← Chapters

ဧကရာဇ်အထွတ်အထိပ်ဖြစ်ဖို့ ခြေလှမ်းတစ်ဝက်

Vol. 84 Ch. 1663

ဧကရာဇ်အထွတ်အထိပ်ဖြစ်ဖို့ ခြေလှမ်းတစ်ဝက်

Vol. 84 Ch. 1663

“ဟွမ် ဘာဖြစ်တာလဲ”

ထိုအခိုက်အတန့်တွင် အသိစိတ်ပင်လယ်ထဲတွင် မင်၏အသံထွက်ပေါ် လာသည်။ သူသည် အနည်းငယ် ပူပန်လျက်ရှိသည် “ငါ့သွေးထဲက အမွေဆက်ခံ မှု တချို့ပျောက်ကွယ်သွားတာကို ခံစားလိုက်ရတယ်၊ ဘာဖြစ်တာလဲဆိုတာ သိလား၊ ကစဥ့်ကလျားနတ်အရင်းအမြစ် တစ်ခုခုဖြစ်တာလား”

ပေထင်းဟွမ်သည် ထိတ်လန့်သွားသည်။ သို့သော် ကံကောင်းစွာပင် သူမ သည် အရင်ကလိုမဟုတ်တော့ပေ။ သူမသည် အသက်ပြင်ပြင်းရှူလိုက်သည်။ ဝိညာဉ်အသိစိတ်ပင်လယ်ထဲတွင် အရာအားလုံးပါဝင်နေသည့် စကြာဝဋာသည် ထပ်မံပြောင်းလဲသွားလေပြီ။ စကြာဝဋာနယ်နိမိတ်တွင် ဘိုးဘေးတာင်သည် ပိုပို၍ကြည်လင်လာသည်။ ဘိုးဘေးတောင်ရှိ ဖန်းလိုင်နတ်သမီးကျွန်းတွင် နေဝင်ပြီး လထွက်လာသည်။ ပန်းများပွင့်လာပြီး ငှက်များတေးသီနေကြသည်။ ခမ်းနားလှသော မြင်ကွင်းပင်။

“မင်... အခုတော့ ဘာမှမတွေးနဲ့၊ ငါ့အသိစိတ်ပင်လယ်ထဲက ဒီ ကောင်းကင်နဲ့မြေကြီးကိုပဲကြည့်နေ၊ ကောင်းကင်ပေါ်က တိမ်တိုက်တွေ၊ နေဝင်တာနေထွက်တာ၊ လတောက်ပနေတာ၊ ပန်းတွေပွင့်သွားတာ ညှိုးသွား တာနဲ့ စမ်းချောင်းတွေစီးဆင်းနေတာကိုပဲ ကြည့်နေ၊ ဆောင်းဦးရာသီရောက်ရင် ဘိုးဘေးတောင်ရဲ့ အနိမ့်အမြင့်ကိုကြည့် လျှိုမြောင်နဲ့ တောကိုကြည့်၊ ဘာတွေ မြင်ရလဲ”

မည်သည့်အသံမှထွက်မလာပေ။ သူမသည် မင်၏ အသက်ရှူသံကို ခံစား မိသော်လည်း ဆက်ပြောလေသည် “မင်းရဲ့အမွေက ကမ္ဘာမြေကြီးမိခင်ဆီက လာတယ်၊ အဲဒါက မင်းဟာမဟုတ်ဘူး၊ မင်းက အသုံးပြုဖို့ ငှားလို့ပဲရမယ်၊ ငှားထားတဲ့ပစ္စည်းတွေက စွမ်းအားရဲ့ ၁၀ ပုံ ၁ ပုံတောင်ရနိုင်မှာမဟုတ်ဘူး၊ ဒြပ်စင်လေးခုစည်းမျဉ်းကို နားလည်မှပဲ အထွတ်အထိပ်ကြီးအလွယ်တကူဖြစ် လာမယ်လို့ မင်းငါ့ကိုပြောခဲ့တယ်၊ နောက်ဆိုရင် ဧကရာဇ်အထွတ်အထိပ်ဖြစ်ဖို့ အလားအလာရှိလာနိုင်မယ်”

“တကယ်တော့ မင်းတို့အားလံဒးမှားတယ်၊ ဒြပ်စင်အားလုံးကို နားလည်မှ ပဲ 'ဗလာကျင်းတည်ရှိမှု' စည်းမျဉ်းကို နားလည်နိုင်မယ်၊ အဲဒါမှ အနာဂတ်မှာ အထွတ်အထိပ်ဧကရာဇ်ကို ရောက်နိုင်မှာ”

အချိန်မည်မျှကြာသွားသည်မသိပေ။ ပေထင်းဟွမ်သည် ပိုပို၍စိတ်လှုပ် ရှားလာသည်။ ကမ္ဘာမြေကြီးမိခင်၏ အသိစိတ်အလင်းတန်းကို မသတ်သင့်ဟု စတင်နောင်တရလာသည်။ ရုတ်တရက် မင် သက်ပြင်းချလေသည်။ ထိုအခါမှ ပင် ပေထင်းဟွမ်၏စိတ်ထဲမှ တင်းမာနေသော ကြိုးတစ်ချောင်းကို ဖြတ်လိုက် သလိုပင်။

သူမသည် အနည်းငယ် ယိုယွင်းလသည်။ ပထမဆုံးအကြိမ်အနေနှင့် သူမ လုပ်ခဲ့သည့်အရာကို နောင်တရလာသည်။

မင်သည် သူမ၏စိတ်နှင့်ဆက်သွယ်ပြီး သူမ၏စိတ်ကို ခံစားသည်။ သူမ ၏ရင်ထဲမှ ပျော်ရွှင်မှုကိုခံစားသည်။ ထို့နောက် ပျော်ရွှင်မှုကို ထိန်းချုပ်ကာ ပြော လေသည် “ဟွမ် နက္ခတ္တဗေဒနဲ့ ပထဝီအရ အဲဒါတွေကနေတစ်ဆင့် အန္တိမ စည်းမျဉ်းကို နားလည်နိုင်တယ်ပေါ့၊ အန္တိမစည်းမျဉ်းကိုနားလည်ပြီးတော့ စုထားတဲ့စွမ်းအင်တွေ သုံးနိုင်တာနဲ့ ဧကရာဇ်အထွတ်အထိပ်ဖြစ်နိုင်တယ်”

“ဟွမ် မင်းနဲ့ငါက ဧကရာဇ်အထွတ်အထိပ်အဆင့် တစ်ဝက်ကိုရောက်နေ ပြီ”

ထိုစကားကိုကြားပြီးနောက် မင် လုပ်နိုင်ပြီဆိုသည်ကို သူမ နားလည် လိုက်သည်။ သူမသည် နက္ခတ္တဗေဒနှင့် ပထဝီဝင်အနေအထားကြောင့် စည်းမျဉ်းများကို နားလည်ခဲ့ခြင်းမဟုတ်ပေ။ သူမသည် 'တည်ရှိမှု' မှတစ်ဆင့် 'ဗလာကျင်းမှု' ကိုနားလည်ခြင်းဖြစ်သည်။ အရာအားလုံးသည် 'ဗလာ' မှလာ ခြင်းဖြစ်ကြောင်း နားလည်ထားသည်။

ပေထင်းဟွမ်သည် မင် စနောက်သည်ကိုသိပြီးနောက် သက်ပြင်းချလိုက် သည်။

သူမသည် ချက်ချင်းပင် ဒေါသဖြင့် ပြောလေသည် “ငါက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ထင်နေတာလား၊ မင်းက ငါ့ရဲ့အသက်သားရဲဖြစ်တာနဲ့ မင်းကို ဘာမှမလုပ်နိုင်ဘူးထင်နေတာလား၊ အဲဒါကြောင့် ငါ့ကို အနိုင်လာကျင့်နေတာ ပေါ့လေ၊ ငါ ခုနက ဘယ်လောက်တောင် ဝမ်းနည်းသွားလဲသိလား”

မင်သည် ရုတ်တရက် ကြောင်စီစီဖြစ်သွားသည်။ အစောက သူသိလိုက်ရ သည့် စကြာဝဋာအန္တိမစည်းမျဉ်းသည် ပျောက်ကွယ်သွားသည် မည်သို့ ဖြေရ မည်ကိုမသိတော့ပေ “ငါ ငါ မင်း.. မင်းက လွန်ခဲ့တဲ့နှစ်တစ်သောင်းက သွေးစာချုပ်ကြောင့် မွေးလာတဲ့သူပဲ၊ ကမ္ဘာမြေကြီးမိခင်ရဲ့ နောက်ဆုံးအသိစိတ် အလင်းတန်းကို သတ်ပြီး ငါ့ရဲ့အမွေကိုဖြတ်တောက်ခဲ့တာ၊ ဒါကို မင်း ယန်ယဲ့ အတွက် လုပ်ခဲ့တာ၊ မင်း ယန်ယဲ့ကို ပိုသဘောကျ...”

ဒါကဘယ်ကရောက်လာတာလဲ။

“ဒါပေမဲ့ ပြီးမှ မင်း နောင်တရတာကို ငါခံစားရတယ်၊ ငါလည်းပျော်ပါ တယ်၊ ငါ့ရဲ့အမွေ ကျိုးပျက်သွားပေမဲ့ ကိစ္စမရှိဘူး မင်းငါ့ကို ဂရုစိုက်နေသရွေ့...”

ပေထင်းဟွမ်သည် ချက်ချင်းပင် ဒေါသဖြစ်လာသဖြင့် မင်နှင့် အဆက်အသွယ်ကို ပိတ်ချလိုက်သည်။ သူမသည် ဂူထဲမှထခုန်လိုက်သည်။ သူမသည် တရားထိုင်နေသည့်ဂူမှ အပြင်သို့ထွက်လာခဲ့လိုက်သည်။

All Chapters