← Chapters

ရှင်းရှန်ခရိုင်က ရိုးရှင်းသော ရိုးရာဓလေ့ထုံးစံများ၊ ကုံကျိုးပြည်နယ်ဟာ ထူးချွန်သူများရဲ့ ပြည်ပဲ

Vol. 10 Ch. 140

ရှင်းရှန်ခရိုင်က ရိုးရှင်းသော ရိုးရာဓလေ့ထုံးစံများ၊ ကုံကျိုးပြည်နယ်ဟာ ထူးချွန်သူများရဲ့ ပြည်ပဲ

Vol. 10 Ch. 140

လီထျန်းချင်က သူ့လက်များကို သုတ်လိုက်ပြီး ဘေးမှာပစ်ချထားတဲ့ စန့်ရန် သင်္ကေတကို ကောက်ယူကြည့်လိုက်ကာ ပြောလိုက်သည်။

"ဒီတံဆိပ်ပြားပေါ်က ပုံစံက ဖူရှီးနဲ့ နွီဝါးလို့ခေါ်တဲ့ ရှေးခေတ်နတ်ဘုရားတွေ ဖြစ်မယ်...ဒီလိုပုံစံတွေက အရမ်း ရှားပါးတယ်... ဒီရှေးခေတ် နတ်ဘုရားနှစ်ပါးက ဒဏ္ဍာရီထဲမှာ ပျောက်ဆုံးသွားပြီ...ငါတို့ လီမိသားစုရဲ့ စုဆောင်းမှုထဲမှာတောင် မှတ်တမ်းတင်ထားတာ စကားလုံးနည်းနည်းပဲ ရှိတော့တယ်"

သူက တံဆိပ်ပြားကို လှန်လိုက်ပြီး ဆက်ပြောပြသည်။

"သူတို့လက်ထဲက ပေတံကို စည်းမျဥ်းလို့ ခေါ်တယ်... တိကျတဲ့ စစ်တမ်းနဲ့ မြေပုံထုတ်ဖို့အတွက် သုံးတဲ့ ရွေ့လျားနိုင်တဲ့ ပစ္စည်းမျိုးပဲ.... ငါတို့အိမ်မှာ ကြေးနီပေတံ တစ်ခုရှိတယ်... ဖူရှီးနဲ့ နွီဝါးက စတုရန်းနဲ့ စက်ဝိုင်းကို ဆုံးဖြတ်ဖို့အတွက် စည်းမျဥ်းနဲ့ စည်းကမ်းတွေကို တီထွင်ခဲ့တာ... အဲဒီကိရိယာတွေကို အမျိုးမျိုး လုပ်ခဲ့​ကြတယ်... နောက်ပိုင်းမှာ လူတွေက ဒီနှစ်ခုကို စည်းမျဥ်း စည်းကမ်းတွေအဖြစ် အသက်သွင်းလိုက်ကြတယ်တဲ့... ရှားပါးတယ်လို့လည်း ပြောကြတယ်"

ချန်ရှီ: "အဲဒါ စန့်ရန်တံဆိပ်ပြား!"

လီထျန်းချင်မှာ ချန်ရှီ ဒီတံဆိပ်ပြားကို မလွှင့်ပစ်မည်ကို စိုးရိမ်သဖြင့် သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"မင်း ဒီပစ္စည်းကို သိမ်းထားရင် ခေါင်းဖြတ်ခံရလိမ့်မယ်!"

ချန်ရှီကတော့ အဲဒါကို အလေးအနက်မထားဘဲ သူ့အိတ်ထဲမှာ ပစ်ထည့်လိုက်ပြီး မြေပုံကို ထုတ်ကြည့်လိုက်သည်။ လီထျန်းချင်က သူ့အား သတိလက်လွတ် အဖြစ်မခံချေ။

"တစ်ဆယ်လေး ဒါက ဘယ်လောက်တန်ခိုးကြီးလဲ ငါမသိပေမယ့် စန့်ရန်တွေက ရာဇ၀တ်မှုတွေ အများကြီးကို ကျူးလွန်ထားလို့ အစိုးရဆီက အချိန်အကြာကြီး ပစ်မှတ်ထားခံခဲ့ရတာ... ဥပဒေမဲ့ အစွန်းရောက်အုပ်စုတွေ သူတို့တွေက ကောင်းကင်ပြင်နတ်ဘုရား မရိုမသေ လုပ်ကြတယ် ကောင်းကင်နားစွင့်သူတွေဆီကလည်း မကြာခဏ အမဲလိုက်ခံရတယ်... "

ချန်ရှီ: "ငါ့အဘိုးက ဝူဟူစန့်ရန် တစ်ယောက်ပါ"

လီထျန်းချင်လည်း ဒီစကားကိုကြားတော့ ခဏ တုံ့ဆိုင်းသွားသည်။

လူအိုဝူဟူ ဟူသောအမည်ကို မကြားဖူးသူ မရှိလောက်ပါ။ ထိုစန့်ရန်ဟာ တောင်ပိုင်းဂိုဏ်းကို တည်ထောင်သူ ဖြစ်ပြီး သူ၏နည်းလမ်းများသည် အလွန်ဆိုးရွားတာကြောင့် ကမ္ဘာပေါ်ရှိ ဖြောင့်မတ်သူများ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။

သို့သော် သူသည် အလွန်လေးနက်သော အဘိုးကြီးတစ်ယောက်လို ပုံပန်းသဏ္ဌာန်ရှိပြီး မကောင်းဆိုးဝါး ဘီလူးကြီးနှင့် မတူသော ချန်ရှီ၏အဖိုး ချန်ယင်တု ဖြစ်နေသည်။

"ပြန့်ကျဲနေတဲ့ စန့်ရန် လူတွေထဲမှာ အားလုံးက အညစ်အကြေးတွေချည်းတော့ မဟုတ်ပါဘူး"

ချန်ရှီ: "ငါလည်း စန့်ရန် တစ်ယောက်..."

လီထျန်းချင်မှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် အိတ်ကပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ကာ ချန်ရှီရှေ့တွင် ချထားလိုက်သည်။ ၎င်းက စန့်ရန်တံဆိပ်ပြားပါပဲ။ ချန်ရှီ အနည်းငယ် ထိတ်လန့်သွားပြီး သူ့ကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

လီထျန်းချင် သက်ပြင်းချလိုက်ပြီး: "ရှောင်ဝမ်စွင်း ငါ့ကို နည်းနည်းပါးပါး သင်ပြပေးတုန်းက သူငါ့ကို ပေါ့ပေါ့ပါးပါး ပေးခဲ့တာ... ငါ့မှာ အရည်အချင်းရှိပြီး စန့်ရန် တစ်ယောက်အနေနဲ့ ပိုကောင်းတဲ့ အရာတွေကို သင်ယူနိုင်မယ်လို့ သူထင်တယ်တဲ့... အဲဒီပုံစံတွေကို လေ့လာကြည့်ဖို့ ငါ လီမိသားစု ပြန်သွားခဲ့ပြီးမှ ရှင်းရှင်းလင်းလင်း သိခဲ့ရတာ ဒါပေမယ့်..."

သူက အနည်းငယ် မာနကြီးပြီး "ငါ စန့်ရန်ကို မင်းထက် အများကြီး စောပြီး ပေါင်းခဲ့တယ်... ငါက ပိုသန်မာတယ်လို့ ရှောင်ဝမ်စွင်းက ပြောတယ်!!"

ချန်ရှီကတော့ ဒီကိစ္စကို သူနှင့် ငြင်းခုံချင်တာ မရှိခဲ့ပေ။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က စန့်ရန်ထဲ သူဝင်ရောက်ခဲ့စဉ်က သူ၏ နတ်သန္ဓေသားကို အဖြတ်မခံရသေးချေ။ သူကသာ လီထျန်းချင်ထက် များစွာစောပြီး သူ့အဖိုးနှင့် စန့်ရန် စုဝေးပွဲကို တက်ရောက်ခဲ့သူ ဖြစ်သည်။

ချန်ရှီ: “ဒီနှစ် ဆောင်းဦးပွဲတော်ကို ၈လပိုင်းမှာ ကျင်းပမှာ စန့်ရန်စုဝေးပွဲကို ၆လပိုင်း ၇ရက်နေ့မှာ ကျင်းပမှာ တစ်လကျော်လောက် ကွာသေးတယ်....စန့်ရန်စုဝေးပွဲက တစ်ရက်ထက် ပိုကြာနိုင်တယ် မဟုတ်လည်း ရက်တွေအများကြီး ကြာနိုင်တယ်... စန့်ရန်စုဝေးပွဲကို အရင် တက်ရောက်ပြီးမှ စာမေးပွဲ သွားဖြေတာ ကောင်းမယ်"

လီထျန်းချင်က တုံ့ဆိုင်းနေပြီး :"ငါ အိမ်ပြန်ဖို့ လိုသေးတယ်... လီမိသားစုကို မပြန်ရင် ငါ အပြင်မှာ ဆုံးပါးသွားပြီထင်ပြီး အမေ့ကို ကောင်းကောင်း မဆက်ဆံကြတော့ဘဲ နေလိမ့်မယ်... မင်းနဲ့ ငါက ပြည်နယ်မြို့တော် ကုံကျိုးမှာ ဆုံကြမယ်လေ ပြီးမှ ဟန်ကုံးတောင်ကို အတူတူ သွားကြမယ်"

ချန်ရှီက ပြုံးပြီး :"မင်းအိမ်အရင်သွားပါ... ငါလည်း အိမ်စာပြန်လုပ်ရဦးမယ်"

လီထျန်းချင်က မတ်တပ်ထရပ်ပြီး "မင်းနဲ့ငါ ဆောင်းဦး ခရိုင်စာမေးပွဲဖြေတဲ့ အချိန်မှာ ကျဲယွမ်နဲ့ ယယွမ်ကို သေချာပေါက် ရအောင် ယူကြမယ်... နံပါတ်တစ် ပညာရှင်အဖြစ် ပြန်လာမှာမို့ မင်းနဲ့ငါ ငါး​တွေကင်၊ စပ်တဲ့အစာတွေ စားရင်း သောက်လို့ရပြီ!"

ချန်ရှီ သဘောကျသွားသည်။

ဟေးကော်က အိမ်ရှေ့တွင် ပျော်ရွှင်စွာ ပြေးလွှားနေသည်။ သူက သံလိုက် အိမ်မြှောင်ကို ကိုင်ထား၏။ သစ်သားလှည်းသည် တောင်တန်းများဆီသို့ ရွေ့လျားသွားပြီး ချန်ယန်တောင်များမှ ထွက်ခွာလာခဲ့သည်။ အရှေ့တွင်တော့ တောင်တန်းများ ရှိနေဆဲပင်။

နေမဝင်မီ နောက်ဆုံးတွင်တော့ ချန်ရှီသည် ဖေ့ရှန်ခရိုင်ဆီသို့ သွားနေကြသော လှည်းတန်းနောက်သို့ လိုက်ပါသွားခဲ့သည်။ ဖေ့ရှန်ခရိုင်က လူများက အလွန် ရိုးရှင်းပြီး လူ့ဦးခေါင်းများကို ခရိုင်မြို့အပြင်ဘက် သစ်သားတုံးများတွင် ချိတ်ဆွဲထားကာ လူ​သေတစ်ဒါဇင်ကျော်ကိုလည်း သစ်ပင်ပေါ်မှာ ကြိုးဆွဲချထားတာ တွေ့လိုက်ရသည်။ ချန်ရှီ ခရိုင်မြို့ထဲသို့ မဝင်ရောက်မီတွင် ခါးပိုက်နှိုက် ခံလိုက်ရ၏။

သူ သူခိုး​နောက်ကို အလျင်အမြန် လိုက်သွားတော့ တစ်ယောက်ယောက်က ဟေးကော်ကို ကောက်ချီသွားတာ တွေ့လိုက်ရသည်။ သူ လှည့်ကြည့်လိုက်တော့ သူ့သစ်သားလှည်းကလည်း ပျောက်သွားပြီ။

ချန်ရှီ ဒေါသတကြီးနဲ့ ပိုက်ဆံအိတ်ခိုးတဲ့ သူခိုးကို ဖမ်းပြီး ပိုက်ဆံအိတ်ကို ပြန်ယူလိုက်ကာ သူခိုးရဲ့ လက်မောင်းကို ချိုးပစ်လိုက်သည်။

တစ်ဖက်မှာတော့ ဟေးကော်က ခွေးသူခိုးကို ပြန်ဆွဲထုတ်လာသည်။ ချန်ရှီ သံလိုက်အိမ်မြှောင်ကို ကိုင်လိုက်တာနဲ့ သစ်သားလှည်းက သူ့ဆီသို့ ဟိန်းဟောက်ကာ သူ့ရှေ့ရောက်တဲ့အထိ မှန်မှန်ကန်ကန်လေး ပြန်ပြေးလာသည်။

"ငါ့လှည်း ငါ့လှည်း... မြို့ပြင်ကလူ ငါ့လှည်းကို ခိုးဖို့ကြိုးစားနေကြတာ"

လူဆယ်ယောက်ကျော်က လှည်းနောက်ကနေ အော်ဟစ်ရင်း လိုက်လာနေကြသည်။ ပတ်ဝန်းကျင်တွင် လူများစွာရှိ၍ အစိုးရအမှုထမ်းအချို့က လူအုပ်ထဲမှ တိုးထွက်လာသည်။

“ဘာ​ဖြစ်တာလဲ”

ချန်ရှီ: "အားလုံးပဲ... မင်းတို့ ဒီကို အချိန်မီရောက်လာတာနဲ့ အတော်ပဲ... ငါ့ပိုက်ဆံအိတ်ကိုခိုးတဲ့ ဒီသူခိုးလေးကို ငါဖမ်းမိသွားပြီ ငါ့ခွေးကို ခိုးသွားတဲ့ ဒီသူခိုးကလည်း ငါ့ခွေးကြောင့် သတိလစ်သွားပြီ... ဒီလူ​တွေလည်း ရှိသေးတယ် ဒီဒါဇင်နဲ့ချီတဲ့လူတွေ ငါ့လှည်းကို ခိုးသွားတာ..."

သို့​ပေမာ့် အစိုးရအရာရှိများက ဝိုင်းပြီး အော်ဟစ်လိုက်ကြလေသည်။

"ဒီလူဆိုးလေးက မြို့ပြင်ကနေ ဖေ့ရှန်ခရိုင်ကို ပြေးလာတာ... သူ့ကို ချလိုက်စမ်း!"

အစိုးရ အရာရှိများ အားလုံး ရှေ့သို့ အပြေးအလွှား ရောက်ရှိလာကြစဥ် ချန်ရှီရဲ့ လက်သီး ၃ ချက်၊ ကန်ချက် ၂ ချက်ဖြင့် လဲကျသွား​ကြသည်။ ချန်ရှီ သူတို့ကို မသတ်ခဲ့သေးချေ။

"ဖေ့ရှန်ခရိုင်က မျက်ကန်းမျိုးချစ်တွေလို့တော့ ကြားဖူးတယ်... တကယ်ကြီး ဖြစ်နေတာပဲ..."

အစိုးရအရာရှိတွေက မတ်တပ်ထရပ်ပြီး။

"ဖေ့ရှန်ခရိုင်မှာ ငါတို့ ဘယ်တုန်းကမှ မျက်ကန်းမျိုးချစ်စိတ် မရှိခဲ့ဘူး ငါတို့ကို လာမဆဲနဲ့... နံစော်နေတဲ့ အပြင်ကလာတဲ့ကောင်! မင်း စောင့်နေလိုက်... ဘယ်မှ ​​မသွားနဲ့!"

ချန်ရှီသည် တည်းခိုခန်း တစ်ခန်းတွင် တည်းခိုရန် စီစဉ်ခဲ့သော်လည်း ဘယ်တည်းခိုခန်းကမှ သူ့ကို တည်းခိုခွင့် မပေးကြချေ။ သူသည် နေရာတိုင်းတွင် တည်းခိုခန်းကို ရှာဖွေနေသော်လည်း အစိုးရ အရာရှိများနှင့် ခရိုင်တရားသူကြီးများက ပြင်းပြင်းထန်ထန် ချဉ်းကပ်လာနေကြတာ တွေ့လိုက်ရသည်။

ချန်ရှီလည်း ဟေးကော်ကို အမြန်အချက်ပြကာ ဖေ့ရှန်ခရိုင်မှ ထွက်ပြေးလာခဲ့ရသည်။ ဖေ့ရှန်ခရိုင်က တရားသူကြီးသည် လူတိုင်းနဲ့အတူ မြို့ပြင်အထိ လိုက်လာခဲ့သော်လည်း မြို့ပြင်မှာ ချန်ရှီကို ရှာမတွေ့သဖြင့် မုန်းတီးမှုဖြင့် ပြန်လှည့်လာခဲ့သည်။

ဖေ့ရှန်ခရိုင်မှ တရားသူကြီးက: "သူ့ကို ဖမ်းမိရင် ခန္ဓာကိုယ်ကို သစ်သားတုံးပေါ်မှာ ထိုင်ခိုင်းပြီး ခေါင်းကို သစ်သားတုံးပေါ်မှာ ဆွဲထားလိုက်!"

သစ်သားတုံးပေါ်တွင် ထိုင်ခိုင်းတယ် ဆိုတာကတော့ သစ်သားတစ်ဖက်ကို ချွန်ပြီး တင်ပါးပေါ် တင်ထားကာ သစ်ကိုင်းကို လူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းတာ ဖြစ်ကာ ညှဉ်းပန်းနှိပ်စက်ခံသူသည် နာကျင်စွာ အော်ဟစ်နေလိမ့်မည်။

ချန်ရှီသည် မြို့အပြင်တွင် ဒီအတိုင်း အနားယူ၍ မရသောကြောင့် မြို့ပြင်က ပျက်စီးနေသော ဘုံကျောင်းတစ်ခုကို ရှာဖွေပြီး နားနေလိုက်သည်။ ညဉ့်သန်းခေါင် အချိန်တွင် အပြင်ဘက်မှ ဆူညံသံများကိုသာ ကြားလိုက်ရသည်။

ဒါပေမဲ့ ထူးဆန်းတာက ဒီနတ်ဆိုးတွေဟာ ပြိုပျက်နေတဲ့ ဘုံကျောင်းကြီးရဲ့ အဝေးကနေ ချန်ရှီကို လှမ်းကြည့်ရုံသာကြည့်ပြီး မရောက်လာခဲ့ချေ။ မြို့ပြင်မှာ ကြိုးဆွဲချထားတဲ့ လူတွေအများကြီးရှိပြီး တချို့လူတွေကလည်း သစ်သားတုံးပေါ်မှာ ထိုင်နေတာမလို့ စားဖို့ လုံလောက်ပါ၏။

"ကုံကျိုးမှာရှိတဲ့ ရိုးရာဓလေ့တွေက ရှင်းရှန်မှာထက် ပိုရိုးရှင်းတာပဲ..... ရှောင်ကျောင်လို နတ်ဆိုးတွေက ကျေးလက်မှာ ကြီးပြင်းလာတော့ ဒီလိုဖြစ်ရတာ မဆန်းပါဘူး"

ယခုအချိန်တွင် ရှောင်ကျောင်က မဟူရာတောင်က ကန့်ညောင် ဖြစ်နေပါပြီ။ သူ၏ မကောင်းဆိုးဝါးဝိညာဉ်ကို ချန်ရှီမှ သန့်စင်ထားသော်လည်း ထိုမတိုင်မီက သူသည် လူသားဦးခေါင်းပါသော အပင်ဖြစ်​နေခဲ့သဖြင့် ရှင်းမပြနိုင်လောက်အောင် ထူးဆန်းနေသည်။

ကုံကျိုးမှာရှိတဲ့ ရိုးရာဓလေ့တွေက တကယ်ကို ကြောက်စရာကောင်းပေမယ့် ချန်ရှီကတော့ တစ်ခုခုမှားနေပြီဆိုတာ သိသွားပါပြီ။ နောက်နေ့မှာတော့ မင်ခရိုင်ကို အပြေးအလွှားသွားကာ ထူးဆန်းတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကို ဝယ်ယူခဲ့သည်။

ချန်ရှီသည် သစ်ကြံပိုးခေါက်နှင့် ဆေးပစ္စည်းများကို ရောကာ အမှုန့်ဖြစ်အောင် ထောင်းပြီး ခွေးနက်သွေးကို ထည့်လိုက်သည်။ ထို့နောက် သစ်သားလှည်း၏ အတွင်းနှင့် အပြင်ဘက်တွင် ဂရုတစိုက် ရေးခြစ်ထားလိုက်သည်။

သူဆွဲထားသော အဆောင်လက်ဖွဲ့သည် ဖန်တီးရတနာ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် စတုတ္ထအဆင့် အဆောင်ဖြစ်သည်။ ၎င်းကို လှည်းမိစ္ဆာဟု ခေါ်တွင်ကာ ဝေယိမင် ရေးဆွဲသော ချည်ဆွဲပိုးကောင် အဆောင်လက်ဖွဲ့တို့ထက် ပိုမိုအားကောင်းပေ၏။

ချန်ရှီ ဆွဲပြီးသွားတဲ့အခါ တခြား အဆောင်တွေကိုလည်း အကြိမ်ပေါင်းများစွာ ရေးဆွဲခဲ့သည်။

ညသန်းခေါင်မှာ လူတော်တော်များများက သူအိပ်နေတာကို အခွင့်ကောင်းယူချင်ကြပေမယ့် မနီးခင်မှာ သစ်သားလှည်းကနေ မီးခိုးတွေ ရုတ်တရက် ထွက်လာတာကို တွေ့လိုက်ရသည်။

မီးနီ မီးခိုးတွေ ထွက်လာတာကို မြင်တော့ မင်ခရိုင်က သူခိုးတွေဟာ မီးနီတွေဆီကို သတိထားပြီး ချဉ်းကပ်လာပေမယ့် မြေပြင်မှာ ကပ်ထားတဲ့ ဘီးလေးဘီး သစ်သားလှည်းက ရုတ်တရက် အရှိန်ပြင်းပြင်းနဲ့ သူတို့ဘက်ကို ရွေ့လာတော့သည်။ သူခိုးတွေက သစ်သားလှည်းကို ဝိုင်းပတ်ရင်း လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်မလို့ ပြင်လိုက်သည်။

ထိုအခိုက် သစ်သားလှည်းက ပါးစပ်အကျယ်ကြီးကို ဖွင့်ဟလာခဲ့သည်။ ချွန်ထက်တဲ့ သွားတွေနဲ့ ပြည့်နေတဲ့ ပါးစပ်ထဲကနေ လျှာရှည်ကြီးတစ်ခု ပြေးထွက်လာကာ လူတစ်ယောက်ကို ဖမ်းဆွဲခေါ်သွားခဲ့လေ၏။ ဗြုန်းဆိုသံ အနည်းငယ်သာ ကြားလိုက်ရပြီးနောက် သူခိုးအားလုံးကို နတ်ဆိုးကြီးက စားသွားခဲ့တာ ခြေရာလက်ရာ မရှိဘဲ ပျောက်ကွယ်သွားကုန်တော့သည်။

ညဉ့်နက်သန်းခေါင်တွင် ဧရာမနတ်ဆိုးကြီးသည် ကိုယ်လုံးတီးနှင့် နံစော်နေသော လူများစွာကို နှင်ထုတ်ပစ်ခဲ့သည်။ လမ်းတစ်လျှောက်တွင် ချန်ရှီလည်း ကုံကျိုးက လူများစွာရဲ့ ခံစားချက်မျိုးစုံကို မြင်တွေ့ခဲ့ရပြီး ခရိုင်မြို့တော် ကုံကျိုးမြို့သို့ မရောက်မီ ဆယ်ရက်ကျော် ကြာသွားခဲ့သည်။

ချန်ရှီ သူ့ခေါင်းကို မော့ပြီး ကုံကျိုးမြို့ရဲ့ လေထဲမှာ လွင့်ပျံနေတဲ့ ဝိညာဥ်တစ်သောင်းအလံကို ကြည့်လိုက်သည်။ ဤဝိညာဥ်တစ်သောင်း အလံရဲ့ သူ့ကို တိတ်တဆိတ် ထိတ်လန့်လာစေကာ အစွမ်းထက်တယ်လို့လည်း ခံစားလာရ​စေသည်။

"ကုံကျိုးရဲ့ ဝိညာဥ်တစ်သောင်းအလံက အရမ်း အစွမ်းထက်တယ်!"

ချန်ရှီ ထိတ်လန့် တုန်လှုပ်သွားသည်။ ဤဝိညာဉ်အလံ ကုံကျိုးရှိ လူသေများ၏ဝိညာဉ်များကို အဆက်မပြတ် စုပ်ယူထားကာ ၎င်းရဲ့စွမ်းအားက လေးလံသော ဘဏ္ဍာအဆင့်အထိ သန့်စင်သွားခဲ့လေပြီ။

ယခုအချိန်တွင် စာပေ ပညာရှင်အများအပြားသည် စာမေးပွဲဖြေဆိုရန် ကုံကျိုးပြည်နယ်မြို့ထဲသို့ လာရောက်​နေကြပြီပဲ ဖြစ်သည်။ ဤပညာရှင်တို့သည် စာပေသမားတွေ ဖြစ်ကြသော်လည်း တရားဝင်ရာထူး မရှိသဖြင့် အသက်မွေးဝမ်းကျောင်း ပြုရမည့်သူများမှာ နေရာတိုင်းတွင် အလုပ်ရှာနေကြရ၏။

အထူးသဖြင့် ရှင်းရှန်ပြည်နယ်သည် ဆောင်းဦးပွဲတော် စာမေးပွဲကို မဖွင့်သောကြောင့် ရှင်းရှန်ပြည်နယ်ဘက်မှ ပညာရှင်များသည် ကုံကျိုးမြို့ကို ရောက်လာခဲ့ရတာကြောင့် စာသင်သားတွေက ပိုမိုများပြားလာခဲ့သည်။

ပွဲစား အမြောက်အမြားလည်း ပြေးလွှားနေကြ၏။

"ရှို့ချိုင်... မင်းအလုပ်ရှာဖို့ ပြည်နယ်မြို့တော်ကို လာတာလား"

ချန်ရှီသည် ၆လပိုင်း ခုနစ်ရက်မြောက်နေ့ ရောက်ဖို့ ဆယ်ရက်ကျော်လောက် အချိန်ယူရဦးမှာပဲ ဖြစ်သည်။ ဒါကြောင့် သူ အမှန်တကယ် လုပ်စရာကို ရှာချင်နေပြီး ထိုင်မနေချင်ပေ။

ဒါပေမဲ့ မြို့ထဲမှာ ဘယ်လိုအလုပ်မျိုး လုပ်လို့ရမှာလဲ။

အဆောင်လက်ဖွဲ့ ရောင်းရမလား?

ထိုအချိန်တွင် အရပ်ရှည်ရှည် အမျိုးသားတစ်ဦးသည် ပွဲစားများကို ဘေးသို့တွန်းထုတ်ကာ ချန်ရှီကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။

"ညီအစ်ကို... မင်းက ရှင်းရှန်မြို့ကလား"

ချန်ရှီ: "ရှင်းရှန်ခရိုင်ကပါ!"

အရပ်ရှည်ရှည်လူသည် သူ့လေယူလေသိမ်းကိုကြားပြီး ပြုံးပြလာ၏။

"မင်းက ချောင်ဝမ်မြို့ကလား"

ရှင်းရှန် လေယူလေသိမ်းဖြင့် သူက ဆိုသည်။

"ငါက ချောင်ဝမ်မြို့ကပါ... ဒီပွဲစားတွေကို ဂရုမစိုက်နဲ့ ဒီကောင်တွေက နှလုံးသားတွေ နက်မှောင်နေကြတာ... ​​မင်းသူတို့နဲ့ လိုက်သွားရင် မင်းကို မြို့စွန်က လယ်ကွင်းတစ်ခုမှာ ရောင်းစားပြီး ထမင်းတစ်ပန်းကန် အရင်ပေးမယ်... မင်းစား​ပြီးရင် အဆိပ်မိလိမ့်မယ် အဲ့အဆိပ်က ဖုတ်ကောင်လို ပြောင်းလဲသွားလိမ့်မယ်.... ပြီးရင်တော့ မင်းစားရမယ့်အစာက ဝက်စာ၊ မြေကြီးပေါ်မှာ အိပ်ရမယ်.. ပင်ပန်းနွမ်းနယ်ပြီး သေတဲ့အထိ ပင်ပန်းလိမ့်မယ်... သေပြီးရင်တောင် မင်းက လရောင်ကြောင့် လယ်ကွင်းတွေမှာ မမောမပန်းနိုင် လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တစ်ကောင် ဖြစ်လာလိမ့်မယ်.. သူတို့အတွက် အလုပ်လုပ်ပေးရမှာ!"

ချန်ရှီ အံ့အားသင့်သွားပြီး "ဒီလိုကိစ္စလည်း ရှိတယ်လား"

အရပ်ရှည်တဲ့လူက ပြုံးပြီးပြောပြသည်။

"မင်းက ငါ့ရဲ့အဖော်မို့ ငါမင်းကို ကယ်လိုက်တာနော်... မဟုတ်ရင် အပြင်လူတွေကို ငါပြောစရာတောင် မလိုဘူး မင်း ညစာစားပြီးပြီလား? မဟုတ်ရင်လည်း ငါတို့အတူတူ သွားစား​ကြမယ်လေ!"

ချန်ရှီ သူ့နောက်ကနေ လိုက်သွားခဲ့သည်။ အရပ်မြင့်မြင့် လူငယ်က လမ်းသွားရင်း ရှင်းပြသည်။

"ကုံကျိုးမှာ မကောင်းဆိုးဝါး အစွမ်းတစ်မျိုးလည်း ရှိတယ်... ကျင့်ကြံသူတွေကို ဦးနှောက်ဆေးပြီး သူတို့အလုပ်တွေကို လုပ်ခိုင်းတာ...အဲ့လူက သေမှာ မကြောက်ဘူး၊ ပင်ပန်းလည်း မသိဘူး ဘာဆုမှ မ​တောင်းတတ်ဘူး... ဒီကျင့်စဥ်ကို လိုက်စားတဲ့သူတွေက ဒါဇင်နဲ့ချီတဲ့ အရည်အချင်းရှိသူတွေပဲ... အားလုံးက အဲ့လူတွေကို နတ်တွေလို မွေးစားအဖေလို ကိုးကွယ်ကြတာ ဘာအကျိုးမှ မရှိဘူး"

ချန်ရှီလည်း အံ့သြသွားပြီး :"ဒါက ဘယ်လိုဖြစ်ရတာလဲ?"

အရပ်ရှည်သော လူက စားသောက်ဆိုင် တစ်ခုသို့ ခေါ်သွားကာ လမ်းဘေးမှာ ထိုင်ရန် နေရာရှာပေးသည်။

"အာဟာရကျွေးတယ်လို့ ခေါ်တဲ့ နည်းလမ်းတစ်ခုလည်း ရှိသေးတယ်... အမိန့်နာခံပြီး နည်းစနစ်တွေကို လိုက်နာတဲ့ တပည့်ဒါဇင်ပေါင်းများစွာကို ပြုစုပျိုးထောင်ပေးတာ... တပည့်တွေကို လေ့ကျင့်ပေးလိုက်ရင် အဲ့ကျင့်စဉ်က ပဉ္စလက်စွမ်းအားတစ်ဝက်က ဆရာ့ကို ကူညီပေးဖို့ ဆိုပြီး မသိစိတ်ထဲ စီးဆင်းသွားလိမ့်မယ်... အဲဒီနည်းလမ်းနဲ့ တပည့်တွေ အများကြီးကို လက်ခံနိုင်တယ်..."

ချန်ရှီ အံ့ဩသွားသည်။

အရပ်ရှည်တဲ့လူ: "ဒါတွေအားလုံးက အန္တရာယ်ရှိနိုင်တဲ့ အရာတွေနော်.. ကြီးကြီးကျယ်ကျယ် လုပ်တဲ့လူတွေက စိတ်မပူတတ်ကြဘူး ငါကတော့ နတ်ဆိုးတွေကို သုတ်သင်ပြီး မကောင်းတာတွေကို သန့်စင်တဲ့လုပ်ငန်းမှာ လုပ်နေတာ... အဲဒါကြောင့် ကုံကျိုး အဆောင်ဆွဲဆရာ အသင်းထဲ ဝင်ခဲ့တယ်... မင်းဒီစာရွက်ပေါ်မှာ ကတိလက်မှတ် ရေးလိုက်ရင် မင်းကို အဖွဲ့ထဲ ထည့်ပေးပြီး စားစရာရှိတဲ့ နေရာကို ခေါ်သွား​ပေးမယ်....ကုံကျိုးပြည်နယ်မှာ အထည်အလိပ် အလုံအလောက် ရှိရုံနဲ့ စီးပွားရေးလုပ်လို့ မရဘူးနော်"

သူက စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ကုံကျိုး အဆောင်ဆွဲဆရာ အသင်းလို့လို့ နာမည်ပေးထားတာတော့ သေချာသည်။ ချန်ရှီလည်း သူ့လမ်းညွှန်မှုအောက်မှာ အမှတ်အသားပြုလိုက်သည်။ အရပ်ရှည်တဲ့လူက စာရွက်တစ်ရွက်ကို လိပ်ယူလိုက်ပြီး။

"ငါ အိမ်သာအရင် သွားလိုက်ဦးမယ် မင်း အစားအသောက်တွေ မှာထားလိုက်နော်... ငါပြန်လာခဲ့မယ်"

သူက မတ်တပ်ထရပ်ပြီး ဆိုင်ရှင်ထံသို့ လျှောက်သွား၏။ ဆိုင်ရှင်ကို စကားအနည်းငယ်ပြောကာ အိမ်နောက်ဖေးဘက်သို့ လှည့်ဝင်သွားလေသည်။ ချက်ချင်းပင် ဆိုင်ရှင်က သန်မာသော လူအနည်းငယ်နှင့် ရှေ့သို့ ထွက်လာခဲ့သည်။

"ရှို့ချိုင်လေး... မင်းအစ်ကိုကြီးက မင်းကို စားသောက်ဆိုင်မှာ ရောင်းစားလိုက်ပြီ"

ချန်ရှီ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာ? ငါ ရောင်းစားခံလိုက်ရတာလား"

ဆိုင်ရှင်က ကတိကဝတ်ဆွဲထားတဲ့ စာရွက်တစ်ရွက်ကို လှန်ပြလာသည်။ စာရွက်ပေါ်မှာ စာကြောင်းလေးတွေ ပါပေမယ့် အဲဒါက သစ္စာဖောက်တဲ့ လုပ်ရပ်တစ်ခုလို့ လှောင်ပြောင်နေသည်။

“မင်းကိုယ်တိုင် ကတိကဝတ်ကို ဆွဲလိုက်တာလေ.... မသိဘူးလား”

ချန်ရှီ ဒေါသတကြီး ရယ်မောလိုက်ပြီး :"အရင်က ဒီစာရွက်ပေါ်မှာ စကားလုံးတွေ မရှိပါဘူး နောက်ပိုင်းမှ ထပ်ထည့်ပေးလိုက်တာ ဟုတ်တယ်ဟုတ်... မင်းတို့ ကုံကျုံးပြည်နယ်မြို့တော်မှာ ဘုရင့်ဥပဒေရော ရှိသေးရဲ့လား"

"လာကြစမ်း!"

ဆိုင်ရှင်က လက်ခုပ်တီးပြီး "ဒီဆင်းရဲသားလေးကို ဘာက ဘုရင့်ဥပဒေလဲ သင်ပြလိုက်စမ်း!"

All Chapters