူမရဲ့ အမြုတေမှာတော့ ထပ်တူညီမူ သုံးခု ရှိနေခဲ့တယ်..။တစ်ခုက နစ်ဖီ ပေးထားတာ ဖြစ်ပြီး..တစ်ခုက..ကိုင် က ပေးထားခဲ့တာပါ..။

သူမရဲ့ ထပ်တူညီမူ တွေ နဲ့ အနက်ရောင်တောင်ပံ ရဲ့ အကူအညီကြောင့်..ကတ်စီက အခုဆိုရင်..လိုရာနေရာကို သွားပြီး..မျက်မမြင်တစ်ယောက် မဟုတ်လုနီးပါး..တိုက်ပွဲတွေမှာ ဝင်ပါနေနိုင်ခဲ့ပါပြီ..။

လုနီးပါး....

ပြီးတော့ ဆန်နီ ကိုယ်တိုင်ပါ..။သူက ကျန်တဲ့ သူတွေနဲ့စာရင်..ရိုက်နှက်ခံရတာ၊ ထိခိုက်ဒဏ်ရာရတာ အများဆုံး သူ ဖြစ်ပါလိမ့်မယ်..။ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ဆိုရင် ပျက်ဆီးလုနီးပါးတောင် ဖြစ်နေခဲ့ပါပြီ..။သူ့ ဆံပင်တွေက ရှည်လျားပြီး ရှုပ်ထွေးနေခဲ့တယ်..။သူက ရေကောင်းကောင်းလေး ချိုးဖို့ လိုအပ်နေတဲ့ သူ တစ်ယောက်ပါ..။

ကံဆိုးချင်တော့..သူ့ အရည်ပြားတွေကတော့ အလောင်းကောင် တစ်ကောင်လို ဖြူဖျော့နေတုနိးပါပဲ..။သူက မုတ်ဆိတ်မွှေး ပေါက်ဖို့ မပြောနဲ့ လည်ဆံမွှေး တွေတောင် ပေါက်မလာခဲ့ပေ..။

သို့ပေမယ့်..အိုး..ကောငိးပြီ..ဘာလို့ ဒီလို အသေးအဖွဲလေးတွေကို ဂရုစိုက်နေရဦးမှာလဲ..။

အချက်အလက်ဇယားကို ထုတ်ပြီး..ဆန်နီ တစ်ချက်ကြည့်ကြည့်လိုက်ပါတယ်..။

ညဘက်ရောက်လာချိန် နီးကပ်နေတာကြောင့် ဇယားက တောက်ပနေခဲ့တယ်..။

အရိပ် အပိုင်းအစ : [ 938 / 1000 ]

သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

'နီးစပ်နေပြီ '

***

လွန်ခဲ့တဲ့ သုံးလ အတွင်းမှာ ဆန်နီက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။သူ့ရဲ့ အဓိက တာဝန်က ထောက်လှမ်းမူလုပ်ဖို့ ဖြစ်ပြီး..သူက အဖွဲ့ရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက် မဟုတ်ပေ..။သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ သူက အိပ်မက်ဆိုးသားရဲ တစ်ရာကျော်လောက်ကို ကူညီပြီး သတ်ဖြတ်ပေးခဲ့ပါသေးတယ်..။

တကယ်တော့ နှစ်ရာပြည့်ခါနီးလေးပဲ..။

သားရဲတွေ ၊ မွန်းစတား တွေ ၊ နတ်ဘီလူး အချို့ နဲ့ နတ်ဆိုး တစ်ကောင် နှစ်ကောင် တောင် ပါဝင်နေပါသေးတယ်..။ဆန်နီက သူတို့ရဲ့ အရိပ်တွေကို စုပ်ယူပြီး သူရရှိထားတဲ့ ဝိဥာဥ် အမြုတေ ဝေစုကိုတော့ တစ်ခြားလူတွေရဲ့ မှတ်သားမူနဲ့ လဲလှယ်တာမျိုးတွေ လုပ်ပါတယ်..။ယင်းနောက် ကျောက်တုံးသူတော်စင်ကို ကျွေးခဲ့တယ်..။

အခုတော့ သူ့ရဲ့ အရိပ်အမြုတေက ..ပြည့်ဝတဲ့ အမှတ်ကို ရောက်ဖို့အတွက် နီးကပ်နေခဲ့ပါပြီ..။

သူ့ရဲ့ ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာက အတော်လေးကို မြင့်တက်နေခဲ့တယ်..။လမ်းတစ်လျောက်လုံးမှာ ဆန်နီက လူသားတစ်ယောက်ရဲ့ အကန့်အသတ်ကို ကျော်လွန်ပြီး..လူသားနဲ့ မတူတဲ့ နယ်ပယ်တစ်ခုကို ရောက်နိုင်ခဲ့ပါတယ်..။သူက သာမန်လူသားတစ်ယောက်ထက် ပို မြန်ဆန် ၊ ပိုသန်မာ ပြီး..ခံနိုင်ရည် ပိုရှိလာခဲ့တာပါ..။

သူ့ရဲ့ အရိပ်ကလည်း ပိုပြီး စွမ်းအားကြီးလာခဲ့တယ်..။သူ့ရဲ့ စွမ်းအားက ကြီးမားလာတာနဲ့ သူ့ရဲ့ ကူညီနိုင်စွမ်းကလည်း အချိုးကျ မြင့်တက်လာခဲ့ပါတယ်..။

ဒါမှမဟုတ် ..တစ်ခြား နည်းလမ်းနဲ့ပေါ့..။

ဘယ်လိုပဲဖြစ်ဖြစ်..အရိပ်က ရစ်ပတ်လိုက်ပြီ ဆိုရင် ဆန်နီက အမှန်တကယ် နိုးထသူတစ်ယောက်ရဲ့ အဆင့်အတန်းမှာ ဖြစ်နေသလို ခံစားနေရတာကတော့ အမှန်ပါပဲ..။ခွန်အား အကြမ်းအာဖြင့် ဆိုရင်တော့..မေ့ပျောက်ကုန်းမြေရဲ့ လူနည်းစုလောက်ကပဲ သူ့ကို ယှဥ်နိုင်ပါလိမ့်မယ်။

ဒါပေါ့..သူတို့အကုန်လုံးမှာ သေလောက်အောင် ကြမ်းတမ်းတဲ့ ဂဏ္ဍ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြပြီးသားပါ..။

ပြီးတော့..ဒီလို ကြမ်းတမ်းတဲ့ အိပ်စက်သူ အများစုကလည်း ..အခု ဒီစခန်းမှာ သူနဲ့ အတူရှိနေကြပြီး သူ့အတွက် အစားအသောက်ပြင်ဆင်ပေးဖိူ့ အဆင်သင့်ဖြစ်နေကြပါပြီ..။

ဆန်နီ သေချာမပြောနိုင်ပေမယ့်..အယ်ဖီ နဲ့ ကတ်စတာ တို့က သူတို့ရဲ့ ဝိဥာဥ် အမြုတေ တွေ ပြည့်ဝသွားတဲ့ အထိ စုပ်ယူပြီးထားလောက်ပါပြီ..။မုဆိုးမိန်းကလေးက..အနက်ရောင်မြို့တော်မှာကလည်းက လမ်းကြားတွေထဲမှာ နှစိပေါင်းများစွာ အမဲလိုက်ထားခဲ့တဲ့ သူပါ..။ပြီးတော့ ဆက်ခံသူကလည်း..သူ့ရဲ့ကလန်က..အိပ်မက်ကမ္ဘာထဲကို မဝင်လာကတည်းက ဝိဥာဥ် အမြုတေတွေ ထောက်ပံ့ပေးထားခဲ့ပါသေးတယ်..။

နစ်ဖီကတော့ ဆန်နီလည်း သေချာမသိပေ..။လောဂျစ် အရ ပြောရမယ် ဆိုရင်တော့ သူမရဲ့ ဝိဥာဥ် အမြုတေက ဆန်နီ ထက်အရင် ပြည့်ဝ နေသင့်ပါတယ်..။သို့ပေမယ့် တိုက်ပွဲတွေပြီးဆုံးသွားတဲ့ အခါတိုင်း သူမ အမြုတေတွေ စုပ်ယူနေတာကို သူ မြင်နေရတုန်းပါပဲ..။ဒီတော့ သူမရဲ့ အမြုတေက မပြည့်သေးတာပဲဖြစ်ဖြစ်..ဝိဥာဥ်အဆီအနှစ်ကို တစ်ခြားနေရာမှာ အသုံးပြုနေတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်..။

ဒါမှမဟုတ်ရင်တော့..သူမက ဟန်ဆောင် နေခဲ့တာပါ..။

ဝိဥာဥ် အဆီအနှစ် အရဆိုရငိတော့ ကိုင် နဲ့ ကတ်စီက သူ့ရဲ့ နောက်ဘက်မှာ ကျန်နေခဲ့ပါပြီ..။သို့ပေမယ့် အများကြီးတော့ မဟုတ်ပါဘူး..။အခုဆိုရင် သူတို့တစ်ယောက်ချင်းစီတိုင်းကလည်း ကျန်တဲ့ အဖွဲ့ဝင်တွေလို အင်အားကြီး တွေပါပဲ..။

စခန်းမှာ..သာမန်အလုပ်တွေ နဲ့ အလုပ်ရှုပ်နေကြတဲ့ အဖွဲ့သားတွေကိုကြည့်ပြီး ဆန်နီ အသက်ကို ရူသွင်းကာ ပြုံးလိုက်တယ်..။

"အာ...ငါတို့ရဲ့ မြင်ကွင်းက အံ့ဩစရာမကောင်းဘူးလား.."

All Chapters