← Chapters

မသန်စွမ်းအရုပ်

Vol. 10 Ch. 146

မသန်စွမ်းအရုပ်

Vol. 10 Ch. 146

"ဘိုးဘေးမိခင်က ဟွာရှရှန်ကျိုးက လာတဲ့ နတ်ဘုရားများလား"

ချန်ရှီသည် ဘုံကျောင်း တံခါးရှေ့တွင် ရပ်နေခဲ့သည်။ ပင်လယ်ကို တောင်ထိပ်များက ပိတ်ဆို့ထားကာ လှိုင်းလုံးသံများကိုသာ ကြားရပြီး ပင်လယ်ကိုတော့ မမြင်နိုင်ချေ။

သို့သော်လည်း မကြာသေးမီ နှစ်များအတွင်းက တောင်ထိပ်နှင့် ဆန့်ကျင်ဘက်ရှိ တောင်ထွတ်က အက်ကွဲသွားပုံ မပေါ်ကြောင်း တွေ့နေရသည်။ အဘယ်ကြောင့်ဆိုသော် တောင်ထိပ်နှင့် ဆန့်ကျင်ဘက်တွင် ပင်လယ်ပြင်မှ တူးထုတ်ထားသကဲ့သို့ ကျောက်တုံးများစွာ ရှိနေတာကို သတိပြုမိတာကြောင့်ပင်။

ဘိုးဘေးမိခင်ဘုံကျောင်း တည်ရှိရာ တောင်ထွတ်သည် မျက်နှာချင်းဆိုင်ရှိ တောင်ထွတ်နှင့် ပေါင်းစပ်ထားပုံရသော်လည်း ချောက်ကမ်းပါးသည် လေနှင့်လှိုင်းများ ရိုက်ခတ်ခံထားရသည့် အရိပ်အယောင်များကို ပြသထားသည်။

"တောင်နှစ်တောင်က တစ်ကယ့်ကို တစ်ခုတည်းမဟုတ်လောက်ဘူး... တကယ်တော့ ဘိုးဘေးမိခင်ဘုံကျောင်း တည်ရှိတဲ့ တောင်ထွတ်က ပင်လယ်နဲ့ မျက်နှာချင်းဆိုင်တယ်..."

ချန်ရှီ စဥ်းစားကြည့်နေသည်။

"တစ်နေ့မှာ ပင်လယ်ထဲက တောင်ထွတ်တစ်ခု တက်လာတယ်... ဘိုးဘေးမိခင်ဘုံကျောင်း ရှိတဲ့ တောင်ကို ပိတ်ဆို့ပြီး တောင်တစ်လုံးတည်း ဖြစ်သွားအောင် ပေါင်းစည်းသွားခဲ့တယ်... ဘိုးဘေးမိခင်ဘုံကျောင်းနေရာက ငလျင်လှုပ်သွားတဲ့ တစ်နေ့မှာတော့ တောင်နှစ်လုံးလို ဖြစ်သွားတယ်... အဲဒါကြောင့် ဘိုးဘေးမိခင်ဘုံကျောင်းက ဒီတောင်နဲ့ အတူတူ တိတ်တဆိတ် ပေါ်ထွက်လာခဲ့တာ!"

ဤဘုံကျောင်းက အလွန်အမင်း ပျက်စီးယိုယွင်းနေပြီ။ တောင်တန်းအရှင် ဘုံကျောင်းထက်တောင် ပိုဆိုးနေသေးသည်။ မူလ တောင်တန်းအရှင်ဘုံကျောင်းသည် တောင်ထိပ်တွင် ရှိနေဆဲဖြစ်ပြီး ကျိုးပဲ့နေသော အုတ်နှင့်အုတ်ပြားများသာ ရှိ၏။ အိမ်ရှေ့နှင့် နောက်ခန်းများပေါ်၌ နေကို ပိတ်ဆို့ထားသော ရှေးဟောင်း သစ်ပင်များလည်း ရှိသည်။

ဘိုးဘေးမိခင် ဘုံကျောင်းကတော့ တိုက်ပွဲတစ်ခု ကြုံတွေ့ခဲ့ရပုံရပြီး ဘုံကျောင်းရဲ့ အစိတ်အပိုင်း အများစုသည် ချောက်ကမ်းပါးထိပ်ကနေ မြေကြီးထဲ အရည်ပျော်ကျပြီးမှ ပြန်လည် ခိုင်မာသွားပုံရသည်။

"ငါက ဒီအောက်ကနေ တွယ်တက်လာတာ..."

တောင်နီမယ်မယ်က ချောက်ကမ်းပါးစွန်းသို့ သွားကာ အောက်ကို ငုံ့ကြည့်လိုက်သည်။ ချန်ရှီလည်း ချောက်ကမ်းပါးစွန်းသို့ ရောက်ရှိလာ၏။ နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ကျောက်တုံးကြီးပေါ်တွင် တွားသွားနေသည့် ဧရာမသတ္တဝါကြီးဆီ ကျန်ရစ်ခဲ့သော ခြေရာလက်ရာများကို သူမြင်နိုင်သေးသည်။

ချန်ရှီ: "မယ်မယ်... ဘိုးဘေးမိခင် ဘုံကျောင်းအပေါ်မှာ တစ်ခုခု ခံစားမိတာ ရှိသေးလား?"

တောင်နီမယ်မယ်က ခေါင်းခါလိုက်ပြီး :"တောင်ကြီး အက်ကွဲသွားတော့ ငါနိုးလာတာပဲ... ငါ့စိတ်တွေထဲမှာ ဘာမှမမှတ်မိဘူး ဗလာချည်းပဲ... ငါတက်ပြီးရင် လရောင်နဲ့ ထိတွေ့တော့ နတ်ဆိုးတစ်ကောင် ဖြစ်သွားတာပဲ မှတ်မိတယ်"

ချန်ရှီ ပိုလို့တောင် စိတ်ရှုပ်သွားပြီး။

"လရောင်ကို သန့်စင်အောင် လုပ်တဲ့နည်းကျ ဘယ်လိုလုပ်သိလဲ"

တောင်နီမယ်မယ်ရဲ့ လရောင်ကို သန့်စင်နည်းက ထူးခြားလေးနက်သော ကျင့်စဥ်တစ်ခုဖြစ်တာ သိသာထင်ရှားပါသည်။ သို့သော် သူမက ခေါင်းခါလိုက်ပြီး။

"မသိဘူး... ရှောင်ချန်က ငါ့ကို တောင်နီမယ်မယ် ဖြစ်လာစေတယ် အမွှေးတိုင်တွေနဲ့ လေ့ကျင့်ရမယ်ဆိုတာပဲ သဘာဝကျကျ သိလာခဲ့တာ"

သူမနဲ့ ဘိုးဘေးမိခင် ဘုံကျောင်းက ပတ်သက်မှု ရှိမရှိကို ချန်ရှီ မတွေးတတ်ပေ။ ဘုံကျောင်းအတွင်းသို့ လျှောက်သွားသောအခါ နေရာတိုင်က အပျက်အစီးများ ရှိခဲ့သော်လည်း တောင်တံခါး၊ ဘိုးဘွားကျောင်းတော်၊ နံ့သာအိုး၊ ငါးကန်၊ ယဇ်ပလ္လင်နှင့် ပြိုကျနေသော ခန်းမများအားလုံးတွင် ထူးခြားသော စွမ်းအားများဖြင့် တိမ်များ ​​လွင့်နေတာကို ခံစားနိုင်သည်။

အဲဒီတုန်းက အမွှေးတိုင်တွေ တော်တော် ကြွယ်ဝခဲ့ပေလိမ့်မည်။ မူလ တောင်တန်းအရှင် ဘုံကျောင်းလိုပင်။ ဤဘုံကျောင်းသည် ဗလာဖြစ်ပြီး နတ်ရုပ်တု မရှိသည့်အပြင် ထူးကဲသော တန်ခိုးဖြင့် ပေါင်းစပ်ထားသော နတ်အသွင်တစ်ခုလည်း မရှိပါ။

ချန်ရှီသည် အဖိုးတန်အရာတစ်ခုကို ရှာဖွေရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဘိုးဘေးမိခင် ဘုံကျောင်းထဲက နတ်ကွန်းကိုတွေ့တော့ ချန်ရှီ အနည်းငယ် လန့်သွားခဲ့သည်။

ဤနတ်ကွန်းသည် ပင်လယ်ကို မျက်နှာမူထားပုံရသည်။

"ပြောရရင် ဒီနေရာမှာ ကိန်းဝပ်နေတဲ့ ဟွာရှနတ်ဘုရားတွေက ပင်လယ်ထဲက ဘီလူးတွေရဲ့ ကျူးကျော်မှုကို တွန်းလှန်ပြီး ပင်လယ်ထဲက သင်္ဘောတွေကို ကာကွယ်ပေးတာဆိုရင် ဘိုးဘေးမိခင်က သမုဒ္ဒရာကို ကာကွယ်တဲ့ နတ်ဘုရားပဲ ဖြစ်မယ်..."

မင်ဧကရာဇ်မှ စေလွှတ်သော အမတ်စန်းပေါင်သည် သင်္ဘောများကို အမှောင်ပင်လယ်ထဲသို့ ပို့ဆောင်ရန် အမိန့်ပေးသောအခါ ပင်လယ်ကို စောင့်ထိန်းနိုင်သော နတ်ဘုရားမရှိဘဲ ၁၇ နှစ်ကြာအောင် ဘယ်လိုလုပ် ရွက်လွှင့်နိုင်ပါ့မလဲ။

နောက်ပိုင်းတွင် မင်မင်းဆက်မှ ရွှေ့ပြောင်းအခြေချသူများသည် အဆုံးမရှိသော စမ်းချောင်းများနှယ် အနောက်နွားရှင်းကျိုးကို ရောက်လာကြသည်။ ပင်လယ်မုန်တိုင်းများနှင့် လှိုင်းတံပိုးများကို နှိမ်နင်းရန်၊ နတ်ဆိုးများအပြင် ပင်လယ်အတွင်းရှိ သတ္တဝါများကို နှိမ်နင်းရန် နတ်ဘုရားများလည်း လိုအပ်ပါသည်။

ထို့ကြောင့် စန်းပေါင်သည် သူကိုးကွယ်သော နတ်ဘုရားတန်ခိုးဖြင့် ဖြတ်သန်း သွားလာနေသော သင်္ဘောများနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ကာကွယ်ရန် ဘုံကျောင်းကို ကမ်းခြေတွင် တည်ဆောက်ခဲ့ပေမည်။

ထို့ကြောင့်သာ ဘုံကျောင်းထဲ၌ အမွှေးတိုင် နံ့သာများ အလွန်ချမ်းသာ ကြွယ်ဝနေခြင်းပင်။

"သူတို့က အနောက်နွားရှင်းကျိုးရဲ့ ကမ်းရိုးတန်းမှာ ဘိုးဘေးမိခင် ဘုံကျောင်းကို ဆောက်ခဲ့ကြတယ်...ဒါဆို ဘိုးဘေးမိခင်ရဲ့ ကိုယ်ပွားက ဒီတိုက်ကြီးအသစ်မှာ ပေါ်လာမှာပေါ့.. သူမရဲ့ စွမ်းအားတွေက အားကောင်းလာပြီးရင်း ပိုအားကောင်းလာမယ်... ဒါပေမဲ့ ဘယ်လို အကြောင်းပြချက်နဲ့ ဘုံကျောင်းက ဘာကြောင့် တောင်တွေကြားထဲ ပိတ်မိသွားတာလဲ...."

ချန်ရှီ အံ့သြသွားသည်။

သူ့ဘေးက တောင်နီမယ်မယ်ကို ကြည့်လိုက်တော့ စန်းပေါင်ဟာ သင်္ဘောပေါ်မှာ ဘိုးဘေးမိခင်ရဲ့ ရုပ်တုကို အသွေးအသားနဲ့ ပြုလုပ်ထားမှာ မဟုတ်ဘူးလို့ တွေးမိသည်။ တောင်နီမယ်မယ်က အသွေးအသားနဲ့ လုပ်ထားတဲ့ ရွှယ်ထိုက်ဆွေ့ ဖြစ်နေတာ အသိသာကြီး။

"ဘာပဲဖြစ်​ဖြစ်​ ဒီကို​ရောက်​​လာမှတော့ မထွက်​ခင်​ အ​မွှေးတိုင်​တစ်​​ချောင်း ပူဇော်ခဲ့လိုက်မယ်!"

ချန်ရှီ အမွှေးတိုင်ကို ထုတ်၍ မီးညှိလိုက်သည်။ ထို့နောက် နှစ်ပေါင်းများစွာ မီးငြိမ်းသွားသော အမွှေးတိုင်အိုးထဲတွင် ထည့်ကာ ဗလာနတ်ကွန်းကို ဦးညွှတ်လိုက်သည်။ ဒါကိုမြင်တော့ တောင်နီမယ်မယ်ကလည်း ဗလာကျင်း​နေတဲ့ ဘုံကျောင်းကို ဦးညွှတ်လိုက်ပါ၏။

နှစ်ယောက်သား ထွက်သွားကြတဲ့အခါ နံ့သာသုံးချောင်း မီးလောင်ပြီး နံ့သာရနံ့က ဘုံကျောင်းဝင်းထဲကို တိုးဝင်သွားခဲ့သည်။ ထိုအခိုက် တောင်နီမယ်မယ်သည် သူမနှလုံးသားထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ဘုံကျောင်းကို ​ပြန်လှည့် ကြည့်လိုက်လေသည်။

ချန်ရှီ: "ဘာဖြစ်တာလဲ?"

"ဘုံကျောင်းထဲမှာ တစ်ခုခု လှုပ်ရှားနေသလိုပဲ...."

ချန်ရှီကတော့ ထူးထူးခြားခြား ဘာမှ သတိမထားမိတာကြောင့် နှစ်ယောက်သား ချောက်ကမ်းပါးထိပ်သို့ တက်သွားကြသည်။ နောက်ကျနေပြီ ပြန်ဖို့ ပြင်ဆင်ရတော့မည်။

ချောက်ကမ်းပါးအောက်ရှိ ဘုံကျောင်းထဲတွင် ချန်ရှီ ထွန်းထားခဲ့သော အမွှေးတိုင်သုံးချောင်းသည် ပြန့်ပြူးသော ရေကန်ထဲသို့ တိုးဝင်ကာ ကျောက်စရစ်ခဲများထဲ စိမ့်ဝင်သွားသည်။ အမွှေးနံ့သာရနံ့သည် ပတ်ဝန်းကျင်ကို ပြည့်နှက်နေသော ထူးခြားသော စွမ်းအားကို ဆွဲဆောင်ကာ လွတ်နေသော နတ်ကွန်းဆီသို့ တဖြည်းဖြည်း စီးဆင်းသွားသည်။

နတ်တန်ခိုးသည် တိတ်တဆိတ် ချုပ်နှောင်ပြီး နတ်ကွန်းထဲတွင် တစ်စုံတစ်ခုက ပြောင်းလဲလျက်ရှိ၏။

တောင်နီမယ်မယ်မှာ အနည်းငယ် ပင်ပန်း​​နေသဖြင့် ချန်ရှီ၏ ဘုံကျောင်းငယ်တွင် ပုန်းအောင်းပြီး နတ်ကွန်းပေါ် တက်ကာ ထိုင်​နေလိုက်သည်။ ချန်ရှီရဲ့ ချီစွမ်းအင်များက ငြိမ်သက်လျက်။ ရွှေအမြုတေက အသက်ရှူနေသလို ကြီးလိုက်သေးလိုက်ဖြင့်။ ၎င်းရဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်ကို ပိုတင်းမာလာစေသည်။

လှည်းပေါ်တွင်ထိုင်နေစဉ် သူ့အသက်ရှုရပ်သွားကာ ချီအနှစ်အသာရက နှင်းဆီကဲ့သို့ စိမ့်ဝင်သွားသည်။ သူ့အရိုးများသည် ကျောက်စိမ်းရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားစဥ် ရိုးတွင်းခြင်ဆီက အနက်ရောင် နှင်းခဲများအဖြစ် ပြောင်းလဲသွားကာ သူ့နားထဲမှာတော့ ကောင်းကင်ဂီတလှိုင်းလုံးသံများ ရိုက်ခတ်နေသည်။

အချိန်အတော် ကြာပြီးနောက် ခွေးဟောင်သံကြောင့် ချန်ရှီ နိုးလာခဲ့၏။ မျက်လုံးများ ပွင့်လိုက်တဲ့အခါ နှလုံးခုန်သံက ပြန်တက်လာကာ သူတို့တွေ ကုံကျိုးမြို့ဆီ ပြန်ရောက်လာကြတာ တွေ့လိုက်ရသည်။

"ဒီတစ်ခါ အတွင်းစိတ်ထဲ ဝင်လိုက်တာနဲ့ ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာရဲ့ ပရိယာယ်တွေကို ငါတကယ် သဘောပေါက်သွားတာပဲ... တောင်နီမယ်မယ်က ငါ့ရဲ့ နတ်သန္ဓေသားပဲ!"

ချန်ရှီ ဘုံကျောင်းငယ်လေးကို သတိရှိရှိနဲ့ ရောက်လာခဲ့သည်။ တောင်နီမယ်မယ် နတ်ကွန်းပေါ်မှာ ထိုင်လျက်ရှိကာ လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေကို ရောက်သွားပြီး ခဏလောက်တော့ နိုးထဖို့ ခက်ခဲ​နေတာကို တွေ့လိုက်ရသည်။

ဘုံကျောင်းငယ်လေးထဲရှိ လရောင်သည် ဒီရေအလား တက်လိုက်ကျလိုက်ဖြင့် ဘိုးဘွားပိုင်မြေ ကောင်းကင်ယံမှ အဆက်မပြတ် ပျံဝဲကာ သူမကိုယ်ထဲသို့ ကျဆင်းသွားလေသည်။

တောင်နီမယ်မယ်ဟာ အရေးကြီးသော အခြေအနေတွင် ရှိနေသကဲ့သို့ ငြိမ်သက်နေသည်။ သူမဟာ အတွေးနဲ့ လေ့ကျင့်ခဲ့သဖြင့် ချန်ရှီလည်း ရွှေအမြုတေ နန်းတော်ကိုးခုရဲ့ ကြီးမြတ်သော ပြီးပြည့်စုံမှု အခြေအနေကို ရောက်မှန်းမသိ ရောက်သွားခဲ့သည်။

ဒါဟာ သူအရင်က မထင်မှတ်ထားဖူးတဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။

“တခြားလူတွေရဲ့ နတ်သန္ဓေသားတွေကလည်း ဒီလို အကျိုးသက်ရောက်မှု ရှိတာများလား”

သူ့တွင် နတ်သန္ဓေသားအစစ် မရှိသောကြောင့် တောင်နီမယ်မယ်နဲ့ အခြားနတ်ဆိုးများကိုသာ နတ်သန္ဓေသားအစစ်ဟု မှတ်ယူနိုင်ခဲ့သည်။

"တောင်နီမယ်မယ်က လေ့ကျင့်နေတာ ဆိုတော့ ​​ငါ သူ့ကို မနှောင့်ယှက်တာ ကောင်းမယ်"

ချန်ရှီ ဘုံကျောင်းငယ်လေးမှ ပြန်ထွက်လာခဲ့ပြီး ဟေးကော်အား ပြောလိုက်သည်။

"တောင်နီခန်းမကို သွားစရာ မလို​သေးဘူး... မြို့အရှေ့ဘက် စာတိုက်ကို ပြန်သွားကြရအောင်"

တစ်ဖန် သစ်သားလှည်းပေါ်၌ ဆက်လေ့ကျင့်လိုက်ရာ ချီသွေးတွေ ဆူပွက်လာခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ရွှေအမြုတေရဲ့ လန်ထိုင်နန်းတော်ထဲ၌ မွှေးရနံ့များ ပြည့်လျှံကာ ရွှေရောင်အဆင်းက အဖြူရောင် အလင်းတွေ လင်းလတ်လာ၏။

သို့သော် ချန်ရှီ နိုးလာသောအခါတွင် သူ့ဝမ်းဗိုက်အောက်ပိုင်းမှ အဖြူရောင်အလင်းတန်းများ ဖျတ်ခနဲ ထွက်လာတာ တွေ့လိုက်ရသည်။ ညစာစားပြီး ညသန်းခေါင်အထိ ဆက်လက်ထိုင်ကာ အခန်းတွင်းရှိ တခြားရှို့ချိုင်တွေလည်း အလင်းရောင်ဖြူဖြူကြောင့် နိုးလာကြသည်။

အားလုံး သေချာစူးစမ်းလိုက်တော့မှ ချန်ရှီရဲ့ အသက်ရင်းမြစ်မှတစ်ဆင့် အဖြူရောင်အလင်းတန်းများ တောက်ပလာနေတာ တွေ့လိုက်ရသဖြင့် အံ့သြမဆုံးနိုင် ဖြစ်သွားခဲ့ကြသည်။ လူတိုင်းသည် ရှေ့ထွက်လာပြီး ချန်ရှီကို ထိလိုက်ရာ သူ့ဟာ အသက်မရှူသလို နှလုံးခုန်သံလည်း မကြားရတော့ဘဲ သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော ရနံ့တစ်ခုသာ ထွက်နေလေ၏။

ချန်ရှီကို ဂရုတစိုက် ကြည့်ခဲ့ကြသော်လည်း အလင်းရောင်သည် ချန်ရှီ၏ အတွင်းအင်္ဂါများကို ကြည်လင်ပြတ်သားစွာ လင်းလက်တောက်ပနေလျက် ချန်ရှီရဲ့ အရိုးများကိုပင် မြင်နိုင်​စေသည်။ ယခုအခိုက်၌ ချန်ရှီရဲ့ အရိုးများသည် ကျောက်စိမ်းတွေလို တောက်ပြောင်နေ၏။

သူ့​သွေးများသည် ကြီးမားတဲ့ ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

"ချန်ရှို့ချိုင်... ရှဲ့၊ ဆွေ့ ဖြစ်သွားပြီလား?"

ချန်ရှီ သူတို့ကြောင့် လန့်နိုးလာခဲ့သည်။ သို့နှင့် သူ့ခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အားလုံး ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

"စာတိုက်အိမ်မှာ နေတာက ငါ လေ့ကျင့်ဖို့ မသင့်တော်ဘူး... တောင်နီခန်းမမှာ နေနိုင်ပါ့မလား...."

မျက်လုံးဖွင့်ပြီး ​ဝေ့ကြည့်လိုက်သည်။ သူနဲ့ တစ်ခန်းတည်းမှာ ပညာရှင်လေးယောက် ရှိကာ တစ်ယောက်က ကောင်းကင်အဘွားရဲ့ အမျိုးသမီးတစ်ယောက်ဆီက ခြေသလုံးလေးကို အကိုက်ခံထားရသူဖြစ်ကာ ဒဏ်ရာကို ကုသနေတာမို့ တခြားတစ်ယောက်က သူ့နေရာမှာ လာအိပ်သည်။

ကျောက်ခိုင်းယွင်က အခန်းထဲမှာ မရှိသလို ကုတင်ကလည်း လွတ်နေသည်။

ချန်ရှီ တုံ့ဆိုင်းမနေဘဲ စုတ်တံကို ကောက်ကိုင်လိုက်ပြီး မှတ်စုတစ်ခု ရေးချကာ ကျောက်ခိုင်းယွင်ရဲ့ ခေါင်းအုံးအောက်တွင် ထားခဲ့လိုက်သည်။ စာထဲ၌ တစ်ညတာ တည်းခိုရန် တောင်နီခန်းမသို့ သွားမယ့်အကြောင်းပြောကာ သူ့ပစ္စည်းများကို ထုပ်ပိုး၍ ဟေးကော်နဲ့ သစ်သားလှည်းကို ခေါ်ကာ ပြေးသွားခဲ့သည်။

ကုံကျိုးမြို့က ညဉ့်နက်အချိန်တွင် တိတ်ဆိတ်နေပြီး ခွေးဟောင်သံများနှင့် သစ်သားဘီးသံများကိုသာ ကြားနေရသည်။

ဤမြို့ကို စစ်ဘက်ဆိုင်ရာ ကိရိယာများ တပ်ဆင်ထားသင့်ပြီး စစ်သားများသည် ညဘက်တွင် ကင်းလှည့်သင့်သော်လည်း ချန်ရှီ လမ်းတစ်လျှောက်တွင် ၎င်းတို့နှင့် မတွေ့ခဲ့ရပေ။ ညက နည်းနည်းအေးကာ လရောင်အောက်မှာ အဆောက်အဦးတွေက ဖြူဖွေးတောက်ပနေသည်။

အနောက်နွားရှင်းကျိုးသည် နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့ ရှိကာ ရာသီအလိုက် အပြောင်းအလဲမရှိပေ။ ညဘက်တွင် နှင်းမကျတက်ဘဲ ဆောင်းဦးနှောင်းပိုင်း သို့မဟုတ် ဆောင်းဦးအစောပိုင်းကဲ့သို့ အပူချိန်နည်းနည်း ရှိသည်။

ချန်ရှီ သူ့ဘဝတစ်လျှောက်လုံးတွင် နှင်းမှုန်တွေ ဖုံးလွှမ်းနေသော နှင်းထုကို မြင်ဖူးရဲ့လားတောင် မသိတော့ချေ။

သူသည် လူလွတ်နေသော လမ်းပေါ်တွင် လမ်းလျှောက်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေချိန် လမ်းထောင့်မှ ထွက်လာသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။

"မင်းက ချန်ရှို့ချိုင်... ချန်ရှီလား... မင်းက တောင်နီခန်းမရဲ့ နည်းပြဆရာ အသစ်လို့ ငါကြားတယ်... အစကတော့ မင်းကို ရှာဖို့ စာတိုက်ကို သွားဖို့ စိတ်ကူးထားပေမယ့် မင်းကိုယ်တိုင် ထွက်လာမယ်လို့ မမျှော်လင့်ထားဘူး"

ချန်ရှီ လှည်းကို ရပ်တန့်လိုက်သည်။ နံရံတွင် ပညာရှင်တစ်ဦး၏ ၀တ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် အရိပ်ထဲ ရပ်နေတာ တွေ့လိုက်ရသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် အသက်သုံးဆယ်လောက် ရှိမယ်လို့ ခန့်မှန်းလို့ရသည်။

"ကျွန်တော်က ချန်ရှီပါ... မိတ်ဆွေက ဘယ်သူလဲ"

တာအိုဆရာရဲ့ အသံမှာ ဝမ်းနည်းခြင်းနှင့် ဒေါသများ ပြည့်နှက်နေသည်။

"ကောင်းကင်အဘွား အဖွဲ့အစည်းက နည်းပြဆရာ ဟန်မင်ယွိ... နည်းပြချန် ငါ့တပည့်ကို မင်း တကယ် သတ်ပစ်လိုက်တာပဲ! မင်းကိုယ့်ကိုကိုယ် သတ်သေအောင် ငါ ဘယ်လိုလုပ်ရမလဲ"

ချန်ရှီ အနည်းငယ် ထိတ်လန့်သွားပြီး :"နည်းပြဟန်က ဘာလို့ ဒီလိုပြောရတာလဲ... ကျွန်တော်က ဆောင်းဦး စာမေးပွဲဖြေဖို့ ကုံကျိုးကို ပထမဆုံးရောက်ဖူးတာ... တခြားသူတွေကို အမြဲတမ်း ကြင်နာတတ်တယ်..."

တာအိုဝတ်ရုံ ပညာရှင်က :"မင်းက စာမေးပွဲ ဖြေဖို့ လာတာလား... ငါ့တပည့် ချိုယင်းယင်းကလည်း စာမေးပွဲကို လာဖြေတာ... မင်းတို့နှစ်ယောက်က အတန်းဖော်တွေပဲ ဆရာချန်က သူ့ကို သတ်ပစ်မယ်လို့ မမျှော်လင့်ထားဘူး"

ချန်ရှီလည်း ရုတ်တရက် လန့်နိုးလာပြီး အသံပျောက်သွားသည်။

"ခင်ဗျားရဲ့တပည့်က တိရိစ္ဆာန်လို ဖန်တီးထားတဲ့ ဝက်ဝံမိန်းကလေးလား"

ဟန်မင်ယွိ: "မှတ်မိတယ်ပေါ့? ငါ့တပည့်လည်း ပညာတတ်တစ်ယောက်ပါ... ဆောင်းဦး စာမေးပွဲမှာ ဝင်ပြိုင်တော့မယ် ခက်ခက်ခဲခဲ လေ့ကျင့်ပြီး နောက်ဆုံးတော့ တစ်ခုခုကို အောင်မြင်ခဲ့တယ်... ဒီတစ်ခါ စာမေးပွဲအောင်ဖို့ သေချာပေမယ့် မင်းလက်ထဲမှာ သေသွားရတာ အဘွားကမင်းကို လာရှင်းပေမယ့် မင်းက မသေသွားဘူး!!"

"ခင်ဗျားရဲ့တပည့်က တိရိစ္ဆာန်ဖန်တီးတဲ့ အတတ်ပညာကို လေ့ကျင့်နေတာမလား... သူမက တိုးတက်ဖို့ စိတ်အားထက်သန် နေခဲ့တာဖြစ်မယ်။ လရောင်ကို စုပ်ယူလိုက်ပြီး နတ်ဆိုးဖြစ်သွားတာ... လူစိတ်ပျောက်တယ် လူသားစားတယ် အဲဒါကြောင့် ကျွန်တော်က ဝင်လှုပ်ရှားလိုက်တာ..."

ဟန်မင်ယွိက အေးစက်စွာ ပြန်ပြောသည်။

"ငါ့တပည့်က နတ်ဆိုးဖြစ်သွားရင်တောင် ငါကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမယ်... တောင်နီခန်းမက မင်းကိစ္စ မဟုတ်ဘူး... မင်းက တောင်နီခန်းမရဲ့ နည်းပြဆရာ ဖြစ်ပြီး စည်းမျဥ်းတွေကို ချိုးဖျက်နေတာပဲ!"

ချန်ရှီဟာ စည်းမျဉ်းများကို အမြဲလေးစားတတ်သူ ဖြစ်သည်။ ချန်ယန်တောင်က စည်းကမ်းများရဲ့ အခန်းကဏ္ဍကို သိရှိတာကြောင့်

"ကျွန်တော်က တောင်နီခန်းမထဲ နောက်ပိုင်းမှဝင်ပြီး သင်ကြားပို့ချသူ ဖြစ်လာခဲ့တာ... ဆရာဖြစ်လာပြီးနောက်ပိုင်း တခြားလူတွေရဲ့ တပည့်​တွေကို မသတ်ခဲ့ဘူး... ကျွန်တော့်ကို နားလည်မှုမလွဲပါနဲ့ နည်းပြဟန်!"

ဟန်မင်ယွိ ခေါင်းခါပြီး :"ကိစ္စမရှိပါဘူး ဒီနေ့ ငါက ငါ့တပည့်အတွက် လက်စားချေချင်ရုံပဲ"

သူ့လက်များကို ညင်သာစွာ လက်ခုပ်တီးလိုက်တာနဲ့ အရှိန်အဟုန်ဖြင့် ခြေသံများ အခြားလမ်းများဘက်မှ ထွက်လာသည်။ လရောင်အောက် မှိန်ဖျော့ဖျော့ လမ်းထောင့်မှာ လူတစ်ဒါဇင်ကျော်က သူ့ဆီပြေးလာပြီး သူ့ရှေ့မှာ ပုလင်းတစ်လုံးစီချကာ ပြန်လှည့်ထွက်သွားကြသည်။

ထိုမြေအိုးများသည် အမြင့်တစ်ပေကနေ သုံးပေမှ လေးပေခန့်၊ အနံတစ်ပေခန့်ရှိပြီး ​သေရည်အိုးများထက် အနည်းငယ် ပိုကြီးသည်။

ချန်ရှီ အံ့သြသွားသည်။

ရုတ်တရက် အသံတစ်မျိုး ထွက်လာပြီး မြေအိုးထဲမှ ခေါင်းတစ်လုံး ထွက်လာသည်။ ၎င်းက ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးလေးများ ဖြစ်ကာ အိုးထဲမှ ဦးခေါင်းကို ထုတ်ရင်း ခေါင်းပေါ်က ကျစ်ဆံမြီးဖြင့် ပတ်ကြည့်နေသည်။

အရုပ်လေးသည် ဖြူဖျော့သော မျက်နှာနှင့် ပါးပြင်နှစ်ဖက်တွင် အနီရောင် အမှုန့်အဝိုင်းပါသော ကောင်လေးတစ်ယောက် ဖြစ်ကာ ချန်ရှီကို တွေ့တော့ ရယ်မော​ပြလာသည်။

"နတ်ဆိုး!"

ချန်ရှီ တုန်လှုပ်သွားသည်။

သို့သော် အိုးထဲက ကောင်လေးဟာ အသက်ရှုနေသေးတာကြောင့် သူ့ထင်မြင်ချက်ကို ချက်ချင်း ငြင်းဆိုလိုက်သည်။

ထို့နောက် ပွက်ပွက်ဆူနေသော အသံကို ထပ်ကြားရပြီး ဆယ့်တစ်အိုးစီမှ ဦးခေါင်းများ ထွက်လာကြလေ၏။ တချို့မှာ ယောက်ျားလေးများ၊ အချို့မှာ မိန်းကလေးများ ဖြစ်ကြသော်လည်း ခေါင်းတစ်လုံးသာ ထွက်လာကြသည်။

"ဂူလူ"

ပုလင်းတစ်လုံးကတော့ ညင်သာစွာ လှိမ့်ထွက်သွားကာ အလွန်ပေါ့ပါးစွာဖြင့် မှောင်ရိပ်ထဲတွင် ပုန်းနေ၏။ ရယ်သံတစ်သံက အမှောင်ရိပ်မှ ထွက်လာသည်။

အခြားအိုးများတွင်လည်း ထိုနည်းတူပင်။ ၎င်းတို့မှာ ခြေထောက်မရှိတာ သိသာထင်ရှားသော်လည်း ခြေထောက်ရှိသူများထက် ပိုမိုလျင်မြန်ပြီး ချန်ရှီကို လှည့်ပတ်​နေကြသည်။

"သတိထား!"

ချန်ရှီ စိတ်ထဲတွင် တောင်နီမယ်မယ်ရဲ့ သတိပေးသံ ထွက်ပေါ်လာသည်။

"ဒါက ပြင်ပဆေးအရုပ်လို့ ခေါ်တဲ့ ကောင်းကင်အဘွား အဖွဲ့ရဲ့ ကလေးအရုပ်ပဲ... ရှဲ့၊ ဆွေ့တွေ!"

သူမသည် ချန်ရှီ၏ နတ်ကွန်းတွင် လေ့ကျင့်နေသော်လည်း ဘုံကျောင်း တံခါးဝသို့ ရောက်သောအခါ အပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်ရသဖြင့် သတိပေးခဲ့သည်။

ချန်ရှီ: "ကလေးအရုပ်က ဘာလဲ"

တောင်နီမယ်မယ်က ခဏလောက် စဉ်းစားပြီး ပြန်ဖြေသည်။

"ခုနစ်နှစ် ဒါမှမဟုတ် ရှစ်နှစ်ရှိတဲ့ ကလေးတစ်ယောက်ကို ရွေးဖို့၊ ခြေလက်တွေဖြတ်ပြီး လေးဆယ့်ကိုးရက်ကြာအောင် သန့်စင်ရမယ်တဲ့... ငါလည်း တောင်နီခန်းမရဲ့ နံ့သာသခင်တစ်ယောက်ဆီက ကြားဖူးတာ...မသေရင် သူ့ရဲ့ စိတ်ဆန္ဒ ဝိညာဉ်သုံးပါးနဲ့ နာမ်ဝိညာဥ် ခုနစ်ကောင်ကို တံဆိပ်ခတ်... ဝမ်းကိုဖွင့်ပြီး အတွင်းအင်္ဂါ​တွေကို ထုတ်ယူပစ်ရမယ်... ပြီးရင် ဆေးလုံးနဲ့ ဆေးပင်တွေ ထည့်ရတယ်... ဒီလျှို့ဝှက်နည်းကို သုံးပြီး အိုးတစ်အိုးထဲ ထည့်ထားရင် အဲ့ကလေးက ယင်းနဲ့ယန်ကြား ရောက်သွားလိမ့်မယ်... အဲ့ကျရင် ပြင်ပဆေးအရုပ် လို့ခေါ်တဲ့ မသန်စွမ်းကလေးအရုပ်ကို သုံးလို့ရပြီ"

"ရက်သတ္တပတ်နေ့တွေမှာ ကောင်းကင်အဘွား အဖွဲ့ကလူတွေက လမ်းပေါ်မှာ ဖျော်ဖြေဖို့၊ လှည့်ကွက်တွေလုပ်ပြီး ပိုက်ဆံနည်းနည်းနဲ့ လဲလှယ်ဖို့ ဒီအရုပ်တွေကို သုံးကြတယ်... ရန်သူတွေနဲ့တွေ့ရင်တော့ အရုပ်တွေကို ထိန်းချုပ်ပြီး သုံးလို့ရတယ်... ဒီအရုပ်တွေက သွားတွေကောင်းပြီး ဘယ်အရာမဆို ကိုက်နိုင်တယ်။ သူတို့က အရမ်းကို အစွမ်းထက်​​ကြတယ်!"

ချန်ရှီ ဒေါသတကြီးနဲ့ ဆိုလိုက်သည်။

"ဒီအရုပ်တွေက သက်ရှိလူသားတွေနဲ့ လုပ်ထားတာလား..."

"အင်း"

တောင်နီမယ်မယ်: "တိရိစ္ဆာန်ဖန်တီးပညာကို သင်ထားတဲ့ လူတွေက ကျေးလက်ကိုသွားပြီး အရောင်းသမား ဒါမှမဟုတ် လမ်းသွားလမ်းလာတွေလို ဟန်ဆောင်ပြီး ရွာသားတွေကို လမ်းပြခိုင်းတယ်... သူတို့ကြိုက်တဲ့ ကလေးတွေကို သိုးသငယ်တွေလို သိမ်းတယ် ဒါမှမဟုတ် ကျားအသွင်ပြောင်းပြီး လှောင်အိမ်ထဲထည့်၊ ကလေးရုပ်လုပ်နည်းကို လေ့ကျင့်ဖို့ မြို့ကိုခေါ်သွားတယ်လို့ ကြားဖူးတယ်"

ချန်ရှီ သူမကို ဝင်နှောက်ယှက်လိုက်သည်။

"ကျွန်တော် ကောင်းကင်အဘွားရဲ့ ခေါင်းဆောင်ကို ထပ်သတ်လိုက်ရင် တောင်နီမယ်မယ်က ကောင်းကင်အဘွားကို တိုက်ဖို့ ကူညီပေးနိုင်မလား?"

တောင်နီမယ်မယ်က တုံ့ဆိုင်းနေပြီး “မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ငါက တူးမြောင်းအဖွဲ့အစည်းနဲ့ ဆားကြီးအဖွဲ့အစည်းနဲ့က သဘောတူညီမှုရပြီးပြီမို့ အဝေးကြီးကို မသွားနိုင်ဘူး…”

"မနက်​ဖြန်​ ကစားဖို့ ​ခေါ်သွား​ပေးမယ်​!"

ချန်ရှီ ပြတ်​သားစွာ​ ပြောလိုက်​သည်​။

တောင်နီမယ်မယ်က ဝမ်းသာအားရဖြင့်: "အပေးအယူ ဖြစ်တယ်!"

"ကောင်းပြီ ဒီလူကို သတ်မယ်!"

All Chapters