← Chapters

မင်းသိထားတဲ့ နတ်ဆိုး

Vol. 18 Ch. 266

မင်းသိထားတဲ့ နတ်ဆိုး

Vol. 18 Ch. 266

အသေးစိတ်ကို ကြည့်မယ်ဆိုရင်..အခြေအနေတွေက အတော်လေးကို ရိုးရှင်းပါတယ်..။အနက်ရောင် စစ်သည်ကို မယုံနိုင်စရာ အချိန်အတိုင်းအတာ တစ်ခု အထိ လုံ့လ စိုက်ထုတ်ပြီး စောင့်ကြည့်ရလောက်အောင်..ဆန်နီ ရဲ့ အမုန်းတရားတွေက များပြားနေခဲ့တာပါ..။သူ့ကို နာကျင်ခံစားရအောင် လုပ်ခဲ့တဲ့ သားရဲကို ပြန်သတ်ဖို့ အတွက်လည်း သူက စိတ်အားတက်ကြွနေခဲ့တယ်..။ဒါကြောင့်လည်း..သူက ဘုရားကျောင်းပျက်ထဲမှာ နတ်ဆိုး နဲ့အတူတူ နေထိုင်ခဲ့တာပါ..။

ရလာဒ်အနေနဲ့..ဆန်နီဟာ..အနက်ရောင် စစ်သည်တော်နဲ့ ပတ်သက်ပြီး..အရာရာတိုင်းကို သိရှိနေတဲ့ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာခဲ့တယ်..။ဆန်နီက..သူ့ရဲ့ ခွန်အား ၊ အားနည်းချက် နဲ့ သူ့ရဲ့ လှုပ်ရှားသွားလာမူ အမူအကျင့်တွေကိုပါ သိထားပါတယ်..။

ပြီးတော့ ပိုအရေးကြီးတာက..နတိဆိုးက ဘယ်လို စွမ်းရည်တွေ ပိုင်ဆိုင်ထားလဲ ဆိုတာကိုပါ သူက သိထားပါသေးတယ်..။

အဆင့်န်ိမ့် အိပ်မက်ဆ်ိုးသားရဲ တွေနဲ့ မတူတာက..နတ်ဆိုးတွေမှာက..နိုးထသူ တွေရဲ့ ကဏ္ဍစွမ်းရည်နဲ့ ဆင်တူတဲ့..ကြောက်စရာ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြပါတယ်..။ဒါက သူတို့ကို အန္တရာယ်များအောင် ဖန်တီးပေးထားတဲ့ အရာပါပဲ..။ဒါကြောင့် အနက်ရောင် စစ်သည် ရဲ့ စွမ်းရည်တွေအကြောင်း ဆန်နီ လေ့လာထားတဲ့ အရာတွေက အရေးပါနေတာပါ..။

ဒီတစ်ကြိမ်မှာတော့..သူတို့က ဘာမှကြိုမသိထားတဲ့ ဆူးချွန်ဆတ်သား နဲ့ ရင်ဆိုင်ခဲ့ရသလို မဟုတ်ပဲ..အချက်အလက် အားလုံးကို သိထားပြီးသားဖြစ်တဲ့ ကျရှုံးမူအဆင့် နတ်ဆိုးနဲ့ ရင်ဆိုင်ကြရမှာပါ..။ဒီလိုကနေ တဆင့်..သူတို့က အစီစဥ်တွေ ၊မဟာဗျူဟာ တွေ နဲ့ ကြိုတင်ပြင်ဆင်မူတွေကို လုပ်နိုင်ပါလိမ့်မယ်..။

မင်းရဲ့ ရန်သူ ကို သိရှိထားရင်..တစ်ဝက်အနိုင်ရနေ ပြီးပါပြီ..။

ကျန်တဲ့ တစ်ဝက်ကတော့ ကိုယ့်ကိုကို သိရှိနားလည်ခြင်းပါပဲ..။

ဆန်နီ ရဲ့ မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားခဲ့တယ်..။

"အနက်ရောင် စစ်သည်က တကယ်ကို အသက်ရှငိနေတဲ့ အိပ်မက်ဆိုးပဲ..။သူက သန်မာတယ် ၊ မြန်ဆန်တယ် ၊ ပြီးတော့..ကျရှုံးမူအဆင့် နတ်ဆိုးတွေရဲ့ ပုံစံအတိုင်း ချိုးဖျက်လို့မရဘူး..။သူ့ရဲ့ ဓားချက်အောက်မှာ မရေမတွက်နိုင်တဲ့ သတ္တဝါ တွေ သေဆုံးခဲ့ရတာကို ငါ မြင်ခဲ့ရတယ်..။သူတို့ရဲ့ အရွယ်အစား ၊ ပုံစံ ၊ အဆင့် ၊ အမျိုးအစား..တွေက ဘာတစ်ခုမှအသုံးမဝင်ဘူး..။သူက ကို အရမ်းသန်မာ လွန်းနေတာ.."

အယ်ဖီ တခစ်ခစ် ရယ်မောလိုက်တယ်..။

"နင် ဒါကို သက်သေမပြနိုင်လောက်ဘူး ဆန်နီ..။နင်ဒါကို သိပါတယ်နော်..။ဟုတ်တယ်မလား.."

သူက သူမကို ကြည့်ကာ ပြုံးလိုက်ပြီး..

"ဒါက အဆိုးဆုံးအရာတောင် မဟုတ်သေးဘူး..။သူ့ကို သေဆုံးခြင်း ပြယုဒ် ဖြစ်စေတာက..သူ့ရဲ့ ခွန်အားကြောင့်မဟုတ်ဘူး..။ဒါက ဘုရားကျောင်းထဲမှာ ရှိနေတဲ့ အမှောင်ထုက သူ့အမိန့်ကို နာခံနေသလား လို့တောင် ထင်ရတယ်..။အမှောင်ထုကို ရစ်ပတ်လိုက်ပြီဆိုရင်..အနက်ရောင် စစ်သည်တော်က ပိုမြန်လာတယ်၊ မမြင်ရဘူး ၊ ပြီးတော့..လှုပ်ရှားတဲ့ အခါမှာလည်း ဘာအသံမှ ထွက်ပေါ်မလာဘူး..။သူ့ရဲ့ ခန္တာကိုယ်ပိုင်းဆိုင်ရာ..တွေက တိုးမြှင့်ခြင်းကို ခံရပြီး.သူ့ကို လူသတ်စက် တစ်ခုလို ဖြစ်စေတာပဲ.."

ဆန်နီ မျက်နှာ ရှုတ်မဲ့လိုကိပြီး..

"ထပ်ပြောရရက်..သူ့မှာ ရှိနေတဲ့ ဒဏ်ရာတွေက အမှောင်ထုထဲကို ရောက်သွားပြီဆိုရင် ချက်ချင်း ပြန်ကောင်းသွားကြတယ်..။အမှောင်ထဲမှာ ဆိုရင်တော့ သူက အင်မော်တယ် တစ်ပါး လိုပဲ.."

အဖွဲ့သားတွေဟာ သံသယ အမူအရာတွေနဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့် တစ်ယောက်တည်းသာ..မတူညီပဲ ရှိနေခဲ့ပါတယိ..။

ကြီးမားတဲ့ အပြုံးတစ်ခုက ဆန်နီ ရဲ့ မျက်နှာမှာ ပေါ်လာခဲ့ပြီး..နစ်ဖီ ဘက်ကို လှည့်ကာ ပြောလိုက်တယ်..။

"ဒါပေမဲ့ အဲ့အချိန်မှာ နင်ဝင်ပါရမှ ရမှာ နစ်..။နင့်ရဲ့ အလင်းရောင်နဲ့ဆိုရင် အမှောင်ထုက ပျောကိကွယ်သွားလိမ့်မယ်..။နင့်ရဲ့မီးတောက် တွေက ဒီခွေသားရဲ့ အင်အားအကြီးဆုံးလက်နက် ကို ယူဆောင်သွားတော့မှာလေ..။သူ့ရဲ့ အနက်ရောင်စွမ်းအင် မရှိဘူးဆိုရင် ဒီ အနက်ရောင် စစ်သည်က..သာမန် အင်အားကြီး သတ္တဝါတစ်ကောင်ထက် မပိုတော့ပါဘူး..။သူက အဆင့်တူမှာ ရှိနေတဲ့ ကျရှုံးမူအဆင့် နတ်ဘီလူးထက် အနည်းငယ်ပို အန္တရာယ် များတာပဲ ရှိပါလိမ့်မယ်..

ကတ်စတာက သူ့ကို ကြည့်နေပြီး..ပုံမှန်လေသံနဲ့ ပြောလိုက်တယ်..။

"မင်းကြည့်ရတာ..ကျရှုံးမူအဆင့် နတိဆိုးကို ရင်ဆိုင်ရတာက..လွယ်ကူတဲ့ ရန်သူကို တွေ့နေရသလို ​ပဲ.."

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး..ငါ အဲလိုမျိုး မပြောခဲ့ပါဘူး..။ဒီ တိုက်ခိုက်မူက ဘယ်လောက်တောင် အန္တရာယ်များလဲ ဆ်ိုတာကို ငါ ကောင်းကောင်းသိထားတယ်..။တကယ်တော့ ငါက မင်းတို့တွေ ထက်တောင် ပိုသိသေးတယ်..။အမှန်တရားတစ်ခုက..အရုဏ်ဦး အမြုတေရဲ့ ​တိုးမြှင့်ပေးမူနဲ့တောင် ငါတို့ရဲ့လက်နက်တွေက သူ့ရဲ့ အကာအကွယ်ကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး..။ဒါက သူက အရမ်းမာကျောလို့မဟုတ်ပဲ ခေါင်းကနေ ခြေဖျားအထိ အကာအကွယ် ဖုံးအုပ်ထားခဲ့တာပါ..။အရိုးသားဆုံး ပြောရထင် ဒီ အကာအကွယ်ရဲ့အောက်မှာ အသွေးအသားတွေ ရှိနေလားဆိုတာတော့ ငါလည်း သေချာ မသိရဘူး..။သူ့ရဲ့ အကာအကွယ်မှာ နေရာလွတ်တစ်ခုပဲ ရှိတယ်..။ပြီးတော့ အဲတာက..ဦးထုတ် ခေါင်းစွတ်ရဲ့ မျက်စိ နေရာပဲ.."

အနက်ရောင် စစ်သည်မှာက မျက်လုံးနှစ်လုံးအစား တောက်ပနေတဲ့ မီးခဲ နှစ်ခု ရှိနေခဲ့ပါတယ်..။ဒီလိုဆိုရင်တောင် ဒီခွေးသားမှာ..မျက်နှာတစ်ခု ရှိနေရဲ့လား ဆိုတာကို ဆန်နီ မသိပါဘူး..။

ကိုင် အနုည်းငယ် လှုပ်သွားခဲ့ပြီး မသေချာစွာ ပြောလိုက်တယ်..။

"ဒီတော့ သူ့က်ို သတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက..ခေါင်းစွပ်ရဲ့ နေရာလွတ်ကို တိုက်ခိုက်ဖို့ပေါ့..။ဒါ..ဒါက ဖြစ်နိုင်ပါ့မလား ဆိုတာ ငါတော့ မသေချာဘူး..။တည်ငြိမ်နေတဲ့ ပစ်မှတ်မှာဆိုရင်..သေချာတယ်..။ဒါပေမဲ့ လှုပ်ရှားနေမယ် ဆိုရင်တော့..၊ အထူးသဖြင့် မြန်လည်း မြန်နေဦးမယ် ဆိုရင်..ငါတော့ မှန်အောင် ပစ်နိုင်ဖို့ အာမမခံနိုင်ဘူး.."

တစ်ခြားသူတွေလည်း သဘောတူညီစွာ ခေါင်းညိမ့်လိုက်ကြပါတယ်..။

ဆန်နီ ပြုံးလိုက်ပြီး..

"အာ..ဟုတ်တယ်..။ဒါက တကယ်ကို ခက်ခဲလိမ့်မယ်..။ဒါပေမဲ့ ကံ​ကောင်းချင်တော့ ငါတို့က ဒီီလိုလုပ်ဖို့ မလိုအပ်ဘူး.."

သူ ခနလောက် ရပ်တန့်နေပြီးမှ..သူ အချိန် အကြာကြီး လေ့လာခဲ့ရတဲ့ လျိုဝှက်ချက်ကို ထုတ်ပြောလိုက်ပါတယ်..။

"အမှန်တရားက..ဒီ မျက်လုံးနေရာလွတ် ဆိုတာ ထောင်ခြောက်ပဲ..။ကြည့်လိုက်ရင်တော့..အားနည်းချက် နေရာလို ထင်ရပေမယ့် အမှန်တော့ အဲလိုမဟုတ်ဘူး..။အနက်ရောင် စစ်သည်ရဲ့တကယ် အစစ်အမှန် အားနည်းချက်က..အကာအကွယ် နဲ့ ဖုံးအုပ်ထားတာ မဟုတ်ဘူး.."

နက်မှောင်တဲ့ အမူအရာတစ်ခုက သူ့ရဲ့ မျက်နှာမှာပေါ်လာခဲ့တယ်..။

"အဲတာက သူ့ရဲ့ ဓားပဲ.."

အမှန်ပါပဲ..။နတ်ဆိုးကို လပေါင်းများစွာ လေ့လာပြီးတဲ့နောက်မှာ..ဆန်နီဟာ..လျိုဝှက်ချက် တစ်ခူကို ရှာတွေ့ခဲ့ပါတယ်..။အဲတာကတော့..ဒီ ခွေးသားရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့ နည်းလမ်းရှာနေရမှာမဟုတ်ပဲ..သူ့ရဲ့ ကြောက်မက်ဖွယ်ရာ ဓားကြီးကို ဖျက်ဆီးပစ်ရမှာပါ..။

အနက်ရောင် စစ်သည်နဲ့ မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုး သတ္တဝါတွေ တိုက်ခိုက်တာကို ကြည့်လာခဲ့ရတဲ့ အချိန်မှာ..ဆန်နီဟာ..ဒီ တစ်ခုကို သတိထားမိခဲ့တယ်..။အဖွဲ့သားတွေလိုမျိုး တစ်ခြား သတ္တဝါတွေကလည်း..အနက်ရောင် စစ်သည်ရဲ့ မျက်လုံးနေရာကိုပဲ ပစ်မှတ်ထားခဲ့ကြတာပါ..။သို့ပေမယ့် အစောင့်ကတော့..ဒီ တိုကိခိုက်မူတွေကို လုံးဝ ဂရုမစိုက်ခဲ့ပေ..။

သို့ပေမယ့်..သူက ပြင်းထန်တဲ့ တိုက်ခိုက်မူတွေနဲ့ ကြုံတွေ လာပြီဆိုရင်..ဓားနဲ့ မကာကွယ်တော့ပါဘူး..။အဲဒီအစား သူက ခန္တာကိုယ်နဲ့သာ ကာကွယ်မူ ပြုလုပ်ခဲ့တာပါ..။သူ့ကြည့်ရတာ..သူ့ရဲ့ လက်နက်ကို တစ်ခုခု ထိခိုက်သွားမှာ စိုးရိမ်နေသလိုပါပဲ..။

ဒီဖြစ်စဥ်ကို အာရုံစိုက်ပြီး စောင့်ကြည့်ခဲ့တဲ့နောက်မှာတော့..ကျရှုံးမူအဆင့် နတ်ဆိုးကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းက သူ့ရဲ့ ဓားပဲ ဆိုတာကို ဆန်နီ အတည်ပြုနိုင်ခဲ့ပါတယ်..။

ဒါက သူ့ရဲ့ စစ်မှန်တဲ့ အားနည်းချက်ပါ..။

နစ်ဖီကတော့ အနည်းငယ် စဥ်းစားရင်း သူ့ရဲ့ စကားတွေကို လိုက်ပြောလိုက်တယ်..။

"...သူ့ရဲ့ ဓားလား.."

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..နင် အနက်ရောင် သူတော်စင်ကို သတ်ချင်တယ် ဆိုရင်..သူ့ရဲ့ ကြီးမြတ်တဲ့ ဓားကို ချိုးပစ်မှ ရမယ်..။ဒါက တစ်ခုတည်းသော နည်းလမ်းပဲ.."

အယ်ဖီက အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး သူ့ကို ဒေါသတကြီး စိူက်ကြည့်လိုက်တယ်..။

"အဲတာက နင်ပြောတဲ့ ဘာအကာအကွယ် မှ မရှိဘူး ဆိုတဲ့ အရာလား..။ဒါပေါ့..အကာအကွယ်က ဘယ်ရှိပါ့မလဲ..။ဘာလို့လဲ ဆိုတော့..အဲတာက အကာအကွယ်ထက် တောင် ပိုပြီး မာကျောသေးတယ်လေ အရူးရဲ့.."

သူမ ခေါင်းခါယမ်းလိုက်တယ်..။

"ငါတို့က ကျရှုံးမူအဆင့် နတ်ဆိုးတစ်ကောင် ကိုင်ဆောင် ထားတဲ့ ဓား တစ်လက်ကို ဘယ်လို ဖျက်ဆီးနိုင်မှာလဲ..။ဟင်..."

ဆန်နီ ပြုံးလိုက်ပြီး..

"အိုး နင် ဖျက်ဆီးဖို့ မလိုပါဘူး..။တကယ်လို့ နင် မလုပ်ဖို့ ငါ ပြောချင်တယ်..။နင်တို့က ငါ့ကိုပဲ ကူညီပေးရမှာ..။ငါကလွဲပြီး ဒီခွေးသားကို ဘယ်သူမှ မသတ်နိုင်ဘူး..။ဘယ်သူမှပဲ..နားလည်တယ်မလား..။ဒီတော့နင်တို့ရဲ့ အလုပ်က သူ့ကို ထိန်းပေးထားဖို့ပဲ..။ဓား ကိစ္စကိုတော့ ငါ တာဝန်ယူလိုက်မယ်.."

မုဆိုးမိန်းကလေးက ပြန်ပြောလိုက်တယ်..။

"ဒါက တကယ်အဖြေ မဟုတ်ဘူး..။ငါတို့ထဲက ဘယ်သူမှ ဒီလို သန်မာတဲ့ လက်နက်ကို ချိုးဖျက်ရလောက်အောင် မသန်မာရင် ၊ နင်က ဘယ်လိုလုပ် ဖျက်ဆီးမှာလဲ.."

ဆန်နီ သူမကို ခနလောက် ကြည့်နေပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။

"ငါက ဒါကို ဖျက်ဆီးမှာ မဟုတ်ဘူး..။ငါ့ ပုံစံက ဒါကို ဖျက်ဆီးနိုင်တဲ့ပုံ ပေါက်နေလို့လား..။မဟုတ်ဘူး..ငါ မလုပ်ဘူး..ပြီးတော့ ဖျက်လည်း မဖျက်ဆီးနိုင်ဘူး.."

သူ့ နှုတ်ခမ်းမှာ နက်မှောင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

"...ဒါပေမဲ့ ကျောက်တုံးသူတော်စင် ဆိုရင်ရော..။သူမ လုပ်နိုင်တယ် ဆိုတာကို ငါ လောင်းရဲတယ်.."

သူမက ဆန်နီ ရဲ့ အရိပ်ဖြစ်လာခင်တုန်းက ကျရှုံးမူအဆင့် သားရဲ နှစ်ကောင်ကို သတ်ဖြတ်ခဲ့တာပါ..။ဆန်နီရဲ့ အရိပ်ကလည်း..အရိပ်အပိူင်းအစ တစ်ထောင်နီးပါး ဖြည့်တင်းထားတာကြောင့် ပိုသန်မာလာခဲ့ပါပြီ..။သူ့ အရိပ်ရဲ့ အကူအညီနဲ့ ဆိုရင် အနက်ရောင်မြို့တော်ထဲမှာ ကျောက်တုံးသူတော်စင် မဖျက်ဆီးနိုင်တဲ့ အရာဆိုတာ မရှိပါဘူး..။

ဒီတော့ ဟုတ်တယ်..သူမက အနက်ရောင် စစ်သည်ရဲ့ ဓားကို ဖျက်ဆီးနိုင်တယ်ဆိုတာကို..သူက လောင်းတောင် လောင်းလိုက်ချင်ပါသေးတယ်..။

တကယ်တော့..သူက ဒီအပေါ်မှာ သူ့ရဲ့ အသက်နဲ့ လောင်းကြေးထပ်သွားတော့မှာပါ..။

All Chapters