မုန်းတီးဖွယ် အရိပ်
Vol. 18 Ch. 265
အနက်ရောင် မြို့ရိုးတွေကို ကြည့်နေတာက နေ အကြည့်လွှဲလိုက်ပြီး..ဆန်နီ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်..။ပြီးတော့ အသက်ကို ပြင်းစွာ ရူသွင်းပြီး..ဒေါသတွေကို ပြန်ထုတ်လိုက်ပါတယ်..။
သူက အခုတော့..သူ့ ခေါင်းကို အေးအေးထားဖို့ လိုအပ်နေပါပြီ..။ကျရှုံးမူအဆင့် နတ်ဆိုး တစ်ကောင်ကို သတ်ဖို့ဆိုတာက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး..။ဒီဟာက သူ့ရဲ့ မပြီးမြောက်လိုက်တဲ့ အရာတစိခုတောင် ဖြစ်သွားနိုင်ပါတယ်..။
..သို့ပေမယ့်..သူက ဒီဟာကို ပြီးမြောက်အောင်လုပ်ဖို့ ဆုံးဖြတ်ချက် ချထားပြီးသားပါ..။ဒီ သတ္တဝါအပေါ်မှာ သူ တင်နေတဲ့ သွေးကြွေးကို ကျိန်းသေ ပြန်ဆပ်ရပါလိမ့်မယ်..။ဘယ်လို ကိစ္စတွေပဲ ရှိရှိပါ..။
မီးပုံဘေးကို လမ်းလျောက်သွားကာ..ဆန်နီ ထိုင်လိုက်ပြီး အရင်နေ့တွေတုန်းက မာဗယ်ပေါင်းကူးတံတားပေါ်က အဖြစ်အပျက်တွေကို ပြန်တွေးကြည့်လိုက်တယ်..။ဘယ်လောက်တောငိ ပျော်စရာ ကောင်းလိုက်တဲ့ ရက်အနည်းငယ်လဲ..။
မျက်စိကိုလည်း..အာဟာရပြည့်ဝစေခဲ့ပါသေးတယ်..။
သူ့ အရိပ်ကတော့ စိတ်ပျက်စွာ ခေါင်းခါယမ်းပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
မကြာခင်မှာပဲ နစ်ဖီက သူ့ရဲ့ ဝေစု အစားအသောက်ကို မျှပေးလာခဲ့တယ်..။သူမရဲ့ ချက်ပြုတ်တဲ့ ကျွမ်းကျင်မူက ဒီသုံးလမှာတင် အတော်လေးကို တိုးတက်လာခဲ့ပါတယ်..။သူတို့ရဲ့ အစားအသောက်ထဲမှာ ပါဝင်ပစ္စည်း အများအပြားမပါပေမယ့် ဒါက အတော်လေးကို ကောင်းမွန်နေပါသေးတယ်..။ရွံ့စရာမွန်းစတား တစ်ကောင်ကို အရသာ ရှိတဲ့ အစားအသောက်အဖြစ် ပြောင်းလဲနိုင်တယ် ဆိုတာကလည်း တော်ရုံလူ လိုက်လုပ်နိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး..။
'ဒါက အကယ်ဒမီ မှာ သီခြားသင်ခနိးစာ တစ်ခု အဖြစ်တောင် ထားရှိသင့်ပါတယ်..'
ဆရာ ဂျူးလီယက်က အိပ်မက်ကမ္ဘာထဲက အရာတွေကို အဆိပ်မမိစေပဲ ဘယ်လို စားသောက်ရမလဲ ဆိုတာ သင်ကြားပေးခဲ့ပေမယ့်..အရသာ ကောငိးအောင် ဘယ်လိုပြုလုပိရမလဲ ဆိုတဲ့အချက်ကိုတော့ သူက လျစ်လျူရူထားခဲ့ပါတယ်..။
အရည်စိုနေတဲ့ အသားပေါ်ကို ကိုက်လိုက်တဲ့ အချိန်မှာ..ဆန်နီဟာ သူ့ရဲ့ ပြသနာတွေကို မေ့ပျောက်သွားခဲ့ပြီး..ရှားပါးတဲ့ အခိုက်အတန့်ကိုပဲ ခံစားနေခဲ့လိုက်တယ်..။စားသောက်ပြီးသွားတဲ့ အချိန်မှာတော့ သူ ကျေနပ်စွာပြုံးလိုက်ပြီး..သူ့ရဲ့လက်တွေကို ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ရဲ့ နူးညံ့တဲ့ အဝတ်နဲ့သုတ်လိုက်ပါတယ်..။ယင်းနောက် သူ နစ်ဖီကို ကြည့်ပြီး မေးလိုက်တယ်..။
"ငါတို့ မနက်ကျလောက်ဆိုရင်တော့ မြို့တော်ကို ရောက်နိုင်တယ်မလား.."
သူမ ခေါင်းညိမ့်လိုက်ပြီး..
"..ဘာမှ မဖြစ်ခဲ့ရင်ပေါ့..."
ဆန်နီ ခနလောက်တွေးပြီးကာမှ သိချငိစွာ ပြောလိုက်တယ်..။
"ငါတို့ ပြန်လာပြီ ဆိုတာကို ဂန်လောင် သိနေမယ်ထင်လား.."
နစ်ဖီ ပြန်မဖြေခင်မှာ ခနလောက်တွေးလိုက်တယ်..။သူမရဲ့ အသံက တည်ငြိမ်ပြီး ကွဲပြားနေခဲ့ပါတယ်..။
" ကျိန်းသေတာပေါ့.."
ဆန်နီ သက်ပြင်းချလိုက်တယ်..။ဒါက သူထင်ထားတဲ့ အတိုင်းပါပဲ..။သူ ရဲတိုက်ထဲကို စပြီး ရောက်တုနိးကလည်း ကတ်စတာ ပြောပြထားတာကြောင့်..တစ်စုံတစ်ယောက် မြင်ဖူးထားတဲ့လူတွေရဲ့ တည်နေရာ ယျေဘုယျကို ခန့်မှန်းပေးနိုငိတဲ့ နတ်ဆရာ ရှိတယ် ဆိုတာကို သိထားခဲ့ပါတယ်..။ဒီလိုနည်းလမ်းနဲ့ပဲ..ကတ်စတာက သူနဲ့ တစ်ဖွဲ့တည်းက အိပ်စက်သူတွေ ဘယ်နှစ်ယောက်က မေ့ပျောကိကုန်းမြေပေါ်ကို ပို့ခံထားရလဲ ဆိုတာကို သိခဲ့တာပါ..။
ဂန်လောင် သူတို့ နီးကပ်လာတာကို သိဖို့ တစ်ခြားနည်းလမ်း မသိဘူးဆိုရငိတောင် သူ လုပိစရာလိုအပ်တာက ဒီ အမျိုးသမီးကို မေးလိုက်ယုံပါပဲ..။
ဆန်နီ အနည်းငယ်ဟတုန်လှုပိသွားပြီး မေးလိုကိတယ်..။
"ငါတို့ကို ကြိုဆိုပွဲ ပါတီ တွေနဲ့ စောင့်နေလောက်လား.."
ပြာင်းလဲနေတဲ့ကြယ်ပွင့်က ခေါင်းခါယမ်းလိုက်တယ်..။
"ငါတော့ အဲလိုမထင်ဘူး..။သူက တစ်ခုခုလုပ်ဖို့မလိုအပ်တော့ဘူးလေ..။ငါတို့မှာ သွားစရာ မရှိဘူးဆိုတဲ့ ရိုးရှငိးတဲ့ အချကိကြောင့် ဂန်လောင်က သူ့ဆီကိုငါတို့ ပြန်လာကြမှာကို သိထားတယိ..။
သူမ ခနလောက်ငြိမ်သက်နေပြီးမှ ထပ်ပြောလိုကိပါတယိ..။
"ဒါပေမဲ့ အခုငါက ငါနဲ့ ငါ့ရဲ့ လူတွေကို သတ်တဲ့ ကိစ္စမဟုတ်ဘူး။ဒါက ငါတည်ရှိနေသေးတယ် ဆိုတဲ့ စိတ်တွေကို ဖျက်ဆီးပစ်ချင်ခဲ့တာ..။ဘယ်သူမှ မမြင်တဲ့အချိန်မှာ ငါ့ကို သတ်နိုင်ခဲ့ရင်လည်း ဘာအကျိုးအမြတ်မှ မရှိဘူး..။ဂန်လောင်ဆိုတာက ပရိတ်သတ် မရှိရင် ဘာမှမလုပ်ဘူးလေ..။သူက ဟာရုကို လွှတ်လိုက်တယ် ဆိုတာကလည်း ငါတို့ ထွက်ပြေးတာကနေကို တားဆီးထားဖို့ပဲ..။ဒါပေမဲ့ အခု ငါတို့ ပြန်လာပြီဆိုတော့ သူက မလွဲမသွေ ဖြစ်လာတော့မယ့် အရာကို လောစရာ မလိုတော့ဘူး.."
လူတိုင်းက သူတို့စကားပြောနေတာကို နက်မှောင်တဲ့ အမူအရာတွေနဲ့ နားထောင်နေခဲ့ကြတယ်..။ဆန်နီ သူတို့ကို ကြည့်လိုက်ပြီး ခနလောက်တွေဝေကာ မေးလိုက်တယ်..။
"နင် သူ့ကို အနိုက်ယူနိုင်မယ်လို့ ယုံကြည်ချက် ရှိလား.."
နစ်ဖီက မီးတောက်ကို စိုက်ကြည့်နေခဲ့တယ်..။အတော်ကြာပြီးကာမှ သူမက ရိုးရှင်းစွာ ပြောလိုက်ပါတယ်..။
"အင်း.."
ဒါကို ကြားပြီး ဆန်နီ ချိုသာစွာ ပြုံးလိုက်တယ်..။
"ကောင်းပြီ..နင့်အတွက်တော့ ကောင်းတယ်..။ဒါပေမဲ့ ငါကတော့ မကောင်းဘူး..။ဒီတော့ နင်တို့တွေထဲက အများစု အဲဒီခွေးသားလက်ထဲမှာ မသေဆုံးခင်..ငါတို့ရဲ့ အပေးအယူကို အရင်ဖြတ်ကြရအောင်..။ဟုတ်ပြီလား.."
နစ်ဖီရဲ့ နှုတ်ခမ်းက အပေါ်ကို တွန့်ကွေးသွားပြီး..
"နင်က ကျရှုံးမူအဆင့် နတ်ဆိုးကို ပြောနေတာလား.."
သူ ခေါင်းညိမ့်လိုက်တယ်..။
"အင်း..။အဲ့ခွေးသား..။ငါသူ့ကို သတ်တဲ့အချိန်မှာ ကူညီပေးဖို့ နင်ကတိပေးထားတယ်လေ..။မှတ်မိလား.."
အဲ့အချိန်မှာတော့ ကိုင်က သူ့ကို ရှုပ်ထွေးစွာကြည့်နေခဲ့တယ်..။နောကိဆုံးတော့ သူ ထိန်းမထားနိုင်တော့ပဲ မေးလိုက်ပါတယ်..။
"ဆန်နီ..မင်းက တကယ် ငါတို့နဲ့ မပူးပေါင်းတော့ဘူးလား..။ဒီနေရာက ထွက်သွားဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ ဆိုတာကို မင်းမသိဘူးလား..။ငါတို့ ကယ်တင်နိုင်မယ့် အသက်တွေကိုဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး.."
ဆန်နီ ပုခုံးတွန့်လိုက်တယ်..။အရိုးသားဆုံးပြောရရင် သူကိုယ်တိုင်လည်း သေချာ မသိတော့ပါဘူး..။တစ်ဖက်မှာတော့ သူက နစ်ဖီရဲ့ ရူးသွပ်တဲ့ ပန်းတိုင်ကို ကူညီဖို့ ဆန္ဒမရှိပေ..။တစ်ဖက်မှာတော့..သူမ ဖန်တီးထားတဲ့ အခြေအနေတွေက သူ ရှိရှိ မရှိရှိ ဆက်တိုက် ဖြစ်ပေါ်နေမှာပါ..။
သူ ဘာဆက်လုပ်ရမလဲ..။မေ့ပျောက်ကုန်းမြေက တစ်ခြားလူတွေ ဘယ်သူမှ မရှင်ကျန်ရစ် တော့တဲ့ အထိ ဘုရားကျောငိးထဲမှာ ပုန်းအောင်းနေရမှာလား..။
တစ်ချို့ ကံတရားတွေက...
"ငါ ပူးပေါင်းတာလည်းဖြစ်နိုင်တယ်..မပူးပေါင်းတာလည်း ဖြစ်နိုင်တယ်လေ..။ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူသိမှာလဲ.."
သူ တိတ်ဆိတ်သွားခဲ့ပြီး ကတ်စီ ဘက်ကို လှမ်းကြည့်လိုက်တယ်..။
တကယ်တော့ ဒီမှာရှိနေတဲ့ လူသုံးယောက်ပဲ ဘာတွေဖြစ်လာမှာလဲ ဆိုတာကို အနည်းနဲ့အများသိထားပါတယ်..။
'ကံတရားကနေ လွတ်မြောက်ဖို့ဆိုတာက တကယ်ကို ခက်ခဲတဲ့အရာပါ..'
"ဒါက အဓိအ အချက်မဟုတ်သေးဘူး..ဟူတ်တယ်မလား...။အဓိက က နင်တို့က ငါနဲ့အပေးအယူကို အရင်ဖြေရှင်းရမယ်..။ပြီးမှ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ကြ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူတို့နှစ်ယောက်ကို ကြည့်ပြီး တည်ငြိမ်စွာပဲ စကားလက်စသတ်ပေးလိုက်တယ်..။
"ကောင်းပြီ..ပြသနာ မရှိဘူး..။ငါတို့ ဘုရားကျောင်းကို အရင်သွားကြမယ်..။ဘာပဲဖြစ်ဖြစ် အပေးအယူက အပေးအယူပဲလေ.."
ဆန်နီ ကျေနပ်စွာ ပြုံးလိုက်တယိ..။
နစ်ဖီက သူ့ကို ကြည့်ပြီး ထပ်မေးလိုက်ပါတယ်..။
"ဒါပေမဲ့ ဆန်နီ..။ငါတို့က ကျရှုံးမူအဆင့် နတ်ဆိုးကို ဘယ်လို ပုံစံမျိုး တိုက်ခိုက်ရမှာလဲ.."
သူ့ အပြုံးက ကြီးမားလာခဲ့ပြီး..
"အိုး..ဒီလို မေးတဲ့အတွက် ကျေးဇူးပါပဲ..."
***
အနက်ရောင် စစ်သည်တော်ကို ဘယ်လို သတ်ရမလဲ ဆိုတာကို ဆန်နီ အစီစဥ်ရေးဆွဲနေခဲ့တာက နှစ်ဝက်လောက်တောင် ရှိနေခဲ့ပါပြီ..။သူက ဒီကြောက်စရာသားရဲကို လေ့လာခဲ့ပြီး..သူနဲ့ ပတ်သက်သမျှ အရာတိုင်းကို သိအောင်ကြိုးစားခဲ့ပါတယ်..။
ပြောစရာမလိုအောင်ပဲ..ဒီလောက် သန်မာတဲ့ သတ္တဝါတစ်ကောင်ကို သတ်ဖြတ်ဖို့ဆိုတာက..ဟာသတစ်ခု မဟုတ်ပါဘူး..။တကယ်တော့..ဒါက သူတိုက်ခိုက်ဖူးသမျှ ထဲမှာ အခက်ခဲဆုံး တိုက်ပွဲတောင် ဖြစ်လာနိုင်တာပါ..။
ဒါက မဖြစ်နိုင်လုနီပါး ပါပဲ..။
သို့ပေမယ့်..ဒါက တကယ်ပဲ..မဖြစ်နိုင်တာလား..။
.
ကျရှုံးမူအဆင့် မွန်းစတား တစ်ကောင်ဖြစ်တဲ့ ဆူးချွန် ဆတ်သားကို တိုက်ခိုက်ခဲ့တုန်းကတောင် သူတို့အဖွဲ့သား တစ်ချို့ရဲ့ အသက်တွေကတော့..သေမလို ဖြစ်ခဲ့ကြရတာပါ..။ဒီလို အဆင့်အတန်းမှာရှိတဲ့ သားရဲကို တောင် သူတို့က အနိုင်ယူနိုင်ရုံမျှသာ တိုက်ခိုက်နိုင်ခဲ့တယ်..။အခု တိုက်ခိုက်ရမယ့် နတ်ဆိုးက သူ့ထက် ဆယ်ဆလောက် ပိုပြီး ကြမ်းတမ်းပါတယ်..။
သို့ပေမယ့်..သူတို့ တိုက်ခိုက်ခဲ့ရတဲ့ ဆူးချွန် ဆတ်သား နဲ့ အနက်ရောင် သူရဲကောင်းကြားထဲမှာ..ကြီးမားတဲ့ ကွာခြားချက်ကြီး တစ်ခု ရှိနေတာတော့ အမှန်ပါပဲ..။
ကွာခြားမူကတော့ အခြေခံအားဖြင့် အရမ်းရိုးရှင်းပါတယ်..။
အဲဒါကတော့ ဆန်နီက ဆူးချွန် ဆတ်သား ကို ရက်ရက်စက်စက် လက်စားချေလိုတဲ့ နှလုံးသားနဲ့ မုန်းတီးနေတာမျိုး မရှိခဲ့ပါဘူး..။
အခုတော့ ဒီအမုန်းတရားကပဲ..သူတို့အတွက် အကူအညီဖြစ်စေမယ့်..အားသာချက်တစ်ခု ဖြစ်လာတော့မှာပါ..။