အလင်းရောင် ရှိနေပါစေ
Vol. 18 Ch. 267
နှစ်ရက်ကြာပြီးတဲ့ နောက်မှာတော့ သူတို့က အနက်ရောင်မြို့တော်ထဲကို နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့ကြတယ်..။
နစ်ဖီ ပြောတာက မှန်ပါတယ်..။ ရဲတိုက်က ဘယ်သူကမှ သူတို့ကို လာပြီး စောင့်ကြိုမနေခဲ့ပါဘူး..။ဂန်လောင်က..သူ့ဆီကို လာတွေ့မယ့် လူတွေကို ခနတာ လွှတ်ပေးထားတဲ့ ပုံပါပဲ..။ဒီတော့ မုဆိုးတွေ နဲ့ခါးကုန်းကြီး ကို ဘယ်မှာမှ မတွေ့ကြရပေ..။
ဒါကပဲ ကောငိးပါတယိ..။
အဖွဲ့သားတွေက မထိုးဖောကိနိုင်လောက်အောင် ကြီးမားတဲ့ အညိုရောင် တံတိုင်းကြီးဆီကို ညနေဘက်လောက်မှာ ရောက်လာခဲ့ကြပြီး..တံတိုင်းပေါ်မှာ တစ်ည ကုန်ဆုံးခဲ့ကြပါတယိ..။ဒါက ဆန်နီ ၊ နစ်ဖီ နဲ့ ကတ်စီ တို့ အရင်တုန်းက လုပ်ခဲ့တဲ့ အတိုင်းပါပဲ .။
မနက်ရောက်လာတဲ့ အချိန်မှာတော့..သူတို့က..ပျက်ဆီးနေတဲ့ ဘုရားကျောငိးဆီကို ဦးတည်သွားခဲ့ကြတယ်..။
ကျိန်စာသင့် မြို့ထဲက ပျက်စီးနေတဲ့ လမ်းတွေက သူတို့ကို နောက်တစ်ကြိမ် ဝန်းရံထားခဲ့တယ်..။ဝင်္ကပါထဲမှာ လပေါင်းများစွာ အချိန်ကုန်ခံပြီးတဲ့ နောက်မှာတော့..သူတို့ရဲ့ အသံတွေက ထူးဆန်းပြီး ကိုးရို့ကားယား နိုင်နေခဲ့တာပါ..။အဲဒီမှာ ဘာမှ မရှိပေမယ့် အနက်ရောင် ကျောက်တုံးတွေ ၊ ဖုန်မှုန့်တွေ၊ ကြက်သွေးရောင် သစ်ရွက်တွေ ၊ ကျောက်တုံးတွေပေါ် တက်နေတဲ့ ရေညှိတွေတော့ ရှိနေပါသေးတယ်။
ပြီးတော့..ဒါပေါ့..ကျရှုံးမူအဆင့် သားရဲ အုပ်စုတွေရောပါ..။
..အိမ်ကို ပြန်ရောက်လာတာက ကောင်းမွန်ပါတယ်..။
ဆန်နီဟာ..သူ တွေးမိလိုက်တဲ့ အရာကိုတောင် မယုံနိုင်ပဲ..မျကိတောင်ခတ်လိုက်တယ်..။သူက တစ်နေ့မှာ ဒီ အကျဥ်းထောင်လို ကျိန်စာသင့်နေရာကို ပြန်လာခွင့် ရလို့ ခံစားချကိတွေဖြစ်ပေါ်နေရမယ်လို့ မထင်ထားမိခဲ့ပါဘူး..။ဒါတောင်မှ သူ့ရဲ့ နှလုံးသား နက်ရှိုင်းတဲ့နေရာမှာ ထူးဆန်းတဲ့ ခံစားချက်တွေဖြစ်ပေါ်နေပါသေးတယ်..။
'ငါတို့ လူသားတွေက ဘယ်လို သတ္တဝါမျိုးတွေလဲ..။တကယ်ပဲ..ငါတို့ အသားမကျနိုင်တဲ့ အရာမျိုး ဆိုတာ မရှိဘူး..'
သူ့ရဲ့ အပေါင်းအပါတွေကို ကြည့်လိုက်တဲ့ အချိနိမှာတော့ သူတို့လည်း သူ့လို ခံစားနေကြရတာကို သတိထားမိလိုက်တယ်..။အထူးဖြငိ့..အနက်ရောင်မြို့တော်ရဲ့ လမိးကြားတွေမှာ နှစ်တွေ များစွာကြာအောင် အမဲလိုက်ပြီး ရှင်သန်နေနိုင်ခဲ့တဲ့ အယ်ဖီ ပါ..။
သူမက..ဒါကို ကောငိးကင်ဘုံလို့တောင် ခေါ်ခဲ့ပါသေးတယ်..။
...လူသားတွေရဲ့ တစ်ခုတည်းသောကြင်နာမူ
ဆန်နီ သက်ပြင်းချလိုက်တယ်..။မုဆိုးမိန်းကလေးမှာ ဘယ်လိုထူးခြားတဲ့ အတွေးအခေါ်တွေပဲ ရှိနေပါစေ..ကောင်းကင်ဘုံဆိုတာက လူသားတွေ ရှိနေသင့်တဲ့ နေရာမဟုတ်ဘူးဆိုတာကို သူ ယုံကြည်ထားပါတယ်..။
တကယ်လို့ သူတို့က ကောင်းကင်ဘုံ တစ်ခုကို ရှာတွေ့ခဲ့မယ်ဆိုရင်တောင်..သူတို့က ဒီအရာကို အလျင်အမြန်ပဲ ငရဲပြည် အဖြစ် ပြောင်းလဲပစ်ကြ
ပါလိမ့်မယ်..။
...မေ့ပျောက်ကုန်းမြေမှာ ပိတ်မိနေကြတဲ့ လူသားတွေအခုလုပ်နေကြ သလိုမျိုးပေါ့..။
***
မကြာခင်မှာပဲ..သူတို့ရှေ့မှာ ကြီးမားတဲ့ ဘုရားကျောင်း ပျက်ကြီးကို တွေ့လိုက်ရတယ်..။အဖွဲ့ဝင်တွေဟာ..အကွာအဝေးအနည်းငယ်မှာ ရပ်လိုက်ကြပြီး ဘုရားကျောငိးပျကိကြီးကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့ကြပါတယ်..။သူတို့ရဲ့ အနက်ရောင်မြို့တော်ထဲ အတွင်း ခရီးကတော့ အယ်ဖီရဲ့ ကျွမ်းကျင်တဲ့ လမ်းညွှန်မူနဲ့ သူ့အရိပ်ရဲ့ ထောက်လှမ်းမူတွေကြောင့် ဘာမှ ထွေထွေထူးထူး မရှိခဲ့ပါဘူး..။
သို့ပေမယ့် အန္တရာယ် အစစ်အမှန်က လမ်းကြောင်းရဲ့ အဆုံးသတ်မှာ ရှိနေခဲ့တာပါ..။အခုတော့ သူတို့က ဒီရှေ့မှာ ရောက်နေကြပါပြီ။
ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာတော့ ဆန်နီဟာ သူသိထားသမျှ အနက်ရောင် စစ်သည်ရဲ့ အကြောင်းတွေကို အဖွဲ့သားတွေဆီ ပြောပြခဲ့ပါတယ်..။သူ့ရဲ့ အမူအကျင့်တွေနဲ့ သူတို့က တိုက်ပွဲကို ဘယ်လိုချည်းကပ်ရမလဲ ဆိုတာ တွေကိုပါ..။သူတို့က ခါတိုင်းတွေထက်ကို ပိုပြီး အဆင်သင့်ဖြစ်နေကြပါပြီ..။
သူတို့ဘက်ကို လှည့်ပြီး သူ ခနလောက်တွေဝေပြီးကာမှ ပြောလိုက်တယ်..။
"..မှတ်ထားပါ..။နောက်ဆုံးမှာ သူ့ကို သတ်တဲ့လူက ငါပဲ ဖြစ်ရမယ်..။အဲတာက ငါ့အတွက် အရေးကြီးတယ်.."
သူ့ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်နေရင်းက ကိုင်ဟာ သက်ပြင်းချလိုက်တယ်။ယ
"ဒီ နတ်ဆိုးကို သတ်ဖြတ်ဖို့ မင်းက ဘာလို့ ဒီလောက်အထိ တက်ကြွနေရတာလဲ ဆန်နီ..။အဲ့သားရဲကို ဒီတိုင်း ထားထားလိုက်တာက မကောင်းဘူးလား..။ဒီဖြစ်စဥ် တစ်ခုလုံးကို ငါက နားမလည်ဖြစ်နေတာ.."
ဆန်နီ ပြုံးလိုက်ပြီး..
"မင်းရဲ့ ဗိုက်ကို အခွဲ ခံရဖူးလား ကိုင် ..။ငါက ဒါကို စိတ်ခံစားချက်နဲ့ ပြောနေတာမဟုတ်ဘူး..။ငါက လက်တွေ့ကျကျ ပြောနေတာ..။မင်း ရဲ့ ဗိုက်ကို
ထက်ရှတဲ့ သတ္တု အပိုင်းအစ တစ်ခုနဲ့ပေါ့..."
ခန့်ကြားတဲ့လေးသည်တော်ဟာ ကြက်သီးထသွားခဲ့တယ်..။
"အာ..ဟင့်အင်..။မင်းကရော.."
ဆန်နီရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..။
"အင်း..ငါ အဲလိုလုပ်ခံရဖူးတယ်။အဲ့မှာ ရှိနေတဲ့ ခွေးသားက ငါ့ရဲ့ ဗိုက်ကို သူ့ဓားနဲ့ ခွဲသွားပြီး..ငါ့ကို မြောင်းတစ်ခု ထဲမှာ သွေးသံတရဲရဲ နဲ့ဖြစ်နေစေခဲ့တယ်..။ဒီတော့..ငါ သူ့ကို တူညီတဲ့ အရာတစ်ခုခု ပြန်လုပ်မှသာ ဒါက မျှတလိမ့်မယ်..မဟုတ်ဘူးလား..။မင်းတို့ မြို့သားတွေက ဘယ်လိုဖြေရှင်း ကြမလဲတော့ ငါမသိဘူး..ဒါပေမဲ့ ငါတို့မြို့ပြင်မှာတော့ မင်းက ဒီလို အရာမျိုးကို လုံးဝ မျက်ကွယ်ပြုထားလို့ မရဘူး..။ဒါက ရိုးရှင်းပါတယ်.."
မင်းကို နာကျင်အောင် လုပ်ခဲ့တဲ့လူတစ်ယောက်ကို အေးအေးဆေးဆေး လမ်းလျောက်ခွင့်ပေးလိုက်တဲ့နေ့က..မင်းက လူတိုင်း နင်းချေလို့ရတဲ့ ကျောက်တုံးတစ်တုံးဖြစ်ပါတယ်လို့ ကမ္ဘာကြီးကို ကြေညာလိုက်တာနဲ့ အတူတူပါပဲ..။ဒါပြီးရင်တော့ မင်းက..အုတ်ဂူနဲ့ ပိုပြီး နိီးလာနိုင်သလို ၊ ပိုပြီးလည်း ဆိုးဝါးသွားနိုင်ပါတယ်..။
ဒီတော့ မြို့ပြင်က လူတွေက..သူတို့ရဲ့ အာဃာတ တွေကို အရမ်းကို အလေးအနက်ထား ကြတာပါ..။
အနက်ရောင် စစ်သည်တော်က လူတစ်ယောက် မဟုတ်ဘူးဆိုပေမယ့်လည်း ဆန်နီ ရဲ့ စည်းမျဥ်းထဲမှာတော့ အတူတူပဲ အကြုံးဝငိပါတယ်..။
ကိုင်က သူ့ကို ရှုပ်ထွေးစွာကြည့်ပြီး ထူးဆန်းတဲ့လေသံနဲ့ မေးလိုက်တယ်..။
"တကယ်လား..။ဒါဆိုရင် မင်းက ဘယ်လို အသက်ရှင်နိုင်ခဲ့တာလဲ.."
ဆန်နီ တစ်ဖက်ကို လှည့်လိုက်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
"တကယ် ကောင်းမွန်တဲ့ စွမ်းရည် နဲ့ သန်မာလွန်းတဲ့ မှတ်သားမူ တို့ရဲ့ ပေါင်းစည်းမူကြောင့်ပေါ့..။ဒါက ငါ အသက်ရှင်နိုင်ခဲ့တဲ့ ပုံစံပဲ..။ကောင်းပြီ..အများစုကို ငါ ဒီလိုပဲ ကျော်ဖြတ်ခဲ့တာ.."
ဒီလို ပြောပြီးတာနဲ့ သူ ခေါင်းခါယမ်းလိုက်ပြီး အံကို ကြိတ်ထားခဲ့တယ်..။
"ပြောတာ တော်လောက်ပြီ..အစီစဥ်ကို သိတယ်မလား..။ဒီတော့ အဲ့အတိုင်း အကောင်ထည် ဖော်ကြရအောင်.."
ဒီနေ့မှာတော့..ဆန်နီက သူ့ရဲ့ မုဆိုးဘဝ အတွင်း ထိပ်ဆုံး အခြေအနေကို ရောက်ရှိတော့မှာပါ..။
သူက နတ်ဆိုး တစ်ကောင်ကို အမဲလိုက် ပါတော့မယ်..။
***
ခမ်းနားကြီး..ထူးကဲမြင့်မြတ်တဲ့ ဘုရားကျောင်းထဲမှာတော့..အမှောင်ထုက ကြီးစိုးထားခဲ့တယ်..။အမှောင်ထုက ကျယ်ပြန့်တဲ့ ခန်းမထဲမှာ ရှိနေပြီး..ရှညိလျားတဲ့ တိုင်ကြီးတွေပေါ်ကိုပါ တက်နေခဲ့တယ်..။ကျဥ်းမြောင်းတဲ့ ပြတင်းပေါက်တွေကနေ ဝင်လာတဲ့ ရှားပါးတဲ့ အလင်းရောင်တွေက..အမှောင်ထုကိုသာ ပိုပြီး နက်ရှိုင်းစေပါတယ်..။
လူသား ခြောက်ယောက်က ဘုရားကျောင်းထဲကို ဝင်လာခဲ့ပါပြီ..။သူတို့ရဲ့ မီးအိမ် မှတ်သားမူက ထွက်လာတဲ့ အလင်းရောင်က အမှောင်ထုကို အနည်းငယ် တိုက်ခိုက်နေခဲ့တယ်..။
အချိန်ခနလောက် တိတ်ဆိတ်မူက ကြီးစိုးသွားခဲ့တယ်..။ဟင်းနောက် ရုတ်တရက် အော်ဟစ်သံတစ်ခုက ထွကိပေါ်လာခဲ့ပါတယ်..။
"အခုပဲ.."
ငွေရောင် ဆံပင် ၊ တည်ငြိမ်တဲ့ အညိုရောင် မျက်လုံးတွေ ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ ဓားကို မြောက်လိုကိတယ်..။ပြီးတာနဲ့ မျကိစိကျိန်းလောကိအောင် တောက်ပတဲ့ အဖြူရောင် အလငိးတနိးတွေက ဓားကနေ ထွက်ပေါ်လာခဲ့ပါတယ်..။အမှောင်ထုက ချက်ချင်း ဆုပ်ဖြဲ ခံလိုက်ရပြီး..ဘုရားကျောင်းရဲ့ အမှောင်ဆုံး ထောင့်တစ်နေရာကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်..။
ပြီးတော့ ၊ သူတို့ရှေ့မှာတော့..ကြီးမားတဲ့ အနက်ရောင် စတီး ချပ်ဝတ်အကာအကွယ်ကြီး တစ်ခုက ပေါ်ထွက်လာခဲတယ်..။သူ့ရဲ့ ဓားတွေကတော့..ဘုရားကျောင်းရဲ့ တိတ်ဆိတ်နေမူကို ဖြိုခွင်းရဲလောက်အောင် သတ္တိရှိတဲ့ အရူးတွေကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
သူ ကိုင်ဆောင်ထားတဲ့ ကြီးမြတ်တဲ့ ဓားကြီးက..ဘုရားကျောင်းကို ထောက်ကန်ပေးထားတဲ့ တိုင်လုံးတွေ လောက်တောင် ..လေးလံလောက်မှာပါ..။
ဘယ်သူက ဒီလို မွန်စတားတစ်ကောင်ရဲ့ တိုက်ခိုက်မူကို ခံနိုင်မှာလဲ..။
..ဖြစ်နိုင်တာက..ကောင်းကင်ဘုံရဲ့ အလေးချိန်ပါဝင်နေတဲ့ ဒိုင်းကာက လုပ်နိုင်လောက်ပါတယ်..။
အယ်ဖီ ရှေ့ကို တက်လိုက်ပြီး ဆည်းဆာချိန် အမြုတေကို မြှောက်လိုက်တယ်..။ဒီ လေးလံတဲ့ ဒိုင်းကာက..နတိဆိုးရဲ့ မရပ်တန့်နိုင်တဲ့ တိုက်ခိုက်မူကို ခုခံပေးထားခဲ့ပါတယိ..။စတီးချင်း ထိတွေ့တဲ့ အသံတွေက..မြင့်မားတဲ့ ရေလှိုင်းတွေ က မြို့ရဲ့တံတိုင်းကို ထိတွေ့နေသလို ထွက်ပေါ်နေခဲ့ပါတယ်..။
ဒိုင်းကာက တောင့်ခံနိုင်ခဲ့တယ်..။
သို့ပေမယ့် အယ်ဖီ ရဲ့အောက်က ကြမ်းပြင်က မတောင့်ခံ နိုင်ခဲ့ပါဘူး..။ဒါက တစ်စစီ ဖြစ်သွားခဲ့ပြီး မုဆိုးမိန်းကလေးကို နောက်ကို လွင့်စင်စေခဲ့တယ်..။နာကျင်တဲ့ အသံတစ်ခုက သူမရဲ့ ပါးစပ်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။
အနက်ရောက် စစ်သည်တော်ကတော့ သူ့ကို ဝန်းရံထားတဲ့ အမှေင်ထုက ပျောက်ကွယ်သွားတာကြောင့် အနည်းငယ် အံ့ဩနေခဲ့တယ်..။
သို့ပေမယ့် သူ့ရဲ့ တွေဝေမူတွေက..တစက္ကန့်ရဲ့ အပိုင်းအခြား သေးသေးလေး လောက်ပဲ ကြာမြင့်ခဲ့တာပါ..။လူသားတွေက သူ့ရဲ့ နောက်ထပ် တိုက်ခိုက်မူအပေါ် ပြင်ဆင်ချိန်မရခဲ့ပေ..။
ပြီးတော့ ဒါက လည်း ရောက်လာနေပါပြီ..။
နောက်ကို လွင့်ပျံလာတဲ့ အယ်ဖီကို ဂရုမစိုက်တော့ပဲ နတ်ဆိုးဟာ..သူ့ရဲ့ဓားကို နစ်ဖီ တည့်တည် လိုက်တယ်..။
သို့ပေမယ့် သူ ဒုတိယ တိုက်ခိုက်မူ မလုပ်ရသေးခင်မှာပဲ..လူသားအရွယ်လောကိရှိတဲ့ ကျောက်တုံးတစ်လုံးက သူ့ဆီကို လေထဲကနေ ပျံသန်းလာခဲ့တယ်..။ဒီအရာက သူ့ရဲ့ အကာအကွယ်ကို အရှိန်ပြင်းပြင်းနဲ့ ထိမှန်သွားခဲ့တာပါ..။အနက်ရောင် စစ်သည်လုပ်နိုငိတာဆိုလို့ ခန္တာကိုယ်ကို အနည်းငယ် ကိုင်းပြီး ဒီအရာကို ရင်ဆိုင်လိုက်ဖို့ပါပဲ..။
ကျောက်တုံးကြီးက ထောင်ပေါင်းများစွာသော အပိုင်းအစတွေဖြစ်ပေါ်ခဲ့ပေမယ့်..နတ်ဆိုးကိုတော့ ဒဏ်ရာ မရစေနိုင်ခဲ့ပေ..။
သတ္တဝါကြီးကတော့ ဖုန်မှုန့်တွေ အတွငိးမှာ မကွဲပြားစွာပဲ လမ်းလျောက်ထွက်လာခဲ့ပါတယိ..။ပတ္တမြားရောင် မီးတောက်နှစ်ခုကတော့ သူ့ ဦးထုတ်ရဲ့ မျက်လုံးအစိတ်အပိုင်းနေရာမှာ လောက်ကျွမ်းနေခဲ့တယ်..။
ကျောကိတုံးသူတော်စင်ကတော့ အနက်ရောင်
စစ်သည်နဲ့ တိုက်ခိုက်ဖို့အတွက် ရောက်ရှိနေထဲခဲ့ပါပြီ..။