← Chapters

တောင်နီမယ်မယ်

Vol. 10 Ch. 143

တောင်နီမယ်မယ်

Vol. 10 Ch. 143

ချန်ရှီရဲ့ မျက်လုံးများသည် ညဘက်တွင် ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း အဝေးကြီးအထိတော့ မမြင်နိုင်တော့ပေ။ အနက်ရောင် အရိပ်သည် လူ့အဝတ်အစား၊ ရှို့ချိုင် ၀တ်စုံနှင့် ဆံပင်ကို ဆံညှပ်ဖြင့် ပတ်ထားတာ တွေ့လိုက်ရသည်။

၎င်းရဲ့ ၀တ်ရုံက အလွန်ကျယ်၍ အဆီပိတ်​နေသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။

စာသင်သားတွေရဲ့ တာအိုဝတ်ရုံသည် ဧကရာဇ်ကျားကျင့်ရဲ့ တာအိုဝါဒီဂိုဏ်းမှ ဆင်းသက်လာသည်ဟု ကောလဟာလအရတွေ ရှိထားကာ ဧကရာဇ်ကလည်း တာအိုဝါဒီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။ သူက နောက်ပိုင်းတွင် တာအိုဝတ်ရုံများကို ၀တ်ဆင်ရန် အရာရှိများနဲ့ စာပေ ပညာရှင်များကို ချီးမြှင့်ခဲ့၏။

ဒီအရိပ်ကို ညဘက်မှာတွေ့ရင် ဖက်တီးမကြီးလို သေချာပေါက် ထင်မိလိမ့်မည်။ သို့သော်လည်း နီးလာမှ ၎င်းက ဝက်ဝံ ဖြစ်နေတာကို ပြောနိုင်ပေမည်။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါမှာတော့ ဝက်ဝံနက်က အဲဒီလူဆီကို တိုက်ရိုက်ထိုးလာပြီး စားပစ်မှာ ဖြစ်ကာ အရမ်း နောက်ကျသွားမှာပင်။

ဝက်ဝံနက်သည် ရှို့ချိုင်တစ်ယောက်ရဲ့ ခြေထောက်ကို စားသောက်နေချိန်တွင် ၎င်းသည် အခြားလူများကို နှိုးမိမည်ကိုလည်း စိုးရိမ်သောကြောင့် ဖြစ်နိုင်သည် မျက်လုံးက အငြိမ်မနေချေ။ ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသလို ချန်ရှီကို လှည့်ကြည့်လိုက်သည်။

ချန်ရှီ မျက်လုံးများ တောက်ပလာပြီး ဝက်ဝံနက်ကို သတ်ရန် အဆောင်လက်ဖွဲ့ ထုတ်ခါနီးတွင် ရုတ်တရက် နတ်အလင်းရောင်တစ်ခုက အရင် ထွက်ပေါ်လာသည်။ ကျောက်ခိုင်းယွင်ရဲ့ ဦးခေါင်းနောက်ကနေ ဓားစွမ်းအင်တစ်ခု ပြေးထွက်လာခြင်းပင်။

ဝက်ဝံနက်သည် အလွန်လက်သွက်သောကြောင့် ကျောက်ခိုင်းယွင်ရဲ့ ကျစ်ဝူရှဲ့သတ်ဓားကို အနီးကပ်အဝေးမှ ရှောင်ရှားနိုင်ခဲ့သည်။ သူစားခဲ့သော စာသင်သားကို လှမ်းဆွဲကာ နံရံကို ပြင်းပြင်းထန်ထန် ရိုက်ချိုးပြီး အခန်းတွင်းမှ လွတ်မြောက်သွားခဲ့သည်။

"နတ်ဆိုးကောင်! မင်းက ထွက်ပြေးချင်သေးတယ်ပေါ့လေ!"

ကျောက်ခိုင်းယွင်လည်း သူ့ဓားစွမ်းအင်ကို ထိုကောင်က ရှောင်နိုင်မည်ဟု မမျှော်လင့်ထားပုံပါပဲ။ သူက ရုတ်တရက် ခုန်ထလာပြီး အပြင်ဘက်သို့ လေချွန်သံတစ်သံလို ဖြတ်ကာ အရှေ့သို့ ပြေးလုနီးပါးပင်။

သို့သော် အံ့သြတုန်လှုပ်သွားစဥ် အရိပ်တစ်ခုက ဝက်ဝံနက်ဆီသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားတာကို တွေ့လိုက်ရသည်။ ၎င်းက ချန်ရှီပင်။ ချန်ရှီကို မြင်လိုက်ရမှ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် အလျင်အမြန် ထိန်းထားလိုက်သည်။

"အနား မကပ်သွား!"

ကျောက်ခိုင်းယွင် အော်ဟစ်လိုက်သော်လည်း ခုန်ပေါက်နေသော ဝက်ဝံနက်နှင့် အနည်းငယ် ထိတွေ့နေသည့် ပုံရိပ်အား မြင်လိုက်ရလေသည်။ အရိပ်မည်းကြီးတစ်ခုက လျှပ်စီးလက်သလို တဟုန်းဟုန်း ပေါက်ကွဲထွက်ကာ နံရံများစွာကို ဖြတ်သွားသကဲ့သို့ တစ်ဖက်သို့ ပြေးထွက်သွားသည်။

တခြား စာသင်သား ရှို့ချိုင်တို့လည်း ချက်ချင်း နိုး​ကြားလာပြီး အပြင်ဘက်သို့ ပြေးထွက်လာကြ၏။ အားလုံးက နတ်သန္ဓေသားတို့ကို လက်ခံရထားရှိသော အရည်အချင်းရှိသူတွေ ဖြစ်တာကြောင့် ယခုအချိန်တွင် နတ်သန္ဓေသားများကို အသီးသီးထုန်လိုက်ရာ လင်းလက်တောက်ပနေလျက်ပင်။

"ဘာဖြစ်တာလဲ?"

နေရာအနှံ့ ဆူညံသံတွေ ပျံ့နှံ့ကုန်တာကြောင့် နေရာတိုင်းမှာလည်း မေးခွန်းမေးသံတွေ ထွက်လာတော့သည်။

ကျောက်ခိုင်းယွင် ရှေ့သို့ ပြေးသွားကြည့်လိုက်တဲ့အခါ ဝက်ဝံနက်ရဲ့အရိုးများ ကျိုးကြေသွားပြီ။ အကောင်က နံရံအောက်တွင် ရွှံ့ဗွက်အိုင်ထဲ ကျသွားသလို အသက်မရှိတော့တာ တွေ့လိုက်ရသည်။

ကျောက်ခိုင်းယွင် အံ့သြတုန်လှုပ်သွားပြီး ချန်ရှီနံဘေးသို့ အမြန်ပြေးသွား ကြည့်လိုက်သည်။ ချန်ရှီရဲ့ ချီစွမ်းအင်နှင့် သွေးများက ပွက်ပွက်ဆူနေသောကြောင့် သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် သွေးတိမ်များ ဖြစ်ပေါ်လာကာ လေထဲတွင် ကိုက်ခံထားရသော ခြေသလုံးကြွက်သားကို ကိုင်ဆောင်ထားတာ တွေ့လိုက်ရသည်။

"သူက ဝိညာဥ်လမ်းပျောက် အစီအရင်ကို မိထားတာ... သူ့ဝိညာဉ်လည်း ပျောက်ဆုံးသွားခဲ့တယ် ဝိညာဥ်က ယင်းယန်ကမ္ဘာကြားမှာ လမ်းလျှောက်လာနေတော့ သူ ဘယ်လိုမှ မနိုးဘဲ အိပ်မပျော်နေတာ"

ချန်ရှီသည် စာသင်သားရဲ့ နဖူးအား ချီစွမ်းအင်နှင့် ချီသွေးဖြင့် ထောက်ကာ ညာလက်ဖြင့် ဓားကို တစ်ချက် ပွတ်ဆွဲလိုက်သည်။

"ငါ သူ့ဝိညာဉ်ကို ပြန်ခေါ်ပြီး ခန္ဓာကိုယ်ထဲ ပြန်ဝင်လာခွင့်ပေးလိုက်မယ်!"

သူစကားပြောပြီးသည်နှင့် ညာလက်ချောင်းကို စုတ်တံအဖြစ် အသုံးပြုကာ လေထဲတွင် အဆောင်စာလုံးများ ရေးဆွဲလိုက်သည်။ သွေးများ စုစည်းလာကာ စာလုံးများက ပိုမိုတောက်ပလာ၏။

"အရမ်းနာတာပဲ!"

ထိုစာသင်သားက နိုးလာပြီး ခြေသလုံးသားကို ကိုင်ကာ ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။ ချန်ရှီကတော့ ထိုလူငယ်ကို လျစ်လျူရှုကာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ သေဆုံးသွားသော ဝက်ဝံနက်ဝိညာဉ်ထံ ရောက်လာသည်။

ကျောက်ခိုင်းယွင်က ဒါကိုမြင်ပြီး သူ့နောက်ကို အလျင်အမြန် ပြေးလိုက်လာသည်။

"အစ်ကိုချန်... မင်းရဲ့ အဆောင်ဆွဲစွမ်းရည်က လက်ရာမြောက်လွန်းတယ် မင်းသာ တောင်နီခန်းမကို သွားရင် လစဉ်ဝင်ငွေကတင် ငွေတုံး သုံးဆယ်လောက် ရနိုင်တယ်... မင်းက ခေါင်းဆောင်ပဲ... ဒီနတ်ဆိုးက လူတွေကို စားပြီး အဆင့်တက်ချင်နေတာပဲ ဖြစ်မယ်"

ချန်ရှီ ခေါင်းခါပြီး "သူက နတ်ဆိုးမဟုတ်ဘူး" လို့ပြောလိုက်၏။

"ဘာ?" ကျောက်ခိုင်းယွင် အံ့ဩသွားသည်။

ချန်ရှီသည် ဝက်ဝံနက်ရဲ့ ဦးခေါင်းနောက်ကို ထိလိုက်သည်။ ကြမ်းတမ်းသော ဆံပင်ကို ရုတ်တရက် ဆွဲယူလိုက်တဲ့အခါ ဝက်ဝံနက်ကိုယ်ခန္ဓာသည် အမှန်တကယ်ပင် လိမ်ကွေးသွားပြီး မကြာခင်မှာပင် ဝက်ဝံမှ မိန်းမအဖြစ်သို့ ပြောင်းလဲသွားသည်။

ချန်ရှီ: "ဒါက တိရိစ္ဆာန်ဖန်တီးပညာ... မှော်ပညာတစ်မျိုးပဲ ဒီအမျိုးသမီးက တိရိစ္ဆာန်ဖန်တီးပညာကို လေ့ကျင့်ထားတာ ဖြစ်မယ် တခြားလူတွေကို တိရစ္ဆာန်အဖြစ် ပြောင်းလဲနိုင်သလို သူ့ကိုယ်သူလည်း သားရဲအဖြစ် ပြောင်းလဲပစ်နိုင်တယ်...သူမက ဝက်ဝံနက် ဖြစ်လာတော့ သူ့ရဲ့တိရစ္ဆာန်သဘာဝကို မထိန်းချုပ်နိုင်ဘဲ လူတွေကို စားဖို့ ထွက်လာခဲ့တာ"

ကျောက်ခိုင်းယွင်က အမျိုးသမီးရဲ့ခါးမှာ သစ်သားတံဆိပ်ပြား ချိတ်ထားတာကို မြင်သောအခါ ရုတ်တရက် ထိတ်လန့်သွားပြီး။

"ဒါက ကောင်းကင်အဘွားအဖွဲ့အစည်း ရဲ့ တပည့်ပဲ... ငါတို့ ဒုက္ခရောက်သွားပြီ အစ်ကိုချန်... မြန်မြန်ထွက်သွားရအောင်!"

သူက သစ်သားသင်္ကေတကို ဆွဲထုတ်ကာ လှည့်ထွက်သွားသည်။ ချန်ရှီလည်း သူ့နောက်ကို အမြန် လိုက်လာခဲ့၏။

"ကောင်းကင်အဘွားအဖွဲ့အစည်းက ဘာလဲ... အစ်ကိုကျောက် ဒီတစ်ခါတော့ ကောင်းကင်အဘွားအဖွဲ့အစည်း ရဲ့ တိရစ္ဆာန်အတုတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး လူတွေစားဖို့ ပြေးထွက်လာကြတာလေ... ငါတို့ အဆင်ပြေပါတယ် ဘာလို့ ထွက်သွားရမှာလဲ"

ကျောက်ခိုင်းယွင်က သူ့အား စကားရပ်ရန် အချက်ပြလိုက်ပြီး ထိုနေရာမှ အမြန်ထွက်ခွာလာခဲ့သည်။

"မင်း ပြောတာ ကျိုးကြောင်းဆီလျော်ပေမယ့် ငါလည်း မရှင်းပြတတ်ဘူး... ကုံကျိုးမှာရှိတဲ့ အစိုးရတွေက ကိစ္စတွေကို ဂရုမစိုက်ဘူး.... ဒီတော့ ငါတို့က ဘယ်​နေရာမှာ ကျိုးကြောင်းဆီလျော်​အောင် လုပ်နိုင်မှာလဲ ငါက တောင်နီခန်းမက အဆောင်ဆွဲဆရာ... တောင်နီခန်းမကို သွားပြီးတော့ ဒီသင်္ကေတကို ပူဇော်လိုက်ကြရအောင်.... တောင်နီခန်းမရဲ့ အမွှေးတိုင်တွေအောက်မှာ ဖိနှိပ်ခံလိုက်ရရင် ရပြီ... သူတို့ တောင်နီမယ်မယ်ကိုတော့ ရန်မစရဲဘူး!"

ချန်ရှီ နေ့အချိန်တုန်းက ကုံကျိုးရှိ တူးမြောင်းအဖွဲ့အစည်း၊ ဆားကြီးအဖွဲ့အစည်းနဲ့ တောင်နီခန်းမတွင် ကိန်းဝပ်နေသော နတ်ဆိုးများကို မြင်လိုက်ရသည်။ အဲဒီအကောင်တွေဆီက ပစ်မှတ်ထား ခံရခြင်းက အမှန်ပင် ကောင်းသောကိစ္စ မဟုတ်ပေ။

"အစ်ကိုကျောက်.. မင်းကို မထိခိုက်အောင် ဒီတံဆိပ်ပြားကို ငါသယ်လာပေးမယ်"

ကျောက်ခိုင်းယွင်က တုံ့ဆိုင်းနေပြီး :"ဒီဟာက ပျက်စီးသွားလို့ မဖြစ်ဘူးနော်... ပျက်စီးသွားရင် ကောင်းကင်အဘွားက မင်းကို သိသွားလိမ့်မယ်.... မင်း ကောင်းကင်အဘွားအဖွဲ့အစည်းက တပည့်တစ်​ယောက်​ကို သတ်လိုက်မှန်း သူသိရင် မင်းကို သေချာဖမ်းလိမ့်မယ် အဲဘဝက သေတာထက် ပိုဆိုးတယ်!"

ချန်ရှီလည်း သူ့ကို ကျေးဇူးတင်လိုက်သည်။

ကျောက်ခိုင်းယွင်ဟာ သူနှင့် ပထမဆုံးအကြိမ် တွေ့ပြီးကတည်းက စကားအနည်းငယ် ပြော​ပေးသော်လည်း ကောင်းကင်အဘွားအဖွဲ့အစည်းဆီက ပစ်မှတ်ထား ခံရ မခံရ ချန်ရှီကိစ္စ ဖြစ်သော်ငြားလည်း သူက အကြံဥာဏ်များပေးရန် အစပြုခဲ့သည်။

ချန်ရှီ စိတ်ထဲမှ "သူက မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်တဲ့သူတစ်ယောက်ပါ" ဟု ရေရွတ်လိုက်သည်။

ကမ္ဘာကြီးက အန္တရာယ်များပေမယ့် သူ့ဘေးနားမှာ ကျူကဲကျန်း၊ လီထျန်းချင်၊ တင်းတင်းနဲ့ ကျောက်ခိုင်းယွင်တို့လို မျှော်လင့်ချက်ရှိတဲ့ လူတော်တော်များများနဲ့ သူ တွေ့ဆုံနေတုန်းပါပဲ။

တောင်နီခန်းမရဲ့ အဓိက ယဇ်ပလ္လင်နေရာက မနီးမဝေး နှစ်မိုင်အကွာတွင် ရှိနေသည်။ ကျောက်ခိုင်းယွင်တို့ ပင်မယဇ်ပလ္လင်သို့ ရောက်လာသော ခန်းမထဲတွင် သန်မာသော လူအများအပြား ရပ်စောင့်နေကြကာ တံခါးရှေ့တွင် ရပ်နေသော ခြင်္သေ့နှစ်ကောင်လည်း ရှိသည်။

သူတို့ရောက်လာတာကို မြင်တော့ ကျောက်ခြင်္သေ့နှစ်ကောင်က ရုတ်တရက် လှုပ်ရှားကာ ကျောက်တုံးကြီးပေါ်ကနေ ခုန်ဆင်းလာပြီး သူတို့နှစ်ယောက်ကို ပိတ်ဆို့လိုက်သည်။ ၎င်းတို့က အလွန်အမင်း ကြီးမားလှ၏။

"ရပ်စမ်း!"

တောင်နီခန်းမရဲ့ စစ်သည်တွေကလည်း လှမ်းတားသည်။ ကျောက်ခိုင်းယွင် တောင်နီခန်းမရဲ့ သင်္ကေတကို ထုတ်ယူပြလိုက်မှ ကျောက်ခြင်္သေ့က ၎င်းတို့ကို ဖြတ်သွားစေသည်။ တောင်နီခန်းမရဲ့ စစ်သည်အနည်းငယ်က သူတို့ကို မတားခဲ့။

ကျောက်ခိုင်းယွင် အလျင်အမြန် လှည့်မေးလိုက်၏။

"အစ်ကိုတို့... ခန်းမသခင်က ဒီမှာရှိလား"

သန်မာသောလူက ခေါင်းခါလိုက်ပြီး "ခန်းမသခင်က ဒီမှာမရှိဘူး... ဖန်းပေါင်မှာ နတ်ဆိုးတစ်​ကောင် ပေါ်လာလို့ ညီအကိုတော်တော်များများ သေဆုံးသွားတယ်... နံ့သာသခင်ရှောင်းတောင် ဖြုတ်မချနိုင်ခဲ့လို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်... အဲဒါကြောင့် ခန်းမသခင်က လူကိုယ်တိုင် ပြေးသွားကြည့်နေတယ်..."

"အဓိက ယဇ်ပလ္လင်ခန်းမမှာ နံ့သာသခင် ရှိလား"

"နံ့သာခန်းမထဲမှာ ရှိတယ်"

ကျောက်ခိုင်းယွင်လည်း ချန်ရှီကို ပင်မ ယဇ်ပလ္လင် ထဲသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့သည်။ ချန်ရှီ ဝင်ကြည့်လိုက်တော့ ဤအိမ်ကြီးကို အဆောင်စာလုံးများဖြင့် ထွင်းထားသော ထုပ်တန်းများဖြင့် အလှဆင်ထားတာ တွေ့လိုက်ရသည်။

ပင်မယဇ်ပလ္လင်အတွင်းမှ လမ်းသည် ကွေ့ကောက်၍ ရှည်လျားသည်။ အဆောက်အဦတစ်ခုအောက်ရှိ ရှည်လျားသော လူသွားလမ်းကို ဖြတ်၍ နံ့သာခန်းမထဲ မရောက်ရှိမီ နံရံနှင့် တံခါးပေါက်များစွာကို ဖြတ်သန်းခဲ့ရသည်။

လမ်းတစ်လျှောက်တွင် အမွှေးတိုင်များ ထွန်းညှိထားသော နံ့သာအိုးတွေက ကိုးဆယ့်ကိုးခုတောင် ရှိသည်။ နှမ်းဆီမီးခွက်များ ရှေ့တွင်လည်း လူပေါင်းများစွာ ဖူတွန်ပေါ်တွင် ထိုင်နေကြပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ နှမ်းဆီမီးခွက်များ၏ မီးတောက်များကြားတွင် လှည့်လည်သွားလာနေသည်။

ထိုလူသည် သူ့ထိုင်ခုံအောက်ရှိ ဖူတွန် ပတ်လည်တွင် ချီစွမ်းအင်နှင့် သွေးများဖြင့် ရစ်ပတ်ထားသည်။ ထိုရွှေရောင်အလင်းဟာ တာအိုနှလုံးသားကို အကာအကွယ်ပေးကာ ပြင်ပမကောင်းမှုများမှလည်း ကာကွယ်ပေးနိုင်သည်။

ထိုသူ၏ အခြေတည်သော ဝိညာဉ်က ကြီးကြီးမားမား မဟုတ်ဘဲ လက်ချောင်း အရွယ်မျှသာ ရှိသည်။ ၎င်းက မီးတောက်များထဲတွင် ကျင်လည်ကာ နှမ်းဆီမီးတောက်ရဲ့ သန့်စင်သော ယန်စွမ်းအင်ကို စုပ်ယူကာ ၎င်းရဲ့ ပျက်စီးမှုကို ကုသလျက်ရှိသည်။

အခြေတည်ဝိညာဉ်သည် မီးတောက်မီးလျှံကြားက ဖြတ်သွားသောအခါ မီးတောက်သည် လျင်မြန်စွာ မှိန်သွားကာ ခဏအကြာတွင် ပြန်လင်းလာလိမ့်မည်။ ချန်ရှီဟာ တောင်နီခန်းမက မဟုတ်သောကြောင့် အပြင်ဘက်တွင် နေခဲ့ပြီး ကျောက်ခိုင်းယွင်သည် ဖူတွန်ပေါ်ရှိ လူအများအပြားကို ဦးစွာနှုတ်ဆက်ပြီးနောက် လူတစ်ဦးထံသို့ ရောက်ရှိလာကာ ဦးညွှတ်၍ စကားအနည်းငယ် ပြောလိုက်သည်။

ချန်ရှီ နံ့သာခန်းမ အပြင်ဘက်တွင် ရပ်ကာ လေ့လာနေသည်။ နံ့သာခန်းမ အနောက်ဘက်တွင် လရောင်ကို ပန်းတစ်ပွင့်လို မြင်နေရ၏။ လရောင်ဟာ ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျကာ နံ့သာခန်းမ အနောက်ဘက်က သစ်တော်သီးပွင့်များပေါ် ဖြာကျကာ ရောင်စုံပန်းပွင့်များကဲ့သို့ တောက်ပနေသည်။

နံ့သာခန်းမရဲ့ အနောက်မှာတော့ အသားတောင်ဖြစ်ကာ ထူးခြားတဲ့ အနံ့အသက် မရှိပါဘူး။ ထိုအသားတောင်သည် သွေးလွန်အသက်ပဲ ဖြစ်သည်။ သွေးလွန်အသက်က လရောင်ကို စုပ်ယူပြီး သစ်တော်သီးပွင့်များလို လရောင်ကို ပုံဖော်ထားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေ၏။

"ဒီသွေးလွန်အသက်က အရမ်းသန်မာတာပဲ!"

ချန်ရှီ အတော်လေး ထိတ်လန့်သွားခဲ့သည်။

"သွေးလွန်အသက်က လရောင်ကို စုပ်ယူဖို့ အစပျိုးခဲ့တာပဲ....လရောင်ကြောင့် အသွင်ပြောင်းသွားရမှာကို သူ မကြောက်ဘူးလား?"

လရောင်ကို စုပ်ယူလိုက်လျှင် နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။

သူ့အဖိုး ချန်ယင်တုသည် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး သေခြင်းမှ လွတ်မြောက်ရန်အတွက် သူ့ကိုယ်သူ လှည့်စားကာ အသုဘအခမ်းအနား ကျင်းပခဲ့သော်လည်း တခါတရံ စိတ်ဓာတ်ကျပြီး တစ်ခါတစ်ရံ စိတ်ရှုပ်ထွေးစေသည့် လရောင်အောက်မှ မလွတ်မြောက်ခဲ့ပေ။

နောက်ပိုင်းတွင် ချန်ယင်တုသည် မကောင်းဆိုးဝါး ဘုရားလောင်းနှင့် တိုက်ပွဲဝင်ခဲ့ပြီး နတ်ဆိုးသဘာဝကို မနှိမ်နင်းနိုင်ခဲ့သဖြင့် မြေအောက်ကမ္ဘာသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ရသည်။

သွေးလွန်အသက် (ရွှယ့်ထိုက်ဆွေ့) က လရောင်ကို စုပ်ယူရန် အစပြုခဲ့သည်။ ချန်ရှီ အတွက် အလွန်ထူးဆန်းပုံပေါ်သည့် လူသတ်ငွေ့တွေတော့ မထုတ်လွှတ်နေခဲ့။

ထိုအချိန်တွင် ခန်းမထဲရှိ နံ့သာသခင်က ချန်ရှီကို လှည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါက ဖြောင့်မတ်တဲ့ လုပ်ရပ်တစ်ခုပဲလေ... တောင်နီခန်းမမှာဆို ငါတို့ ကူညီရမှာပေါ့"

နံ့သာသခင်လုက ထိုနေရာတွင် ထိုင်ဆဲဖြစ်ပြီး ချန်ရှီဘက်ကို လှမ်းပြောလာသည်။

"ညီလေးချန် ဝင်လာခဲ့ပါ"

ချန်ရှီ နံ့သာခန်းမထဲသို့ လျှောက်သွားခါနီးတွင် ကျောက်ခိုင်းယွင်က မြန်မြန် ထပ်ပြောလာသည်။

"ဖြည်းဖြည်းလေး လမ်းလျှောက်... လေမတိုက်​စေနဲ့...နံ့သာသခင်ရှောင်းရဲ့ အခြေတည်တဲ့ ဝိညာဉ်က ပျက်စီးနေပြီး ကုသနေဆဲမလို့ လေတိုက်သွားလို့ မရဘူး"

ချန်ရှီလည်း အရှိန်လျှော့ပြီး နံ့သာခန်းမထဲကို ဝင်သွားခဲ့သည်။

နံ့သာသခင်လု: "ညီလေးချန်... ကောင်းကင်အဘွားအဖွဲ့အစည်းက တံဆိပ်ပြားကို အမွှေးတိုင်နောက်မှာ ဆွဲပြီး ကြိုးကြာကလေးပေါ်မှာ အမွှေးတိုင်သုံးချောင်း တင်ပါ.... ကြိုးကြာကလေးက အမွှေးတိုင်ကို လက်ခံပြီး မယ်မယ်ဆီ သတင်းပို့ရင် အားလုံး အဆင်ပြေသွားမှာပါ နံ့သာကို လက်မခံဘူး နံ့သာသုံးချောင်း ပြုတ်ကျသွားရင် ငါတို့ တောင်နီခန်းမလည်း မင်းကိစ္စကို ဝင်ပါလို့မရ​တော့ဘူး"

ချန်ရှီ သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး သူဆိုတဲ့အတိုင်း လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် တုတ်ကြီးတစ်ချောင်းလို ခြေထောက် သုံးချောင်းရှိသော နံ့သာအိုး တစ်လုံးကို တွေ့လိုက်ရသည်။ နံ့သာအိုကို အမွှေးနံ့သာရနံ့များဖြင့် ဝန်းရံထားပြီး အစိမ်းရောင် မီးခိုးငွေ့များက ကြိုးကြာကလေးရဲ့ အနောက်ဘက်သို့ လွင့်ပျံနေသည်။

ကြိုးကြာငှက်တွင် အနီရောင် သရဖူတစ်ခုနှင့် အဖြူရောင်ကိုယ်ထည်ရှိပြီး ၎င်း၏တောင်ပံများတွင် အနက်ရောင် ထိပ်ဖျားများ ပါရှိသည်။ ခြေတစ်ဖက်ပေါ်တွင် ကြွေထည်တစ်ပိုင်း ရှိ၏။ ချန်ရှီက ကောင်းကင်အဘွား တံဆိပ်ပြားကို ကြိုးကြာကြွေ၏ ခြေရင်းတွင်ဆွဲကာ အမွှေးတိုင်သုံးချောင်းဖြင့် မီးရှို့လိုက်သည်။

သူသည် အမွှေးတိုင်ရှေ့တွင် ရပ်ကာ အကြာကြီး ရပ်နေခဲ့သည်။ သူ စောင့်နေစဉ်တွင် ကြည်လင်သော ကလေးဆန်ဆန် အသံတစ်သံ ကြိုးကြာကလေးဆီက ထွက်ပေါ်လာ၏။

"ကောင်းကင်အဘွားရဲ့ တပည့်တွေက မကောင်းတာတွေ လုပ်တယ်လို့ မယ်မယ်က မိန့်ကြားပါတယ်... သခင်လေးက ကောင်းကင်ဘုံအတွက် တရားမျှတစွာ လုပ်ဆောင်ခဲ့တယ်... သခင်လေးက လူဆိုးမဟုတ်ဘူး.... မယ်မယ်က ဒီကိစ္စကို ဂရုစိုက်ပေးမှာဖြစ်လို့ ကောင်းကင်အဘွားက မင်းကို ဒုက္ခမပေးစေရပါဘူး"

ချန်ရှီ သက်ပြင်းတစ်ချက်ချပြီး ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်သည်။

ကြိုးကြာငှက်ကလေးရဲ့ အသံက ထပ်ထွက်လာသည်။

"ဦးညွတ်တာကို မခံယူဝံ့ပါဘူး... သခင်လေးက ကံကောင်းလိုက်တာ မင်းက ကိတ်မုန့်ပေါ်မှာ မုန့်အနှစ်လိုပဲလို့ မယ်မယ်က ပြောတယ်"

ချန်ရှီ အံ့သြသွားသည်။

"ကောင်းကင်အဘွားရဲ့ လူတွေက တပည့်သေဆုံးတဲ့ အကြောင်းကို သတင်းပို့ပြီးပြီလို့ မယ်မယ်က ပြောတယ်... ကောင်းကင်အဘွားက မင်းကိုသတ်ဖို့ လာမှာမို့လို့ မင်းဒီည နံ့သာခန်းမမှာပဲ နေလိုက်ပါ...ဒီညပြီးရင် အားလုံး အဆင်ပြေသွားလိမ့်မယ်... မနက်ဖြန်ဆို ထွက်သွားလို့ရပြီ"

ချန်ရှီကလည်း သူ့ကို ကျေးဇူးတင်စကား ပြောပြီး အမွှေးတိုင်အိုး အနားက ပြန်ထွက်လာခဲ့သည်။

နံ့သာသခင်လု: "မင်းရဲ့နံ့သာကို ကြိုးကြာကလေး လက်ခံပြီးကတည်းက မင်းက နံ့သာပေါင်းခန်းမထဲမှာပဲ နေရလိမ့်မယ်... နံ့သာသခင်ရှောင်းရဲ့ အခြေတည်တဲ့ ဝိညာဉ်က ပျက်စီးနေတော့ သူကလည်း ခန်းမထဲမှာပဲ နေလိမ့်မယ်... မင်းက သူ့ဘေးမှာပဲ ထိုင်ပြီး အပြင်ကို ထွက်မသွားနဲ့... မင်းထွက်သွားရင် တောင်နီမယ်မယ်က မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"

ချန်ရှီလည်း သူ့ကို ကျေးဇူးတင်စကား ပြောပြီး နံ့သာသခင်ရှောင်းရဲ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ ထိုလူရဲ့ မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာလည်း သွေးရောင် ကင်းမဲ့နေပေမယ့် ချန်ရှီကိုတော့ ခေါင်းညိတ်ပြလိုက်​သေးသည်။ ချန်ရှီလည်း ခေါင်းညိတ်လိုက်သည်။

နံ့သာသခင်လု: "မင်းက အဆောင်ဆွဲ မှော်ပညာမှာ ထူးချွန်ပြီး လက်ဗလာနဲ့ ဆွဲတတ်တယ်လို့ ညီလေးကျောက်က ပြောတယ်... ညီလေးချန် တစ်ချက်လောက် ပြပေးလို့ရမလား"

ချန်ရှီ သူ့ဓားလက်ချောင်းဖြင့် ငြိမ်းချမ်းရေး သင်္ကေတ အဆောင်လက်ဖွဲ့ကို ချက်ချင်း ဆွဲ​ပြလိုက်သည်။ ဒါကိုမြင်တော့ နံ့သာသခင်လုရဲ့ မျက်လုံးတွေက ရုတ်ချည်း တောက်ပလာတော့သည်။

"ညီလေးချန်က အသက်မပြည့်သေးပေမယ့် လက်စွမ်းက ထူးထူးခြားခြားပါပဲ... မင်းထက် သာလွန်တဲ့ ငါတို့ တောင်နီခန်းမမှာ လူ ဆယ်ယောက်လောက်ပဲ ရှိနိုင်တယ်... သူတို့အားလုံးက နံသာသခင်နဲ့ ခန်းမသခင်တွေပဲ... ညီလေးချန် တောင်နီခန်းမမှာ တစ်လကို လစာငွေနဲ့ ကျောင်းတက်ဖို့ စိတ်ဝင်စားပါသလား?"

ချန်ရှီ: "ကျွန်တော် ပိုက်ဆံအများကြီး လိုတယ်... တစ်လစာ ငွေတုံး၃၀က ကျွန်တော့်အတွက် သုံးရက်စာပဲ လုံလောက်ပါတယ်"

နံ့သာသခင်လု အံ့အားသင့်သွားသည်။

"တစ်နေ့ ငွေဆယ်ချောင်း သုံးတာလား... မင်း ပိုက်ဆံစားပြီးများ ကြီးလာတာလား"

သူက ခဏလောက်စဉ်းစားပြီး “နံ့သာသခင်တွေက တစ်လကို ငွေငါးဆယ်ပဲရတယ်.... ပိုက်ဆံမလောက်ရင် နတ်ဆိုးတွေကို လိုက်ရှာပြီး အစိုးရဆီသွားပြီး ငွေလဲလှယ်ရတယ်... အစကတော့ နတ်ဆိုးတွေကို ဖယ်ရှားပစ်ဖို့ အစိုးရမှာ တာဝန်ရှိပေမယ့် အစိုးရက ဒုက္ခရောက်တယ်လို့ ထင်တယ်လေ... အစိုးရက ငါတို့ တောင်နီခန်းမရဲ့ အဆောင်ဆွဲဆရာတွေဆီ တာဝန် လွှဲပေးလိုက်တယ်...မင်း သန်မာတယ်ဆိုရင် နတ်ဆိုးတွေကို သတ်နိုင်သလောက်တဲ့ သတ်လို့ရတယ် မင်း လစဉ် ငွေငါးဆယ် ရမယ်..."

"ငါတို့ တောင်နီခန်းမက မကောင်းတဲ့ နတ်ကို ကိုးကွယ်တယ်လို့ မထင်လိုက်ပါနဲ့ တကယ်တော့ ငါတို့အားလုံး နဂိုကတည်းက ဆင်းရဲဒုက္ခခံနေကြရတာ... ကုံကျိုးကို စရောက်တော့ မင်းလည်း မြင်ပြီးလောက်ပါပြီ.... ခွန်အားမရှိရင် မရှင်သန်နိုင်ဘူး... ငါတို့ အဆောင်ဆွဲဆရာတွေက စုပေါင်းပြီး တောင်နီခန်းမကို တည်ထောင်ခဲ့တာ.... တောင်နီခန်းမရဲ့ အမည်အပြည့်အစုံက တောင်မှာ အဆောင်ဆွဲဆရာ အဖွဲ့.... ကယ်တင်တာမျိုး မဟုတ်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုပဲ!"

ချန်ရှီသည် တောင်နီခန်းမ၌ မကောင်းဆိုးဝါး တစ်ခုခုရှိနေသည်ဟု မူလက ခံစားခဲ့ရသော်လည်း ဒါကိုကြားပြီးနောက်တွင် သူစိတ်သက်သာရာ ရသွားခဲ့သည်။

"ကျွန်တော် စာမေးပွဲဖြေဖို့ ကုံကျိုးကို လာခဲ့တာ... စာမေးပွဲကြီးပြီးရင် ရှင်းရှန်ကို ပြန်လာမှာ.. အဲ့တော့ ရလား"

"တောင်နီခန်းမက ရိုးရှင်းပါတယ်... မင်းလိုချင်တဲ့အချိန်တိုင်း ထွက်သွားနိုင်တယ် ဒါပေမယ့် မင်း ကုံကျိုးက ထွက်သွားပြီးရင်တော့ မင်းမှာ လစဉ်လစာ မရှိ​တော့ဘူး"

ချန်ရှီ ချက်ချင်း သဘောတူလိုက်သည်။ အားလုံးက ဒီအကြောင်း ပြောနေကြချိန်မှာ အပြင်မှ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။ လေပြင်းက တစ္ဆေတစ်ကောင် တခစ်ခစ်နဲ့ ရယ်နေသလို သို့မဟုတ် တစ္ဆေငိုသံတွေလို ပိုနီးကပ်လာလေတော့၏။

အမွှေးတိုင်ခန်းမထဲတွင် နှမ်းဆီမီးတောက်များ လွင့်ပျံလာကာ ရုတ်ချည်း စိမ်းပြာပြာ မီးတောက်များ ပေါက်ကွဲပြီး အမြင့်ငါးပေ ခြောက်ပေအထိ မြင့်တက်သွားသည်။

နံ့သာရှောင်းရဲ့ အခြေတည် ဝိညာဉ်သည် မီးတောက်မီးလျှံတွင် ရပ်နေ၏။ ဆိုးသွမ်းသောလေကြောင့် သူ့တစ်ကိုယ်လုံးဟာ ဓားတစ်ချောင်းကဲ့သို့ နာကျင်သွားစေကာ မထိန်းနိုင်ဘဲ မြေပြင်ပေါ်တွင် လူးလဲနေ​တော့သည်။

"မြန်မြန်လုပ်... လေပြင်းကာအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်!"

နံ့သာသခင်လုက သူ့ချီသွေးများကို အရှိန်အဟုန်ဖြင့် အသက်သွင်းလိုက်ပြီး အမှောင်လေကို ရပ်တန့်ရန် ကြိုးစားနေချိန် မထင်မှတ်ပဲ ပတ်ဝန်းကျင်တစ်ခုလုံး တောက်ပလာခဲ့ကာ ချန်ရှီက ယင်စွမ်းအင် လေများ ရပ်တန့်သွားအောင် သူ့ချီစွမ်းအင်များကို တွန်းထုတ်နေပြီ ဖြစ်သည်။

အထက်သို့ လွင့်ပျံလာသော အစိမ်းရောင် မီးတောက်များသည် ပုံမှန်အရောင်သို့ ပြန်လည် ရောက်ရှိလာသည်။

"သူ့လက်ရည်က ငါ့ထက်သာတယ်!"

နံ့သာသခင်လု ချန်ရှီကို ထိတ်လန့်စွာ ကြည့်နေမိသည်။

"ငါတို့ တောင်နီခန်းမက မှော်ဆရာ အများစုတောင် သူ့လောက် မတော်သေးဘူး... ခန်းမသခင်ကပဲ သူ့ကို အနိုင်ယူမှာ ကြောက်ရတယ်"

"တောင်နီ! နင့်ရဲ့လူက ငါ့တပည့်ကို သတ်သွားတယ်! နင့်သူ့ကို ကာကွယ်​ကေးမှာလား"

နံ့သာခန်းမ အပြင်ဘက်က အဘွားကြီးတစ်ယောက်ရဲ့ အသံက အကျယ်ကြီး ထွက်ပေါ်လာသည်။

"အဲဒီလူကို ထုတ်ပေး! မဟုတ်ရင်တော့ ဒီနေ့ နင့်ရဲ့ တောင်နီခန်းမကို သွေးချောင်းစီးပစ်မယ်!"

သူမစကားပြီးသည်နှင့် ရုတ်တရက်ဆိုသလို တောင်နီခန်းမရဲ့ ပြတင်းပေါက်တံခါး၊ ကြွေပြားတံခါးများ တုန်ခါသွားကာ ပြင်းထန်သော လေက နံ့သာခန်းမကို ရိုက်ခတ်သွားလေရာ ဆီမီးတိုင် ကိုးဆယ့်ကိုးလုံး မီးငြိမ်းသွားသည်။

ချန်ရှီ ခြံဝင်းထဲသို့ လရောင် အကူအညီဖြင့် လှမ်းကြည့်လိုက်သော်လည်း ခြံဝင်းထဲတွင် အဘွားကြီးရဲ့ ဦးခေါင်းကြီးနှင့်သာ ပြည့်နေတာ တွေ့လိုက်ရသည်။ အဘွားကြီး၏ မျက်နှာပေါ်က မျက်လုံးကြီးတွေက သူတို့ကို ကြည့်နေကာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အော်နေလေသည်။

"ထျန်းလောင်! နင် အတင့်ရဲနေတာပဲ!"

သာယာသော အမျိုးသမီးအသံ တစ်သံ ထွက်လာတာ ကြားလိုက်ရသည်။ အသံပိုင်ရှင်သည် နံ့သာပေါင်းခန်းမ နောက်ကွယ်ရှိ အသားတောင်က လာခြင်းဖြစ်ကာ အသံကနေ ငယ်ရွယ်သော မိန်းကလေးဟုပင် ထင်မြင်မိ​စေသည်။

All Chapters