ကောင်းကင်နားစွင့်သူများရဲ့ ဝမ်းနည်းမှု
Vol. 10 Ch. 136
ချန်အိမ်တွင် နေထိုင်နေသော ဖန်တီးခံရှောင်ဝူမှာ တဖြည်းဖြည်း စိုးရိမ်လာသည်။
"အနည်းဆုံး နှစ်ရက်ပဲ... နှစ်ရက်! ဒီနှစ်ရက်ပြီးရင် တစ်ဆယ်လေးကို သတ်ပြီး အဖေ့အတွက် မီးရှို့ပေးရမယ်။"
ချောမောသော မျက်နှာသည် အနည်းငယ် ကွဲလွဲနေပြီး ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တွေ တစ်ခါတစ်ရံ ပေါ်ထွက်လာနေသည်။ သူသည် ချန်ရှီ အဘွားအိုဝူကျူရဲ့ လယ်ကွင်းမှ ဖရဲသီးများကို ခိုးယူရန် သွားနေတာကို လိုက်လာပေး၏။
"ချန်ရှီကို အရင်သတ်ရမလား... ခွေးကို သတ်ရမလား... လီထျန်းချင်ဆိုတဲ့ ကောင်လေးကို သတ်ရမလား... သူ့ကို အရင်သတ်စရာ မလိုပါဘူး သူကဘယ်လို အဝတ်လျှော်ရမယ်ဆိုတာ သိတယ်... အဝတ်လျှော်ဖို့ သူ့အသက်ကို ချန်ထားပေးလိုက်မယ်.... မပြောင်မှ သတ်ပစ်မယ်!"
"ဝူကျူ ဘယ်မှာလဲ ဝူကျူကို သတ်ရမလား.... ဒီအဘွားကြီးသေရင် မြေအောက်ကမ္ဘာ ရောက်သွားမှာပဲ... ငါ့အဖေက မပျော်မှာ သေချာတယ် သစ္စာမဲ့တဲ့ အဘွားကြီးကို သူ့အတွက် မီးရှို့ပေးတယ် ဆိုပြီး ငါ့ကို အပြစ်တင်လိမ့်မယ်..."
သူသေသေချာချာ စဉ်းစားပြီး ဝူကျူကို အသက်ရှင်ခွင့်ပေးကာ မသတ်ဖို့ ဆုံးဖြတ်လိုက်သည်။
"ထိုင်ချလိုက်!"
ချန်ရှီက တိုးတိုးလေး ပြောသည်။ ဖန်တီးခံရှောင်ဝူလည်း လျင်မြန်စွာ ထိုင်ချလိုက်ပြီး ၎င်းတို့နှစ်ဦးသည် ဖရဲသီးခင်းတွင် ငုတ်တုတ်ထိုင်ကာ ငြိမ်သက်စွာဖြင့် ကြည့်နေကြသည်။ ထိုစဥ် အဘွားအိုကလည်း တစ်ခုခုကို သတိပြုမိသလိုမျိုး အခင်းများဘက်ကို လှည့်ပတ်နေတာ တွေ့လိုက်ရသည်။
ဖန်တီးခံရှောင်ဝူမှာ အနည်းငယ် နှလုံးခုန်လာသည်။ သူနှင့် သူ့အဖေ ချန်ယင်တုတို့ မျှော်လင့်ချက်မဲ့ကုန်းစောင်း နတ်တစ္ဆေဘုံမှာ ရှိနေရသလို ဒီမြင်ကွင်းသည် အနည်းငယ် စိတ်လှုပ်ရှားဖွယ် ကောင်းနေတာကို ခံစားမိလာသည်။
မျှော်လင့်ချက်မဲ့ကုန်းစောင်း၏ ကြီးမားသောရုပ်တုများ အောက်တွင် သူနဲ့ အဖေဟာ ယခုလိုပဲ ပုန်းအောင်းနေခဲ့ဖူးသည်။ ထိုနတ်ရုပ်ကြီးများရဲ့ မျက်လုံးများက မီးရှူးမီးတိုင်များကဲ့သို့ တောက်ပနေပြီး ရံဖန်ရံခါ သူတို့၏ခြေရာများကို ရှာဖွေနေတတ်တာကြောင့် ရုပ်တုများအောက်တွင် ခေါင်းငုံ့နေရတတ်သည်။
အဘွားအိုဝူကျူရဲ့ ဖရဲသီးခင်းကလည်း မျှော်လင့်ချက်မဲ့ကုန်းစောင်းလိုပဲ သူမဟာ ထိုနေရာက နတ်ရုပ်ထုများကဲ့သို့ သူမ၏ ဖရဲသီးခင်းကို လှည့်ပတ်ကြည့်နေတာကြောင့် ဖန်တီးခံရှောင်ဝူမှာ ယခင်က စိတ်လှုပ်ရှားမှုကို ပြန်ခံစားနေရသည်။
ရုတ်တရက် အဘွားကြီးဝူကျူက :"လတ်စသတ်တော့ တိရိစ္ဆာန်တစ်ကောင်ကိုး... ငါက ပညာရှင်ချန် ထင်နေတာ... သွားတော့ မြန်မြန်သွား! ပညာရှင်ချန် မင်းကို တွေ့ရင် ညနေ သူ့ထမင်းစားစားပွဲပေါ် ရောက်သွားလိမ့်မယ်!"
အဘွားကြီးဝူကျူလည်း အသီး လာခိုးစားသော အကောင်လေးကို ဖရဲသီးခင်းထဲကနေ မောင်းထုတ်လိုက်ပါ၏။ ချန်ရှီနဲ့ ဖန်တီးခံရှောင်ဝူလည်း ဖရဲသီးတစ်လုံးစီ ပိုက်ကာ ဖရဲသီးခင်းမှ ဂရုတစိုက် ထွက်ခွာလာကြသည်။
တိရစ္ဆာန်လေယက ဖရဲသီးများကို ထပ်မံခိုးယူရန် ပြန်လာခဲ့သော်လည်း ပညာရှင်ချန်နဲ့ တကယ်ကြီး တည့်တည့်တိုးသွားတာကြောင့် အိမ်ကို အသယ်ခံလိုက်ရတော့သည်။ ချန်ရှီ ဟေးကော်ကို ဆေးကြောပြီး အရေခွံနွာခိုင်းထားကာ သူကတော့ ညနေပိုင်းတွင် ချက်ပြုတ်ရန်အတွက် ရှောင်ဝူနှင့်အတူ ယွိတိုက်မြစ်ထဲ ငါးရှာရန် ထွက်သွားလေသည်။
မြစ်ထဲမှာ ငါးတွေ များများစားစား မရှိသလို ဒီငါးတွေကလည်း အကြာကြီး ထားလို့မရချေ။ ဖန်တီးခံရှောင်ဝူမှာ စိတ်မရှည်တော့ဘဲ လက်ဝါးကို မြှောက်ကာ မြစ်ထဲသို့ ဝုန်းခနဲ ရိုက်ပစ်ချလိုက်ရာ ရုတ်တရက် ရာနှင့်ချီသော ငါးများသည် ၎င်းတို့၏ ဝမ်းဗိုက်ဖြူဖြူများကို ဖော်လျက် ပေါ်လာခဲ့သည်။
သူတို့နှစ်ယောက်က ငါးတွေကောက်နေတုန်း ချန်ရှီပြောသံကို ကြားလိုက်ရသည်။
“ငါးတွေများသွားပြီ... အကုန်လုံး ယူသွားပြီး ရွာသားတွေကိုလည်း ပေးရမယ်!"
ဖန်တီးခံရှောင်ဝူမှာ ထိုစကားကြောင့် ပဟေဠိဆန်သွားပြီး :"မင်းက ဘာကိစ္စ သူများကို ပေးချင်နေတာလဲ... အကျိုးရှိလို့လား"
ချန်ရှီ: "ဖရဲစိုက်ခင်းမှာ ဖရဲစိုက်ရင် မြေသြဇာကျွေး၊ ပေါင်းပင်ရှင်း၊ မြေဆီလွှာကို မကြာခဏ ရေလောင်းပေးဖို့ လိုတယ်...အဲဒါအှ ဖရဲသီးတွေ ပိုကောင်းပြီး အသီးပိုထွက်နိုင်စေတာ ရွာသားတွေလည်း ဒီလိုပါပဲ... တစ်ချိန်လုံး ငါးမစားရဘူး တချို့ ရွာသားတွေကို ကျွန်တော်ကပဲ အမြတ်ထုတ်လာတာ...ကျွန်တော့်ဘက်က ပေးရင် ရွာသားတွေလည်း ငါးတွေ၊ နွားတွေ ပိုပေးလာလိမ့်မယ်...ဆီနဲ့ရေ ပိုရလာလိမ့်မယ်"
ဖန်တီးခံရှောင်ဝူလည်း အံ့အားသင့်သွားပြီး သူ့ကို ပြန်လည် ချေပလိုသော်လည်း ချန်ရှီပြောသည့် စကားက အဓိပ္ပာယ်ရှိလှသည်။
"ဒီမှာတော့ သောက်ကျိုးနည်းပဲ!!"
နှစ်ယောက်သား ငါးတွေကို ကောက်ယူပြီး အိမ်ပေါက်စေ့ လိုက်ပို့ပေးသည်။ ရွာလူကြီးက ငါးလာပို့တာတွေ့တော့ ချန်ရှီကို ကြက်သွန်နဲ့ နံနံတွေ ချေးပေးလိုက်သေးသည်။ နှစ်ယောက်သား အိမ်ပြန်သွားတာနဲ့ လီထျန်းချင်နဲ့ ဟေးကော်က ချက်ပြုတ်ပေး၏။
"ဒီည စလို့ရပြီ!"
ဖန်တီးခံရှောင်ဝူက ရွတ်နေသည်။
"ညရောက်ရင် တစ်ဆယ်လေးကို အရင်သတ်လိုက်မယ်... ပြီးရင် ဟေးကော်နဲ့ တစ်ရွာလုံးကို ငါ့အဖေနဲ့ နေရဖို့ မြေအောက်ကမ္ဘာကို ပို့လိုက်မယ်ယ.. အဘွားကြီးဝူကျူပဲ ချန်ထားခဲ့လိုက်မယ်"
ပျော်ရွှင်သောနေရာကို တွေးတောရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ ချန်ရှီက သူ့ကို ပြုံးနေတာ မြင်တော့ စိတ်ထဲမှာ အရမ်းပျော်သွားသည်။
ညနေပိုင်းတွင် ချန်ရှီသည် ဆောင်းယွီကို ပြန်လွှတ်ပေးခဲ့ပြီး ဟွမ်ဖောရွာကို စောင့်ရှောက်ပေးဖို့ သူမကို တောင်းဆိုခဲ့သေးသည်။
သို့သော် ဆောင်းယွီသည် ချန်ရှီရဲ့ နတ်ကွန်းထဲ နေရတာ သက်တောင့်သက်သာ ရှိလွန်းသောကြောင့် မထွက်သွားချင်သေးချေ။ သူမသည် နတ်ကွန်းပေါ်တွင် ထိုင်ကာ နံ့သာပေါင်းကို လက်ခံယူသည်။ သူမ ခန္ဓာကိုယ်အပေါ်မှာ ကောင်းကင်နှင့် မြေကြီး၏ ချီစွမ်းအင်တွေ ကြွယ်ဝတာကြောင့် သူမရဲ့ ကျင့်ကြံမှု အဆင့်ကို တိုးမြင့်လာစေသည်။
သစ်ပင်ကြီးဆီ ပြန်သွားရင် ဘာအကျိုးမှ မရှိချေ။
"သခင်လေးက မနက်ဖြန်ကျရင် ငါ့ကို ဘုံကျောင်းဆောင်ထဲ ပြန်ထည့်ဦးမလား မသိဘူး..."
ဒါပေမဲ့ ဖန်တီးခံရှောင်ဝူကို တွေ့တဲ့အခါ သူမအသံက အလိုအလျောက် တိုးသွားသည်။
"သူဘာလို့ဒီကို ရောက်နေတာလဲ"
တခြားသူများက ဖန်တီးခံရှောင်ဝူကို မမှတ်မိသော်လည်း သူမ မှတ်မိသည်။ ဟွမ်ဖောရွာ ကန့်ညောင် လုပ်နေစဥ်က ဖန်တီးခံရှောင်ဝူဟာ ဟွမ်ဖောရွာကို အကြိမ်များစွာ ရောက်ဖူးသောကြောင့် သူနဲ့ ချန်ထန်တို့၏ ခြားနားချက်ကို သဘာဝကျကျ ပြောပြနိုင်သည်။
သို့သော်လည်း ဖန်တီးခံရှောင်ဝူရဲ့ မကောင်းမှုကို သူမ မကြားခဲ့ဖူးသောကြောင့် ၎င်းကို စိတ်ထဲ မထားမိခဲ့ပေ။
ညစာစားပြီးသောအခါ ဖန်တီးခံရှောင်ဝူသည် ချန်ရှီဟာ အိုးကို သန့်ရှင်းရေးလုပ်ပြီး ပန်းကန်များကို ဆေးပေးရင်း အလုပ်များနေသေးတာကို မြင်ရပြန်သည်။ ချန်ရှီက ဆေးဖက်ဝင်ပစ္စည်းများကို ပြင်ဆင်ပြီး အိုးထဲသို့ လောင်းထည့်လိုက်သည်။
"ဒါက ဘာလဲ... သူဘာလုပ်လုပ် ငါ့အပူမပါဘူး... ငါ့မှာ ကျောက်ခဲနှလုံးသား ရှိတယ် ဒီည ငါ့အဖေကို တွေ့ဖို့ သူ့ကိုလိုက်ပို့ပေးရမယ်"
ထို့နောက် မီးဖိုသေးသေးလေးရှေ့တွင် မီးညှိနေသော ဟေးကော်နဲ့ ဆေးပွက်ပွက်ဆူအောင် ကျိုနေသော ဟေးကော်အား မြင်လိုက်ရသဖြင့် ပို၍ပင် ပဟေဠိဖြစ်သွားသည်။ ဟေးကော် ဆေးကို ချက်ပြီးနောက် ချန်ရှီက ထူးဆန်းသော အနံ့ရှိသည့် ဆေးအိုးကို ကောက်ယူပြီး တစ်ကျိုက်တည်း သောက်ချပစ်လိုက်သည်။
"အစားတွေချည်း စားတဲ့အိမ်ပဲ!"
ဒါကိုမြင်တော့ ဖန်တီးခံရှောင်ဝူက တွေးဘေသည်။
"ငန်းကင်ရသ် ဟင်းခတ် အမွှေးအကြိုင်တွေကို အရင်ပြင်ဆင်ရမယ်... အသက်ရှင်နေတုန်း ငန်းဝမ်းထဲကို ထည့်ရမယ် အဲဒါက အတွင်းထဲကနေ ပြုတ်လိုက်သလိုပဲ... သူ့ကိုယ်သူ ချက်ရမယ့် ပြုတ်နည်းကိုလည်း သိသားပဲ"
ချန်ရှီသည် အိုးထဲမှ ဆေးကိုယူ၍ မီးပေါ်တင်ထားသည့် မြေအိုးကြီးထဲ လောင်းထည့်လိုက်သည်။ ထို့နောက် သူ့အဝတ်အစားတွေကို ချွတ်ပြီး အိုးထဲမှာ ဝင်စိမ်နေလိုက်၏။ ဟေးကော်က အိုးအောက်မှာ နေရာယူကာ ထင်းတွေ ထပ်ထည့်ပေးနေသည်။
ဖန်တီးခံရှောင်ဝူမှာ ပို၍ပို၍ စိတ်ကျေနပ်မှု ရှိလာသည်။
"အတွင်းပိုင်းကို အရသာရှိအောင် နှပ်ထားသင့်တယ်... အပြင်ဘက်ကိုလည်း အရသာရှိအောင် အရသာရှိအောင် နှပ်ထားသင့်ပါတယ်"
ရုတ်တရက် ချန်ရှီရင်ဘတ်ပေါ်ရှိ စိမ်းပြာရောင် တစ္ဆေလက်သည်းကို မြင်လိုက်ရတဲ့အခါ အနည်းငယ် လန့်ဖျပ်သွားပြီး။
“တစ်ဆယ်လေး... မင်းရင်ဘတ်က ဒီလက်သည်းက ဘာဖြစ်တာလဲ”
သူ့ကို ဂရုစိုက်တာကို မြင်တော့ ချန်ရှီ စိတ်လှုပ်ရှားလာသည်။ သို့သော် မျက်နှာတည်တည် ထားချင်တာကြောင့် စိတ်အေးလက်အေးနဲ့ပဲ ပြန်ဖြေလိုက်၏။
"ဒါ ကျွန်တော့်ရောဂါပဲ... သေတာ ဆယ်နှစ်ရှိပြီမလား? ကျွန်တော် ရှင်ပြန်ထမြောက်ပြီး နှစ်နှစ်အတွင်းမှာ မကြာခဏ ဖျားတယ် ညတိုင်း ဆေးပြုတ်ရတယ် မဟုတ်ရင် ရင်ဘတ်ပေါ်က တစ္ဆေလက်သည်းက လွယ်လွယ်နဲ့ တိုက်ခိုက်လာနိုင်တယ်... ကျွန်တော့်နှလုံးသားကို ဖျစ်ညှစ်ထားတာ လုံးဝ မလွှတ်ပေးဘူး အကြိမ်ပေါင်းများစွာ သေဖူးတယ်... အဘိုးရှိနေလို့ ကံကောင်းသွားတာ အဘိုးကယ်လို့...."
ဖန်တီးခံရှောင်ဝူက ခဏမျှ နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည်။
"နာလား?"
"နာတယ်....တစ်ခါတစ်လေ သေတဲ့အထိ နာတယ်"
ဖန်တီးခံရှောင်ဝူလည်း လေးနက်သော အမူအရာဖြင့် စိမ်းပြာရောင် တစ္ဆေလက်သည်းကို စိုက်ကြည့်နေသည်။
"မင်းအဘိုးက ဒါကို မဖြေရှင်းနိုင်ဘူးလား?"
ချန်ရှီ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ဖန်တီးခံရှောင်ဝူလည်း ချန်ရှီ ခေါင်းနောက်ဘက်ကို လှမ်းစမ်းလိုက်သည်။ လက်မ အရွယ်အစားလောက် အမာရွတ်ထူထူကြီးက ခေါင်းအနောက်ဘက်တွင် အိပ်စက်နေကာ ကင်းခြေများကဲ့သို့ ဖောင်းကြွနေသည်။
"ဒါက နတ်သန္ဓေသားကို ဖြတ်ထုတ်ခံလိုက်ရလို့ ကျန်ခဲ့တဲ့ အမာရွတ်ပဲ"
ချန်ရှီက ပြုံးပြီး။
"ဒဏ်ရာက ပျောက်နေတာကြာပြီ... ပုံမှန်အတိုင်းတော့ မနာဘူး မိုးရွာတဲ့နေ့တွေကျရင် နည်းနည်းနာပေမယ့် ခံနိုင်ရည် ရှိနေပါပြီ"
ဖန်တီးခံရှောင်ဝူက လေကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်ပြီး။
"မင်းလည်း ငါခံစားခဲ့ရတာထက် အများကြီး ခံစားခဲ့ရသေးတာပဲကိုး"
ချန်ရှီ တိတ်ဆိတ်သွားသည်။
ဖန်တီးခံရှောင်ဝူဟာ ဆေးကန်၏ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းအတက်အဆင်းများကို တွေ့လိုက်ရ၏။
ချန်ရှီအတွက်တော့ သူ့အဖိုးဆုံးပါးသွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ့အနီးနားမှာ ဆွေမျိုးတစ်ယောက်ရဲ့ ဂရုစိုက်မှုကို ခံစားရတာ ဖြစ်လေသည်။ သူဆေးဖက်ဝင် ဆေးရည်ကို ရေချိုးပြီးနောက် အင်္ကျီမပါတဲ့ ပေသို့ခုနှစ်ချက်ကို လေ့ကျင့်နေချိန် ဖန်တီးခံရှောင်ဝူက ခြံဝင်းထဲကို ပြတင်းပေါက်ကနေတစ်ဆင့် လှမ်းကြည့်နေခဲ့သည်။
ဒီကလေးရဲ့ အရည်အချင်းက သိသာထင်ရှားစွာ ထူးချွန်ပေမယ့် သူက မိမိထက်တောင် အလုပ်ပိုကြိုးစားနေရတော့ နည်းနည်းရှက်သွားသလို ခံစားလာရသည်။
ခွေးသည် ရေပုံးနွေ ဆွဲယူကာ ဆေးကန်အတွင်းမှ ဆေးများကို သွန်ချပြီး ဆေးကန်ကို သန့်ရှင်းရေး လုပ်ပေးနေသည်။ ဖန်တီးခံရှောင်ဝူမှာ ဒီမြင်ကွင်းကို ကြည့်ပြီး သူ့နှလုံးသားထဲက ဒီရေတွေက တက်လိုက်ကျလိုက် ဖြစ်နေသလို ခံစားရပြန်သည်။
ချန်ရှီ လေ့ကျင့်ပြီးနောက် အိပ်ပျော်သွားခဲ့ပြီး လီထျန်းချင်ကလည်း အနောက်တောင်ပံ အခန်းထဲတွင် အိပ်ပျော်သွားခဲ့သည်။ ခွေးက လှောင်အိမ်ထဲကို ပြန်ဝင်သွားပြီ ဖြစ်ကာ ဖန်တီးခံရှောင်ဝူ တစ်ယောက်တည်းသာ နိုးနေသေးသည်။
လရောင်က ထူထပ်စွာ ကျဆင်းနေတာကြောင့် လူသတ်မှုကျူးလွန်သည့် အချိန်ကောင်းပဲ ဖြစ်သည်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် ဖျတ်ကနဲ ပျံသန်း၍ ဟွမ်ဖောရွာအပြင်ဘက်သို့ ရောက်ရှိလာ၏။
ရွာအပြင်ဘက်မှာတော့ ထူးဆန်းတဲ့အဝတ်အစား ဝတ်ထားတဲ့ ကောင်းကင်နားစွင့်သူ ခုနစ်ယောက်က ကြိုးကြာတွေစီးပြီး ရွာရဲ့အပြင်ဘက်မှာ အပြေးအလွှား ဆင်းသက်လာကြသည်။
ထိုလူခုနစ်ယောက်သည် ရှင်းရှန် ပြည်နယ်တစ်ခုလုံး၏ အရေးကိစ္စကို တာဝန်ယူကြသော ကောင်းကင်နားစွင့်သူများ ဖြစ်သည်။ တမန်တော်များထဲတွင် သာမန် ကောင်းကင်နားစွင့်သူတွေထက် များစွာသာလွန်သော တန်ခိုးရှိသည်။
ကောင်းကင်နားစွင့်သူတွေကို အဆင့်ငါးဆင့် ခွဲခြားထားပြီး တမန်တော်၊ သင်းထောက်၊ အရှင်၊ အရှင်မင်းကြီး၊ အရှင်သခင် ဖြစ်ကာ တမန်တော်က အနိမ့်ဆုံးအဆင့် ဖြစ်၏။ တမန်တော်တွေက သတင်းအရင်းအမြစ် အားလုံးကို မေးမြန်းစုံစမ်းရန်၊ အများသူငှာ ထင်မြင်ချက်ကို စောင့်ကြည့်ရန်နှင့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို ရှာဖွေရန် တာဝန်ရှိသည်။
သင်းထောက်သည် ခရိုင်နှင့်မြို့အတွက် အမျိုးမျိုးသော သတင်းများကို စီစဥ်ကာ သတင်းပို့ရန် တာဝန်ရှိကာ အရှင်အဆင့်သည် ခရိုင်တစ်ခုအတွင်း ဖြစ်ပွားသည့် အဓိကဖြစ်ရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးရန် တာဝန်ရှိသည်။
ရှင်းရှန် ပြည်နယ်တွင် သင်းထောက်ခြောက်ဆယ်ရှိပြီး အရှင်တစ်ပါးရှိသည်။
ဥပမာအားဖြင့် ချန်ရှီသည် ကောင်းကင်နားစွင့်သူကို သတ်ပစ်မည်ဟု ပေါ့ပေါ့တန်တန် ပြောခဲ့သဖြင့် တမန်တော်များက ချန်ရှီကို အနီးကပ် စောင့်ကြည့်ရန်သာ လိုအပ်သည်။
သို့သော် မင်ရတနာသင်္ဘောရဲ့ အသွင်အပြင်သည် ကြီးမားလှသောကြောင့် တမန်တော်များစွာက အနီးနားတွင် စောင့်ကြည့်နေခဲ့သည်။ မင်ရတနာသင်္ဘောသည် မြစ်ထဲသို့ဆင်းလာပြီး ကြီးမားသော အမှောင်ပင်လယ်ထဲသို့ ပျောက်ကွယ်သွားသောကြောင့် အနီးနားရှိ တမန်တော်များလည်း ချန်ရှီ စောင့်ကြည့်ရန် ပြန်လှည့်လာခဲ့ကြသည်။
တမန်တော်အားလုံး ပျောက်ကွယ်သွားကြောင်းကို ယနေ့ ကြားသိရပြီး တခြား သတင်းကလည်း မကြားရသေးချေ။ ထို့ကြောင့် ကောင်းကင်နားစွင့်သူတွေ ဘာဖြစ်ပျက်ခဲ့သလဲ သိရှိရန် သင်းထောက်ခုနစ်ယောက်ကို စေလွှတ်ခဲ့သည်။
ဤလူခုနစ်ဦး ဆင်းသက်လာပြီး ဟွမ်ဖောရွာတစ်ဝိုက်တွင် ဖြန့်လိုက်သည်။ သူတို့ထဲက တစ်ယောက်က ဆင်းပြီးတာနဲ့ အနီးနားက သစ်ပင်တွေပေါ်မှာ နားရွက်ကြီးတွေ ဖြန့်ထားပြီးပြီ။
ရှေ့သို့ လျှောက်သွားရင်တော့ မြေပြင်မှ တံပိုးပုံသဏ္ဌာန် နားရွက်များ၊ အိမ်နံရံများ၊ အမိုးများ၊ ရေလှောင်ကန်များနှင့် စပါးကျီများ ရှိရာ နေရာတိုင်းတွင် ကောင်းကင်နားစွင့်သူများကို မြင်တွေ့ရသည်။
ဆောင်းယွီရဲ့ ကိုယ်ခန္ဓာအစစ်အမှန် ဖြစ်သော သစ်ပင်တွင်ပင် နားရွက်ကြီးတစ်ခု ပေါက်နေသည်။ ထိုနားရွက်များသည် ချန်ရှီအိမ်ဘက်သို့ တိတ်တဆိတ် လှည့်ထားတာ မြင်လိုက်ရသောအခါ ဆောင်းယွီရဲ့ ပြောင်းလဲမှုများက အံ့သြသွားခြင်းပင်။
သင်းထောက် ကောင်းကင်နားစွင့်သူက သူ့ပုံစံကို ပြင်ဆင်လို့ ပြီးမြောက်ပြီးနောက်တွင် အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် သူ့ဆီသို့ လျှောက်လာနေတာ တွေ့လိုက်ရသည်။
"ကောင်းကင်နားစွင့်သူ သင်းထောက်!..."
သူအဲဒီလို ပြောပြီးသည်နှင့် နောက်အခိုက်အတန့်တွင် ကမ္ဘာကြီးက ရုတ်ချည်းပင် လှည့်ပတ်သွားတော့၏။ ဖန်တီးခံရှောင်ဝူ ပါးစပ်ထဲသို့ ခြေဆုံးခေါင်းဆုံး ဝင်ချသွားကာ ဖိနပ်တွေကိုပဲ အပြင်ဘက်တွင်သာ ထားခဲ့သည်။
အခြား ကောင်းကင်နားစွင့်သူ သင်းထောက်ငါးယောက်သည် သင်းထောက်တစ်ယောက် အသတ်ခံရသည့် ဦးတည်ရာဘက်သို့ ချက်ချင်း နားလှည့်ကာ ဂရုတစိုက် နားထောင်ကြည့်ကြသည်။
၎င်းတို့နဲ့က ဝေးကွာနေတာကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အသံဖြင့်သာ ခွဲခြားနိုင်သည်။ ထိုစဥ် သူတို့ အသံတစ်သံ ကြားလိုက်ရသည်။
"ငါ မင်းတို့လို တိတ်တိတ်လေး နားထောင်တတ်တဲ့ လူတွေကို အမုန်းဆုံးပဲ"
နောက်အခိုက်အတန့်တွင် အခြားသင်းထောက်သည် လူငယ်တစ်ဦး သူ့ဆီသို့ လျှောက်လာနေတာ တွေ့လိုက်ရ၏။ သင်းထောက် ခုနစ်ယောက်အနက်မှ သင်းထောက်တစ်ဦးသည် ပျော့ခွေသော တောင်ကုန်းပေါ်သို့ မတော်တဆ ဆင်းသက်မိသွားသဖြင့် အေးစက်စက် ချွေးသံများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ရသည်။
တောင်စောင်းရဲ့ ပျော့ပျောင်းမှုသည် ကောင်းကင်ကြီး လည်ပတ်သွားသလိုပဲ ဖြစ်ကာ သူ့ခန္ဓာကိုယ်ကို ဖိထားသလိုပဲ လုံးဝ မလှုပ်ရှားနိုင်ပေ။ တခြားသော သင်းထောက်ခြောက်ဦးဂဲ့ ကံကြမ္မာမှာ ထိုတစ်ယောက်ထက် များစွာသာလွန်ခဲ့ပြီး တောင်စောင်း အနီးတွင် အဆုံးမသတ်ခဲ့ကြချေ။
ဖန်တီးခံရှောင်ဝူက သင်းထောက်ခြောက်ယောက်ကို စားသုံးပြီးသောအခါတွင် သူက အသက်ရှင်နေသေးသော်လည်း မှော်ပညာကို အသက်မသွင်းနိုင်ခဲ့။ ဒါကြောင့် အပြင်ဘက်တွင် ဘာတွေဖြစ်နေလဲ မသိပေ။ ခြေသံကို ကြားလို့ မျှော်ကြည့်လိုက်ရာ နောက်ဆုံးတွင်တော့ ရှောင်ဝူက သူ့ဆီသို့ လျှောက်လာနေချေပြီ။
"ဝူး--"
သူ့ကမ္ဘာကြီး အမှောင်ထဲသို့ ထိုးကျသွားသည်။
"လတ်စသတ်တော့ ရှောင်ဝူကိုး... ညလယ်ကြီး အပြင်ကို ဘယ်သူက လှည့်ထွက်နေတာလဲ စဥ်းစားနေတာ...."
ကျူးရှို့ချိုင်ရဲ့ အသံက ပျော့ညံ့တဲ့ တောင်ပေါ်ကနေ ထွက်လာသည်။ ဖန်တီးခံရှောင်ဝူကလည်း ရပ်တန့်ပြီး မိုးမခပင်ဟောင်းအောက်မှာ တွဲလောင်းကျနေတဲ့ ကျူးရှို့ချိုင်ကို လှမ်းကြည့်လိုက်သည်။
ကျူးရှို့ချိုင်: "ရှောင်ဝူ... မင်းကိုဒီမှာ မတွေ့တာ ကြာပြီ... ဒီနှစ်တွေထဲ မင်း ဘယ်မှာ သွားနေနေတာလဲ"
"ကျွန်တော် ပြစ်မှုတစ်ခုကျူးလွန်ပြီး အဖေ့ဆီက ချိတ်ပိတ်ခံထားရတာလေ... အဖေ တကယ်သေပြီလား"
ကျူးရှို့ချိုင်က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြသည်။
"သူတကယ် သေသွားပြီ... သူကိုယ်တိုင် သူ့ကိုယ်သူ ဖုတ်ကောင်ဖြစ်သွားအောင် သန့်စင်တဲ့နည်းကို သုံးလိုက်တာ... သူ့ကိုယ်သူ မပျက်စီးအောင်လုပ်ဖို့ ရေနဲ့မီးကိုသုံးတယ် လရောင်ကို စုပ်ယူမိရင် သူ့ရဲ့နတ်ဆိုးသဘာဝက အစွမ်းထက်လွန်းလာမှာ ကြောက်ရတယ်လေ... သူ့ကို မနှိမ်နင်းနိုင်မှာ ကြောက်လို့ မြေအောက်ကမ္ဘာကို ထွက်သွားခဲ့ရတာ"
ဖန်တီးခံရှောင်ဝူလည်း ထိုစကားကို ကြားသောအခါ သူ့စိတ်ထဲက ဝမ်းနည်းမှု အနည်းငယ် လျော့ပါးသွားကာ ပြုံးပြရင်း "အဲ့လို သေသွားတာကိုး" ဟုဆိုလိုက်သည်။
သူ စိတ်ကောင်းဝင်လာကာ: "ကောင်းကင်နားစွင့်သူတွေရဲ့ နားရွက်တွေက အမြဲတမ်း ရှည်လွန်းတယ်... ငါ အဲဒါကို မကြိုက်ဘူး ရှင်းရှန်က နားရွက်တွေကို သွားဖြတ်ပစ်လိုက်မယ်"
သူ ခုန်တက်ပြီး ဓားအလင်းတစ်ခုလို ပြေးထွက်သွားတော့သည်။ ကျူးရှို့ချိုင်လည်း သူ ပြေးထွက်သွားတာကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လေ၏။
"ဖန်တီးခံရှောင်ဝူ... ဒီကမ္ဘာထဲမှာ ပြန်ပေါ်လာပြီ အဲဒါ မကောင်းမှာပဲ ကြောက်ရတယ် ဒီကောင်က သူ့နှလုံးသားထဲမှာ အကောင်းနဲ့အဆိုး မရှိဘူး... မကောင်းတာလုပ်လိုက်ရင် နတ်ဆိုးထက်တောင် ပိုတန်ခိုးကြီးနိုင်တယ် သူက ကျိုင်းအဆင့်မှာ ရှိနေလောက်ပြီ ဟုတ်တယ်မလား?"
ရှင်းရှန် ပြည်နယ်မှ အရှင် ကောင်းကင်နားစွင့်သူသည် သူ့အိမ်ထဲကနေ ဟွမ်ဖောရွာဘက်က သတင်းကို စောင့်မျှော်နေဆဲဖြစ်သော်လည်း ထူးထူးခြားခြား ဘာအသံမှ ထွက်မလာပေ။ သူက တည်ငြိမ်နေပေမယ့် သူ့အဝတ်အောက်ကနေ သေးငယ်တဲ့ အရာလေးတွေ အများကြီး ထွက်လာသည်။
၎င်းတို့သည် ခြေထောက်ရှစ်ချောင်းပါသော နတ်ဆိုးလေးများ ဖြစ်ပါ၏။ ၎င်းတို့သည် ပင့်ကူများနှင့် ခပ်ဆင်ဆင် တူသော်လည်း ၎င်းတို့၏ ကျောတွင်တော့ နားရွက်ကြီးများရှိကာ လျင်မြန်စွာ တွားသွားနေကြသည်။
နံရံများ၊ ထောင့်များ၊ ခေါင်မိုးများ၊ တိုင်များပေါ်၌ ပုန်းအောင်းကာ သူတို့ပတ်ဝန်းကျင်ရှိ သိမ်မွေ့သော လှုပ်ရှားမှုအားလုံးကို နားဆင်နေကြသည်။ နံရံများပေါ်သို့ တွားတက်လာသည်နှင့်အမျှ ပိုကြီးလာပြီးရင်း ပိုကြီးလာကြသည်။
"ငါနားက အသက်ရှုသံ၊ နှလုံးခုန်သံ၊ သွေးစီးသံနဲ့ အေးစက်နေတဲ့ ဆံပင်တွေကို ဖြတ်တိုက်လာတဲ့ လေသံတွေကိုတောင် ကြားနိုင်တာမို့ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုအားလုံးကို ဆုပ်ကိုင်နိုင်မှာပါ"
အရှင်က ငြိမ်သက်စွာ ထိုင်လျက် ရှိသည်။
"ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို သူ ရွေ့လျားလာတာနဲ့ ငါသိမှာ...ဒီလောကမှာ ငါ့နားရွက်ထဲကနေ လွတ်ကင်းနိုင်တဲ့ မှော်အတတ် မရှိဘူး... ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ မင်းက ငါရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေလိမ့်မယ်...."
စုတ်တံကို သူ့လက်ထဲမှာ ကိုင်ထားပြီး မျက်လုံးတွေကို မဖွင့်ဘဲ အေးအေးဆေးဆေး ပြောနေသည်။
"မင်းအကြောင်း ငါသိတယ်... ငါ့ရှေ့မှာဆို မင်းမှာ ဘာလျှို့ဝှက်ချက်မှ မရှိနိုင်တော့ဘူး ဘာလို့ ပုန်းနေသေးတာလဲ"
သူစကားပြောပြီးတာနဲ့ ဖန်တီးခံရှောင်ဝူက သူ့ဆီရောက်လာသည်။
"ဒါဆို မင်းက လေးစားရတဲ့ အရှင်ဘုရင်တွေထက် ပိုအစွမ်းထက်တာပေါ့"
"မင်းကြီးကို လေးစားလား"
ကောင်းကင်နားစွင့်သူ အရှင်က အနည်းငယ်ပြုံးပြီး ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။
"အရှင်ဘုရင်ကို မင်းက ဘယ်လိုလုပ် တိုက်နိုင်မှာလဲ..."
ဖန်တီးခံရှောင်ဝူ :"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျင်းရှန်မှာ မင်းတို့ရဲ့ အရှင်ဘုရင် လေးယောက်ကို ငါသတ်ပြီး အစားအစာရိက္ခာလို ကောင်းကင်မှာ ချိတ်ဆွဲခဲ့ဖူးတယ်လေ..."
လွန်ခဲ့သော အနှစ်နှစ်ဆယ်က အဖြစ်အပျက်ကို ကြားလိုက်ရတော့ ကောင်းကင်နားစွင့်သူ အရှင်ရဲ့ မျက်နှာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ ကြောက်ရွံ့မှုတွေက သူ့နှလုံးသားထဲ ပြည့်နှက်နေပြီး နောက်ဆုံးတော့ သူ့ရှေ့က ဘယ်သူလဲဆိုတာ သိသွား၏။
ခရက်!
သတ္တဝါ ရှောင်ဝူကြောင့် သူ့လည်ပင်းက ကျိုးသွားခဲ့သည်။
ဖန်တီးခံရှောင်ဝူက သူ့ခန္ဓာကိုယ်ကို တွန်းဖယ်လိုက်ပြီး ကောင်းကင်နားစွင့်သူတွေ မှတ်တမ်းတင်ထားခဲ့တဲ့ ရှင်းရှန်ရဲ့ အဓိကအဖြစ်အပျက်တွေကို တူးဖော်ကြည့်လိုက်တော့ ချန်ရှီရဲ့ မှတ်တမ်းကိုပါ တွေ့လိုက်ရသည်။
ဖွင့်ကာ ဂရုတစိုက် ဖတ်ကြည့်သည်။ နားထောင်သူများသည် ချန်ရှီယနေ့အထိ လုပ်ဆောင်ခဲ့သည့် အရာများကို သစ္စာရှိရှိ မှတ်တမ်းတင်ထားခဲ့သည်။
"ဒီကောင်လေးရဲ့ အကျင့်စရိုက်က ချန်ထန်နဲ့ မတူဘူး...ငါနဲ့ အရမ်းတူနေတာ "