← Chapters

သေမင်း၏ အသွင်သဏ္ဍာန်

Vol. 18 Ch. 269

သေမင်း၏ အသွင်သဏ္ဍာန်

Vol. 18 Ch. 269

အနက်ရောင် ဓားကြီးဟာ ကျဆငိးလာခဲ့တဲ့နောက်မှာနစ်ဖီဟာ ဆံပင်ချည် တစ်ချောင်း ပမာဏလောက်အကွာ နဲ့ ရှောင်တိမ်းနိုင်ခဲ့ပါတယ်..။သူမက နောက်ဘက်ကို လှိမ့်လိုက်ပြီး..မဖြစ်နိုင်လောက်တဲ့ လက်တွန်းခုန် လှုပ်ရှားမူ တစ်ခုကို ဖန်တီးကာ သူမရဲ့ ခန္တာကိုယ်ကို မြေကြီးကနေ လေပေါ်ကို မြောက်တက်စေလိုက်တယ်..။လေ့ကျင့်ထားတဲ့ သရုပ်ဆောင်တစ်ယောက်လိုပဲ..ပြောင်းလဲနေတဲ့ကြယ်ပွငိ့က မြေကြီးပေါ်ကို ပေါ့ပေါ့ပါးပါး ပြန်ခြေချနိုင်ခဲ့ပါတယ်..။သူမက နောက်ကို မီတာ အနည်းငယ် ဆုတ်ကာ..နတ်ဆိုးနဲ့ အကာအဝေးတစ်ခုကို ဖန်တီးလိုက်တယ်..။

သို့ပေမယ့် သတ္တဝါကြီးက မြန်ဆန်နေခဲ့တယ်..မဟုတ်ဘူး..အတော်ကြီးကို မြန်နေခဲ့တာပါ..။သတ္တဝါကြီးက..သူ့ရှေ့ကို ခုန်လာခဲ့ပြီး..သူ့ရဲ့ ဓားဦးနဲ့ သူမကို ထိုးဖောက်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။သူမက ဒီသေစေနိင်တဲ့ တိုက်ခိုက်မူကို ရှောင်တိမ်းလိုက်ကာ..ဓားကြီးရဲ့ အလျားလိုက်အတိုင်း ပြေးသွားခဲ့တယ်..။သူမရဲ့ ဓားက လေထဲမှာ အရောင်တစ်ချက် လက်သွားခဲ့ပြီး သတ္တဝါကြီးရဲ့ အကာအကွယ်မှာ ခြစ်ရာ တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်..။

..အရာရာတိုင်းက အရမ်းကို မြန်ဆန်လွန်းနေတာကြောင့် ကျန်တဲ့ အဖွဲ့သားတွေက တိုက်ပွဲကို ပူးပေါင်းဖို့အတွက် အခက်ခဲဖြစ်နေခဲ့ကြပါတယ်..။အစောတုန်းကလေးတင် မာဗယ်ကျောက်ပေါ်ကို လွင့်စင်သွားတဲ့ ကျောက်တုံးသူတော်စင်ကတော့ ပြန်ထ လာနေခဲ့ပါပြီ..။သတ္တဝါကြီးရဲ့ ပထမဆုံးတိုက်ခိုက်မူကို ခံလိုက်ရတဲ့ အယ်ဖီက ပြန်ကောင်းလာပြီဖြစ်ပြီး..အရှေ့ကို ပြေးတက်လာနေခဲ့ပေမယ့် သူမက မီတာအနည်းငယ်မှာ ရှိနေတုန်းပါပဲ..။

ကိုင်က သူ့ရဲ့ လေးကို ချိန်ရွယ် ထားခဲ့ပေမယ့် သူ့ရဲ့ အပေါင်းအပါ တွေကို ထိမှန်နိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် စွန့်စားပြီး မြားကို မလွှတ်ချင်ခဲ့ပေ..။တိုးမြှင့်ချင်း ခံထားရတဲ့ သွေးမြားတွေ ရဲ့ အာနိသင်ကို သိနေတာကြောင့် ဒီလိုအဖြစ်မျိုးကို သူ အဖြစ်မခံနိုင်ပါဘူး..။

ကတ်စီ က တိုက်ခိုက်ဖို့ အတွက် ထပ်တူညီမူတွေကို မှီခိုနေရတဲ့သူပါ..။သူတို့ကို အရုဏ်ဦး အမြုတေက တိုးမြှင့်မူ မပေးနိုင်တာကြောင့် သူတို့ရဲ့ တိုက်ပွဲအတွင်း အသုံးဝင်မူက သိပ်ပြီး မများလှပေ..။ထပ်ပြောရရင် နတ်ဆိုးရဲ့ တိုက်ခိုက်မူတစ်ချက်ကတင် ထပ်တူညီမူတွေက ပျက်ဆီးသွားနိုင်ပါတယ်..။ဒါကြောင့် လတ်တလောမှာ သူမက မပူးပေါင်းသေးပဲ..အခြေအနေ ဆိုးဝါးလာမှ သာ ပူးပေါင်းဖို့ စောင့်နေခဲ့တယ်..။

ဒီတော့..အခုချိန်မှာ သတ္တဝါကြီးကို နှေးကွေးအောင် လုပ်ဖို့က ဆန်နီ နဲ့ ကတ်စတာ ရဲ့ တာဝန်ပါပဲ..။

သူတို့ရဲ့ တစ်ခုတည်းသော အသက်ရှင်နိုင်ချေ နဲ့ ဆန်နီ ရှင်းပြထားတဲ့ အသေးစိတ်အချက်အလက်အရ ..ကြောက်စရာ ဓားကြီးက..အရမ်းကို အားကောင်းပြီး မတားဆီးနိုင်ဘူး ဆိုပေမယ့် - ကောင်းပြီ..မတားဆီးနိုင် လုနီးပါပေါ့ - နောက်ဆုံးမှာတော့ အလွယ်တကူ အသုံးပြုလို့ မရတဲ့လက်နက်ဖြစ်နေခဲ့ပါတယ်..။

.

အနက်ရောက် စစ်သည်က ဒီဧရာမ ဓားကြီးကို ငှက်တောင် တစ်ခုလို ပေါ့ပေါ့ပါးပါး ကိူင်ဆောင်နိုင်ပြီး..ဓားကြီးရဲ့ အရှိန်အဟုန်နဲ့လေးလံမူတွေကို အသုံးဝင်မူတွေ အဖြစ် ပြောင်းလဲနိုင်တယ်ဆိုပေမယ့် သူက ရူပဗေဒရဲ့ သဘောတရားတွေကို လိုက်နာဖို့ လိုအပ်နေပါသေးတယ်..။ပိုပြီးအရေးကြီးတာက..ဒီ သောက်ကျိုးနဲ ဓားကြီးက အရမ်းရှည်နေတာပါပဲ..။

ဆိုလိုတာက..သူတို့က ဒီရှည်လျားတဲ့ ဓားကြီးရဲ့ သက်ရောက်မူကို မခံရဖို့ဆိုရင်..သတ္တဝါကြီးရဲ့ အနားမှာ ကော်လို ကပ်နေဖို့ လိုအပ်ပါလိမ့်မယ်..။

သတ္တဝါကြီး ဟာ ဘေးနားကို လှည့်လိုက်ပြီး..နစ်ဖီကို နောက်ထပ် ပြင်းထန်တဲ့ ဓားချက်နဲ့ တိုက်ခိုက်ဖို့ ဓားကို ဆွဲယူနေတုန်းမှာ ..ဆန်နီဟာ..တစ်ခြားတစ်ဖက်ကနေ နတ်ဆိုးရဲ့ အနားကို ချည်းကပ်လာခဲ့ပါတယ်..။သန်းခေါင်းယံ အမြုတေက လေထဲမှာ အရောင်လက်သွားပြီး သတ္တဝါကြီးရဲ့ တံတောင်ဆစ်နားက အကာအကွယ်နှစ်ခု ဆက်ထားတဲ့ နေရာကို တိုကိခိုက်လိုက်တယ်..။

ဆန်နီ ရဲ့ ကြိုးစားအားထုတ်မူက..သေးငယ်တဲ့ ခြစ်ရာလေးတစ်ခု အဖြစ် အောင်မြင်မူရခဲ့ပါတယ်..။သို့ပေမယ့် သူက ..အနက်ရောင်စစ်သည်ရဲ့ လက်ကို အောက်ကို အနည်းငယ် နိမ့်ဆင်းပြီး ခန္တာကိုယ်နဲ့ နီးကပ်သွားအောင်ပါလုပ်နိုင်လိုက်ပါသေးတယ်..။တစ်ချိန်တည်းမှာ ပဲ ကတ်စတာက..ကြောက်စရာ ဓားသွားအောက်ကနေ တိုးဝင်လာခဲ့ပြီး..စတီးခေါင်းစွပ်ကြီးရှိ တဲ့ နေရာကို သူ့ ဓားနဲ့ထိုးလိုက်တယ်..။

အနက်ရောင် စစ်သည်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး..အစိမ်းရောင် ဓားကို ခေါင်းစွပ်ဘေးကနေ ချော်ထွက်စေကာ..ထိခိုက်မူ မရှိအောင် ဖန်တီးလိုက်ပါတယ်..။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ လက်တစ်ဖက်က်ို ဓားလက်ကိုင်ကနေ လွှတ်လိုက်ပြီး..တံတောင်နဲ့ ရိုက်ကာ တိုက်ခိုက်လိုက်တယ်..။ဒီအရာက ဆန်နီရဲ့ ဦးခေါင်းကို ထိမှန်လု နီးပါးပါပဲ..။

..ဒီလို တွေဖြစ်နေတုန်းမှာပဲ..သူ့ရဲ့ ဓားချက်က နစ်ဖီ ဆီကို ရောက်သွားပါသေးတယ်..။

ပြောစရာ မလိုအောင်ပဲ..သူတို့ရဲ့ တွဲဖက်ပြီး ကူညီပေးမူက ပြောင်းလဲနေတဲ့ ကြယ်ပွင့်အတွက် နှစ်ပိုင်းဖြတ်ခံရမယ့် အရေးကို ရှောင်ရှားစေနိုင်ခဲ့ပါတယ်..။သူမက ရှေ့ကို တိုးလိုက်ပြီး ကျဆင်းလာတဲ့ ဓားချက်ကိုသူမရဲ့ ဓားနဲ့ ခုခံလိုက်တယ်..။သူမက သတ္တဝါကြီးနဲ့ အရမ်းနီးကပ်နေတာကြောင့်..သူမနဲ့အနီးကပ်ဆုံးက ဓားလက်ကိုင်ရိုး ဖြစ်နေပြီး ဖျက်ဆီးအား အများကြီးကို မသယ်ဆောင်လာခဲ့ပေ..။

ဒါတောင်မှ..ဓားမှာ ပါဝင်လာတဲ့ အားက..သူမကို မြေကြီးပေါ် လဲကျသွားစေဖို့ အတွက်လုံလောက် ပါတယ်..။ဓားက သူမရဲ့ လက်ထဲကနေ လွတ်ကျသွားခဲ့တယ်..။

သူတို့ သုံးယောက် ပူးပေါင်းပြီး တိုက်ခိုက်နေတာတောင်မှ..ဒီ ကျိန်စာသင့် သတ္တဝါကြီးကို ခနလောက် နှေးကွေးသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ..။

အခုချိန်မှာ သူတို့လိုအပ်တာက..အချိန် တစ်ခနလေးပါပဲ..။ဘာလို့လဲဆိုတော့ အယ်ဖီက တိုက်ပွဲကို ပြန်လာနိုင်ဖို့ စက္ကန့်အပိုင်းအခြားလေး လောက်ပဲ လိုအပ်ပါတော့တယ်..။

ဒီအခြေအနေကလည်း..ကိုင် ကို တိုက်ခိုက်ဖို့ အခွင့်အရေး ပေးခဲ့ပါသေးတယ်..။

အနက်ရောင် မြားတစ်စင်းက လေထဲမှာ ပျံသန်းလာခဲခဲ့ပြီး..နတ်ဆိုးရဲ့ မျက်လုံးနေရာလွတ်တည့်တည့်ကို ထိမှန်သွားခဲ့တယ်..။

ခန့်ညားတဲ့လေးသည်တော် ရဲ့ မျက်နှာမှာ အံ့ဩမူတွေ ရှိနေတာကို ဆန်နီ မြင်လိုက်ရပါတယ်..။သူ ကိုယ်တိုင်လည်း အံ့ဩမိတာပါပဲ..။ဒီခွေးသားရဲ့ တစ်ခုတည်းသော မျက်လုံး နေရာလွတ်တည့်တည့်ကို ကိုင်က ပစ်နိုင်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပေ..။ကိုင် ကိုယ်တိုင်လည်း ဒီအတိုင်းပါပဲ..။

အနက်ရောင် စစ်သည်ရဲ့..ဦးခေါင်းက နောက်ကို ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့တယ်..။

..သို့ပေမယ့် နောက်ထပ် တစ်ခနမှာတော့..ကိုင်က ယိမ်းယိုင်ပြီး ညဥ်းညူလိုက်ရပါတယ်..။

' ချီးပဲ..ငါကဘာလို့ အမြဲတမ်း မှန်နေတာလဲ '

ဆန်နီ က ဒီရလာဒ်ကို မျှော်လင့်ထားပြီးသားပါ..။ဒီ အကာအကွယ်တွေရဲ့ အောက်ဘက်မှာ အသွေးအသားတွေ ရှိမနေဘူးဆိုတာကို သူ အစောကတည်းက..ခန့်မှန်းထားခဲ့ပါတယ်..။ဒီ အကာအကွယ် ကိုယ်တိုင်ကကို အိပ်မက်ဆိုးသားရဲ ဖြစ်နေတာ၊ ဒါမှမဟုတ် သူက စွမ်းအားကြီးလွန်းတဲ့ နတ်ဆိုးဝိဥာဥ်ကို သယ်ဆောင်ပေးထားရတဲ့ အရာတစ်ခု ဖြစ်နေတာ ဖြစ်နိုင်ပါတယိ..။ဒါကြောင့် သူ့မှာ သွေးမြားတွေ အတွက် သောက်စရာ သွေးဆိုတာ မရှိပါဘူး..။ဒါကြောင့်ပဲ..ကိုင်က သူ့ရဲ့ ကျရှုံးမူအဆင့် မြားက ပစ်မှတ်ကို လွဲသွားတာကြောင့် တန်ပြန် သက်ရောက်မူကို ခံလိုက်ရတာပါ..။

တစ်ခုခု ဖြစ်လာမှာကို သိနေတာကြောင့် ဆန်နီက ခန့်ညားတဲ့လေးသည်တော်ကို မေ့ပျောက်ကုန်းမြေမှာသားရဲတွေရဲ့ အရိုးတွေနဲ့ မြားတွေလုပ်ခိုင်းထားခဲ့ပါတယ်..။

ဒီတော့ ကိုင်က တိုက်ပွဲထဲကနေ ထွက်သွားစရာ မလိုအပ်ပေ..။သို့ပေမယ့်..နတ်ဆိုးအပေါ်မှာ သူ ယူဆောင်ပေးနိုင်တဲ့ ဖျက်ဆီးမူက အတော်လေးကို လျော့ကျသွားခဲ့ပါပြီ..။

' ချီးတဲ့မှပဲ..'

သို့ပေမယ့် ဆန်နီမှာ အခြေအနေကို ဝမ်းနည်းပူဆွေးနေဖို့ အချိန်မရှိပေ..။တိုကိပွဲက ပိုမို ရှုပ်ထွေးပြီး ပြင်းထန်လာနေပါပြီ..။

ကိုင် ရဲ့ မယုံနိုင်စရာ တိကျတဲ့ ကျေးဇူးကြောင့် အနက်ရောင် စစ်သည်က တစ်ခနလောက် စိတ်ရှုပ်သွားတာကတော့ အမှန်ပါပဲ..။အယ်ဖီက ချိန်သာကိုက်ပဲ ပြန်ရောက်လာခဲ့ပါပြီ..။သူမက ရှေ့ကို ကိူင်းပြီး ပြေးတက်လာတဲ့ အရှိန်နဲအတူပဲ..ဆည်းဆာချိန် အမြုတေ ရဲ့အလေချိန်ကို ဖျက်ဆီးမူစွမ်းအားအဖြစ် အသုံးချပာ..သတ္တဝါကြီးရဲ့ ပေါင်ကို ရိုက်ချလိုက်ပါတယ်..။နောက်ထပ် နားစည်ကျိန်းလောက်တဲ့ အသံကြီးက..ခန်းမထဲမှာ ထွက်ပေါ်လာခဲ့တယ်..။

သို့ပေမယ့် စက္ကန့်ဝက်လောက် အကြာမှာတော့ သူ့ရဲ့ စတီးလက်သီးကြီးက..မုဆိုးမိန်းကလေးရဲ့ အပေါ်ကို ကျရောက်လာကာ..နာကျင်တဲ့ အော်သံတစ်ခုနဲ့အတူလွင့်စင်သွားစေခဲ့တယ်..။ယင်းနောက် အနက်ရောင် ဓားကြီးရဲ့ လက်ကိုင်ရိုးက..နောက်တစ်ကြိမ် မြင့်တင်လာပြီး..ကတ်စတာ ရဲ့ ရင်ဘတ်ကို ထိမှန်သွားခဲ့ပါတယ်..။ဂုဏ်ယူရတဲ့ ဆက်ခံသူက ဘယ်လောက်ပဲ မြန်နေပါစေ..ဒီရိုက်ချက်ကို မရှောင်နိုင်ခဲ့ပဲ..ကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပြတ် ကျဆင်းသွားခဲ့တယ်..။

နောက်ဆုံးမှာတော့..အနက်ရောင်စစ်သည်က သူ့ရဲ့ ဓားကို ဆန်နီ ဘက်လှည့်လိုက်ပြီး နောက်ဆုတ်ဖို့ ဖိအားပေးလိုက်ပါတယ်..။

.

ဒီ သောက်ကျိုးနဲ ခွေးသားက..တကယ်ကို မရပ်တန့်နိုင်လောက်အောင်ပါပဲ..။သူတို့တွေရဲ့ တိုက်ခိုက်မူအားလုံးက..သူ့ကို အနည်းငယ် စိတ်ရှုပ်စေတာထက် ပိုပြီး မစွမ်းဆောင်နိင်ခဲ့ပေ..။

'မကောင်းတော့ဘူး..မကောငိးတော့ဘူး..'

သူမကိုယ်သူမ မြေကြီးကနေ တွန်းထနေရင်း နစ်ဖီဟာ သူမအပေါ်မှာ တာဝါကြီးတစ်ခုလို လွှမ်းမိုးထားတဲ့ ကျရှုံးမူအဆင့် နတ်ဆိုးကို မော့ကြည့်လိုက်တယ်..။သူမရဲ့ မျက်နှာက ဖြူဖျော့နေပြီး သူမ ရဲ့ ပါးစပ်ကနေ သွေးတွေ စီးကျနေခဲ့ပါတယ်..။

ပိုပြီးဆိုးဝါးတာက..ငွေရောင်ဓားက အဝေးမှာ ရောက်နေပြီး..သူမ အသုံးပြုနိုင်တဲ့ အကွာအဝေး အတွင်းမှာ ရှိမနေခဲ့ပါဘူး..။ဓား မှာ ဖြာထွက်နေတဲ့ အလင်းတန်းတွေက ပျောက်ကွယ်သွားပြီး..ခန်းမရဲ့ ထောင့်နားမှာ ပုန်းခိုနေတဲ့ အမှောင်ထုကို ဖြည်းဖြည်းချင်း ပြန်လည် ထွက်ပေါ်လာစေခဲ့တယ်..။

သူမရဲ့ အနက်ရောင် စစ်သည်ကြားမှာ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး..။

ရုတ်တရက် မျက်လုံးပြူးကျယ်သွားတဲ့ ဆန်နီဟာ..ဘုရားကျောင်းရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ကြည့်လိုက်မိပါတယ်..။

ယင်းနောက် သူ့နှုတ်ခမ်းကနေတဆင့် ရိုးရှင်းတဲ့ စကားလုံးတစ်ချို့က ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်..။

"ပြေးးတော့...နစ်..."

All Chapters