ရှဲ့၊ ဆွေ့ကန့်ညောင်
Vol. 10 Ch. 142
ထီတူးကျောင်းက ကုံကျုံးမြို့ရဲ့ အနောက်ဘက်တွင် တည်ရှိပြီး ကျောင်းဘေးတွင် ဆရာကြီးအား ရည်စူးထားသော ကွန်ဖြူးရှပ်ဘုံကျောင်းကို တည်ထားကာ အခိုးအငွေ့များနှင့် အမွှေးနံ့သာများ သင်းပျံ့နေသည်။
ချန်ရှီနဲ့ ဟူဖေးဖေး ထီတူးကျောင်း အပြင်ဘက်သို့ ရောက်ရှိလာသောအခါ ကုံကျိုး နှင့် ရှင်းရှန်ခရိုင်များမှ ပညာရှင်များစွာတို့သည် အစီရင်ခံရန် တန်းစီစောင့်ဆိုင်းနေကြတာ တွေ့လိုက်ရသည်။ နှစ်ယောက်သား ဝင်တန်းစီပြီး ခွေးနဲ့ လှည်းကို အပြင်မှာ ထားခဲ့လိုက်သည်။
ဟူဖေးဖေးမှာ အလွန်စိတ်လှုပ်ရှားနေပြီး သူမအား နှစ်သက်စေမယ့် ပညာရှင်ကို လှည့်ပတ်ကြည့်ရှုနေသည်။
"ဒီမှာ စာသင်သားတွေက ရှင်းရှန်ခရိုင်က ယောက်ျားလေးတွေချည်း မဟုတ်တော့ဘူး သင့်တော်တဲ့ ခင်ပွန်းကို သေချာပေါက် ရှာတွေ့မှာပါ!"
ချန်ရှီ: "အခုရွေးနေလည်း မင်းအတွက် အသုံးမဝင်ပါဘူး.. ဆောင်းဦးစာမေးပွဲ အောင်စာရင်း မထုတ်ပြန်မချင်း ဘယ်သူက ကိုယ်စားလှယ်လောင်း ဖြစ်မယ်ဆိုတာ မင်းမှ မသိနိုင်တာ"
ဟူဖေးဖေး အနည်းငယ် စိုးရိမ်သွားပြီး "ရွေးကောက်ပွဲမနိုင်ခင်မှာ ငါတို့မြေခွေးမိန်းကလေးတွေက ခင်ပွန်းကို မရွေးချယ်နိုင်ရင် ညီအစ်မတွေဆီက လှောင်ပြောင်တာကို ခံရလိမ့်မယ် ငါတို့မှာ ဉာဏ်ရည်ဉာဏ်သွေး မရှိဘူးလို့ ပြောကြလိမ့်မယ် ငါတို့ရွေးချယ်ချင်တဲ့ ခင်ပွန်းကို သူတို့က ရွေးပစ်လိမ့်မယ်...အဲ့တော့ ရွေးချင်ရင် ရွေးကောက်ပွဲမဝင်ခင် ရွေးရမယ် အမြင်ကောင်းမှ ရမယ်။"
ချန်ရှီကတော့ မြေခွေးမျိုးနွယ်မှာ အဲဒီလိုစည်းမျဥ်းမျိုး ရှိတတ်မှန်း မသိခဲ့ချေ။
"တကယ်လို့ စာမေးပွဲကို ယယွမ်နဲ့ အောင်နိုင်ရင် မင်းရဲ့ အမြင်က ထူးခြားလာလိမ့်မယ်... ကျဲယွမ် စာမေးပွဲကို အောင်နိုင်ရင် မြေခွေးမျိုးနွယ်ရဲ့ ညီအစ်မတွေကြားမှာ မင်း ပေါ်လွင်လာလိမ့်မယ်"
ဟူဖေးဖေးက မြေခွေးမျိုးနွယ်ရဲ့ ထူးဆန်းတဲ့ စည်းမျဉ်းတွေကို ပြောပြနေသည်။
"ယွမ်ကို သုံးယွမ် ဆက်တိုက် အနိုင်ရရင် ဘိုးဘွားအုတ်ဂူထဲကတောင် မီးခိုးတွေ ထွက်နေလိမ့်မယ်... ညီအစ်မတွေ အားလုံး သေမတတ် မနာလိုဖြစ်ကုန်မှာ... မျိုးနွယ်ထဲမှာလည်း အဆင့်အတန်း မြင့်မြင့် ခေါ်ဆိုနိုင်ပြီ"
ချန်ရှီ: "မင်းရွေးတဲ့လူက မအောင်ရင် ဘယ်လိုလုပ်မလဲ"
ဟူဖေးဖေး အနည်းငယ် တုန်လှုပ်သွားပြီး ခေါင်းခါလိုက်သည်။
"သေချာပေါက် အောင်မြင်မှာပါ... ငါ့ရဲ့အမြင်က မဆိုးပါဘူး ဒီတစ်ကြိမ်တော့ ငါ မနိုင်ရင်တောင် နောက်တစ်ကြိမ် ထပ်စမ်းလို့ရသေးတယ်!"
"နောက်တစ်ခါ စာမေးပွဲမအောင်သေးရင်ရော?"
ဟူဖေးဖေး စိတ်မသက်မသာ ဖြစ်ပြီး
"ဒါဆိုလည်း နောက်တစ်ခါ စာမေးပွဲ ထပ်ဖြေရုံပေါ့!"
ချန်ရှီသည် ယခင်က သူမရဲ့လှောင်ပြောင်မှုကို လက်စားချေလိုသဖြင့် ထပ်မေးသည်။
"စာမေးပွဲ မအောင်သေးရင် ဘယ်လိုလုပ်မလဲ... တစ်ဘဝလုံး စာမေးပွဲမအောင်ရင် ဘယ်လိုလုပ်မလဲ"
ဟူဖေးဖေး ဖြူဖျော့ပြီး စိတ်တွေပျက်ကာ ပါးစပ်က ညည်းညူတော့သည်။
"ဟုတ်တယ်... ငါ့တစ်သက်မှာ စာမေးပွဲမအောင်ရင် ငါက ရှို့ချိုင် တစ်ယောက်ပဲ ဖြစ်နေဦးမယ် ဆိုရင် ငါ့ညီမလေးတွေရှေ့မှာ မြေခွေးတစ်ကောင်လိုနေ... ငါ သူတို့ကို အဖွားလို့ ခေါ်ရတော့မယ်..."
နောက်ဆုံးတော့ သူတို့ရဲ့အလှည့်ပဲ။ ဒါပေမယ့် သတင်းပို့အရာရှိက ပညာရေးမှူး မဟုတ်ဘဲ ပညာရေးအတိုင်ပင်ခံ ဖြစ်လေသည်။
ဆံပင်ဖြူ အတိုင်ပင်ခံ နှစ်ယောက်က သူတို့နှစ်ယောက် နာမည်ကို တောင်းပြီး စာရွက်စာတမ်းတွေမှာ မှတ်တမ်းတင်သည်။ သူတို့ရဲ့နေရပ်နဲ့ ဆရာတွေရဲ့ ဇစ်မြစ်ကို စစ်ဆေးပြီးနောက် စာရွက် စာတမ်းတွေကို တံဆိပ်တုံး ထုပေးသည်။
"အခုကစပြီး မြို့အရှေ့ဘက်က စာတိုက်မှာ နေရမယ် .... ယောက်ျားနဲ့ မိန်းမ ခွဲပြီးနေရမယ်... စားတာသောက်တာ ကိုယ့်ဘာသာ စီစဥ်ရမယ်..."
ချန်ရှီနဲ့ ဟူဖေးဖေးတို့လည်း ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။ နှစ်ယောက်သား မြို့အရှေ့ဘက်သို့ လမ်းလျှောက်လာခဲ့ကြ၏။ ထီတူးအရာရှိကျောင်းက မြို့အနောက်ဘက်တွင် ရှိပေမယ့် အရှေ့ဘက်ကို ပြန်သွားနေရတာကြောင့် ရှို့ချိုင်တစ်အုပ်မှာ အခက်တွေ့နေရသည်။
ဟူဖေးဖေးက လမ်းတစ်လျှောက်တွင် ချန်ရှီနှင့် ရယ်ရယ်မောမော စကားတွေ ပြောသွားသည်။ ဟူဖေးဖေး ချန်ရှီရောင်းစားခံရတဲ့ အကြောင်းကို ဟာသပြန်လုပ်နေတာကြောင့် ချန်ရှီကလည်း သူမ စာမေးပွဲ မအောင်မြင်ပါက သူမခင်ပွန်းလောင်းကို တိုက်ခိုက်ရန် စီစဉ်ထားလိုက်သည်။
ရုတ်တရက် လမ်းပေါ်ရှိ အထည်အနီနှင့် ပတ်ထားသည့် လူများက မောင်းထုပြီး ကြေညာနေသံကို ကြားလိုက်ရသည်။
"တောင်နီခန်းမ တောင်နီခန်းမ... တောင်နီခန်းမမှာ နံ့သာပေါင်းတစ်ချောင်း ပူဇော်ရင် ကန့်ညောင်က ဘေးဥပဒ်မဖြစ်အောင် ကာကွယ်ပေးလိမ့်မယ်!"
"ဒန်!"
"တောင်နီခန်းမ.. တောင်နီခန်းမ... တောင်နီခန်းမမှာ အမွှေးတိုင်သုံးချောင်းကို ပူဇော်ရင် အစားအသောက်အတွက် အခကြေးငွေမယူပါ"
"ဒန်~ဒန်!"
"တောင်နီခန်းမမှာ တောင်နီမယ်မယ် ကိန်းဝပ်နေတယ်နော်...တောင်နီမယ်မယ်က ကျော်ကြားတယ်"
ချန်ရှီနဲ့ ဟူဖေးဖေးတို့ လမ်းဘေးတစ်ဖက် တစ်ချက်စီတွင် ရပ်နေကြသည်။ ထိုအခိုက် လမ်းတစ်ဖက်တစ်ချက်စီတွင် တံခါးများကို ဖွင့်ကာ အမွှေးတိုင်များကို အဖွဲ့ခေါင်းဆောင်၏ အမွှေးတိုင်မီးဖိုထဲသို့ ထိုးထည့်လိုက်တာ တွေ့လိုက်ရသည်။
ဟူဖေးဖေး: "ဒါကလည်း သာသနာပြုတဲ့ ပုံစံတစ်မျိုး ဖြစ်မယ်"
သူတို့ဘေးက အသက်နှစ်ဆယ်ကျော် ပညာရှင်တစ်ယောက်က ရယ်ပြီးပြောပြလေသည်။
"ဒါက တောင်နီခန်းမက အမွှေးတိုင်တောင်းတာလေ... တောင်နီခန်းမက ကုံကျိုးမှာရှိတဲ့ အဆောင်ဆွဲဆရာအသင်း ...အဲဒီမှာရှိတဲ့ လူတွေအားလုံးက အဆောင်ဆွဲဆရာတွေချည်းပဲ တောင်နီမယ်မယ်ကိုပဲ ကိုးကွယ်ကြတယ် တရားမဟောဘူး သူတို့က ရာနဲ့ချီတဲ့ နံ့သာပေါင်းကို တောင်းတယ် ကျောင်းတွေ ရာနဲ့ချီပြီး ရှိတယ်လေ... တောင်နီမယ်မယ်ကို သားသမီးတွေ ပူဇော်ပသပြီးတော့ အရာအားလုံး ပြည့်စုံလာလိမ့်မယ်"
ချန်ရှီလည်း အဖွဲ့နာမည်ကို ကြားတာနဲ့ အလျင်အမြန် မေးလိုက်သည်။
"တောင်နီခန်းမက အဆောင်ဆွဲဆရာတွေက ဘယ်လို အသက်မွေးကြလဲ? "
"နတ်ဆိုးတွေကို ချေမှုန်းဖို့ မြို့တွေနဲ့ ခရိုင်အသီးသီးကို သွားကြတယ်.. တောင်နီ ခန်းမရဲ့ သူလျှိုတွေက နေရာတိုင်းမှာ ရှိတယ် နတ်ဆိုးတွေရှိတဲ့ နေရာတိုင်းကို သူတို့က အရင်ဆုံး သိပြီး နတ်ဆိုးတွေကို ဖယ်ရှားပေးဖို့ အဆောင်ဆွဲဆရာတွေကို တောင်းဆိုတယ်... နတ်ဆိုးတွေ ဖယ်ထုတ်ပြီးရင် ဆုငွေကို ရယူဖို့ အစိုးရဆီ သွားနိုင်တယ်... နတ်ဆိုးတွေကို သုတ်သင်ဖို့ တောင်နီမယ်မယ်ကလည်း ကူညီပေးတယ်"
ချန်ရှီ ထိုစကားကို ကြားသောအခါတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အနည်းငယ် မက်မောလာသည်။
ဆောင်းဦး စာမေးပွဲမပြီးခင်အထိ သုံးဖို့ ပိုက်ဆံအလုံအလောက် ရှိပေမယ့် စာမေးပွဲပြီးရင် ပိုက်ဆံမရှိတော့ပေ။ အဆောင်လက်ဖွဲ့ ရောင်းပြီး ငွေရှာပါက ဆေးဖက်ဝင်ပစ္စည်းများ အတွက် သူ့နေ့စဉ် အသုံးစရိတ်အတွက် မလုံလောက်ပါ။
ထို့အပြင် ကုံကျိုးမြို့မှာ အဆောင်လက်ဖွဲ့ ရောင်းသူတွေက ပုရွက်ဆိတ်တွေလို များပြားလွန်းလှသည်။ အဖိုးမဖြတ်နိုင်ဘဲ ပြိုင်ဆိုင်မှု ပြင်းထန်သည်။ နတ်ဆိုးများကို ဖယ်ရှားရင်း ငွေရှာဖို့ တောင်နီခန်းမမှာ ပါဝင်လိုက်တာက ရှင်သန်ဖို့ နည်းလမ်းတစ်ခုပဲ ဖြစ်သည်။
ဟူဖေးဖေး: "တောင်နီခန်းမအပြင် ကုံကျိုးမှာ အလားတူခန်းမတွေ ရှိသေးလား"
ထိုရှို့ချိုင်: "တူးမြောင်းအဖွဲ့နဲ့ ဆားကြီးအဖွဲ့တော့ ရှိတယ် သူတို့က အရမ်းကြီးတယ် တစ်ဖွဲ့က ရေလမ်း၊ မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးနဲ့ သင်္ဘောတွေကို တဲကျန်းမြစ်မှာ လုပ်ကြတာ... နောက်တစ်ဖွဲ့ကျတော့ ဆားတူးဖော်ရေးမှာ တာဝန်ယူကြတယ်... သူတို့နှစ်ဖွဲ့စလုံးက အစိုးရ နောက်ခံတွေ ရှိတယ် တချို့ကတော့ ဆားကြီးအဖွဲ့က ဆားလွှဲပြောင်းရေး သံတမန်လို့ ပြောပေမယ့် မှန်သလားတော့ မသိဘူး"
ချန်ရှီလည်း အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့ အနေနဲ့ နာမည်မေးကြည့်လိုက်သည်။
"မင်းကို ဘယ်လိုခေါ်ရမလဲ"
"ငါက ကျောက်ခိုင်းယွင်ပါ"
ချန်ရှီသည် ကျောက် ဟူသောအမည်ကို ကြားလိုက်သောအခါ အနည်းငယ် စိတ်ပျက်သွားကာ ဟူဖေးဖေးအား ဆွဲထုတ်လာခဲ့သည်။ ကျောက်ခိုင်းယွင်လည်း အံ့ဩသွား၏။ နှစ်ယောက်သား ရယ်မောကာ အချင်းချင်း နောက်ပြောင်ကြပြန်သည်။ ရုတ်တရက် ချန်ရှီသည် ရပ်လိုက်ပြီး အိမ်ကြီးတစ်အိမ်ဆီသို့ လှမ်းကြည့်လိုက်သည်။
သူရပ်သွားတာကို မြင်တော့ ဟူဖေးဖေးကလည်း အလျင်အမြန် ရပ်လိုက်ပြီး သူ့အကြည့်နောက်ကို လိုက်ကြည့်နေ၏။
"အစ်ကိုချန် ဘာကြည့်နေတာလဲ?"
"မင်း ကောင်းကင်မျက်လုံးအဆောင်လက်ဖွဲ့ကို သုံးပြီး ကြည့်ကြည့်လိုက်!
ဟူဖေးဖေးလည်း သူမရဲ့ ခရီးဆောင်အိတ်ထဲမှ ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ကို အလျင်အမြန် ရှာဖွေလိုက်သည်။ ချန်ရှီသည် ထိုအိမ်ကြီးအတွင်း၌ နံ့သာပေါင်းများ လျှံလှိုင်နေတာကို တွေ့နေရ၏။ နံ့သာပေါင်းများက ကောင်းကင်ယံ၌ တိမ်များအဖြစ် စုပုံလာကာ နံ့သာပေါင်းတိမ်တိုက်အောက်တွင် နတ်ဆိုးရောင်ဝါကြီး တည်ရှိနေပါသည်။
အိမ်ကြီး၏ဘေးတွင် မင်ကျန်းမြစ် ရှိလေသည်။ မင်ကျန်းမြစ်ကို လှမ်းဆက်သွယ်ထားသည့် ရေလမ်းတစ်ခုလည်း ရှိပြီး မြစ်မျက်နှာပြင်ပေါ်၌ ခြောက်ပေ သို့မဟုတ် ခုနစ်ပေခန့် ကျယ်သည်။
ထိုအခိုက်အတန့်တွင် လူများစွာတို့သည် ၎င်းတို့၏ကိုယ်ပေါ်တွင် ဆယ်ပေကျော်မြင့်သော အဝါရောင် အဆောင်လက်ဖွဲ့များကို ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ရေတံခါးကို တွန်းလှန်ကာ သံတံခါးကြီးကို ဖြည်းညှင်းစွာ မြှင့်တင်ပေးလိုက်ကြသည်။
ချန်ရှီ လှမ်းကြည့်လိုက်တော့ မင်ကျန်းမြစ်ရဲ့ မျက်နှာပြင်ပေါ်မှာ ရုတ်တရက် ကြီးမားတဲ့ အကောင်တစ်ကောင်ဟာ အရှိန်ပြင်းပြင်းနဲ့ ရေအောက်မှာ ကူးခတ်နေပုံရတာကို သတိထားမိလိုက်သည်။
ဟူး--
မြစ်က အမြင့် ခုနစ်ပေမှ ရှစ်ပေအထိ မြင့်တက်လာပြီး ၎င်းကလည်း ရေလမ်းထဲသို့ စိမ့်ဝင်ကာ ရေတံခါးဝမှတစ်ဆင့် အိမ်ကြီးထဲသို့ ဝင်ရောက်သွားခဲ့သည်။ စံအိမ်ကြီး၏ နံ့သာပေါင်း တိမ်တိုက်အောက်တွင် သွေးမီးအိမ်နှစ်လုံး ထွန်းညှိကာထားသည်။ အမွှေးနံ့သာများက လေထဲတွင် လွင့်မျောကာ တိမ်များ၊ မြူမှုန်များနှယ် လွင့်ထွက်နေသည်။
ဟူဖေးဖေးသည် ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ကို ထုတ်ယူထားတာကြောင့် ထိုမြင်ကွင်းကို မြင်သောအခါ သူမ ထိတ်လန့်သွားခဲ့သည်
"နတ်ဆိုးများလား?"
ချန်ရှီ: "ဖြစ်နိုင်တယ်... ထူးဆန်းလိုက်တာ မြို့ထဲမှာ ဝိညာဥ်တစ်သောင်းအလံ ရှိတယ် မဟုတ်ဘူးလား မြို့ထဲကို နတ်ဆိုးတွေ ဝင်ခွင့်ပြုတယ်ပေါ့"
ကျောက်ခိုင်းယွင်က တက်လာပြီး အပြုံးတစ်ပွင့်နဲ့ ရှင်းပြသည်။
"အခုနက အကောင်က တူးမြောင်းအဖွဲ့အစည်းက အဘွားမင်ကျန်း... သူက မင်ကျန်းမြစ်မှာ နတ်ဆိုးဖြစ်ခဲ့ဖူးတယ် နောက်ပိုင်းမှာ လူတော်တော်များများရဲ့ အမွှေးနံ့သာတွေကို လက်ခံတော့ အချိန်ကြာလာတာနဲ့အမျှ သူမက နတ်ဝိညာဉ် ဖြစ်လာပြီး တစ်ဖက်လူတွေကို အကာအကွယ် ပေးနိုင်ခဲ့တယ် အဲဒါကြောင့် ကုံကျိုးမှာရှိတဲ့ မြစ်လုပ်သားတွေက အဘွားမင်ကျန်းကို သူတို့ရဲ့ ကန့်ညောင် အဖြစ် ကိုးကွယ်ခဲ့ကြတယ်"
ချန်ရှီ အံ့သြသွားပြီး "နတ်ဆိုးကလည်း ကန့်ညောင် ဖြစ်လာနိုင်တာလား?"
ကျောက်ခိုင်းယွင်: "အမွှေးတိုင်တွေ များများရလေလေ ဆိုးယုတ်တဲ့ သဘာဝကို မျိုသိပ်ထားနိုင်လေပဲလေ... မကောင်းတဲ့ သဘာဝမရှိရင် အမွှေးတိုင်ကို လက်ခံ၊ မင်းကို အကာအကွယ်ပေးတဲ့သူက မင်းရဲ့ ကန့်ညောင် ဖြစ်လာလိမ့်မယ်"
ချန်ရှီ သူ့အပေါ် အနည်းငယ် အကောင်းမြင်လာသည်။
ကျောက်ခိုင်းယွင်: "တူးမြောင်းအဖွဲ့အစည်းက သင်္ဘောသားတွေက မင်ကျန်းမြစ်ထဲကို လှေတွေ လွှတ်ဖို့ သွားနေကြတာ... ကုံကျိုးမြို့ရဲ့ အကာအကွယ်မပါရင် အပြင်မှာ နတ်ဆိုးတွေကြောင့် အန္တရာယ် ရှိတယ်... အဘွားမင်ကျန်းရဲ့ အကာအကွယ်ကြောင့်သာ မဟုတ်ရင် တူးမြောင်းအဖွဲ့အစည်းရဲ့ သင်္ဘောသားတွေကလည်း ဟိုးရှေးရှေးတုန်းကတည်း သေသွားကြမှာ... အဘွားမင်ကျန်းကြောင့် တူးမြောင်းအဖွဲ့အစည်းက လူတွေ ရှင်သန်နိုင်တာ!"
ချန်ရှီ : "အဲ့လိုကိုး"
ထိုအချိန်တွင် မြစ်ကမ်းဘေးတွင် လှေတစ်စင်း မျောပါလာနေ၏။ ချန်ရှီ လှမ်းကြည့်လိုက်ရာ လှေပေါ်ရှိ အဖေနှင့်သမီး နှစ်ယောက်လုံးမှာ ရှင်းရှန်ခရိုင်ရှိ လှေသမား သားအဖနှစ်ဦး ဖြစ်နေတာ တွေ့လိုက်ရသည်။
"မင်းတို့ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
ချန်ရှီလည်း အံ့သြသွားသည်။ လှေပေါ်က မိန်းကလေးက ပြုံးပြလာ၏။
"အခုတလော မြို့ထဲက စာသင်သား တော်တော်များများက စာမေးပွဲဖြေဖို့ ကုံကျိုးကို သွားနေကြတာလေ... အဲဒါကြောင့် မင်ကျန်းမြစ်ကို ကူးပြီး ပိုက်ဆံရှာဖို့ ဒီကိုလာရတာ....ရှို့ချိုင်လေး ငါ မင်းကို အထက်တန်းကျောင်း တက်စေချင်တယ်နော်"
ချန်ရှီ ပြုံးပြီး :"မင်းရဲ့ အကြံဉာဏ်ကောင်းအတွက် ကျေးဇူးတင်ပါတယ် ကုံကျိုးမှာ ရေလမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်တဲ့ တူးမြောင်းအဖွဲ့အစည်း ရှိတယ်.... မင်းကို ဒုက္ခဖြစ်စေမှာတွေ သတိထားပါ"
လှေပေါ်က မိန်းကလေးက “ငါတို့ ဂရုစိုက်ပြီးပြီ ဘာာပြဿနာမှ မရှိဘူး”
အဖေနဲ့သမီးက လှေကို လှော်ခတ်သွားသည်။
တူးမြောင်းအဖွဲ့အစည်း အဓိကအဆောက်အအုံထဲ၌ အဖွဲ့ခေါင်းဆောင် ကျောင်ယွင်ရှန်းသည် နံ့သာပေါင်းရှူနေသော အဘွားမင်ကျန်းကို ကြည့်နေ၏။ အဘွားမင်ကျန်းက ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်လေရာ ချောင်းဆိုးရင်း သွေးပါလာတာကြောင့် မကူညီနိုင်ဘဲ ဖြူဖျော့သွားခဲ့သည်။
အဘွားမင်ကျန်းရဲ့ အသွင်အပြင်မှာ ရှုပ်ယှက်ခတ်နေသော ဆံပင်တွေနဲ့ အဘွားကြီးဖြစ်ပြီး သူ့ထက် နှစ်ဆသုံးဆခန့်မြင့်သော သစ်သားချောင်းကို မှီကာ အထပ်ထပ် အခါခါ ချောင်းဆိုးနေသည်။
"တစ်ဖက်လူရဲ့ ဇာစ်မြစ်ကဘာလဲ သူတို့ရဲ့အင်အားက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ"
ခေါင်းဆောင် ကျောင်ယွင်ရှန်းဟာ မျက်နှာက ကြောက်ရွံ့နေတဲ့ အကြည့်နဲ့ တိုးတိုးလေး ပြောလေသည်။
"အဖွားနဲ့ ကျွန်တော် ပူးပေါင်းလိုက်တာတောင် အဲဒီသားအဖကို လုံးဝ ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး... အဲဒီအစား သူတို့ကြောင့်ပါ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါသေးတယ်... ဒီလိုသခင်သားအဖက ကုံကျိုးမြို့ကို ဘယ်တုန်းက ရောက်လာတာလဲ"
ကျောင်ယွင်ရှန်းမှာ ရေလမ်းပို့ဆောင်ရေးကို ထိန်းချုပ်ထားသော်လည်း ဖခင်နှင့် သမီးတို့သည် တူးမြောင်းအဖွဲ့အစည်းရဲ့ လုပ်ငန်းကို ခိုးယူရန် မင်ကျန်းမြစ်ပေါ် လှော်ခတ်လာခဲ့သည်။ အဖွဲ့ရဲ့ မကျေနပ်မှုကို နှိုးဆော်မိလိုက်သောကြောင့် တစ်စုံတစ်ဦးသည် ထိုသားအဖကို ကြားဖြတ်ရန် လှေများစွာကို ယူဆောင်သွားခဲ့သည်။
မမျှော်လင့်ဘဲ သူတို့ အရိုက်ခံလိုက်ရသည်။
တူးမြောင်းအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကိုယ်တိုင် ရှေ့ထွက်လာပေမယ့် ပြန်အရိုက်ခံလိုက်ရသည်။
ခေါင်းဆောင် ကျောင်ယွင်ရှန်းလည်း လာတဲ့သူက ကြီးကြီးမားမား ဖြစ်ကြောင်း သိသော်လည်း တူးမြောင်းအဖွဲ့အစည်းရဲ့ မျက်နှာကို အပျက်မခံနိုင်သောကြောင့် အဘွားမင်ကျန်းအား သူနှင့်တိုက်ရန် တောင်းဆိုခဲ့သည်။ မမျှော်လင့်ဘဲ ပြိုင်ဘက်ဆီက ရိုက်နှက်တာကို ခံလိုက်ရပြန်၏။
တစ်ဖက်သားရဲ့ အသွင်စစ်ကို မမြင်နိုင်ချေ။
ချန်ရှီမှာ လှေသမားသားအဖနဲ့ ဆက်ဆံရေး ကောင်းကာ လှေသမလေးရဲ့ ရန်လိုမှုကိုလည်း နှစ်သက်သည်။ သူတို့ကို ဒီမှာတွေ့ရတာကြောင့် သူ အရမ်းပျော်နေသည်။
ထိုအချိန်တွင် ချန်ရှီသည် နောက်ထပ် သက်ပြင်းတစ်ချက်ကို ချလိုက်သည်နှင့် အခြားအိမ်ကြီးတစ်အိမ်ဆီ ကြည့်လိုက်ပြန်သည်။ အိမ်က သွေးရောင်လို နီညိုမည်းနေပြီး ထိုနေရာတွင် သွေးများက တောင်ပေါ်မှာ တွားသွားနေတာကို မြင်လိုက်ရသည်။
ဒါပေမဲ့ ဒီမြင်ကွင်းကို သာမန်လူတွေက သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။
ကျောက်ခိုင်းယွင်: "ဒီအိမ်ကြီးက တောင်နီခန်းမရဲ့ အဓိကပလ္လင်ပဲ.... တောင်နီခန်းမက တောင်နီမယ်မယ် အတွက် ရည်စူးထားတာ မင်းမြင်ရတဲ့ အသားတောင်က တောင်နီမယ်မယ်ပဲ!"
ချန်ရှီ အံ့သြသွားပြီး "တောင်နီမယ်မယ် ဆိုတာက အတိအကျ ဘာလဲ"
ကျောက်ခိုင်းယွင်ဟာ ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ကို မသုံးထားတာကြောင့် တောင်နီမယ်မယ်ကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။
"ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ မဝယ်နိုင်လို့ တောင်နီမယ်မယ်ကို မမြင်ရဘူး... ဒါပေမဲ့ တောင်နီမယ်မယ်က သွေးနတ်ဆိုး သွေးလွန်အသက်လို့လည်း ခေါ်တယ်... သူမကို တောင်တွေထဲက တူးထုတ်ထားတာ တူးထုတ်တုန်းက လူနဲ့ တိရိစ္ဆာန်တွေ အများကြီး သေသွားကြတယ်တဲ့..."
ချန်ရှီ ထပ်အံ့သြသွားရပြန်သည်။
"တောင်နီခန်းမက အဆောင်ဆွဲဆရာတွေက ဒီလို နတ်ဆိုးကို ကိုးကွယ်နေတာလား?"
"တောင်နီမယ်မယ်က နံ့သာပေါင်းကို လက်ခံတယ်... သူမကို မကောင်းဘူးလို့ ယူဆလို့ မရတော့ဘူးလေ..."
မြို့အရှေ့ဘက်သို့ ရောက်သောအခါ လမ်းတစ်လျှောက်တွင် ချန်ရှီသည် အမွှေးနံ့သာပြင်းပြင်းနှင့် ပြင်းထန်သော မကောင်းဆိုးဝါး ရောင်ဝါများရှိသည့် နေရာ လေးငါးနေရာကို တကယ် ထပ်တွေ့လိုက်ရသည်။ သို့သော် ထိုနေရာများကို ကုံကျိုးရှိ တပ်ဖွဲ့ကြီးများက လွှမ်းမိုးထားလေ့ ရှိသည်။
"ကုံကျိုးက နတ်ဆိုးတွေကို ကိုးကွယ်ပြီး ရာသီဥတု ဖောက်ပြန်တဲ့ လူတွေ အများကြီး ရှိတာပဲ... သူတို့တစ်ယောက်စီက အဘွားဟေးရှန်းထက်လို မဟုတ်ဘူး အဘွားဟေးရှန်းထက်တောင် ပိုအားကောင်းတယ်!"
"ကုံကျိုးက နတ်ဆိုးတွေ လတက်လာရင် ရုတ်တရက် ပြောင်းလဲသွားကြမှာ မကြောက်ဘူးလား"
ချန်ရှီ တွေးရင်း တိတ်တဆိတ် ထိတ်လန့်သွားသည်။
အဘွားဟေးရှန်းက အလွန်အစွမ်းထက်သော နတ်ဆိုးတစ်ကောင် ဖြစ်သည်။ ထိုနတ်ဆိုးကို သတ်ဖို့ ချန်ရှီဟာ တောင်တန်းအရှင်ဘုံကျောင်းက ထုပ်တန်းကို အကူအညီ ယူခဲ့ရသည်။ အဲဒီအခါကျမှ အဘွားဟေးရှန်းရဲ့ စွမ်းအားက အလွန်နိမ့်ပါးသွားခဲ့၏။
ကုံကျိုးမြို့တွင် အဘွားဟေးရှန်းထက် မပျော့ညံ့သူ ခြောက်ယောက်ရှိသည်။
ချန်ရှီ: "အရင်တုန်းကတော့ နတ်ဆိုးသဘာဝကို နှိမ်နင်းဖို့ နံ့သာပေါင်းကို သုံးလို့ရတယ်... အခုဆို နေ့ခင်းဘက် လထွက်လာပြီဆိုတော့ အမွှေးတိုင်တွေကလည်း ပိုလိုအပ်လာပြီ... ဒီနတ်ဆိုးတွေက အနှေးနဲ့အမြန်ဆိုသလို ဒုက္ခပေးလာကြမှာ ကြောက်ရတယ်!"
ထိုအခါ ကျောက်ခိုင်းယွင်က ပြုံးပြီး ပြန်ပြောသည်။
"ဒီမှာ အစိုးရအမှုထမ်းတွေ ရှိနေတာကို ဘာပြဿနာရှိနိုင်မှာလဲ... ဒီမှာ ခရိုင်မှူး၊ ခရိုင်တရားသူကြီး၊ အုပ်ချုပ်ရေးမှူးတွေ၊ အထွေထွေ စစ်သားတွေ၊ ကင်းလှည့်သူတွေနဲ့ ဌာနခွဲသုံးခုလည်း ရှိတယ်... ကုံကျိုးမြို့ရဲ့ မြို့စောင့်အဖွဲ့၊ ကျန်းယန်ဌာန၊ လက်ဖက်ရည်မြင်းဌာန တပ်ခွဲတွေဆီ တာဝန်တွေ လွှဲပြောင်းပေးထားတယ်... အရာရှိတွေ ဘယ်လောက်အင်အားရှိလဲ ကြည့်လိုက်... ဒီအရာရှိတွေက အရည်အချင်းရှိတဲ့ မိသားစုက လာတာနော်"
ချန်ရှီ ခေါင်းယမ်းပြီး "နတ်ဆိုးတွေ မြို့ထဲကို ဝင်ခွင့်ပေးတာက ဘယ်တော့မှ မကောင်းဘူး... ကုံကျိုးမြို့ကို စောင့်ရှောက်တဲ့ သခင်တွေ အများကြီးရှိရင်တောင် ပေါ့ဆမယ့်နေ့ ရှိရင် တစ်ခုခု ဖြစ်လာမှာ ကြောက်ရတယ်..."
နေရာကို ရောက်သောအခါ ချန်ရှီနှင့် ဟူဖေဖေးတို့ လူစုခွဲလိုက်ကြသည်။ နေရာက လူပြည့်နေပြီဖြစ်ကာ ပညာရှင်လေးငါးဦးက အခန်းတစ်ခုတည်းမှာ စုနေရ၏။ ချန်ရှီနဲ့ ကျောက်ခိုင်းယွင်တို့က အစောင့်များ၏ ဦးဆောင်မှုအောက်တွင် လူလေးယောက် အခန်းထဲ နေရာရသွားခဲ့ကြသည်။
ချန်ရှီ သူ့ပစ္စည်းတွေကို ဖယ်ထုတ်ပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်သည်။ ညစာအတွက် ဆေးပြုတ်ပြီး အနားယူမလို့ လုပ်တော့ ညဘက်ကြီး စာဖတ်နေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။
ချန်ရှီ ညသန်းခေါင်ယံ အချိန်တွင် အိပ်ပျော်သွားသည်။ လေအေးကြောင့် ရုတ်တရက် နိုးလာလို့ မျက်လုံးများကို ဖွင့်လိုက်တဲ့အခါ အခန်းထဲတွင် အမှောင်ရိပ်တစ်ခုက ရှို့ချိုင်တစ်ယောက်ရဲ့ ခြေထောက်များကို ကိုက်စားနေတာ တွေ့လိုက်ရလေသည်။
ထိုရှို့ချိုင်ကတော့ ဘာမှမသိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ဖြစ်ကာ ပါးစပ်က ဟောက်သံတွေတောင် ထွက်နေသေး၏။