ထွက်ပြေးမူ
Vol. 18 Ch. 270
ငွေရောက်ဓား က မှေးမှိန်သွားခဲ့တဲ့ အချိန်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ခနလောက် တွေဝေသွားခဲ့တယ်..။အဖြူရောင်မီးတောက်တွေက..သူမရဲ့ မျက်လုံးမှာပေါ်ထွက်လာခဲ့ပြီး..ကြယ်အလင်း ချပ်ဝတ်အင်္ကျီ ရဲ့ သန့်စင်တဲ့ အဖြူရောင် ရင်အုတ်ကာ ချပ်ပြား တွေက..မျကိစိကျိန်းလောက်တဲ့ အဖြူရောင် အလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။
ဘုရားကျောင်းရဲ့ ခန်းမထဲမှာ ရှိနေတဲ့ အမှောင်ထုဟာ နောက်တစ်ကြိမ် နောက်ကို ပြန်ဆုတ်သွားကြပါတယ်..။နစ်ဖီက..သူမရဲ့ နတ်ဘုရားစွမ်းရည်ကို ဓား မှာ သုံးမယ့်အစား..သူမရဲ့ ချပ်ဝတ်အင်္ကျီမှာ အသုံးပြုခဲ့တာပါ..။
သို့ပေမယ့်..ဘေးနားကနေ ကြည့်တဲ့အခါမှာ သူမရဲ့ ရင်ဘတ်မှာ ကြယ်တစ်စင်းက..ဒေါသတကြီး လောင်ကျွမ်းနေသလိုတောင် ထင်ရပါတယ်..။
....ခနတာ နှောင့်နှေးမူက သူမရဲ့ အသက်ကိုပါ ဆုံးရှုံးသွားစေနိုင်တာပါ..။
ဆန်နီ ရဲ့ အော်ဟစ်သံက ဘုရားကျောငိးထဲမှာ ပဲ့တင်ထပ်နေတုန်းမှာပဲ..ကြောက်မက်ဖွယ်ရာ အနက်ရောင် ဓားကြီးက..နောက်တစ်ကြိမ် ထပ်ပြီး ကျဆင်းလာခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့ နစ်ဖီက လွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ပါဘူး..။
သိူ့ပေမယ့်..တစ်နည်းအားဖြင့် သူမက လွတ်မြောက်ခဲ့ပါသေးတယ်..။
သူမ ခန္တာကိုယ်ကို မာဗယ်ကြမ်းခင်းကနေ တွန်းတင်လိုက်ပြီး..ခန္တာကိုယ်ကို တစ်ပတ်လှည့်ကာ..ကျဆင်းလာတဲ့ အနက်ရောင် ဓားကြီးကို လက်မတင်လေး ရှောင်တိမ်းနိုင်ခဲ့ပါတယ်..။
နတ်ဆိုးက သူမကို အဆုံးသတ်ဖို့ ရှေ့ကို တိုးလာတဲ့ အချိန်မှာတော့..အင်မော်တယ် မီးတောက်ကလန် ရဲ့ သမီးတော်က..ဘယ်သူမှ မထင်ထားတဲ့ အရာတစ်ခုကို လုပ်ပြလာခဲ့တယ်..။
သူမက ရန်သူကို နောက်ကျောပေးပြီး ထွက်ပြေးသွားခဲ့တာပါ..။
ဝင်္ကပါထဲမှာရှိခဲ့တဲ့ အစောပိုင်းနေ့ရက်တွေတုန်းက..နစ်ဖီ သာ ဆန္ဒရှိရင်..မယုံနိုင်လောက်အောင် မြန်ဆန် တဲ့ အရှိန်နှုန်းတစ်ခုကို ဖန်တီးလို့ရတယ် ဆိုတာကို ဆန်နီ သိထားပါတယ်..။အမှန်တကယ်ပဲ..စက္ကန့်အနည်းငယ် အတွင်းမှာ သူမက အဝေးကို ရောက်သွားခဲ့တယ်..။သူ ကျိန်ဆဲလိုက်ပြီး နောက်ကနေ ပြေးလိုက်သွားခဲ့ပါတယ်..။
နစ်ဖီ ဘယ်လောက်ပဲ..မြန်နေပါစေ..အနက်ရောင်စစ်သည်က သူမထက်ပိုပြီး မြန်ပါတယ်..။
နတ်ဆိုးက သူ့ရဲ့ ထွက်ပြေးနေတဲ့ သားကောင်ကို လိုက်နေခဲ့တယ်..။သူ့ရဲ့ ကြီးမားတဲ့ အရွယ်အစားနဲ့ အရမ်းကို လေးလံတဲ့ စတီး ချပ်ဝတ်အကာအကွယ် ပေါင်းစပ်ထားတာတောင် မယုံနိုင်စရာ ကောင်းအောင် မြန်ဆန်နေတုန်းပါပဲ..။တစ်စက္ကန့်ချင်းစီတိုင်းမှာ သူက ပြောင်းလဲနေတဲ့ ကြယ်ပွင့်နားကို ပိုပို နီးကပ်လာခဲ့ပြီး သူ့ရဲ့ ဓားကလည်း သူမရဲ့ အသက်ကို နှုတ်ယူဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။
သူ့ရဲ့ ကြွက်သားတွေကို အကန့်အသတ်အထိ ရောက်အောင် ညှစ်ထုတ်လိုက်ရင်း..ဆန်နီဟာ သူတို့နှစ်ယောက် ဆီကို အမြန်ဆုံးရောက်အောင် ပြေးလွှားနေခဲ့ပါတယ်..။အယ်ဖီ နဲ့ ကတ်စတာ တို့က လတ်တလောမှာ အနားပေးခံထားရပြီး ၊ ကတ်စီ နဲ့ ကိုင် တို့က..ဘေးမှာပဲ ရှိနေတာကြောင့်..လက်ရှိမှာ သူ တစ်ယောက်တည်းပဲ ကျန်နေပါတော့တယ်..။ဘယ်လိုပဲဖြစ်ဖြစိ..သူ အချိန်မှီ ရောက်သွားမှကို ဖြစ်မှာပါ..။
တကယ်လို့ သူသာ မရောက်ခဲ့ရင်...
'လုပ်စမ်းပါ...'
အံကို ကြိတ်ထားရင်း..ဆန်နီဟာ သူ့ရဲ့ အရှိန်ကို ထပ်ပြီး မြှင့်တင်လိုက်တယ်..။
နစ်ဖီကတော့ ဘုရားကျောင်း ခန်းမကြီးရဲ့ တစ်ဝက်နားကိုတောင် ရောက်နေခဲ့ပါပြီ..။အဝေးမှာရှိနေတဲ့အမည်မသိ နတ်သမီးရဲ့ ရုပ်ထုကြီးက..အခုဆိုရင် သူမရဲ့ မြင်ကွင်းမှာ ရှိနေလောက်မှာပါ..။
ယင်းနောက် သူမက ရုတ်တရက် ရပ်လိုက်ပြီး နောက်ပြန်လှည့်လိုကိတယ်..။သူမရဲ့ မြန်ဆန်လွန်းတဲ့ အရှိန်ကြောင့် ဗာမယ်ကြမ်းခင်းပေါ်မှာ မီတာ အနည်းငယ်လောက် စလိုက်ထိုးသွားခဲ့ပါတယ်..။အစောကတည်း..ပြန်သိမ်းထားခဲ့တဲ့ ငွေရောင်ဓားက..သူမရဲ့ ဝိဥာဥ် ပင်လယ်ထဲကနေ ပြန်ပြီး ထွက်ပေါ်လာခဲ့ပါပြီ..။
ကြည့်ရတာတော့..စွန့်စားချင်နေတဲ့ နစ်ဖီက..အနားကို ကပ်လာနေတဲ့..သတ္တဝါကြီးကို..နောက်ဆုံးတစ်ကြိမ် အသက်စွန့်ပြီး တိုက်ခိုက်ချင်နေတဲ့ပုံပါပဲ..။ဒါမှမဟုတ် သူမက ရူးသွပ်သွားတာ ဖြစ်နိုင်ပါတယ်..။
ဒါပေမဲ့..ဒီလိုသာ ထပ်နေရတာပါ..။
..ဆန်နီ ရဲ့နှုတ်ခမ်းထောင့်စွန်းနားက တွန့်ကွေးသွားခဲ့တယ်..။
'ဒါမှ ငါ့ကောင်မလေး ပဲ..'
အစီအစဥ် C က အောင်မြင်ဖို့ နီးကပ်လာနေပါပြီ..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူမရဲ့ အခန်း ကဏ္ဍ ကို အကောင်းဆုံး ပုံဖော်နေခဲ့တယ်..။
ကောင်းပြီ..သူမ ဆီက ဆန်နီ ဘာတွေထပ်ပြီး မျှော်လင့်နိုင်ဦးမှာလဲ..။
ကျန်ရှိနေတာဆိုလို့..အနက်ရောင် စစ်သည်ကို စက္ကန့်အနည်းငယ်လောက် အချိန်ဆွဲထားဖို့ပါပဲ..။
နတ်ဆိုး..ဟာ ငွေရောင်ဆံပင်နဲ့ မိန်းကလေးရဲ့ အပေါ်ကို စတီး ဓားကြီး နဲ့ ဒေါသတကြီး ခုတ်ပိုင်းချလိုက်တယ်..။နစ်ဖီကတော့ သူ့ကို တည်ငြိမ်စွာ ရင်ဆိုင်နေပြီး ခုတ်ချက်တစ်ခုချင်းစီကို မယုံနိုင်စရာ ကျွမ်းကျင်မူ တွေနဲ့ ရှောင်ရှားနေခဲ့ပါတယ်..။ဒါက အရင်တုန်းက အကယ်ဒမီ မှာ သူ နဲ့ ကတ်စတာ တို့ ထိပ်တိုက်ရင်ဆိုင်ခဲ့တုန်းက အတိုင်းပါပဲ..။သူမက..သူမရဲ့တိုက်ပွဲ စီးဆင်းမူ အပေါ် နားလည်နိုင်စွမ်းနဲ့ ထိန်းချုပ် နိုင်မူ ကို အသုံးချပြီး ရန်သူနဲ့ သူမ ကြားထဲက အမြန်နှုန်း ကွာဟ..မူကို ဖယ်ရှားထားနိုင်ခဲ့ပါတယ်..။
သူမက..နတ်ဆိုးရဲ့..ရက်စက်တဲ့ ဓားချက်တွေကျဆင်းလာတာကို ရှောင်တိမ်းနေတာ မဟုတ်ပါဘူး..။သူမက ဒီဓားချက်တွေကို ကြိုတင်ခန့်မှန်းနေခဲ့ပြီး ဓားချက်တွေ ရောက်မလာခင်ကတည်းက..ရှောင်တိမ်းထားခဲ့တာပါ..။
ဒါပေါ့..ဒီသေစေနိုင်တဲ့ ကခုန်မူက အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ပေ..။သေးငယ်တဲ့ အမှားလေး တစ်ခုကတင် သူမရဲ့ နောက်ဆုံး ထွက်သက် ဖြစ်သွားနိုင်ပါတယ်..။သူမ ဘာအမှားမှ မလုပ်ဘူးဆိုရင်တောင် နစ်ဖီက ဒီအခြေအနေကို အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ပါဘူး..။ဒီလို ပုံစံမျိုးက..သူမရဲ့ သက်လုံနဲ့ ခံနိုင်ရည်အားကို အများကြီး ကုန်ဆုံးစေမှာကိုတော့ ပြောစရာတောင်မလိုအပ်တော့ပေ..။
သို့ပေမယ့် သူမက အကြာကြီး ထိန်းထားဖို့ မလိုအပ်ပေ..။သူမ လုပ်ဖို့လိုအပ်တာက ဒီခွေးသားကို စက္ကန့်ါနည်းငယ်လောက်..အလုပ်ရှုပ်ခိုင်းထားဖို့ပါပဲ..။
ပြီးတော့..ဒီစက္ကန့် အနည်းငယ် ပြီးဆုံးသွားတဲ့ အခါကျရင်...
ရုတ်တရက် ကျောက်တုံးအက်ကွဲတဲ့ အသံတစ်ချို့က ရှေးဟောင်း ဘုရားကျောငိးရဲ့ အမှောင်ထုထဲကနေ ပေါ်ထွက်လာခဲ့တယ်..။
***
ဒီအခြေအနေတွေ ဖြစ်ပျက်နေတုန်းမှာ ကျောက်တုံးသူတော်စင်က ထူးဆန်းစွာပဲ..ပျောက်ကွယ်နေခဲ့တာပါ..။ကျရှုံးမူအဆင့် နတ်ဆိုးက နစ်ဖီကို ပစ်မှတ်ထားနေတာကို သိလိုက်တာနဲ့ ဆန်နီဟာ..သူတို့ရဲ့ အသန်မာဆုံး အဖွဲ့ဝင် ဖြစ်တဲ့ အရိပ်ကို မြင်ကွင်းကနေ ဖယ်ရှားခိုင်းခဲ့ပါတယ်..။
ဒါပေါ့..ဒီအတွက် ရည်ရွယ်ချက်ရှိပါတယ်..။ကျန်တဲ့လူတွေက အနက်ရောင်စစ်သည်ကို အနှောက်ယှက်ပေးနေတဲ့ အချိန်မှာ..သူမက အစီစဥ် အောင်မြင်ဖို့အတွက် အုတ်မြစ်ချ နေခဲ့တာပါ..။
သို့ပေမယ့်..ဒီ အစီအစဥ်က..ခန်းမကြီးရဲ့ နေရာတစ်ခုတည်းမှာပဲ အလုပ်ဖြစ်နိုင်ပါတယ်..။အဲတာက..ပြောင်းလဲနေတဲ့ကြယ်ပွင့်က..အနက်ရောင်စစ်သည်ကို မြှားခေါ်သွားပြီး..အချိန်ဆွဲထားတဲ့ နေရာပါပဲ..။သူမက ဆန်နီ ရဲ့ ညွှန်ကြားချက်အတိုင်း..နတ်ဆိုးကို ဘုရားကျောင်းရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ခေါ်သွားပြီး..မှန်ကန်တဲ့ နေရာတစ်ခုမှာ ရပ်တန့်ခဲ့ပါတယ်..။
ပြီးတဲ့နောက်မှာတော့..သူမက သတ္တဝါကြီးရဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး သူတော်စင် အတွက် ထောင်ခြောက်ကို ပိတ်ဖို့ အချိန်ပေးထားခဲ့တယ်..။
..သူမ ဒီလိုလုပ်နေစဥ် အတွင်းမှာပဲ..ဘုရားကျောငိးရဲ့ ခေါင်မိုးကို ထောက်ကန်ပေးထားတဲ့ တိုက်ကြီးတစ်တိုင်းရဲ့ အောက်ခြေကို သူမရဲ့ အလေးချိန်တဲ့ ဝင်တိုက်စေလိုက်တယ်..။
အထူးသဖြင့် ဒီ တိုင်ကြီးက..အရင်ကတည်းက အောက်ခြေမှာ ထိခိုက်ခံထားရပြီး မတည်ငြိမ်ဖြစ်နေခဲ့တာပါ..။ဆန်နီ က ဒီ ပျက်ဆီးနေတဲ့ ဘုရားကျောင်းရဲ့ တစိနေရာချင်းစီတိုငိးကို သူ့ရဲ့ လက်ချောင်းတွေလိုမျိုး..သေသေချာချာ သိထားပါတယ်..။ဒီတော့ ဒီတိုင်ကြီးမှာ အားနည်းချက်ရှိနေတယ် ဆိုတာကိုလည်း သူ သိထားပြီသားပါ..။
ဒါက သူ ရေးဆွဲထားတဲ့ အစီအစဥ် C ရဲ့ အခြေခံပါပဲ..။
ဆန်နီ ပြေးနေတုန်းမှာပဲ..သူ့ရဲ့ ခမ်းနားရက်စက်တဲ့ အစီအစဥ်ရဲ့ နောက်ဆက်တွဲတွေကို အကုန်မြင်နေခဲ့ရတယ်..။
ကျောက်တုံးအက်ကွဲသံတွေက..ရှေးဟောင်း ဘုရားကျောင်းအတွင်းမှာ ပိုမို ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါပြီ..။ကြီးမားတဲ့ အက်ကွဲကြောင်းတွေက ရှည်လျားတဲ့ ကျောက်တိုင်ကြီးပေါ်မှာ ပေါ်ထွက်လာခဲ့ပြီး..သူ့ရဲ့ အောက်ခြေမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ..အက်ကွဲကြောင်း ဆီကို ဆက်သွယ်သွားခဲ့တယ်..။ကျောက်တုံး အပိုင်းအစ တွေက နေရာတိုင်းကို ပျံ့နှံ့ထွက်လာခဲ့ပြီး..တိုင် ကြီးက စတင်လဲကျလာခဲ့ပါတယ်..။
ပထမ ကြည့်လိုက်ရင်တော့ ဒါက ဖြည်းဖြည်းချင်း ဖြစ်ပေါ်နေတယ် ထင်ရပေမယ့် အမှန်တကယ်တော့ အဲလို မဟုတ်ပါဘူး..။
ခန်းမကြီးရဲ့ အလယ်မှာတော့ အနက်ရောက်စစ်သည်ဟာ..သူ့ရဲ့ တိုက်ခိုက်နေမူတွေကို ခနလောက်ရပ်တန့်လိုက်ပြီး..ဦးခေါင်းကိုလှည့်ကာ အက်ကွဲသံတွေ ပေါ်ထွက်ရာ ဘက်ကို ကြည့်လိုက်တယ်..။
...သူက တစ်စက္ကန့်လောက် နောက်ကျသွားခဲ့ပါပြီ..။
နစ်ဖီ အဝေးကို ထွက်ပြေးသွားတာနဲ့ တစ်ပြိုင်နက် ၊ ကျောက်တိုင်ကြီးက နတ်ဆိုးအပေါ်ကို ကျဆင်းလာခဲ့ပြီး..တန်ပေါင်းများစွာသော ကျောက်တုံးတွေက သူ့ကိုယ်ပေါ်ကို ရိုက်ခတ်ပါတော့တယ်..။