ပထမဆုံးအရာက ပထမဆုံးပဲ
Vol. 18 Ch. 264
အနက်ရောင်မြို့တော် ကို ချန်ထားခဲ့ပြီး ထွက်ခွာလာတဲ့ချိန်မှာ ဆန်နီ ဟာ အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေကို သိထားပြီးသားဖြစ်ပေမယ့်၊ ဝင်္ကပါရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူတို့အဖွဲ့က ဘယ်လောက်ထိ ပြီးပြည့်စုံပြီး ကိုက်ညီမှုရှိလဲဆိုတာကိုတော့ သေသေချာချာ မသိထားခဲ့ပါဘူး..။
နစ်ဖီ ၊ အယ်ဖီ နဲ့ ကတ်စတာ တို့ ရှေ့ဆုံးကနေ ဦးဆောင်တဲ့ အချိန်မှာဆိုရင်..သန္တာတော ထဲမှာ ကျတ်စား နေတဲ့ သားရဲတွေ အနေနဲ့..ရှင်သန်နိုင်ဖို့အတွက် အခွင့်အရေး သိပ်မရှိကြပါဘူး..။ပြီးတော့ အရုဏ်ဦး သရဖူ ကလည်း သူတို့ရဲ့ အကာအကွယ်တွေ ၊ လက်နက်တွေကို စွမ်းအား မြှင့်တင်ပေးထားပါသေးတယ်..။သူတို့ တစ်ယောက်ချင်းစီတိုင်းက သေလောက်အောင် ကြမ်းတမ်းပြီး ပြီးပြည့်စုံတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်ကာ..သူတို့ရဲ့ တိုက်ခိုက်ရေး နည်းစနစ် တွေကလည်း အပြန်အလှန် ဖြည့်ဆီးပေးနိုင်ကြပါတယ်..။
သတ်ဖြတ်သူ သုံးယောက်က ရန်သူတွေကို ရှင်းလင်းနေတဲ့ အချိန်မှာ ကိုင် က..လေပေါ်ကနေ ကူညီပေးနေခဲ့တယ်..။ဒီအနေအထားမှာ သူတို့ရဲ့ လမ်းကြောင်းကို တားဆီးထားနိုင်တဲ့ အရာက သိပ်မရှိပါဘူး..။
နိုက် ကိုယ်တိုင်ကလည်း..တိုက်ပွဲမြေပြင်မှာ..အံ့ဩသင့်လောက်အောင် စွမ်းဆောင်နိုင်တဲ့ လူတစ်ဦး အဖြစ် သက်သေပြနိုင်ခဲ့တယ်..။သွေးမြား တွေက သူ့ကို မရေမတွက်နိုင်တဲ့ မြားအရေအတွက် ကိုပေးထားပြီး..၊သူက သတ္တဝါတွေ လက်လှမ်းမမှီနိုင်တဲ့ ကောင်းကင်ပေါ်မှာနေကာ..တိကျတဲ့ ပစ်ခတ်မူတွေကို လုပ်ဆောင်နိုင်ပါတယ်..။
ဦးချိုတပ်ထားတဲ့ လေးကလည်း..သူ့ရဲ့ ပစ်ခတ်နိုင်တဲ့ အကွာအဝေးကို မြင့်တင်ပေးထားပြီး..တစ်ချို့ရန်သူတွေဆိုရင်..အဖွဲ့သားတွေဆီကို မရောက်ခင်မှာပဲ ကိုင်ရဲ့ မြားချက် နဲ့ သေဆုံးခဲ့ကြရတာပါ..။သူ့ရဲ့ အဖွင့်ပစ်ခတ် မူတွေက..တိုက်ပွဲတော်တော် များများကို ပြသနာ နည်းပါးစေခဲ့ပါတယ်..။
ဒါပေါ့..ကိုင် ကလည်း..ဝင်္ကပါတွေရဲ့ ကောင်းကင်ပေါ်မှာ လွယ်လွယ်ကူကူ ပျံသန်းနေနိုင်တာ မဟုတ်ပါဘူး..။အညိုရောင် ကောင်းကင်ကလည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါသေးတယ်..။သူ့ရဲ့ အပေါင်းအပါတွေနဲ့ ကွဲကွာသွားပြီဆိုရင်..ကောင်းကင်ပေါ်က သားရဲတွေ တိုက်ခိုက်လာတဲ့ အချိန်မှာ သူက အတော်လေးကို အန္တရာယ်များမှာပါ..။ဒါကြောင့် သူက အဖွဲ့သားတွေနဲ့ အကွာအဝေးကို ထိန်းထားဖို့ လိုအပ်ပါတယ်..။
သို့ပေမယ့် ခန့်ညားတဲ့လေးသည်တော် ကောင်းကင်ပေါ်ကို ပျံတက်တာပဲဖြစ်ဖြစ် မပျံတာပဲဖြစ်ဖြစ် လေသားရဲတွေကတော့ သူတို့အဖွဲ့သားတွေ အတွက် ခြိမ်းခြောက်မူ တစ်ခုပါပဲ..။တကယ်တော့ ဒီလို ရန်သူ အမျိုးအစားက သူတို့အတွက် တိုက်ခိုက်ရတာ အဆင်မပြေဆုံး ရန်သူ အမျိုးအစားပါ..။ဒါကြောင့် ကိုင် ရဲ့ ပျံသန်းနိုင်တဲ့ စွမ်းရည်က တကယ်ကို အဖိုးမဖြတ်နိုင်လောက်အောင် ပါပဲ..။
အထူးသဖြင့် သူက ကောင်းကင်မှာ ပျံသန်းနေတဲ့ သားရဲတွေထက် ပိုမြန်မြန် ပျံသန်းနိုင်တာ ၊ ပိုပြီးကောင်းမွန်စွာ တိုက်ခိုက်နိုင်တာ မျိုးတွေကို လုပ်နိုင်ပါတယ်..။လေသားရဲတွေ တိုက်ခိုက်လာတဲ့အချိန် လေးသည်တော်က သူတို့ရဲ့ အမျက်ဒေါသကို ဆွဲဆောင်ပြီး..ရှောင်တိမ်းနိုင်တာကြောင့်..အဖွဲ့သားတွေတိုက်ပွဲကို အကောင်းဆုံး တိုက်ခိုက်နိုင်တာ တစ်ခါထက် မကပါဘူး..။
ဆန်နီ နဲ့ ကတ်စီတို့ကတော့ အဖွဲ့ရဲ့ နောက်ဘက်မှာနေပြီး အနောက်ကနေ ရုတ်တရက် တိုက်ခိုက်လာမူ တွေကို ကာကွယ်ပေးရပါတယ်..။ကျောက်တုံးသူတော်စင်၊ တိတ်တဆိတ် ကခုန်သူ အပါအဝင်..မျက်မမြင် မိန်းကလေးရဲ့ ကျန်တဲ့ ထပ်တူညီမူ နှစ်ခုကြောင့်..သူတို့က အဓိက အင်အားစုတွေ ရန်သူကို မရှင်းလင်းနိုင်ခင်မှာ အနောက်က တိုက်ခိုက်မူတွေကို ထိန်းပေးထားနိုင်ပါတယ်..။
အဖွဲ့သားတွေထဲမှာ သူတို့ရဲ့ အခန်းဂဏ္ဍ က သိပ်ပြီး အရေးမကြီးဘူး ဆိုတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး..။
တကယ်လို့ တစ်ခုခုသာ ဆိုရင် သူတို့ လုပ်ရတဲ့ အရာက တိုက်ခိုက်ရေးသမားတွေထက် အဖွဲ့သားတွေ လုံခြုံမူ အပေါ်ပိုသက်ရောက်ပေးနိုင်တယ်ဆိုတာကို ပြောဖို့ ဆန်နီ ဝန်လေးမှာမဟုတ်ပါဘူး..။
အရုဏ်ဦး အမြုတေ ရဲ့ အကူအညီနဲ့ အဖွဲ့သားတွေက ဝင်္ကပါထဲက မွန်းစတား အများစုကို ကိုင်တွယ်နိုင်တာ် ဆိုတာက အမှန်တရားပါ..။
သူတို့ တကယ်ကြောက်ရမှာက..လောဂျစ်ကို ဆန့်ကျင်နေတဲ့ သတ္တဝါတွေ ၊ လူသားတွေရဲ့ စိတ်နဲ့တောင် နားမလညနိုင်တဲ့ ရန်သူတွေ နဲ့ ဝင်္ကပါ ကိုယ်တိုင်ကိုပါ..။ပြီးတော့ ကျိန်စာသင့် ပင်လယ်ထဲက အနက်ရောင် ဒီရေ နဲ့ သူ့အောက်မှာ ရှိနေတဲ့ ရှေးဟောင်းသားရဲ ကြီးတွေလည်း ပါပါတယ်..။
အဲတာက ဆန်နီ နဲ့ ကတ်စီ တို့ ကာကွယ်ပေးထားရတဲ့ အရာပါပဲ..။
ဆန်နီက အရိပ် အပိုင်းအစတွေကို ပိုပိုပြီး စုပ်ယူလေလေ..သူ အရိပ်ကို ထိန်းချုပ်နိုင်တဲ့ အကွာအဝေး ကလည်း ပိုပြီး များလေလေ ဖြစ်လာခဲ့တယ်..။အခုဆိုရင် အရိပ်က အဖွဲ့သားတွေရဲ့ အရှေ့ ကီလိုမီတာတစ်ခုစာလောက် အထိသွားကာ..ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေကို ထောက်လှမ်းနေခဲ့ပါတယ်..။ဒီကနေ တဆင့် သူတို့က ရန်သူကို တိုက်ခိုက်မှာလား လမ်းကြောင်းပြောင်းပြီးသွားမှာလား ဆိုတာ စဥ်းစားဖို့ အချိန်တွေ အများကြီးပါပဲ..။
အခုဆိုရင် အရိပ်က အနည်းငယ် အရိုင်းစိတ်ဝင်လာပြီး..ပတ်ဝန်းကျင်ကို သူ့ဟာသူ ဦးတည်ရာမဲ့ လျောက်သွားကာ..ဆန်နီ အတိအကျ အမိန့်ပေးမှ ပြန်လာတတ်ပါတယ်..။
သို့ပေမယ့် ဘာပဲဖြစ်ဖြစ် ရန်သူရဲ့ အခြေအနေကို ကြိုမြင်ရပြီး ခွဲခြားသိနိုင်တယ် ဆိုတာက အထင်သေးလို့ ရတဲ့ အရာမဟုတ်ပဲ..။ဒီအချက်က အရမ်းကို အဖိုးတန်လွန်းပါတယ်..။တိုက်ပွဲထဲမှာ သေးငယ်တဲ့ အားသာချက်လေးတစ်ခုကလည်း သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပေးသွားနိုင်တဲ့ အရာပါ..။တစ်ခုခုကို ကြိုသိထားပြီး..ပထမဆုံး တိုက်ခိုက်နိုင်တယ် ဆိုတာက အရေးအကြီးဆုံး အရာတစ်ခုတောင် ဖြစ်နိုင်ပါတယ်..။
သို့ပေမယ့် မေ့ပျောက်ကုန်းမြေပေါ်မှာက..ဆန်နီတောင် မမြင်နိုင် ၊ မခန့်မှန်းနိုင် ပဲ..မလွတ်မြောက်နိုင်တဲ့ အရာတွေ ရှိနေပါသေးတယ်..။
အဲ့အချိန်မှာတော့ ကတ်စီရဲ့ ဆန်းကျယ်တဲ့ အလိုလို သိစိတ်က အရေးပါလာခဲ့ပါပြီ..။အဖွဲ့သားတွေကိုယ်တိုင်တောင် ဘာဖြစ်လိုက်မှန်း မသိပဲ ..သေဆုံးသွားနိုင်တဲ့..ထိခိုက်သွားနိုင်တဲ့ဘူ အခြေအနေတွေကို ကတ်စီက ကာကွယ်ပေးဖို့ အတွက် တာဝန်ရှိပါတယ်..။
ကတ်စီကြောင့်သာ မဟုတ်ဘူးဆိုရင်..ရုတ်တရက် ကျရောက်လာတဲ့ မုန်တိုင်းတွေ ..ဝိဥာဥ်စားသုံးတဲ့ သားရဲတွေ ၊ ဒါမှမဟုတ် ကြောက်စရာ ကောင်းတဲ့ တစ်ခုခုကြောင့်..သူတို့အသက်တွေက အနက်ရောင်မြို့တော်ကို ပြန်တဲ့ လမ်းမှာကတည်းက ဆုံးရှုံးနေပြီးလောက်ပါပြီ..။
သို့ပေမယ့် ဒီလို အကူအညီတွေနဲ့တောင်မှ..ဝင်္ကပါထဲက နေ့ရက်တိုင်းက..သူတို့အတွက် သေဆုံးလုနီးပါးတောင်ဖြစ်နေခဲ့တယ်..။သူတို့ ဘယ်လောက်ပဲ သန်မာပါစေ..၊ ဘယ်လောက်ပဲ လိုက်လျောညီထွေမူ ရှိပါစေ ၊ တပ်ဆင်ထားတဲ့ လက်နက်တွေ ဘယ်လောက်ကောင်းပါစေ ၊ မေ့ပျောက်ကုန်းမြေက သူတို့ထက်ပိုပြီး သန်မာကာ မခန့်မှန်းနိုင်တာတွေနဲ့လည်း ပြည့်နှကိနေပါတယ်..။သူတို့ရဲ့ ပြင်ဆင်မူတွေ အကုန်လုံးက အသုံးမဝင်ဖြစ်နေသလိုပါပဲ..။
အဆုံးမှာတော့..သူတို့ထဲက တစ်ယောက်မှ..ဒဏ်ရာ အပြင်းအထန် မရတာ ၊ မဖျားနာတာ ၊ ကူးစက်ရောဂါတွေ မဖြစ်တာက..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ကုသနိုင်တဲ့ မီးတောက်ကြောင့်ပါ..။
ဒီသုံးလ အတွင်း..သူတို့ ဝင်္ကပါထဲမှာဖြတ်သန်းပြီးနောက်မှာတော့..ဆန်နီဟာ..နိုးထသူတွေကြားမှာ ဘာလို့ ကုသသူ တွေကို လိုအပ်တာလဲ ဆိုတာကို နားလည်လိုက်ပါတယ်..။အရင်တုန်းကလည်း သိီအိုရီအရ နားလည်ထားခဲ့ပေမယ့်..ခရီးစဥ်အတွင်း ထိပ်လန့်မူတွေကို နေ့တိုင်းခံစားရအပြီးမှပဲ..အဖွဲ့သားတွေထဲမှာ ကုသသူ ရှိနေတာက ဘဝကိုပါ ပြောင်းလဲပေးနိုင်တဲ့အရာ ဆိုတာ သဘောပေါက်ခဲ့ပါတယ်..။
ဒီလိုနဲ့..သူတို့က မတွေ့နိုင်လောက်အောင်ပဲ..မေ့ပျောကုန်းမြေရဲ့ အစွန်းကနေ အလယ်ဆီကို ပြန်ရောက်လာနိုင်ခဲ့တယ်..။ဒီလို လုပ်နိုင်ခဲ့တာကလည်း..သူတို့ရဲ့ ခွန်အား ၊ သူတို့ရဲ့ စွမ်းရည်နဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မှီခို နိုင်ခဲ့ကြတာကြောင့်ပါ..။
ပြီးတော့..ကံကောင်းမူကလည်း ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်..။
အခု သူတို့က ကျိန်စာသင့် အနက်ရောင်မြို့တော် ထဲကို ပြနိရောက်တော့မှာဆိုတော့..သူတို့ရဲ့ ကံတရားကလည်း တစ်ခါမှ မမြည်းစမ်းဖူးတဲ့ အရာတွေကို မြည်းစမ်းကြည့်ရပါတော့မယ်..။
...သို့ပေမယ့် ဒါက နောက်ပိုင်းမှပါ..။
ပထမဆုံး အဖွဲ့ဝင်တွေက..ဆန်နီ ကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းကြရပါလိမ့်မယ်..။
ဘာပဲဖြစ်ဖြစ်..သူက..စူးစမ်းရှာဖွေမူကို ပူးပေါင်းခဲ့တယ်ဆိုတာ တစ်ချို့အခြေအနေ တွေကြောင့်ပါ..။
အညိုရောင် တံတိုင်းကြီးတွေကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်ပြီး..ဆန်နီ လက်သီးကို ဆုပ်ထားခဲ့တယ်..။သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းကတော့ ရက်စက်စွာ တွန့်ကွေးသွားခဲ့ပါတယ်..။
'...ခနတော့ စောင့်နေဦးပေါ့ ခွေးသားလေး..။မင်းအတွက် နေ့ရက်တွေက ရောက်လာတော့မယ်.."
ဒီနှစ်ရက်အတွင်းမှာ..သူတို့က အနက်ရောင် စစ်သည်တော်ကို..သတ်ကြတော့မှာပါ..။