လေထဲမှာ ဆွဲထားခြင်း
Vol. 10 Ch. 145
တောင်နီမယ်မယ်သည် ချန်ရှီ၏ ဘုံကျောင်းငယ်သို့ ရောက်ရှိလာပြီးနောက် ဤနေရာဟာ တောင်နီခန်းမထဲမှာ နေထိုင်ရတာထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သက်တောင့်သက်သာ ရှိသွားသလို ခံစားရလေသည်။
တင်ပျဉ်ခွေထိုင်ရုံနဲ့ မကူညီနိုင်ပေ။ သူမသည် သူမ၏ကိုယ်ပိုင် စွမ်းအင်အစစ်အမှန်ကို လှည့်ပတ်စီးဆင်းစေပြီး ချန်ရှီရဲ့စွမ်းအင်ကို ထိန်းညှိပေးလိုက်သည်။ ဒီကိုယ်ဟန်အနေအထားက ရှင်းမပြနိုင်လောက်အောင် သက်တောင့်သက်သာ ရှိနေ၏။
ချန်ရှီကတော့ စိတ်မသက်မသာ မဖြစ်တော့ချေ။ ကြီးကျယ်ခမ်းနားသော ချီစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီး ချီစွမ်းအင်နှင့် ချီသွေးများကို ထိန်းညှိပေးကာ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်၊ နတ်ဘုရားခန်း၏ စွမ်းအင်တို့ကို ဖြည့်စွမ်းပေးကာ ဖော်မပြတတ်သော သက်တောင့်သက်သာ ရှိမှုကို ခံစားခဲ့ရသည်။
"တောင်နီမယ်မယ်က အရမ်းသိတတ်တယ်... ရှစ်ကျီမယ်မယ်ထက်တော့ အများကြီးသာတယ်။"
"ငါ့ဘုံကျောင်းထဲ ရောက်ကတည်းက ရှစ်ကျီမယ်မယ်က မလှုပ်မယှက်ဖြစ်နေတာ... ပြီးတော့ တောင်နီမယ်မယ်က ငါ့ကို ကူညီပေးနေတယ် ဆိုတော့ ရွှေအမြုတေ စတုတ္ထအဆင့်ကို ရောက်ဖို့ ပိုမြန်သွားလိမ့်မယ်!"
ရွှေအမြုတေ စတုတ္ထအလှည့်ပြီးနောက် အနက်ရောင် ပြောင်းသွားလျှင် သူသည် ရွှေအမြုတေကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားစေဖို့ ကြိုးစားနိုင်ပါသည်။
တခြားသူများရဲ့ ခန္ဓာကိုယ်မှ ရွှေအမြုတေများ ပြေးပြေး ထွက်လာတာကိုချည်းသာ မြင်ခဲ့ရ၏။ သူ့ခန္ဓာကိုယ်မှ ရွှေအမြုတေကို ထုတ်ယူလိုသော်လည်း သူ့ကျင့်စဥ်က တခြားသူများနှင့် မတူသောကြောင့် ၎င်းတို့သာ မနာလိုဖြစ်ရုံသာ တတ်နိုင်ခဲ့ သည်။
နံ့သာခန်းမထဲ ပြန်ရောက်လာသောအခါ နံ့သာသခင်လုနဲ့ နံ့သာသခင်ရှောင်းတို့က ခန်းမထဲတွင် ကျန်နေခဲ့ပြီး ကျောက်ခိုင်းယွင်ကတော့ အိပ်ပျော်သွားချေပြီ။
နံ့သာသခင်ရှောင်းသည် မူလကတည်းက အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာက မသက်သာသော်လည်း သူ့ကိုယ်သူ ကုသရန် နံ့သာဆီမီးတောက်တွင် ယန်စွမ်းအင်ကို အသုံးပြုရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်။
နှမ်းဆီသည် သန်မာသော ယန်စွမ်းအင်ပါရှိသော နှမ်းဆီဖြစ်ပေ၏။ သို့သော် ခွေးနက်သွေး၏ ယန်စွမ်းအင်ထက် များစွာ ပျော့ပျောင်းလေသည်။ နှမ်းဆီမီးတောက်က ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်တို့ကို သန့်စင်စေပါတာကြောင့် ထိုအရာတွေကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကို ကုသရန် နှမ်းဆီမီးခွက်ကို မကြာခဏ ထွန်းထားရန် လိုအပ်ပါသည်။
ဝတ်ပြုတဲ့အခါ ဆီမီးတွေက ရနံ့ဆီမီးတွေသာ ဖြစ်လေ့ရှိပြီး ဘုံကျောင်းထဲမှာ ကိန်းဝပ်နေတဲ့ နတ်တွေဟာ သူတို့ရဲ့ နတ်တန်ခိုးကို ထိန်းညှိပြီး နတ်ဝိညာဥ် ပြောင်းလဲဖို့အတွက် မီးတောက်ထဲက စွမ်းအင်ကို လိုအပ်ကြ၏။
"ညီလေးချန် ဒဏ်ရာတွေ သက်သာသွားပြီလား"
နံ့သာသခင်လုက သူ့ကို ကြိုဆိုဖို့ ထွက်လာသည်။ ချန်ရှီကို အပေါ် အောက် ငုံ့ကြည့်ကာ သူနေကောင်းနေတာကို တွေ့လိုက်ရတော့ စိတ်သက်သာရာရသွားပြီး။
"ဒီနေ့ မင်းကို အဖွဲ့ထဲဝင်အောင် ကူညီမယ် မင်းငါတို့ရဲ့ တောင်နီခန်းမထဲဝင်ပြီးရင် မင်းကို တောင်နီခန်းမရဲ့ နည်းပြဆရာအဖြစ် ခန့်အပ်ဖို့ ငါဆုံးဖြတ်ပေးနိုင်တယ်... မင်းရဲ့ အရည်အချင်းနဲ့ သင်ယူမှုအရဆို နံ့သာသခင်ဖြစ်ဖို့ လုံလောက်သွားပြီ... ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင် ခန်းမသခင်ယွိ ပြန်လာတဲ့အထိ စောင့်ရမယ်"
ချန်ရှီလည်း သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
"တောင်နီခန်းမနဲ့ တောင်နီမယ်မယ်ကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း အသက်အန္တရာယ် ရှိသွားလိမ့်မယ်... ခန်းမထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော် အသက်နဲ့ရင်းဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး"
နံ့သာသခင်လုက ပြုံးပြုံးလေးဖြင့် ခေါင်းညိတ်သည်။
"ခန်းမသခင်ယွိက ငါတို့အားလုံး ကျေးလက်ကလာတာ ညံ့ဖျင်းပြီး စွမ်းအားမရှိဘူးလို့ ပြောတယ်... ငါတို့ အချင်းချင်း မကူညီရင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်တဲ့ ကူညီတာက တာဝန်တစ်ခုပဲလေ... ကောင်းကင်အဘွားက ဒီတစ်ကြိမ် ဆုံးရှုံးမှုကြီး ကြုံခဲ့ရတယ် သူက တောင်နီမယ်မယ်လောက် မတော်ဘူးဆိုတာ သိသွားလောက်တယ် အဲဒါကြောင့် နောက်ပိုင်း မင်းကို ဒုက္ခမပေးလောက်တော့ပါဘူး"
ချန်ရှီလည်း သက်ပြင်းချလိုက်သည်။
ကောင်းကင်အဘွားအဖွဲ့အစည်းက ကောင်းကင်အဘွားဟာ တကယ်ကို အစွမ်းထက်ပြီး လှည့်ကွက်များစွာ ကစားတတ်သည်။ ထိုသို့သော နတ်ဆိုးများကို ရန်စမိတာက အမှန်တကယ် စိတ်အနှောက်အယှက် ဖြစ်ပေလိမ့်မည်။
ကောင်းကင်အဘွားက သူ့ကိုသတ်ဖို့ ဘယ်အချိန် ထပ်လာဦးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
နံ့သာသခင်လုက တောင်နီခန်းမ အဆောင်ဆွဲဆရာ အဖွဲ့အစည်းရဲ့ စာရင်းစာအုပ်ကို ယူကာ သင်ကြားရေး စာမျက်နှာသို့ လှန်လိုက်သည်။ ထို့နောက် ချန်ရှီအမည်နှင့် မျိုးရိုးအမည်ကို မှတ်ပုံတင်ပြီး သူ၏ လစဉ်လစာကို ရေးမှတ်ထားခဲ့သည်။
ချန်ရှီကို တောင်နီမယ်မယ်နဲ့ ကြိုးကြာကလေးကို ဂါဝရပြုဖို့ ခေါ်သွားခဲ့ပြန်သည်။ ပြီးတာနဲ့ တောင်နီခန်းမ အဆောင်ဆွဲဆရာရဲ့ သင်္ကေတကို ယူလိုက်ပြီး။
"အဖွဲ့ထဲဝင်ပြီးတဲ့ ငါတို့ ညီအစ်ကိုတွေက တောင်နီခန်းမရဲ့ နာမည်ကို ကြွေးကြော်ပြီး လူသိရှင်ကြား နေ့တိုင်း လျှောက်သွားနေရတယ်... တောင်နီမယ်မယ်က ရာနဲ့ချီတဲ့ အမွှေးတိုင်တွေကို တောင်းလို့ရတယ်လို့ ယူဆတယ်... ဒါကြောင့် ဒီလောက်ဒုက္ခတွေကို မလုပ်ပြချင်ဘူးဆိုရင် တောင်နီခန်းမက ညီအစ်ကိုတစ်ယောက် အန္တရာယ်ရှိရင် ကူညီပေးလိုက်ပါ”
ချန်ရှီက ညွှန်ကြားချက်ကို လက်ခံပြီး "ကျွန်တော် သိပ်မသိပါဘူး... ဆရာတစ်ယောက်အနေနဲ့ တခြား ဆရာတွေကို သင်ပေးဖို့ လိုသေးလို့လား"
"မင်းက အများကြီး မသိဘူးတဲ့လား?"
နံ့သာသခင်လုမှာ ချန်ရှီရဲ့ ထူးချွန်ထက်မြက်တဲ့ အဆောင်ဆွဲချက်တွေကို တွေးပြီး ခေါင်းကြိမ်းသွားသည်။
"မင်းက အရမ်းတော်လွန်းနေပါပြီ... အားလပ်ရင် ယန်ဖာခန်းမကိုသွားပြီး ညီအကိုတွေကို သင်ပေးလို့ရတယ်... သိပ်ကြာမှာ မဟုတ်ဘူး အဆောင်စာလုံးတွေက သင်ယူရတာ ခက်တယ်...တစ်လုံးနှစ်လုံးလောက် သင်ပေးရင် ရက်တွေ အများကြီး ကြာလိမ့်မယ်..."
ချန်ရှီ အံ့ဩသွားသည်။
"အဆောင်စာလုံး သင်ယူရတာ အရမ်းခက်နေလို့လား..."
သူ့အဖိုးက သူ့ကို သင်ပေးတုန်းကတော့ တခါတည်း ရေးတတ်အောင် သင်ပေးခဲ့ကာ ခက်တယ်လို့လည်း မထင်ခဲ့ရချေ။ ထို့အပြင် အဘိုးက မသင်ပေးလျှင်တောင် သူ့အဘိုး ဆွဲထားတာကို တစ်ကြိမ်ဆွဲကြည့်ရုံဖြင့် အလွတ်ရနေပြီ။
နံ့သာသခင်လုက သက်ပြင်းချလိုက်ပြီး။
"ခက်တယ်... ခက်တာထက်ကို ပိုတောင်ခက်သေးတယ်... ဒါတွေကို ဘယ်သူမှ သင်ပေးစရာမလိုဘဲ မင်းက ဘယ်လိုလုပ် သင်ယူနိုင်မှာလဲ။ သင်ယူဖူးတဲ့သူတွေက ရတနာတွေလို့ သတ်မှတ်ကြပြီး တခြားသူတွေကို သင်ပေးလိုတဲ့စိတ် ရှိလား စဥ်းစားတတ်ကြတယ်... လူတိုင်းက ဆရာဖြစ်ဖို့ မတတ်နိုင်ကြဘူးလေ... ခန်းမသခင်ယွိရဲ့ တောင်နီခန်းမ တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က အဆောင်ဆွဲဆရာတွေ အချင်းချင်း ကူညီပြီး သင်ယူနိုင်ဖို့ပဲ"
ချန်ရှီလည်း ခန်းမသခင် ယွိထျန်းချန်အား အံ့အားသင့်သွားပြီး "အဲဒီလူက သဘောထားကြီးတယ်" လို့ စိတ်ထဲကနေ ပြောလိုက်ပါ၏။
တောင်နီခန်းမက ထွက်သွားသောအခါ ဟေးကော်နဲ့ သစ်သားလှည်းသည် တောင်နီခန်းမရဲ့ တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ သူ ထွက်လာတော့ ဟေးကော်က သူ့ထံသို့ လာကာ ရုတ်တရက် ချန်ရှီကို သတိနှင့် လှမ်းကြည့်လိုက်ပြီး သံသယဖြင့် အနံ့ခံလိုက်သည်။
ချန်ရှီ တောင်နီမယ်မယ်ကို လွှတ်ပေးလိုက်တော့ ဟေးကော်က နှိမ့်ချစွာ အော်ဟစ်လိုက်သည်။
အန္တရာယ်ကို ခံစားရတယ်!
"ခွေး!"
တောင်နီမယ်မယ်က အံ့အားသင့်ပြီး ပျော်ရွှင်နေတာကြောင့် အမြန်ပြေးပြီး ခွေးရဲ့ခေါင်းကို ပုတ်လိုက်ပါ၏။ သို့သော် ဟေးကော်ကတော့ နီရဲသော မိန်းကလေးထံမှ မကောင်းသော အရိပ်အယောင်ကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။
သူမသည် ခွေးခေါင်းကို အချိန်အတော်ကြာ ပွတ်သပ်ပြီးနောက် ဟေးကော်ရဲ့ သွားများ တင်းတင်းကျပ်ကျပ် ကိုက်ခဲလာကာ ကောင်မလေးကို အလွန်သဘောကျပြဖို့ တွန့်ဆုတ်နေခဲ့သည်။
ချန်ရှီသည် ခွေးတစ်ကောင်၊ လှည်းတစ်စီး၊ အမျိုးသမီးတစ်ဦးနှင့်အတူ လမ်းမများပေါ်တွင် လမ်းလျှောက်ထွက်နေသည်။
မိုးသောက်နေပြီ။ ကုံကျိုးမြို့၏ လေထုသည် မီးရှူးမီးပန်းနံ့များဖြင့် ပြည့်နှက်နေသည်။ မုန့်ပေါင်းဆိုင်ရှိ စားပွဲထိုးသည် မုန့်အဖုံးကို ဖွင့်လိုက်တဲ့အခါ ရေနွေးငွေ့ဖြူဖြူလေး အလုံးလိုက် လွင့်ပျံသွားသည်။ အသားမုန့်နံ့နှင့် ကြက်သွန်နီလှီးထားသော အမွှေးအကြိုင်များ နှာခေါင်းထဲသို့ ရောက်လာကာ ညဘက်တုန်းက ထုံထိုင်းမှုတွေကို ဖယ်ထုတ်သွားသည်။
တောင်နီမယ်မယ်ဟာ ယခုအခါ နတ်သဏ္ဌာန် အသွင်အပြင်ဖြင့် ရှိနေတာကြောင့် သာမာန်လူများက သူမအား ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ သုံးမှသာ မြင်နိုင်မည်ဖြစ်သည်။
ထိုအမျိုးသမီးသည် ချန်ရှီနှင့် တူညီသော အသက် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ခန့် အရွယ်ခန့် ရှိပုံရ၏။ သူမသည် အကြော်ဆိုင်၏ နံဘေးသို့ လှမ်းတက်ကာ မီးဖိုထဲသို့ ခြေဖျားထောက်ကြည့်ရင်း ချန်ရှီကိုလည်း စိတ်အားထက်သန်စွာ လှည့်ကြည့်လိုက်သည်။
ချန်ရှီလည်း ရှေ့ကိုလှမ်းပြီး မေးလိုက်သည်။
"ဆိုင်ရှင် တစ်ခွက် ဘယ်လောက်ကျလဲ"
"အံဆွဲတစ်ခွက်ကို ငွေ၆စ... ကြက်သွန်မြိတ်နှင့် ပေါင်းထားတဲ့ မုန့်ပေါင်းကြီးနော်!"
"၄ခွက်ပေး"
"ကောင်းပြီ!"
စားပွဲထိုးသည် ကြာပန်းရွက်ကို အလျင်အမြန်ယူကာ ကြာပန်းရွက်ထဲသို့ မုန့်ထုပ်များကို အမြန်ထုပ်ကာ ရှေ့နှင့်နောက် လေးထုပ် ထုပ်ပိုးလိုက်သည်။
ချန်ရှီသည် တောင်နီမယ်မယ်ထံ တစ်ထုပ်၊ ဟေးကော်အတွက် တစ်ထုပ်၊ တစ်ထုပ်ကို သူ့ဘာသာသူ သိမ်းထားပြီး ကျန်တစ်ထုပ်ကိုတော့ သစ်သားလှည်းဆီ ပေးလိုက်သည်။
စားပွဲထိုးက ပိုက်ဆံကောက်ပြီး ကြေးဒင်္ဂါးတွေကို ရေမတွက်ခင်မှာ ခွေးတစ်ကောင်က ကြာပန်းတစ်ရွက်ကို ခြေထောက်တစ်ဖက်နဲ့ ကိုင်ပြီး ပေါင်မုန့်ကို ပါးစပ်ထဲ ထည့်နေတာကို တွေ့လိုက်ရလေ၏။
စားပွဲထိုးခမျာ သူ့မျက်လုံးတွေကို ပွတ်သပ်ကြည့်တော့ နောက်ထပ် ကြာရွက်တစ်ရွက်က လေထဲမှာ လွင့်နေတာကို တွေ့လိုက်ရပြီး ပေါင်မုန့်တစ်တုံးက လေထဲမှာပဲ ပျောက်သွားတာကို တွေ့လိုက်ရရာ သူ့မျက်နှာက အနည်းငယ် ဖြုဖျော့သွားခဲ့သည်။
ကလစ်!
သစ်သားလှည်းဆီက မီးခိုးဖြူတွေ ထွက်လာသည်။ သွားဖြူတွေနဲ့ သွေးစွန်းနေတဲ့ ပါးစပ်က ကျားသွားတွေထက် လေးငါးဆ ပိုကြီးကာ ကြာပန်းနဲ့ ပေါင်မုန့်ကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး လျှာရှည်ကြီး ဆန့်ထုတ်လိုက်လေသည်။
သစ်သားလှည်း၏ နီမြန်းသော လျှာသည် ရေနွေးငွေ့ကို လျှာဖြင့် လျက်ချင်နေသေးသော်လည်း ချန်ရှီက ၎င်းကို လက်ဖြင့် ပုတ်ချလိုက်တာကြောင့် အမြန်ပြန်ဆုတ်သွားခဲ့သည်။
ချန်ရှီ ဆိုင်အကူရဲ့ မျက်နှာကို မြင်တာနဲ့ သဘောပေါက်သွား၏။
"ဟေးကော်! အလုပ်လုပ်ဦး!"
ဟေးကော် တစ်ချက်ကြည့်လိုက်တော့ စားပွဲထိုးက စိတ်ရှုပ်သွားပုံပေါ်ပြီး ချက်ချင်း ခေါင်းခါလိုက်သည်။
"အားလုံးက ပုံမှန်ပဲ ငါ မျက်စိမှားနေတာ...နတ်ဆိုးတွေ တွေ့ပြီထင်နေတာ... ဟားဟား တောင်နီခန်းမ အပြင်မှာ ဘယ်လိုလုပ် နတ်ဆိုး ရှိမှာလဲ!"
ဟေးကော်က အားတက်သရောနဲ့ ချန်ရှီဝယ်ပေးတဲ့ မုန့်ပေါင်းကို စားရင်းနဲ့ လိုက်သွားခဲ့သည်။ လမ်းမများနှင့် လမ်းကြားများတွင် နေထိုင်သူများသည် ကမ္ဘာကြီးကြီးကို မြင်လိုက်ရသကဲ့သို့ တည်ငြိမ်သော စိတ်ဓာတ်များ ရှိနေကြသည်။
ရံဖန်ရံခါတွင် ကလေးမလေးသည် စူးစူးဝါးဝါးအော်သံ ထွက်လာပြီး သူမမျက်နှာက ကြောက်ရွံ့သော အကြည့်ဖြင့် လက်ညှိုးထိုးပြသော်လည်း ဟေးကော်က ၎င်းတို့ကို တစ်ချက်ကြည့်လိုက်တာနဲ့ ကလေးမလေးက ဒီကမ္ဘာကြီးကို မြင်ဖူးသလိုပင် ဘာမှ မအံ့သြတော့ပေ။
တောင်နီမယ်မယ်ဟာ အစာစားချင်စိတ် အနည်းငယ် ရှိနေသဖြင့် မနက်ခင်းတွင် အလုပ်များသော ဈေးသည်များရဲ့ အစားအစာများကို တစ်ခုမကျန် ချန်ရှီက တလမ်းလုံးဝယ်စားရန် ခေါ်သွားသော်လည်း သူမက အလွန်စိတ်ဝင်စားနေဆဲ ဖြစ်သည်။
ချန်ရှီက ပထမ ဗိုက်ပြည့်သူ ဖြစ်ပြီး ဟေးကော်က ဒုတိယပါ။ နောက်ပိုင်းတွင် သစ်သားလှည်း ဗိုက်ပြည့်သွားသည့်တိုင် သူမသည် အားတက်သရော ရှေ့သို့ တိုးသွားခဲ့နေဆဲ။
"ဒါကိုစားချင်တယ်!"
"တောင်နီခန်းမထဲက ညီအစ်ကိုတို့ရေ... မင်းတို့ ဒီမယ်မယ်ကို ဘယ်လောက်ကြာကြာ ဆာလောင်အောင် ထားခဲ့တာလဲ"
ချန်ရှီ ကျိန်ဆဲလိုက်သည်။
တောင်နီမယ်မယ်က လမ်းသုံးလမ်း စလုံးတွင် စားသောက်ပစ်လေရာ ချန်ရှီ အိတ်ကပ်အတွင်း လဲလှယ်ထားသော ငွေနှင့် ကြေးနီဒင်္ဂါးများ ကုန်သွားသဖြင့် သူမရဲ့ အစာစားချင်စိတ်ကို ပြေပျောက်စေရန် ငွေစက္ကူများနှင့် ကြေးဒင်္ဂါးများကို လဲလှယ်ရန် ဘဏ်သို့ ငွေစက္ကူအရွက်တစ်ရာ ယူသွားရသည်။
မနက်ခင်းဈေးထဲ လည်ပတ်ပြီးတဲ့အခါ တခြားဆိုင်တွေကလည်း တံခါးဖွင့်ထားတော့ သူမရဲ့ စိတ်လှုပ်ရှားမှုက လျော့မသွားဘဲ ပိုသွက်လတ်လာသည်။ တောင်နီမယ်မယ်သည် ချန်ရှီနှင့် အတူ လျှောက်လည်ရင်း ပျော်ရွှင်နေ၏။ ကုံကျိုးမြို့က ရှင်းရှန်ထက် ပိုမို၍ ချမ်းသာပြီး စီးပွားရေး အမျိုးမျိုးကို လုပ်ကိုင်နေသူများလည်း ရှိသည်။
ဆိုင်တိုင်းဆီ ပြေးသွား၊ ထိုင်ထလုပ်၊ ဒါမှမဟုတ် သူတို့နဲ့ နီးနီးနားနား ကပ်လိုက်၊ စတိုးဆိုင်ပိုင်ရှင်တွေ ဘယ်လိုအော်ပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဘယ်လိုရောင်းလဲဆိုတာ သိချင်စိတ် ပြင်းပြနေသည်။
မကြာခင်မှာပဲ အရောင်းစာရေးမလေးရဲ့ အရုပ်တွေကို အကုန်ဝယ်လိုက်ရတော့သည်။
ကောင်မလေးက လက်တစ်ဖက်က လေရဟတ်ကို ကိုင်ထားပြီး လက်တစ်ဖက်က သကြားလုံးသမားရဲ့ သကြားလုံးကို ဖမ်းထားသည်။ လက် မလောက်တဲ့အခါ စွန်ကိုဖမ်းဖို့ လက်တစ်ဖက်ကို ထပ်တိုးပြီး ပလုတ်တုတ် ကိုင်ထားဖို့လည်း လက်တစ်ဖက်ကို ထပ်တိုးလိုက်သည်။
အရောင်းဆိုင်တွင် ဒါဇင်နှင့်ချီသော အရုပ်များ ရှိနေသဖြင့် ကောင်မလေးသည် လက်များ ဒါဇင်များစွာ ထွားလာကာ အရုပ်မျိုးစုံကို ဖမ်းကိုင်ကာ ကစားနေတာကို အလွန် ပျော်ရွှင်နေ၏။
တခြားသူများက သူမကို မမြင်နိုင်ဘဲ လေထဲတွင် လွင့်မျောနေသော အရုပ်မျိုးစုံ၊ လေရဟတ်များ၊ စွန်ရဲများ၊ ဂျောက်ဂျက်များ ဘယ်ညာ လှုပ်ခါနေပြီး မရပ်မနား အသံထွက်နေတာကိုသာ မြင်နိုင်ကြသည်။
"သွားပါပြီ!"
ချန်ရှီ စိတ်တွေအရမ်းပူလာပြီး မြန်မြန် မေးလိုက်တယ်။
"ထိန်းထားလို့ရမလား"
ဟေးကော်သည် လမ်းပေါ်ရှိလူတိုင်း၏ စိတ်ဓာတ်ကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ မောပန်းနေသဖြင့် ပါးစပ်ကို ဟကာ လျှာကို ညှစ်ထုတ်လိုက်ရသည်။
ဤလမ်းပေါ်ရှိ လူရာပေါင်းများစွာကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ချန်ရှီရဲ့ အသိဉာဏ်ကို အနှောင့်အယှက်ပေးရန် မလွဲမသွေ မေ့သွားခဲ့သည်။
သူ့အဖိုး ဆုံးပါးသွားကတည်းက ချန်ရှီဟာ ခွေးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။ ထိုအခိုက် ရုတ်တရက် သတိပြန်ဝင်လာပြီး ဟေးကော်ကို အံ့အားသင့်စွာကြည့်ရင်း ရေရွတ်လိုက်၏။
"ငါ့ခွေးမှာ တစ်ခုခုမှားနေပြီ ထင်တယ်... ဟုတ်တယ် ဒါက ပုံမှန်မဟုတ်ဘူး.... ထားပါတော့"
ဟေးကော်ဟာ သူ့အဖိုးက ထားခဲ့သူဖြစ်ပြီး သူ့ရဲ့ အရင်းနှီးဆုံး "လူ" အဖြစ် သတ်မှတ်ထားလေသည်။ ချန်ရှီမှာ ဟေးဟော်ကို စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိချေ။ ဟေးကော်သည် လမ်းတစ်လျှောက်ရှိ လူများကို ထိန်းချုပ်ရန် အလွန်ခက်ခဲလာခဲ့သည်။ လမ်းပေါ်ရှိလူတိုင်းတွင် မတူညီသော စွမ်းအားများ ရှိသည်လေ။
အနီးနားတွင် လှည့်လည်သွားလာနေကြသော ကျင့်ကြံသူများကလည်း ရှိတာကြောင့် လူတိုင်း သတိမပြုမိစေရန် ကြိုးပမ်းနေရတာက ၎င်းရဲ့ စွမ်းရည်အတွက် စမ်းသပ်မှုကြီးပင် ဖြစ်သွားသည်။
ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ တောင်နီမယ်မယ်ဟာ မကြာခင်မှာ အဲဒီအရုပ်တွေကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့ပြီး အခြားအရာတွေကို ရွေးချယ်သွားခဲ့သည်။
ချန်ရှီ သူမနောက်သို့ လိုက်သွားပြီး နေ့လယ်မတိုင်မှီတွင် ငွေတစ်ရာကို ထက်ဝက်နီးပါး သုံးစွဲခဲ့သည်။ အထည်ဆိုင်ထဲသို့ ဝင်ကာ သူမအတွက် အဝတ်အစားအသစ် ချုပ်ပေးရသည်။ အဝတ်အစားကတော့ ရက်အနည်းငယ်ကြာသောအခါမှ ပြန်လာယူရလိမ့်မည်။
နောက်ဆုံးတော့ ငွေတစ်ရာလည်း ကုန်သွားခဲ့သည်။
ချန်ရှီသည် ရှို့ချိုင် အနေဖြင့် ပိုင်ဆိုင်မှုအချို့ရှိသော်လည်း သူမ သုံးဖြုန်းနေပုံက ပိုက်ဆံမတတ်နိုင်တော့တဲ့ အခြေအနေမျိုး ရောက်လာတာကြောင့် တဖြည်းဖြည်း စိုးရိမ်လာမိသည်။
"ငါက ငွေရှာဖို့ တောင်နီခန်းမကို လာခဲ့တာ... ဒါပေမဲ့ အခု ပိုက်ဆံ မရှာရသေးခင် ရှာထားသမျှတွေ ပါတော့မယ်"
သူသည် ငွေရှာရန် အခြားနည်းလမ်းများကို စဉ်းစားသော်လည်း ငွေရှာနည်းများကို မင်မင်းဆက်၏ ဥပဒေများတွင်သာ မှတ်တမ်းတင်ထားပုံရပြီး သာမန်လူများက မလုပ်နိုင်ကြပေ။
ချန်ရှီ ရုတ်တရက် တောင်တန်းအရှင်ဘုံကျောင်းက ပိရှိလိပ်ခွံကို သတိရသွားသည်။ သူသည် ပိုက်ဆံရဖို့ ထိုလိပ်ခွံကို ရောင်းနိုင်ခဲ့တာကြောင့် တောင်နီမယ်မယ် မွေးဖွားတဲ့ နေရာမှာ တစ်ခုခု ရှာတွေ့နိုင်လိမ့်မယ်လို့ တွေးမိသည်။
"မယ်မယ်... ခင်ဗျား မွေးဖွားတဲ့ နေရာက ဘယ်မှာလဲ?"
တောင်နီမယ်မယ်: "ငါမွေးဖွားတဲ့ နေရာက ဟန်ကုံးတောင်ကြီးထဲက ယန်ရှာတောင်ထွတ်မှာ... ဒီမြို့နဲ့ တောင်ဘက် မိုင်လေးဆယ်လောက်ပဲ ဝေးတယ်"
ချန်ရှီ: "ခေါ်သွားပေးလို့ ရမလား"
"ဒါပေါ့!"
ချန်ရှီ သစ်သားလှည်းပေါ်မှ ခုန်တက်လိုက်သည်။ ဟေးကော်လည်း သံလိုက်အိမ်မြှောင်ကို ချန်ရှီလက်ထဲ ပြန်ထည့်ပေးလိုက်သည်။
"ဟေးကော်! မင်းလည်း လှည်းပေါ် တက်လာခဲ့"
ဟေးကော် လှည်းပေါ်ရောက်တာနဲ့ ချန်ရှီ သံလိုက် အိမ်မြှောင်ကို ထိန်းချုပ်ကာ မြို့တောင်ဘက်သို့ ပြေးထွက်လာခဲ့သည်။
မြို့ထဲက မထွက်ခင်မှာ လမ်းမှာ ပိတ်ဆို့နေတဲ့ လူတောင်တန်းကြီးကို တွေ့လိုက်ရသည်။ ချန်ရှီ လှည်းရပ်ကာ လမ်းမပေါ်တွင် လက်နှစ်ဖက်နှင့် ခြေထောက်များကို သုံးရင်း တိုးဝှေ့ကြည့်လိုက်တော့ ပိတ်ဆို့နေသော သူတောင်းစား တစ်ဒါဇင်ကို မြင်လိုက်ရပြီး ထိုသူတောင်းစားများသည် ယောက်ျား၊ မိန်းမနှင့် ကလေးများကို လမ်းတလျှောက် တောင်းရမ်းစားသောက်ကာ မပေးရင် ထွက်သွားခွင့် မပေးကြချေ။
လမ်းပေါ်ရှိ လမ်းသွားလမ်းလာများသည်လည်း မဖြတ်သန်းနိုင်သဖြင့် ထိုနေရာတွင် ပိတ်ဆို့ထားသည်။
"ကောင်းကင်အဘွားအဖွဲ့အစည်းက လူတွေ!"
တောင်နီမယ်မယ်က ဆိုသည်။
"ကောင်းကင်အဘွားအဖွဲ့အစည်းက လူတွေက ကုန်ထုတ်လုပ်ငန်းမှာ မပါဝင်ပါဘူး... နံမည်အတိုင်းသာ အစားအစာအတွက် ကောင်းကင်ကို အားကိုးပေမယ့် တကယ်တော့ သူတို့က တောင်းစားရတာကို အားကိုးနေတာ... ဒီလမ်းကို ပိတ်ဆို့နေကြတယ် ဟမ့် လမ်းလွှဲက သွားကြရအောင်..."
ချန်ရှီ လမ်းလွှဲကသွားပေမယ့် သူတို့ဘေးက လမ်းနှစ်လမ်းကိုလည်း ထိုလူတွေက ပိတ်ဆို့ထားပြန်တာကြောင့် အရှေ့မြို့တံခါးဆီကို လှည့်ပတ်သွားခဲ့ရသည်။
ကောင်းကင်အဘွားအဖွဲ့အစည်းရဲ့ အဓိကယဇ်ပလ္လင်သည် အရှေ့မြို့တံခါးနှင့် မဝေးလှသော နေရာ၌ ရှိကာ ဆယ်ဧကကျော်ကျယ်သော အိမ်ကြီး ဖြစ်သည်။ အဝေးမှပင် ချန်ရှီသည် အိမ်များကြားတွင် လှည့်ပတ်ကြည့်နေသော ကောင်းကင်အဘွားကြီးရဲ့ ကြီးမားသော ဦးခေါင်းကြီးကို မြင်နေရသည်။
ကောင်းကင်အဘွား အဖွဲ့အစည်းရဲ့ ပင်မယဇ်ပလ္လင်မှာ ဆောက်လုပ်ရေး လုပ်ငန်းများစွာ လုပ်နေပုံရသည်။ နန်းတော်တစ်ခု တည်ဆောက်နေပုံရသော်လည်း ပုံမှန်ခန်းမထက် အဆများစွာ ပိုကြီးလောက်၏။
ရုတ်တရက် ကောင်းကင်အဘွားသည် ချန်ရှီအား ရက်စက်သော အကြည့်ဖြင့် ချာကနဲ လှည့်ကြည့်လာရာ ချန်ရှီ အံ့သြထိတ်လန့်သွားပြီး အလျင်စလို ထွက်ခွာသွားသည်။
"ကောင်းကင်အဘွား အဖွဲ့အစည်းက အခုနောက်ပိုင်း အဖွဲ့ဝင်တွေ ပိုများပြားလာတယ်... သူတို့ရဲ့ အမွှေးတိုင် ရနှုန်ူကလည်း မကြာသေးမီက တိုးတက်ဖွံ့ဖြိုးလာတယ်... သိပ်မကြာခင်မှာပဲ ငါ့ကို အမီလိုက်တော့မှာ!"
တောင်နီမယ်မယ်က အနည်းငယ် စိုးရိမ်လာခဲ့သည်။
"ငါ သူ့ကို အခုထိ နှိပ်ကွပ်နိုင်တုန်းပဲ တစ်နေ့ ငါ သူ့ကို မနှိမ်နှင်းနိုင်ရင် ငါတို့တောင်နီခန်းမကြီး ဆုံးရှုံးရမှာ ကြောက်တယ်"
ချန်ရှီ: "မယ်မယ်... ကောင်းကင်အဘွား အဖွဲ့အစည်းက အသက်မွေးဝမ်းကြောင်းအတွက် တောင်းစားတာကိုပဲ အားကိုးနေကြတာလား"
တောင်နီမယ်မယ်က ခေါင်းခါပြီး :"တောင်းစားတာက သူတို့လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ... ကောင်းကင်အဘွား အဖွဲ့အစည်းက တိရိစ္ဆာန်တွေ ဖန်တီးပြီး အသက်မွေးတယ် သူတို့မှာ ကုန်ကြမ်းခူးဆွတ်ခုတ်တဲ့ လုပ်ငန်းတွေလည်း ရှိတယ်... ငါ ရှောင်ချန်ဆီက ကြားခဲ့တာ!"
ချန်ရှီ နားမလည်သောကြောင့် သူသည် သစ်သားလှည်းကို မြို့ပြင်မှ မောင်းထုတ်ကာ ယန်ရှာတောင်ထွတ်ဆီ ဦးတည် ထွက်ခွာလာခဲ့သည်။
ဟန်ကုံးတောင်သည် အနောက်တောင်မှ အရှေ့မြောက်ဘက်သို့ သွယ်တန်းထားကာ မိုင်ခြောက်ထောင်မှ ခုနစ်ထောင်အထိ ရှည်လျားသော တောင်တန်းကြီး ဖြစ်သည်။ အတိအကျပြောရလျှင် ချန်ယန်တောင်သည် ဟန်ကုံတောင်တန်း၏ လက်အောက်ခံဖြစ်ပြီး ပိုမိုခမ်းနားသော အကိုင်းအခက်များထဲမှ တစ်ခုဖြစ်သည်။
သူတို့သည် ယန်ရှာတောင်ထွတ်သို့ တစ်လျှောက်လုံး မရပ်မနား မောင်းနှင်သွားရာ ပတ်ဝန်းကျင် ဧရိယာက တဖြည်းဖြည်း လူဆိတ်ညံလာသည်။ သီးနှံပင်များ စိုက်ပျိုးရန် နေနေသာသာ အသီးအရွက် အပင်တွေတောင် မရှိချေ။
ဆယ်မိုင်ကျော်ကြာအောင် မောင်းနှင်ပြီးလို့ ပတ်ပတ်လည်ကို ကြည့်လိုက်ရင် ကမ္ဘာမြေကြီး အရည်ပျော်ကျပြီးနောက်မှ ပြန်လည် ခိုင်မာလာသလိုမျိုး မြေသားတွေက နေရာတိုင်းမှာ ပြန့်ပြူးပြီး ကြေးမုံပုံသဏ္ဌာန်ရှိတဲ့ မျက်နှာပြင်တစ်ခုကို တွေ့လာရသည်။
ချန်ရှီ သစ်သားလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ မှန်အောက်မှ နေရာမှာ နဂါးအရိုးများကဲ့သို့ အက်ကြောင်းပုံကြီးကို မိုင်ပေါင်းများစွာ ဖြန့်ကျက်ထားပါ၏။ သူသည် အရှေ့ကိုမျှော်ကြည့်ရာ ယန်ရှာတောင်ထွတ်က ကြေးမုံပြင်ကဲ့သို့ မြေပြန့်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသည်။
ဤနေရာသည် ဆိုးရွားသော စစ်ပွဲကြီးကို ကြုံတွေ့ခဲ့ရပုံပါပဲ။ တောင်နီမယ်မယ်က သူ့ကို ယန်ရှာတောင်ထွတ်သို့ ခေါ်ဆောင်သွားသော်လည်း တောင်၏ တစ်ဖက်ခြမ်းတွင် ပင်လယ်ကို ခွဲထားတာ မြင်လိုက်ရသည်။ လေထဲမှာ ပင်လယ်လေကိုပင် ရှူရှိုက်နိုင်၏။
တောင်နီမယ်မယ်က မဟာအကွဲအပြဲ တောင်ကြားကို ညွှန်ပြပြီး ပြောပြလာသည်။
"ငါ ဒီကနေ မွေးဖွားလာတာ... အဲဒီနှစ်တုန်းက တောင်ကြီးအောက်မှာ ငလျင်ကြီး လှုပ်ခတ်သွားတယ်လို့ ရှောင်ချန်ဆီက ကြားမိတယ်.... နောက်တော့ မြေပြင်ပေါ်ကို ပေါ်လာတယ် ငါရဲ့ အသွေးအသားတွေက တက်လာပြီး နတ်ဆိုး ဖြစ်သွားတယ်... လူတွေ အများကြီး သေသွားတယ်တဲ့"
ချန်ရှီ အကွဲအပြဲ ချိုင့်ထဲသို့ ကြည့်လိုက်ရာ ချိုင့်ဝှမ်းရှိ ချောက်ကမ်းပါးပေါ်တွင် ပြိုကျနေသော ဘုံကျောင်းတစ်ခုကို လှမ်းတွေ့လိုက်ရသည်။
ဟေးကော်နဲ့ သစ်သားလှည်းကို ယန်ရှာတောင်ကြောပေါ်တွင် ထားခဲ့ကာ ချိုင့်ဝှမ်းအောက်ခြေကို သွားဖို့ လမ်းရှာလိုက်သည်။ ထို့နောက် တောင်နီမယ်မယ်နဲ့အတူ ချိုင့်အောက်ခြေမှ တွယ်တက်ကာ တွဲလောင်းကျနေသော ဘုံကျောင်းသို့ ရောက်ခဲ့ကြသည်။
ချန်ရှီဟာ ပြိုကျနေသည့် လေထဲချိတ်ဆွဲထားသော ဘုံကျောင်း၏ နံရံတွင် ရေးထားသည်ကို အချိန်အတော်ကြာအောင် ဖတ်နေရသည်။ တံခါးမကြီး၏ အပိုင်းအစများစွာကို ရှာဖွေတွေ့ရှိပြီးနောက်မှ ဘုံကျောင်းအမည်ကို သဘောပေါက်သွား၏။
"ဘိုးဘေးမိခင်ဘုံကျောင်း"