နတ်ဘုရားအပြစ်ဒဏ်
Vol. 84 Ch. 1662
“ဖန်ဆင်းရေးနတ်ဘုရားရဲ့အသက်က ရှည်လွန်းတယ်၊ ငါတို့ကြားက ဆက်ဆံရေးက ပိုပိုပြီးနူးညံ့လာတယ်၊ ဒါပေမဲ့ ငါက သူတို့နှစ်ယောက်ကြားမှာ ညှပ်နေခဲ့တာ၊ ဘယ်လိုရွေးချယ်ရမယ်ကိုမသိဘူး၊ နတ်မိစ္ဆာနတ်ဘုရားနဲ့ ဝိညာဉ်နတ်ဘုရားက ဘယ်သူရှုံးရှုံး ရှုံးတဲ့သူက ထွက်သွားဖို့ကို တိတ်တိတ် လေး ဆုံးဖြတ်ထားခဲ့ကြတယ်”
“နတ်မိစ္ဆာနတ်ဘုရားရဲ့ခွန်အားက ဝိညာဉ်နတ်ဘုရားထက် ပိုသန်မာ တယ်၊ အဲဒီစစ်ပွဲမှာ ဝိညာဉ်နတ်ဘုရားက ဒဏ်ရာရခဲ့တယ်၊ ကမ္ဘာပေါ်က သာမန်လူတွေ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့တယ်၊ ငါလည်း ဒေါသထွက်ပြီး သူ့ကို အပြစ်တင်ခဲ့တယ်၊ သူ ငါ့ကိုအထင်လွဲပြီး ဒေါသကြောင့် သေဖို့ရွေးချယ်ခဲ့တယ်၊ သူလည်း ဒီရှည်လျားတဲ့ဘဝကြီးကို ငြီးငွေ့နေပြီဆိုတာ ငါ သိပါတယ်”
ပေထင်းဟွမ်သည် နောက်ပိုင်းဇာတ်လမ်းများကို သိသည်။ မူလရည်ရွယ် ချက်များမှာ မတူညီသော်လည်း အဆုံးသတ်မှာ တူညီသည်။ သူမသည် ရင်ထဲမှ ခံစားချက်များကို ပြန်ချုပ်တည်းကာ မေးလိုက်သည် “ကျွန်မကို ဘာလုပ်စေချင် တာလဲ”
ကမ္ဘာမြေကြီးမိခင်သည် သူမ မေးလာလိမ့်မည်ဟု ထင်မထားသဖြင့် ပျော်ရွှင်သွားလေသည် “အခု ရှို့ဟွမ်လေးခုက မင်းရဲ့လက်ထဲရောက်နေတယ်၊ ဒီလေဟာနယ်ကို မင်း အခုမဟုတ်ရင် နောက်ကျ ထိန်းချုပ်နိုင်မှာပဲ၊ ငါ့မှာ တခြားလိုအပ်ချက်မရှိဘူး၊ အနာဂတ်မှာ မင်း ဒီလေဟာနယ်ကို ပြန်ဖန်တီးဖို့ကို ပဲ မျှော်လင့်ပါတယ်၊ နယ်ပယ်တစ်ခုအတွက် အမိန့်ကတော့ လူတိုင်းကို ဧကရာဇ်အထွတ်အထိပ်ဖြစ်ခွင့်မပြုဘူး”
“ဘာလို့လဲ” ပေထင်းဟွမ် နားမလည်နိုင်ဖြစ်နေသည်။
“ခွန်အားက လူတွေ လောဘတက်အောင်လုပ်လိမ့်မယ်၊ လူတွေ အဆုံးမရှိ နောက်ကလိုက်ကြလိမ့်မယ်၊ အဲလိုဆိုရင် စစ်ပွဲနဲ့ ကစဥ့်ကလျားတွေ အများကြီးဖြစ်လာမယ်၊ ငါတို့သုံးယောက် ဒီလေဟာနယ်ကို ဖန်တီးရခြင်းရဲ့ မူလရည်၇ွယ်ချက်က အေးချမ်းပြီး ကြွယ်ဝတဲ့ကမ္ဘာကို ဖန်တီးဖို့ပဲ၊ မင်းလည်း သိတဲ့အတိုင်းပဲ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ဒီလေဟာနယ်မှာ ဧကရာဇ် အထွတ်အထိပ်ထိ အဆင့်တက်တဲ့သူရှိလား” ဖန်ဆင်းရေးနတ်ဘုရားမေးမြန်း လေသည်။
“ဖြစ်နိုင်တာက...” ပေထင်းဟွမ်သည် မတွေးရဲပေ။
“နတ်မိစ္ဆာဝိညာဉ်ရဲ့ ထိပ်ပိုင်းမှာနေနိုင်တဲ့သူက အဲတုန်းက ငါ တမင် ချန် ထားခဲ့တဲ့လူပဲ၊ သူ့ရဲ့ခွန်အားက အခု ၃၃ ကောင်းကင်ဘုံမှာရှိနေတဲ့ အထွတ် အထိပ်အဆင့်အများကြီးကို ပျက်သုဉ်းနိုင်တဲ့အထိပဲ” ကမ္ဘာမြေကြီးမိခင်သည် ခေါင်းကိုဖြည်းဖြည်းချင်း ခါယမ်းလေသည် “နတ်မိစ္ဆာဧကရာဇ် လွဲသွားတာ၊ မင်းက ဘိုးဘေးတောင်ပေါ်က ဝိညာဉ်အလင်းတန်းတွယ်နေတဲ့ ညဘက်ပွင့် မယ်ပန်းအနက်ပဲ၊ သူက ညဘက်ပွင့်ပန်းနက် သူက မင်းအတွက်လာခဲ့တာ”
“သူက နတ်မိစ္ဆာနတ်ဘုရားကျူးတန့်ရခဲ့တဲ့ နတ်မိစ္ဆာဝိညာဉ်ထိပ်ဆုံး အဆင့်ရှိတဲ့လူက သူ့ကိုဘာမှမလုပ်နိုင်ဘူး၊ အချစ်မေတ္တာတစ်ခုတည်းကပဲ သူ့ကို ထိခိုက်အောင်လုပ်နိုင်တာ...”
“အဲဒါကို ပြောဖို့မလိုပါဘူး” ပေထင်းဟွမ်သည် စိတ်ဆိုးဆိုးနှင့်ပြောလိုက် သည် “အဲဒါတော့ သဘောမတူနိုင်ဘူး၊ သဘာဝကို လေးစားနိုင်တဲ့သူတွေပဲ နတ်ဘုရားဖြစ်လာနိုင်တာ၊ ရှင်က ဒီကမ္ဘာကြီးကိုဖန်ဆင်းခဲ့ပေမဲ့ ရှင်ကလည်း လူသားပဲ၊ အဲတော့ သူတို့တွေက သေခြင်းရှင်ခြင်းကြားမှာ ချစ်ခြင်းမုန်းခြင်းရှိ နေမှာပဲ၊ ရှင်က ကျွန်မနဲ့ ဘာမှမဆိုင်တဲ့ပုံပဲ ရှင့်အတွက် ဘာမှမလုပ်ပေးနိုင်ဘူး”
ပေထင်းဟွမ်သည် အသိစိတ်များအားလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် စကြာဝဋာအတွင်းသို့ ပြန်ရောက်သွားသလိုပင်။ ထိုနတ် အသိစိတ်သည် ကျယ်ပြောသောစကြာဝဋာအတွင်းတွင် ပြန်ဆုတ်သွားသည်။ အဆုံးမရှိ အေးစိမ့်သော နတ်အသိစိတ်ရုတ်သွားသည်မှာ ကမ္ဘာမြေကြီးမိခင် မည်မျှပင် အော်ခေါ်စေကာမူ ခြိမ်းခြောက်စေကာမူ ပေထင်းဟွမ်သည် လျစ်လျူရှုထားလေသည်။
ကောင်းကင်နှင့်မြေကြီးအကြားတွင် နတ်အလင်းတန်းသည် တစ်နေရာမှ ထွက်လာပြီး ဝိညာဉ်အသိစိတ်အလင်းတန်း ရုတ်တရက်လက်လာကာ နောက် ဆုံးတွင် ဘာမှမကျန်တော့လောက်အောင် ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် ပေထင်းဟွမ်သည် ဝိညာဉ်အသိစိတ်ကို ပြန်စုစည်းကာ ခန္ဓာကိုယ်ဆီသို့ ပြန်ပို့လိုက်သည်။ သူမသည် လက်ဖြန့်ကာ ကြည့်လိုက်သည်။ နတ်အလင်းတန်းသည် သူမ၏ခန္ဓာကိုယ်ထဲတွင် စုစည်းနေသည်။ နောက်ဆုံး ထိုအခိုက်အတန့်တွင် သူမသည် ကမ္ဘာမြေကြီးမိခင်၏ နောက်ဆုံးအသိစိတ် အလင်းတန်းကို ဖြတ်တောက်ခဲ့သည်။
သူမသည် ဖန်ဆင်းရေးနတ်ဘုရားကို သတ်ခဲ့သည်။
ထိုအချိန်ကစပြီး ကမ္ဘာမြေကြီးမိခင်သည် ဝိညာဉ်အသိစိတ်ကို စုစည်းပြီး နတ်မိစ္ဆာနတ်ဘုရားကဲ့သို့ ပြန်ဝင်စားရန် အခွင့်အရေးကို ဆုံးရှုံးခဲ့လေပြီ။
“ယန်ယဲ့ ကျွန်မတို့ကို လှည့်စားခဲ့တာက ဝိညာဉ်နတ်ဘုရားမျိုးနွယ် မဟုတ်တာကို ရှင်သိမှာမဟုတ်ဘူး” ပေထင်းဟွမ်သည် ဟာသတစ်ခုလိုတွေး သည် “ကမ္ဘာမြေကြီးမိခင်လို တည်ရှိမှုက အလင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူမ မသိတာက အလင်းမရှိဘဲ ဘယ်လိုလုပ် အမှောင်ရှိနိုင် မှာလဲ၊ သူမက ဝိညာဉ်နတ်ဘုရားဘက်လိုက်နေမှာ စိုးရတယ်၊ နတ်မိစ္ဆာနတ် ဘုရားက ဘယ်လိုလုပ် သူမကို အထင်လွဲရမှာလဲ”