← Chapters

တိုက်ခိုက်မူ

Vol. 18 Ch. 268

တိုက်ခိုက်မူ

Vol. 18 Ch. 268

ကျောကိတုံးသူတော်စင်က..အနက်ရောင်စစ်သည်တော် ဆီကို ပုံမှန်အတိုင်းပဲ လျောက်သွားခဲ့တယ်..။သူမရဲ့ ခန္တာကိုယ်က အနက်ရောင် အလင်းတန်းတွေ တောက်ပနေပြီး..သူမရဲ့ အကာအကွယ် အင်္ကျီမှာတော့ အညိုရောင်မြူနှငိးတွေ ဝန်းရံနေသလို ဖြစ်နေခဲ့ပါတယ်..။မွန်းစတားရဲ့ ပတ္တမြားရောင် မျက်လုံးတွေက..ကြက်သွေးရောင်..မီးတောက်တွေ တောက်လောင် နေခဲ့တယ်..။

နတ်ဆိုးကို ဝန်းရံထားတဲ့ အမှောင်ထုက..​ပျောက်ကွယ်သွားပြီ ဆိုပေမယ့်..ဘုရားကျောင်းထဲမှာ ရှိနေတဲ့ အရိပ်တွေကတော့ ပိုပြီး နက်ရှိုင်းလာခဲ့ပါတယ်..။အခုဆိုရငိ အရိပ်တွေက..လှုပိရှားလာခဲ့ကြပြီး..သူတော်စင်ရဲ့ ပုခုံးနားကို သွားကာ..ဝတ်ရုံရှည်တစ်ခုလိုတောင် ဖြစ်နေခဲ့တယ်..။

အရှိန်ကို လုံးဝ မနှေးကွေးစေပဲ..အရိပ်ဟာ..သူမရဲ့ ဒိုင်းကာ ကို မြှောက်ပြီး ဓားနဲ့ နှစ်ချက်ရိုက်လိုက်ပါတယ်..။ဒါက အနက်ရောင်စစ်သည်ကို တိုက်ပွဲအတွက် စိန်ခေါ်လိုက်သလိုပါပဲ..။

သတ္တဝါကြီး နှစ်​ကောင်က နောက်ဆုံးမှာ မျက်နှာချငိးဆိုင် တွေ့သွားခဲ့ကြတယ်..။ဒါက သူတို့နှစ်ယောက်ကြားထဲမှာ..ထူးခြားတဲ့ ဆက်နွယ်မူတွေ ရှိနေတယ်ဆိုတာကို ပိုပြီးတောင် ပေါ်လွင် စေပါသေးတယ်..။အနက်ရောင် စစ်သည်က..ကျောက်တုံးသူတော်စင်ထက် ပိုပြီးကြီးမားတာကလွဲလို့..သူတို့ရဲ့ ယျေဘုယျ အသွင်အပြင်နဲ့ လက်နက် ဒီဇိုင်းတွေက အတူတူတွေချည်းပါပဲ..။

အနုစိတ်ဖန်တီးထားတဲ့ အရိပ်ရဲ့ ကျောက်တုံးပုံစံ အကာအကွယ်တွေရဲ့ ရှေ့မှာတော့..အနက်ရောင်စတီးကနေ ဖန်တီးထားတဲ့ နတ်ဆိုးရဲ့ အကာအကွယ်က အကြမ်းသဘောမျိုးပဲ ဖြစ်နေခဲ့ပါတယ်..။

မူလ လက်ရာ တစ်ခုကို မျက်နှာချင်းဆိုင်တွေ့လိုက်တဲ့ အချိန်မှာတော့..သူက..မသေသပ်တဲ့ အယောင်ဆောင်တစ်ခု လိုဖြစ်နေခဲ့တယ်..။

အရိပ်..က လမ်းလျောက်နေရင်း..ထွက်ပေါ်လာတဲ့ ခံစားချက်တွေကို ကြည့်ချင်းအားဖြင့်..ဆန်နီဟာ သူ့ရဲ့ မူလက ခန့်မှန်းချက်က မှန်ကန်တယ် ဆိုတာကို သိလိုက်ရပါတယ်..။

ကျရှုံးမူအဆင့် နတ်ဆိုးက..သူ့ထက် ခွန်အားရော ၊ အမျိုးအစားအရရော ၊ အဆင့်အတန်းရော သာတယ် ဆိုပေမယ့်..ကျောက်တုံးသူတော်စင်ရဲ့ မျက်လုံးထဲမှာ နတ်ဆိုးကို အထင်သေးမူတွေ အပြည့်ပါပဲ..။

ဆန်နီရဲ့ ဒီလိုတွေ့ ရှိမူတွေက စက္ကန့်ဝက်လောက် အတွင်းမှာပဲ ဖြစ်ပျက်သွားခဲ့တာပါ..။နောက်တစ်ခနအတွင်းမှာတော့..သတ္တဝါကြီး နှစ်ကောင်ဟာ ရှေ့ကို တက်လာခဲ့ကြပြီး ဒေါသတကြီး သတ္တုချင်းထိတဲ့ အသံတွေ ထွက်ပေါ်လာခဲ့တော့တယ်..။

တိုက်ပွဲကတော့ စတင်ပါပြီ..။

အခုချိန်မှာ သူ့ရဲ့ အမြုတေက..ရာနဲ့ချီတဲ့ သတ္တဝါတွေနဲ့ လူသားအနည်းငယ် ဆီက ရရှိထားတဲ့ အရိပ်အပိုင်းအစ တွေ​နဲ့ ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်တာကြောင့် အရိပ်ရဲ့ အားဖြည့်မူက..သူ့ကို အမှန်တကယ် နိုးထမူအဆင့်ကို ရောက်နေတဲ့လူတစ်ယောက်လို ခံစားရစေပါတယ်..။

ဒီ လောဂျစ်အတိုင်းဆိုရင်တော့..အရိပ်ရဲ့ အားဖြည့်မူနဲ့ ဆိုရင်..ကျောက်တုံးသူတော်စင်ကလည်း..ကျရှုံးမူအဆင့်ကို ရောက်သွားသင့်ပါတယ်..။သူမက သူ့ထက်တောင်မှ အရိပ်ရဲ့အားဖြည့်ပေးမူကို ပိုရမယ်လိူ့ ဆန်နီ သံသယ ရှိနေခဲ့တယ်..။အရိပ် နဲ့ အရိပ်ဟာ ပြီးပြည့်စုံစွာ ဆက်နွယ်မူရှိနေတာကြောင့်..ဒါက သူ့ရဲ့ ကဏ္ဍ စွမ်းရည်ရဲ့ အဓိက ရည်ရွယ်ချက်တောင် ဖြစ်နေနိုင်ပါတယ်..။

သူတော်စင်က..သူမရဲ့ အသက်ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့်..မသေခင်မှာ ကျရှုံးမူအဆင့် သားရဲ နှစ်ကောင်ကို အသေသတ်ခဲ့တာပါ..။အခု သူ့ရဲ့ နတ်ဘုရား စွမ်းရည်နဲ့ ပြန်လည်မွေးဖွားမူတွေ လုပ်ပြီးတဲ့ နောက်မှာ သူမက ဘာတွေ စွမ်းဆောင်ပြနိုင်ဦးမှာလဲ..။

...ကျရှုံးမူအဆင့် နတ်ဆိုး ခွေးသားလေးကို သတ်နိုင်မယ်လို့ မျှော်လင့်ရတာပဲ..။

သို့ပေမယ့် ဒီလိုဆိုရင်တောင်မှ သူတို့နှစ်ယောက်ကြားထဲက ကွာဟချက်က အတော်ကို ကြီးမားနေပါသေးတယ်..။အရိပ်ရဲ့ အကူအညီနဲ့တောင်မှ ကျောက်တုံးသူတော်စင်က..အနက်ရောင် စစ်သည်နဲ့ ခွန်အားချင်း မယှဥ်နိုင်ခဲ့ပါဘူး..။

ကံကောင်းချင်တော့ သူမက တစ်ယောက်တည်း မဟုတ်ပေ..။

သတ္တဝါကြီး နှစ်ကောင် စတင်တိုက်ခိုက်ပြီ ဆိုတာနဲ့ လူသားတွေဟာ..သူတို့ရဲ့ မွန်းစတား ကို ကူညီဖို့အတွက် စတင်လှုပိရှားလာခဲ့ကြပါတယ်..။

ကတ်စတာ ဟာ မယုံနိုင်စရာ အမြန်နှုန်းနဲ့ ပေါ်လာခဲ့ပြီး သူ့ရဲ့ ဓားရှညိနဲ့..ကြီးမားတဲ့ အနက်ရောင်ထားကြီးကို တိုကိခိုက်လိုက်တယ်..။အစိမ်းရောင် ဓားသွားက..နတ်ဆိုးရဲ့ကြီးမြတ်တဲ့ ဓားကို ထိသွားခဲ့ပေမယ့်..ဘာ ရလာဒ်မှ ထွက်မလာခဲ့ပါဘူး..။သို့ပေမယ့် ဒီရဲ့ သက်ရောက်မူအနေနဲ့ အနက်ရောင် စစ်သည်က စက္ကန့်အပိုင်းအခြားလောက် နှေးကွေးသွားခဲ့တယ်..။

ဒါက ကျောက်တုံးသူတော်စင် တိုက်ခိုက်ဖို့အတွက် လိုအပ်နေတဲ့ အရာပါပဲ..။သူမက လက်လှမ်းနိုင်တဲ့ အကွာအဝေးအထိ သတ္တဝါကြီး အနားကို ကတ်လိုက်ပြီး..သူမရဲ့ ဒိုင်းကာ နဲ့ နတ်ဆိုးရဲ့ ဓားလိုက်ကိုင်ရိုး ကို အပေါ်က်ို ပင့်ပြီး ရိုက်ထုတ်လိုက်ပါတယ်..။ဒီရိုက်ချက်ကြောင့် အနက်ရောင်စစ်သည် ရဲ့ လက်တွေအပေါ်ကို မြောက်သွားတဲ့ အချိန်မှာ..သူမက သူ့ရဲ့ ဝမ်းဗိုက်ကို ပုခုံးနဲ့ ဝင်တိုက်လိုက်ကာ ယိမ်းယိုင်သွားစေခဲ့ပါတယ်..။

ဒီတိုက်ခိုက်မူက အရမ်းကို ပြင်းထန်လွန်းတာကြောင့် သူမရဲ့ ကျောက်တုံးမျက်နှာပြင်မှာ အက်ကြောင်းတွေ ပေါ်လာခဲ့ပါတယ်..။နားကျိန်းလောက်တဲ့ သတ္တုသံကြီး ခန်းမထဲမှာ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ ကျောက်တုံးအပိုင်းအစ တွေဟာ လေထဲမှာပျံ့လွင့်သွားခဲ့တယ်..။

သို့ပေမယ့် ဒါက အချည်းနှီးတော့ မဟုတ်ပါဘူး..။နတ်ဆိုးက ခုခံကာကွယ်မူ အပိုင်းမှာ လစ်ဟာသွားတာကြောင့်..ဒါက နစ်ဖီ ရဲ့ ငွေရောင်ဓားရှည် တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ဖြစ်လာစေခဲ့ပါတယ်..။

ဖျက်ဆီးနိုင်တဲ့ အဖြူရောင် မီးတောက်နဲ့..အရုဏ်ဦးအမြုတေ ရဲ့ အားဖြည့်ထားမူတွေရှိနေတဲ့..ဓားဦးကအနက်ရောင် စစ်သည်ရဲ့ အကာအကွယ်ကို ထိမှန်သွားခဲ့ပါတယ်..။

ယင်းနောက် အကာအကွယ်ကို ထိုးဖောက်သွားခဲ့ပြီး သတ္တဝါကြီးရဲ့ ခန္တာကိုယ် အတွင်းကိုပါ နစ်ဝင်သွားခဲ့တယ်..။

တစ်ခနလောက် လူတိုင်း အံ့ဩသင့်သွားခဲ့ကြတယ်...။ကျရှုံးမူအဆင့် နတ်ဆိုးရဲ့ ထိုးဖောက်လို့်မရတဲ့ အကာအကွယ်ကို သူတို့က အလွယ်တကူ ထိုးဖောက်နိုင်ခဲ့ကြတာပါ..။အစောတုန်းကဆိုရင် ကတ်စတာရဲ့ ဓားရှည်က..သတ္တဝါကြီးရဲ့ ကြီးမြတ်တဲ့ဓား ကို တိုကိခိုက်တဲ့အချိန်မှာ ခြစ်ရာတောင် မထင်ခဲ့ပါဘူး..။

အဲ့နောက််မှာတော့ အရာရာတိုင်းက ပိုပြီး ဆိုဝါးလာခဲ့တယ်..။

အနပ်ရောင်စစ်သည်ကတော့ သူ့ရဲ့ ရင်ဘတ်ထဲမှာလက်မအနည်းငယ် စိုက်ဝင်နေတဲ့..သံမဏိ ချောင်းကို လုံးဝ ဂရုမစိုက်ခဲ့ပါ့ဘူး..။သူက ဟန်ချက်ကို ပြန်ထိန်းလိုက်ပြီး ဓားကို အောက်ကို ပြန်ဆွဲချကာ..နစ်ဖီနဲ့ ကျောက်တုန်းသူတော်စင်ကို နောက်ကို ဆုတ်ဖို့ ဖိအားပေးလိုက်တယ်..။အနက်ိရောင် ဓားကြီးက..မာဗယ်ကြမ်းပြင်နဲ့ ထိသွားတဲ့ အချိန်မှာတော့..မြေကြီးတစ်ခုလုံးပါ တုန်လှုပ်သွားပြီး..နစ်ဖီကို မြေကြီးပေါ်လဲကျစေခဲ့ပါတယ်..။

လူတိုင်းမတုန့်ပြန်နိုင်ခင်မှာပဲ နတ်ဆိုးဟာ သူ့ရဲ့ လက်တစ်ဖက်ကို ဓားလက်ကိုင်ကနေ လွှတ်လိုက်ပြီး..အရိပ်ကို လက်ပြန်နဲ့ ဖြတ်ရိုက်လိုက်တယိ..။ဒီရိုက်ချက် မှာပါဝင်နေတဲ့ အားက..လူသားတစ်ယောက်ကို ချက်ချင်းသေစေနိုင်ဖို့ အတွက်လုံလောက်ပါတယ်..။သ်ို့ပေမယ့်..သူတော်စင်က အသွေးအသား တွေနဲ့ မဟုတ်ပဲ..ပိုမိုခံနိုင်ရည်ရှိတဲ့ အရာတွေနဲ့ တည်ဆောက်ထားခဲ့တာပါ..။ဒါတောင်မှသက်ရှိ ရုပ်ထုဟာ..အရုပ်ကလေး တစ်ရုပ်လို နောက်ကို လွင့်စင်သွားပါသေးတယ်..။

ချက်ချင်းဆိုသလိုပဲ..အနက်ရောင် စစ်သည်ဟာ နစ်ဖီ ဘက်ကို နောက်တစ်ကြိမ် ပြန်လှည့်လိုက်တယ်..။ကြောက်မက်ဖွယ်ရာ ဓားကြီးက လေထဲကို မြောက်တက်လာပြီး..သူမကို နှစ်ပိုင်းဖြတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ..။

' ငါ ​မှန်တယ်..'

ဆန်နီ ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။သူက သန်းခေါင်ယံ အမြုတေကို လှုပ်ယမ်းလိုက်ပြီး ရှေ့ကို တက်သွားကာ အော်လိုက်တယ်..။

"အစီအစဥ် C "

အစီအစဥ် C ကတော့ အရမ်းကို ရိုးရှင်းပါတယ်..။သူတို့က နတ်ဆိုးကို ဘယ်လိုသတ်ကြမလဲ ဆိုတာကို ဆွေးနွေးနေတုန်းမှာ ဒီအဖြေက ထွက်လာခဲ့တာပါ..။နစ်ဖီက အနက်ရောင် စစ်သည်ရဲ့ အင်အား အကြီးဆုံး လက်နက်ကို..ခုခံထားတဲ့ လူတစ်ယောက်ဖြစ်တာကြောင့်..သူက သူမကို အရင်ဖြေရှငိးဖို့ကိုပဲ အာရုံစိုက်ထားမယ်ဆိုတာကို သူ အစောကတည်းက သံသယရှိနေခဲ့ပါတယ်..။

တိုတိုပြောရရင်..နတ်ဆိုးက..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကိုပဲ နံပါတ် တစ် ပစ်မှတ်အဖြစ် သဘောထားပါလိမ့်မယ်..။

နစ်ဖီက သတ္တဝါကြီးရဲ့ အသက်ဝင်နေတဲ့ အမှောင်ထုကို ခုခံဖို့ အကောင်းဆုံး လူတစ်ယောက်ဆိုတာက အမှန်ပါပဲ..။သို့ပေမယ့်..ဒီထက်ပိုပြီး ကောင်းမွန်တာက..

သူမက အကောင်းဆုံး ငါးစာ တစ်ခု ဖြစ်နေခဲ့တာပါ..။

All Chapters