ရောင်းစားခံခဲ့ရတယ်
Vol. 10 Ch. 141
သန်မာသော လူခြောက်ဦးသည် ဆိုင်ရှင်အနောက်မှ ထွက်လာကြကာ နှစ်ယောက်က ချန်ရှီလက်နှစ်ဖက်ကို နောက်မှဆွဲကိုင်လိုက်သည်။ ကျန်နှစ်ယောက်က အရှေ့တွင်ရပ်ကာ ချန်ရှီ၏ ဝမ်းဗိုက်အောက်ပိုင်းကို ကန်ထုတ်ကာ ကျန်တစ်ယောက်က ဓားမြှောင်တစ်ချောင်းကို ထုတ်၍ ချန်ရှီရဲ့ ဘယ်ဘက်လက်ကို ဆွဲထုတ်လိုက်သည်။
သူတို့တွေက စာပေ ပညာရှင်တွေ အမျိုးမျိုးကို တွေ့ဖူးကြသူတွေပဲ ဖြစ်လေသည်။
သူသည် နှစ်အနည်းငယ်ကြာမျှ လေ့လာသင်ယူခဲ့ပြီး နတ်သန္ဓေသားတစ်ဦးကို ရရှိခဲ့ပြီ ဖြစ်သည်။ မှော်လှည့်ကွက်အချို့ကို သိရှိပြီမလို့ ကြီးမြတ်သည်ဟု ထင်မြင်ခဲ့သော်လည်း တစ်ဖက်ကလူတွေ ချဉ်းကပ်လာတဲ့အခါ သူဟာ တန်ခိုးမရှိသော ဆင်းရဲသား တစ်ဦးလို ဖြစ်နေသည်။
ထို့အပြင် ၎င်းတို့ကလည်း ပညာရှင်တွေ ဖြစ်လေသည်။
သူတို့ နီးကပ်လာခါနီးတွင် ချန်ရှီ စားပွဲပေါ်ရှိ တူချောင်းများထည့်ထားသော ခွက်ထဲမှ တူများကို ဆွဲယူကာ သူ့ရှေ့မှ လူနှစ်ယောက် သူ့ဝမ်းဗိုက်အောက်ပိုင်းကို မကန်လိုက်မီတွင် သူတို့၏ ခြေထောက်များက တူများဖြင့် ထိုးစိုက်ခံလိုက်ရသည်။
တူချောင်းများက သူတို့ပေါင်အထိ တန်းစီလျက် စိုက်သွားကာ တူထည့်ထားတဲ့ ခွက်က လွတ်နေပြီ။
ဤအခိုက်အတန့်လေးတွင် ချန်ရှီသည် လှုပ်ရှားမှု လေးဆယ်ကျော် ပြုလုပ်ခဲ့ပြီး တူချောင်းအိမ်ထဲမှ သံတူချောင်းလေး ဆယ်ကျော်ကို ထုတ်ကာ ၎င်းတို့၏ခြေထောက်များထဲသို့ ထိုးထည့်ပေးလိုက်သည်။
သူတို့နှစ်ယောက် အသည်းကွဲမတတ် အကျယ်ကြီး အော်ဟစ်လိုက်ကြသည်။
ချန်ရှီ လက်နှစ်ချောင်းဖြင့် ဘယ်ဘက်ရှိ အမျိုးသား၏ ခြေထောက်မှ တူတစ်ချောင်းကို ဆွဲနုတ်လိုက်ပြီး နောက်ပြန်ဆုတ်ကာ သူ့လည်ပင်း အနောက်ဘက်မှာ နေရာယူထားတဲ့ အမျိုးသားရဲ့ ပုခုံးအပေါက်ထဲသို့ ထိုးဖောက်ကာ နှလုံးကိုတော့ ရှောင်ပေးလိုက်သည်။ တူဓားသွားက သူ့ရင်ဘတ်ကိုပါ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ချန်ရှီ နောက်ထပ် လက်ချောင်းနှစ်ချောင်းကို ဆွဲထုတ်ကာ တူနှစ်ချောင်းကို လှုပ်ခါလိုက်၏။ တူထဲမှာ ဓားခုတ်သံများ ထွက်ပေါ်လာကာ သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်လာသော လူနှစ်ယောက်သည် ကြီးမားသော တွန်းအားတစ်ခု ထွက်ပေါ်လာတာ ရုတ်ချည်း ခံစားလိုက်ရပြီး လက်နှစ်ဖက်ကို တူတစ်ချောင်းစီက ထိုးစိုက်သွား၏။ လူတစ်ကိုယ်လုံး ဇောက်ထိုး လွင့်သွားကာ လက်နဲ့ တူက နံရံမှာ စိုက်သွားသည်။
ကျန်လူတစ်ယောက်ရဲ့ ဓားမြှောင် ချန်ရှီလက်ကောက်ဝတ်ကို တစ်ချက်မျှ မဖြတ်နိုင်မီတွင် မူးဝေသွားတော့သည်။ သူ့အနီးနားရှိ လူငါးဦးလုံး တစ်ခဏခြင်းတွင် ဒဏ်ရာရသွားကြပြီ။ သူ့ဓားမြှောင်က ချန်ရှီကို ထိုးသတ်နိုင်ပါ့မလား မသိတော့ချေ။
အထူးသဖြင့် ချန်ရှီရှေ့က သန်မာသော အမျိုးသား နှစ်ယောက်ရဲ့ ခြေထောက်များက တူချောင်းများနှင့် ပြည့်နေလေပြီ။ ချန်ရှီသည် သူ့ရှေ့က တုန်လှုပ်နေသော ဓားထိပ်ကို ကြည့်ကာ လက်ကို ဆန့်တန်း၍ လက်ချောင်းထိပ်များကို ညင်သာစွာ ညှပ်ယူလိုက်သည်။
ဓားမြှောင်ကို ကိုင်ဆောင်ထားသည့် သန်မာသောလူက အထိတ်တလန့် တုန်လှုပ်သွားပြီး ဓားမြှောင်ကို ချန်ရှီလက်ထဲ ထည့်ပေးလိုက်မိလေ၏။ ချန်ရှီ ဓားမြှောင်ကို ကြည့်လိုက်ရာ ဓားအရှည်က ကိုးလက်မခန့်၊ လက်ကိုင် လေးလက်မနဲ့ အကျယ် ငါးလက်မခန့်ရှိကာ သံကောင်းဖြင့် ပြုလုပ်ထားသည်။ လက်ကိုင်ကို သစ်ကြံပိုးခေါက်နှင့် ခွေးနက်သွေးများကို ရော၍ ရေးထွင်းထားသေးသည်။
ဓားမျက်နှာပြင် နှစ်ဖက်စလုံးတွင် ရေးထွင်းထားသော အဆောင်စာလုံးများ ပါရှိသည်။ ၎င်းတို့က ဓားအား သန်မာလာစေရန် အတွက် အသုံးပြုသော အဆောင်စာလုံးများသာ ဖြစ်သည်။ ချန်ရှီက ဓားကိုယူပြီးတာနဲ့ သူ့လက်ကို မြှောက်ကာ သန်မာတဲ့လူရဲ့လက်ကို ထိုးထည့်လိုက်၏။
ထိုလူရဲ့ ဘယ်ဘက်လက်က အရွတ်ပါ ကွဲသွားကာ သွေးတွေ ရွှဲကုန်သည်။ ထိုလူသည် ဓားကို ပြန်ကိုင်ထားပြီး သူ့ခန္ဓာကိုယ်က တဆက်ဆက် တုန်ခါနေလေသည်။ ချန်ရှီက မြန်လွန်းသောကြောင့် သူ့အရွတ်ကို ဘယ်လို ဖြတ်သွားလိုက်သလဲ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
သူသည် ရုတ်တရက် သွားများကို အံကြိတ်ကာ နတ်ကွန်းထဲက နတ်သန္ဓေသားလေးကို သူ့အနောက်တွင် ပေါ်ထွက်လာစေခဲ့သည်။
"မင်းက စာပေသမား တစ်ယောက် ဖြစ်နေတာတောင် ဒီလိုလုပ်နိုင်မယ်လို့ မထင်ထားဘူး"
ချန်ရှီ: "မင်းက ငါ့ဘယ်ဘက်လက် အရွတ်ကို ချိုးချင်နေတာပဲလေ...ငါလည်း မင်းရဲ့ဘယ်ဘက်လက်က အရွတ်ကို ချိုးပြီး လက်တုံ့ပြန်မယ်.. မင်းငါ့ကိုသတ်ဖို့ မှော်ပညာကို သုံးချင်ရင်တော့ ငါလည်း မင်းကို လူဝင်စားဖို့ပဲ လွှတ်ပေးလိုက်မယ်!"
ထိုလူသည် သူ့ညာလက်တွင် ဓားမြှောင်ကို ကိုင်ထားပြီး ဘယ်လက်ကောက်ဝတ်ကို ကိုင်ထားသည်။ သူ့မျက်နှာပေါ်တွင် ရဲရင့်သော အကြည့်ဖြင့် ချန်ရှီကို ကြည့်ကာ လှုပ်ရှားချင်သော်လည်း ဘယ်လိုမှ မလုပ်ဝံ့ပေ။ ချန်ရှီက စားပွဲမှာ ထိုင်နေတုန်းပဲ ဖြစ်ကာ မထတော့ဘဲ ဆိုင်ရှင်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
"ကွန်ဖြူးရှပ်က ပြောတယ်...သုံးဆယ်မှာ မတ်တပ်ရပ်သင့်တယ်တဲ့ အခု သုံးဆယ်လောက် ရှိနေပြီ ဆိုတော့ မတ်တပ်ရပ်စရာ မလိုတော့ဘူး ထင်တယ်"
ဆိုင်ရှင်ကလည်း မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ် ဖြစ်နေသော အရိပ်အယောင်ဖြင့် ကြည့်နေကာ သူ့အနောက်တွင် နတ်ကွန်းတစ်ခု ပေါ်လာပြီး နတ်သန္ဓေသားက ပါးစပ်ကို ဖွင့်ဟလိုက်သည်။ ၎င်းက အနက်ရောင် ရွှေအမြုတေကို ထွေးလိုက်တာပင်။
ရွှေအမြုတေ စွမ်းအားနယ်ပယ်က ပျံ့နှံ့သွားပြီး အရာအားလုံးသည် မည်းမှောင်သွားသည်။ ပတ်ဝန်းကျင်က မကောင်းတဲ့ ရောင်ဝါတွေသာ ပြည့်လျှံလာသည်။
"အနက်ရောင် ရွှေအမြုတေ! အဆင့်၄ပဲ.... ထိတ်လန့်စရာကောင်းတဲ့ အပ်ဆယ့်သုံးချောင်း!"
ချန်ရှီဟာ အန္တရာယ်ကို သတိပြုမိတာနဲ့ သူ့မျက်နှာအမူအရာကလည်း အနည်းငယ် ပြောင်းလဲသွားကာ လက်ကို မြှောက်၍ သူ့ဘေးရှိ စားပွဲဝိုင်းကို ကျယ်လောင်သော အသံနဲ့အတူ ပစ်ချလိုက်သည်။ စားပွဲဝိုင်းက လေထဲမှာ လှည့်ပတ်ကာ ဆိုင်ရှင်ရှေ့ကို ဖြတ်သွားစဥ် မရေမတွက်နိုင်သော ဓားစွမ်းအင်များဖြင့် ရုတ်တရက် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။
စားသောက်ဆိုင်ထဲရှိ စားပွဲများနှင့် ကုလားထိုင်များ၊ လက်ဖက်ရည်ခွက်များနှင့် ပန်းကန်များ တဆတ်ဆတ် တုန်ခါသွားသည်။ အင်းဆက်ပိုးမွှားများ၊ ပုရွက်ဆိတ်များက စားသောက်ပစ်လိုက်သလိုမျိုး စားပွဲနှင့် ကုလားထိုင်များပေါ်တွင် အပေါက်ငယ်များစွာ ရှိနေသည်။
ချက်ချင်းဆိုသလိုပင် လက်ဖက်ရည်အိုးနှင့် ပန်းကန်များထဲတွင် အပေါက်များစွာ ပေါက်သွားတာကြောင့် အိုးထဲမှ လက်ဖက်ရည်များ အရပ်ရပ်သို့ စီးဆင်းသွားသည်။ အဲဒါက အနက်ရောင် ရွှေအမြုတေက ထုတ်လွှတ်တဲ့ သွယ်လျတဲ့ ဓားစွမ်းအင်ရဲ့ ရလဒ်ပါပဲ။
ဓားစွမ်းအင်သည် ဆံချည်မျှင်လို ပါးလွှာပြီး အလွန်သွယ်လျသည်။ ကြောက်စရာကောင်းသော အပ်တစ်ဆယ့်သုံးချောင်းလို မဟုတ်သော်လည်း ၎င်းသည် ကြောက်စရာကောင်းသော အပ်တစ်ဆယ်သုံးချောင်းနှင့် အလားတူပင်။ အပ်ဆယ့်သုံးချောင်းထက် ပိုအန္တရာယ်များ၊ ပိုသွယ်လျပြီး အစွမ်းထက်တာကြောင့် ကာကွယ်ရတာ ပိုခက်ပါ၏။
ချန်ရှီဟာ စားပွဲဝိုင်းကို ပစ်ချလိုက်ပြီးတာနဲ့ နောက်ပြန်လှည့်ပြီး ခုန်ထွက်သွားသည်။ သူ့ရဲ့ ကျစ်ဝူရှဲ့သတ်ဓားဟာ သူ့ဘယ်ဘက်လက်ထဲကနေ ပြေးထွက်သွားသည်။
ဓားစွမ်းအင်သည် ဆိုင်ရှင်၏ ရွှေအမြုတေ စွမ်းအင်နယ်ပယ်ကို သိမ်းပိုက်လိုက်သည်နှင့် တပြိုင်နက် ဓားစွမ်းအင်သည် မရေမတွက်နိုင်သော အလွန်သိမ်မွေ့သည့် ဓားစွမ်းအင်အဖြစ် ထိုးဖောက် ဝင်ရောက်သွားကာ အပေါက်များစွာ ဖုံးလွှမ်းသွားခဲ့သည်။
သို့သော်လည်း ချန်ရှီရဲ့ ကျစ်ဝူရှဲ့သတ်ဓားဟာ ရွှေအမြုတေရဲ့ စွမ်းအားနယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ပြီး လျှပ်တစ်ပြက်အတွင်း ဖြတ်သွားဆဲ ဖြစ်သည်။ ဆိုင်ရှင်မှာ လက်ကိုမြှောက်ကာ လည်ပင်းကို ဆွဲကိုင်ရင်း မျက်လုံးပြူးကြီးဖြင့် ချန်ရှီကို ကြည့်လိုက်သည်။
ချန်ရှီရဲ့ ရုပ်ပုံက စားသောက်ဆိုင်မှ လှိမ့်ထွက်ပြီး အပြင်ဘက် လမ်းမပေါ် ရောက်သွားလေပြီ။ သူက တိတ်တဆိတ် စိတ်ဆိုးသွားသေးသည်။
"ငါက ဆရာကြီးရဲ့ စကားပုံနဲ့ ဝေးနေသေးတယ်"
ဆိုင်ရှင်က သူ့လက်ကို လည်ပင်းမှာ ကိုင်ထားပေမယ့် သွေးတွေက ဆက်တိုက်ထွက်နေသည်။ လည်ပင်းမှ ခေါင်းက တစ်ဖက်ကို စောင်းလုမတတ် ဖြစ်နေပြီ။ ဆိုင်ရှင်သည် သူ့ခေါင်းကို လက်နှစ်ဘက်ဖြင့် ကိုင်ကာ အော်ဟစ်ရင်း အပေါ်ထပ်သို့ ပြေးတက်သွားသည်။
"ဆီမွှေးကိုသုံး... မြန်မြန် သွမ့်ရွှိဆီမွှေးနဲ့ လာလိမ်းပေးစမ်း!"
ချန်ရှီရဲ့ ဓားစွမ်းအင်ကြောင့် သူ့လည်ပင်းက ပြတ်သွားကြောင်း သိလိုက်ရသဖြင့် ဒဏ်ရာထဲသို့ ဆေးများ စိမ့်ဝင်သွားစေရန်အတွက် ဒဏ်ရာပေါ်မှာ အဆောင်စာလုံးပါသော မွှေးရနံ့ကို လိမ်းပေးရသည်။
သူ ချန်ရှီကို လျစ်လျူရှုကာ လှမ်းအော်ရင်း အပေါ်ထပ်သို့ ပြေးသွားပေမယ့် လှေကားပေါ် ခြေချလိုက်တာနဲ့ တပြိုင်နက် လှေကားက ရုတ်တရက် ကျိုးသွား၏။ ဆိုင်ရှင် တုန်တုန်ယင်ယင်နှင့် လဲကျကာ ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ လည်ပင်းမှ ရုတ်ခြည်း သွေးများ ထွက်ကျလာသည်။
ဗုန်း!
သူ့ဦးခေါင်းက ဆယ်ပေကျော်အကွာကို လှိမ့်သွားပြီး နံရံထောင့်စွန်းကို တိုက်မိသွား၏။
"ငါ စောစောက ရွှေအမြုတေကို စတေးပြီး ရွှေရောင် ဓားစွမ်းအင်တွေ ထွက်လာတာပဲ... လှေကားထစ်တွေလည်း ဓားစွမ်းအင်တွေကြောင့် အများကြီး ရိုက်ခံရပြီး အပိုင်းပိုင်း ပြတ်သွားတာ"
ဦးခေါင်းမရှိတော့သော ခန္ဓာကိုယ်သည် မတ်တတ်ထရပ်ကာ သူ့လက်များကို ရှေ့သို့ဆန့်ကာ လှည့်ပတ်ရှာနေသည်။ သူ့လည်ပင်းမှ သွေးများ စီးကျနေသေးသော်လည်း ရွှေအမြုတေက ပျံတက်လာပြီး သွေးများကို ဖိနှိပ်လိုက်တာကြောင့် သွေးထွက်နှုန်းကို အလွန် နှေးကွေးသွားစေခဲ့သည်။
ဆိုင်ရှင်၏ဇနီးနှင့် စားပွဲထိုး အများအပြားသည် အော်ငေါက်သံကို ကြားသောအခါ ဆီများကို အလျင်အမြန် ယူလာကြပေမယ့် အောက်ထပ် ပြေးဆင်းလာတာနဲ့ အပြုံလိုက် လှေကားထစ်မှ ပြုတ်ကျကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဆိုင်ရှင်၏ ဇနီးသည်သည် လက်ကို အမြန်သုံးကာ မြေပြင်ပေါ်၌ အဆက်မပြတ် လိမ့်နေသော လိမ်းဆေးဆီကို ပြေးကိုင်ထားလိုက်သော်လည်း ရုတ်တရက် ခေါင်းမရှိသော ခန္ဓာကိုယ်ကို တွေ့လိုက်ရသောအခါ ထိန်းမရဖြစ်ကာ လဲကျသွားခဲ့သည်။
သူမသည် ထိတ်လန့်သော အကြည့်ဖြင့် အံ့အားလည်း သင့်သွား၏။ ဆိုင်ရှင် အသက်ရှင်ရှင် မရှင်ရှင် ဂရုမစိုက်နိုင်တော့ဘဲ အလွန်ကြောက်စရာကောင်းသော အရာတစ်ခုကို ကြုံတွေ့လိုက်ရသကဲ့သို့ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။
ဆိုင်ရှင်ဟာ ရွှေအမြုတေကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့တာကြောင့် ရွှေအမြုတေရဲ့ စွမ်းအားက ရုတ်တရက် ပေါက်ကွဲသွားသည်။
ဗုန်း!
မရေမတွက်နိုင်သော သေးငယ်သည့် ဓားနက်စွမ်းအင်များ အပြင်ဘက်သို့ ကျယ်ပြန့်သွားကာ စားသောက်ဆိုင် ပထမထပ်ကို တခဏချင်း လွှမ်းခြုံသွားခဲ့သည်။
ဆိုင်ရှင်ဇနီးနှင့် အလုပ်သမားတွေဟာ မျက်စိတစ်မှိတ်အတွင်း သွေးစွန်းနေသော အလောင်းကောင်တွေ ဖြစ်ကုန်သည်။ မရေမတွက်နိုင်သော အပ်တစ်ချောင်း ပုံသဏ္ဌာန်ဓားစွမ်းအင်က အသား၊ အရိုးများနှင့် အတွင်းအင်္ဂါများ အားလုံးကို ထိုးဖောက်သွားခဲ့သည်။ ဆိုင်ရှင်ကိုယ်တိုင် အပါအဝင် ချန်ရှီကို ဝိုင်းထားခဲ့သော သန်မာသော ယောက်ျားလေးအနည်းငယ်ဟာလည်း ရွှေအမြုတေ အစွမ်းကြောင့်လည်း ကွဲအက်သွားသည်။
အနီးတစ်ဝိုက်တွင် အဆုံးမရှိ ဖောက်ထွင်းခံရသော အသံများ ထွက်ပေါ်လာခဲ့သည်။ စားသောက်ဆိုင်၏ ပထမထပ်ရှိ တိုင်များ၊ နံရံများ၊ စားပွဲများ၊ ကုလားထိုင်များ၊ ခုံတန်းများ အားလုံး ဓားစွမ်းအင်ကြောင့် တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားသည်။
ချန်ရှီ လမ်းမပေါ်မှာ မတ်တတ် ရပ်လိုက်စဥ် စားသောက်ဆိုင်ရဲ့ ပထမထပ်ဟာ ဓားစွမ်းအင်ကြောင့် ပြိုကျသွားတာကို တွေ့လိုက်ရပါ၏။ မရေမတွက်နိုင်သော သစ်သားအပိုင်းအစများ တစ်ခုပြီးတစ်ခု ပြုတ်ကျလာပြီး လေထဲမှာလည်း မီးခိုးတွေနဲ့ ပြည့်ကုန်သည်။
ကျိုးပဲ့နေသော သစ်သားတွေက လွှစာဖြစ်သွားပြီး လွှစာများက တစ်ဖန် အမှုန့်ဖြစ်သွားသည်။ ရွှေအမြုတေရဲ့ စွမ်းအားသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားသောအခါ မြေကြီးဝါဟာ ကောင်းကင်က သံဘောလုံးကြီးဖြင့် ထိမှန်ထားသကဲ့သို့ စက်ဝိုင်းပုံတွင်းကြီး ပေါ်လာခဲ့သည်။
ချန်ရှီနဖူးပေါ်မှ အေးစက်သော ချွေးအလွှာပါးလေး ထွက်လာသည်။
ဒီဆိုင်ရှင် လေ့ကျင့်ထားတဲ့ မှော်ပညာက သူ့ကို ထိန်းထားနိုင်ရင် သူ့ရွှေအမြုတေ စွမ်းအင် နယ်ပယ်ထဲမှာ ကွဲကြေသွားနိုင်၏။
"စာအုပ်ထောင်ချီ ဖတ်တာက မိုင်ထောင်ချီခရီးကို ဆိုလိုတာပဲတဲ့... ငါ ကျူးရှို့ချိုင်ဆီကနေ ဗဟုသုတတွေ အများကြီးရထားတယ်... လက်တွေ့လုပ်ရမယ်... ဆရာကြီးက ပြောတယ်... လူခြောက်ဆယ်ဝန်းကျင်မှာ နားကောင်းရှိတယ်... ခင်ပွန်းဖြစ်သူရဲ့ သနားညှာတာမှုကို လှလှပပ အနိုင်ယူနိုင်ခဲ့တယ်တဲ့..."
ဟေးကော်နဲ့ သစ်သားတွန်းလှည်းက စားသောက်ဆိုင် အပြင်ဘက်တွင် ရှိနေသည်။ အရပ်ရှည်ရှည် အဖော်ဖြစ်သူကလည်း ထိုနေရာတွင် ရှိနေသေး၏။ ခေါင်းက သစ်သားလှည်းအောက်၌ ရောက်နေကာ ဟေးကော်ဆီကလည်း တက်နင်းခံထားရသေးသည်။
ဒီလူက ချန်ရှီကို ရောင်းပြီးတာနဲ့ ချန်ရှီရဲ့ သစ်သားလှည်းကို ကောက်ယူပြီး ဟေးကော်ကိုပါ ခိုးထွက်သွားမလို့ ပြင်လေသည်။ ကံမကောင်းချင်တော့ ချန်ရှီရဲ့ သစ်သားလှည်းနဲ့ ဟေးကော်လက်ချက်ကြောင့် ရိုက်နှက်ခံလိုက်ရသည်။
"ဟေးကော်နဲ့ သစ်သားလှည်းဆီက အရိုက်ခံလိုက်ရပြီ...ဒီလူ တကယ် မသေသေးရင်တောင် တစ်ပိုင်းတော့ သေနေလောက်ပြီ!"
ချန်ရှီ လှည်းထဲမှာ တစ်ခုခု ပျောက်နေတာ ရှိမရှိ စစ်ဆေးဖို့ လုပ်နေချိန်မှာတော့ မွှေးပျံ့တဲ့ လေပြင်းက သူ့မျက်နှာကို ရိုက်ခတ်လာခဲ့သည်။ နူးညံ့တဲ့ လက်က သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ကောင်မလေးတစ်ယောက် သူ့နားရွက်ကို ဖိလာကာ ရယ်မောသံက သူ့နားထဲကို တိုးဝင်လာသည်။
"အစ်ကိုချန် နင် တစ်ယောက်ယောက်ကို သတ်လိုက်ပြီနော်... ဒါတောင် လမ်းမပေါ်မှာ နေရဲသေးတယ်ပေါ့ သေမှာကို မကြောက်ဘူးလား!"
သူ့လက်မောင်းကို ကိုင်ထားသူက အပြင်လူမဟုတ်ပေ။ ဝမ်ချိုင်ကျောင်းတော်က အတန်းဖော် ဟူဖေးဖေးပါပဲ။
"ပြည်နယ်မြို့တော် ကုံကျိုးကို ရောက်တာနဲ့ ပြဿနာက ရှာထားပြီ... စားသောက်ဆိုင်တစ်ခုလုံး နင့်လက်ထဲမှာ သေသွားပြီ... ဘာလို့ ထွက်မသွားသေးတာလဲ..."
ချန်ရှီလည်း သံလိုက်အိမ်မြှောင်ကို အမြန်ထုတ်ပြီး ဟေးကော်ဆီ ပစ်ပေးလိုက်သည်။
"ဟေးကော်! လှည်းမောင်းတော့!"
ဟေးကော် သံလိုက်အိမ်မြှောင်ကို အမြန်ဖမ်းပြီး မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် ချန်ရှီနဲ့ ဟူဖေးဖေးတို့အတွက် သစ်သားလှည်းကို ထိန်းချုပ်လိုက်သည်။ ရွှေအမြုတေ ပေါက်ကွဲပြီး စားသောက်ဆိုင် ပြိုကျကာ ဆူညံသံများ ထွက်ပေါ်နေသဖြင့် လမ်းမပေါ်ရှိ လူများကို အပြေးအလွှား လာကြည့်ဖို့ ဆွဲဆောင်နေခဲ့သည်။
ဟေးကော်က သစ်သားတွန်းလှည်းကို ထိန်းချုပ်ကာ ထွက်သွားသည်။ ကုံကျိုး ပြည်နယ်မြို့တော်ရှိ လူများကလည်း ဒါကို မအံ့သြမိပေ။ သစ်သားလှည်းသည် ကျယ်ဝန်းသော လမ်းများမှတဆင့် မောင်းသွားကာ ချန်ရှီနဲ့ ဟူဖေးဖေးက အနောက်မှ လိုက်သွားကြသည်။ ကျဉ်းမြောင်းပြီး မှောင်မိုက်သော လမ်းကြားများဆီသို့ တရွေ့ရွေ့ အရှိန်မြှင့်လိုက်သည်။
လူ၊ မြေခွေး၊ ခွေးနှင့် သစ်သားလှည်းသည် လမ်းသွားလမ်းလာများကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားခဲ့သည်။ ထိုအခိုက် သစ်သားလှည်းသည် လမ်းသွားလမ်းလာများ မဖြတ်သန်းနိုင်သောအခါတွင် ဆယ်ပေကျော်ရှည်သော လက်တံခြောက်ခု သို့မဟုတ် ခုနစ်ခုကို ထုတ်ကာ လမ်းသွားလမ်းလာများကို တစ်ဖက်သို့ တွန်းပို့ပေးသည်။
ဟူဖေးဖေးလည်း နှစ်မိုင်သုံးမိုင်လောက် ပြေးပြီးနောက် အရှိန်လျှော့လိုက်သည်။
"အစ်ကိုချန် နင် ရောင်းစားခံလိုက်ရတာမလား တော်တော်တုံးတာပဲ!"
သူမသည် အပြုံးဖြင့် လေရှူရှိုက်နေသည်။ လက်ကို မြှောက်လိုက်ကာ သူမအဝတ်စွန်းမှ လေကို တွန်းထုတ်လိုက်ရာ ချွေးတွေက နွေဦးအလင်းတန်းများ မှုတ်ထုတ်သွားသလို ပျောက်ကွယ်သွားလေသည်။
ချန်ရှီက စူးစူးဝါးဝါးကြည့်ကာ ပြန်မေးသည်။
"ငါ ရောင်းစားခံလိုက်ရတယ် ဆိုတာ မင်း ဘယ်လိုသိတာလဲ"
ဟူဖေးဖေးရဲ့ မျက်လုံးများက ရယ်မောရလွန်းလို့ ကော့ညွတ်သွားတော့သည်။ သူမ အသံကလည်း အနည်းငယ် ချစ်စရာကောင်းသည်။
"ငါက လူကုန်ကူးသူ ခုနစ်ယောက် ရှစ်ယောက်လောက်ကို ပြန်ရောင်းလိုက်တာလေ.."
သူမသည် မာနမကင်းဘဲ “ငါ ကျေးလက်ကလာတာ သိတော့ အဲ့ကောင်တွေက ဖောက်သည်တွေခေါ်ဖို့ ရောင်းစားချင်နေတာ...ငါလည်း သူတို့လို လှည့်ကွက်တွေသုံးပြီး မြို့ပြင်က လယ်တောမှာ ကူလီလုပ်ဖို့အတွက် ရောင်းစားလိုက်တာ!"
ချန်ရှီ အံ့ဩသွားသည်။
ဒါက အားကျစရာ မကောင်းဘူးလေ။
ဟူဖေးဖေးက အပြင်ဘက်လမ်းကို လှမ်းကြည့်ရင်း ပြုံးပြသည်။
"ငါ နင်တို့ရဲ့ စားသောက်ဆိုင်အပြင်မှာ ရပ်နေတာ... နင် စားသောက်ဆိုင်ထဲက လူတိုင်းကို သတ်နေတာ တွေ့တယ်... ချန်မိသားစုက အစ်ကိုချန်တော့ ရောင်းစားခံလိုက်ရပြီမှန်း သိလိုက်တာလေ....."
ချန်ရှီ မျက်နှာလည်း နီရဲလာပြီး :"အစ်မဖေးဖေး... ငါတို့ဒီကိစ္စကို ပြောနေစရာ မလိုတော့ဘူး ဟုတ်ပြီလား... ငါလူတိုင်းကို မသတ်ခဲ့ဘူး ငါက ဆိုင်ရှင်ကိုပဲ သတ်လိုက်တာ.. ဆိုင်ရှင်ရဲ့ ရွှေအမြုတေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး တခြားသူတွေကို သတ်ပစ်လိုက်တာ "
ဟူဖေးဖေးက ပြုံးပြီး ပြန်ပြော၏။
"ငါပြောတာ အဲ့တာမဟုတ်ဘူး... နင်က ပညာရှင် စာမေးပွဲဖြေဖို့ ဒီကိုလာခဲ့တာလေ... ဘာလို့ ရောင်းစားခံလိုက်ရတာလဲ.. စာမေးပွဲဖြေဖို့ ကုံကျိုးပြည်နယ်ရဲ့ ထီတူးအရာရှိကျောင်းကို အရင်သွားရမှာ မသိဘူးလား..."
ချန်ရှီက ခေါင်းယမ်းပြီး :"ထီတူးအရာရှိကျောင်းက ဘာလဲ"
ဟူဖေးဖေး: "ပုဂ္ဂလိကကျောင်းဆရာက နင့်ကို မသင်ပေးဘူးလား ဟုတ်သားပဲ... နင့်ရဲ့ပုဂ္ဂလိက ကျောင်းဆရာက လူကြီးမင်းဖုပဲ... လူကြီးမင်းဖုက ချောင်ဝမ်မြို့ကို ထွက်ပြေးသွားပြီ နင်သူ့ဆီသွားမှာ မဟုတ်ဘူး ရောင်းစားခံရတာ မဆန်းပါဘူး..."
"မင်း ဒါကို မပြောလို့ မရဘူး မင်း ဒါကိုပြောနေတာ သုံးခါလောက် ရှိပြီ!"
ဟူဖေးဖေး ဝမ်းသာအားရ ပြုံးပြီး။
"မပြောတော့ဘူး မပြောတော့ဘူး!"
"ထီတူးအရာရှိကျောင်းက ဘာလဲ?"
"ပညာရေးဆိုင်ရာ အရာရှိတွေကို နယ်ချဲ့တရားရုံးက ခန့်အပ်ထားတဲ့နေရာ... နွေဦးစာမေးပွဲအတွက် တာဝန်ရှိတဲ့ ပြည်နယ်တစ်ခုစီမှာရှိတဲ့ အရာရှိတွေက စာသင်သားတွေကို ရွေးချယ်ဖို့ တာဝန်ရှိတယ်... အဲ့နေရာမှာ အကျင့်စာရိတ္တ ကောင်းမွန်သူတွေကို ခန့်အပ်သွားမှာ... အကျင့်စာရိတ္တညံ့ဖျင်းတဲ့ ပညာတော်သင်တွေကိုတော့ ရာထူးကနေ ထုတ်ပယ်ပြီး နှုတ်ထွက်စေမှာ... ငါတို့လို စာမေးပွဲဖြေဆိုရန် ပြည်နယ်မြို့တော်သို့ သွားရတဲ့ ရှို့ချိုင်တွေက ပညာရေးအရာရှိဆီမှာ အရင်ဆုံး နာမည်စာရင်း တင်ပြရမယ်... အဲ့ကျမှ သူတို့က ရောင်းစားမခံရအောင် နေရာတစ်ခု စီစဉ်ပေးမှာ...."
"မင်း ပြောပြန်ပြီ!"
ချန်ရှီ ဒေါသအရမ်းထွက်လာပြီး ဗိုက်ပါ ဖောင်းသွားသည်။
ဟူဖေးဖေး အားရပါးရ ရယ်မောလိုက်ပြီး။
"မပြောတော့ဘူး မပြောတော့ဘူး.. ငါက ငွေရှာဖို့ လူကုန်ကူးသူတွေကို ရောင်းစားနေတာ မကြာသေးဘူးလေ...ငါလည်း ပညာရေးအရာရှိနဲ့ သွားတွေ့ဖို့ အချိန်မရသေးဘူး..အဲ့ကို အတူတူသွားရအောင် ဒီရက်ပိုင်းတော့ အပြင်မထွက်နဲ့။ နင် သတ်ခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်က ကုံကျိုး ပြည်နယ်က အရာရှိကြီးတွေနဲ့ ပတ်သက်တာမျိုး ရှိနေနိုင်တယ်... မဟုတ်ရင် မဝယ်ရဲဘူး ဝယ်ရဲရင် အဲ့စားသောက်ဆိုင်တစ်ဆိုင်က အရာရှိကြီးတွေနဲ့ ပတ်သက်နေလို့ပဲ"
ချန်ရှီ သူမနောက်ကို လိုက်လာရင်း မေးလိုက်သည်။
"ပြည်နယ်မြို့တော်မှာ လူကုန်ကူးသူတွေ အများကြီးရှိတာလား... အစိုးရက ဒီကိစ္စကို ဘာလို့ မကိုင်တွယ်တာလဲ..."
"ပြည်နယ်မြို့တော်မှာ ဒီလိုစီးပွားရေး လုပ်တဲ့သူတွေက သာမန်လူတွေ ဖြစ်နိုင်ပါ့မလား စဥ်းစားလေ... အစိုးရအနေနဲ့ အစိုးရကို ဘယ်လိုလုပ် အနှောင့်အယှက် ပြန်ပေးမှာလဲ... အစိုးရလုပ်ငန်း မဟုတ်ရင်တောင် အရာရှိတွေရဲ့ အိတ်ကပ်ထဲကို ပိုက်ဆံတွေ အများကြီး နှစ်တိုင်းထည့်နေတာပဲ.. ဆက်ဆံရေး ကောင်းမှ ဖြစ်မှာကို..."
ချန်ရှီ တိတ်ဆိတ်သွားပြီး ဝမ်းနည်းစွာနဲ့ ရေရွတ်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ... စာသင်ရတာ ဘာအသုံးဝင်တော့လို့လဲ"
ဟူဖေးဖေး: "သေချာပေါက် အသုံးဝင်တာပေါ့.. စာကျက်ပြီး စာမေးပွဲတွေ အောင်နိုင်ပြီး သူတို့နဲ့ တွဲလုပ်လို့ရတယ်...စာသင်တာက တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေနိုင်သူတွေကို ကူညီပေးနိုင်ပါတယ်... အလုပ်မဖြစ်ရင် ငါ့လိုပဲ အရည်အချင်းရှိတဲ့ ပညာရှင်တစ်ယောက်ကို ရှာပြီး ခရိုင်သခင်မ ဒါမှမဟုတ် အုပ်ချုပ်ရေးမှူးရဲ့ ဇနီးမယား ဖြစ်လာအောင် လုပ်လို့ရတယ်လေ!"
ချန်ရှီက တိုးတိုးပြောသည်။
"သူတို့နဲ့ ပေါင်းဖို့လား... မဖြူစင်တဲ့သူတွေက သူ့ဘာသာသူ သန့်စင်သွားမှာလား ငါတော့ မလိုချင်ဘူး... သူတို့တွေကို ပြောင်းလဲခိုင်းလို့ မရဘူးလား"
"ဒီကမ္ဘာကို ပြောင်းလဲမလို့လား?"
ဟူဖေးဖေးက ရယ်မောပြီး ချန်ရှီလက်မောင်းကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
"အစ်ကိုချန်က တစ်ခါတလေ အရမ်းရင့်ကျက်ပေမယ့် တစ်ခါတလေကျတော့လည်း အရမ်း နုံအလွန်းတယ်... ဒီကမ္ဘာကြီးကို ပြောင်းလဲဖို့ လူဘယ်နှစ်ယောက်လောက် ကြိုးစားခဲ့ဖူးလဲ မသိပေမယ့် ရလဒ်အနေနဲ့ကျ ရှင်သန်ဖို့တောင် ခက်ခဲလွန်းတဲ့အတွက် ဒီကမ္ဘာကြီးကပဲ သူတို့ကို ပြန်သင်ကြားပေးလိုက်တာပဲ... ထီတူးကျောင်း ရောက်ပြီ!"