← Chapters

နှလုံးသားမဲ့ပြီး ကျေးဇူးကန်းခြင်း

Vol. 84 Ch. 1665

နှလုံးသားမဲ့ပြီး ကျေးဇူးကန်းခြင်း

Vol. 84 Ch. 1665

“နတ်မိစ္ဆာ... နတ်မိစ္ဆာဧကရာဇ်” ပင်ဖုန်းသည် မျက်ရည်များကျလာ၏။ သူမသည် ဤလူကိုချစ်ရုံသာဖြစ်သည်။ သူမ မှားသွားလေသလား။ “ရှင်က ရှင့်အပေါ်မှာထားတဲ့ ကျွန်မရဲ့ခံစားချက်တွေကို နင်းခြေခဲ့တာ၊ အဲဒါကြောင့် ရှင်က နှလုံးသားမဲ့ပြီး ကျေးဇူးကန်းတဲ့လူလို့ ၃၃ ကောင်းကင်ဘုံကလူတွေ ပြော ကြတာ”

နတ်မိစ္ဆာဧကရာဇ်သည် ရက်စက်သလား။

ကျုံကျိုးမြို့မှလူများ မျက်လုံးပြူးထွက်လာသည်။ ဤလူသည် နှလုံးသား မဲ့ပြီး ကျေးဇူးကန်းပါက ကမ္ဘာပေါ်တွင် ချစ်တတ်တဲ့သူရှိပါဦးမည်လား။

ရှီရှောင်မိုသည် မှင်တက်ကာ အနည်းငယ်နားမလည်သဖြင့် ပြောလိုက် သည် “စိတ်အားထက်သန်တဲ့သူတွေပဲ ကျေးဇူးကန်းကြတာမလား၊ နှလုံးသားမဲ့ တာကလည်း သူ့ခံစားချက်တွေကို ငါ့ညီအစ်ကိုကို ပေးလိုက်လို့လေ၊ မင်းအတွက် ကျန်ဦးမှာလား”

ပေထင်းဟွမ်သည် ယောင်းမလောင်းကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချ မိလေသည်။ သူမသည် မတုံးအပေ။ ဤကလေးသည် ခံစားချက်များကို ထိန်း ထားသည်ကိုထင်ထားသော်လည်း တစ်စုံတစ်ယောက်ကို သဘောကျနေသည် ကိုတော့ သူမပင်မသိပေ။ သူမသည် အသိဉာဏ်တချို့ရှိကာ အမှန်တရားကို မြတ်နိုးရမှန်းနားလည်သည်။

ကျုံကျိုးမြို့ကိစ္စပြီးသည့်နောက် သူသည် ကလေးနှစ်ယောက်ကိစ္စကို အာရုံစိုက်ရန်လိုသည့်သပုံပင်။ ဖြစ်နိုင်သမျှ ဤကိစ္စကို မြန်မြန်ဖြေရှင်းပေးရ မည်။

ပေထင်းချင်းသည် အာရုံပြောင်းသွားလေသည်။ ဤအရာကို အရင်ပေထင်းမိသားစု၏ ခေါင်းဆောင် ပေထင်းချင်းသာ လုပ်နိုင်မည်။

ပင်ဖုန်း၏စွပ်စွဲချက်ကို ကြားပြီးနောက် ယန်ယဲ့သည် ဘာတစ်ခွန်းမှ မပြောပေ။ ဤကဲ့သို့လူမျိုးနှင့် စကားများနေရန်လိုသည်ဟု သူ မထင်ပေ။

သူ၏အသံကို ၃၃ ကောင်းကင်ဘုံတစ်ခုလုံးမှ ကြားလိုက်ရသည်။ နဂါး ဧကရာဇ်နှင့် ဇာမဏီဧကရာဇ်တို့ မျက်နှာအနည်းငယ်ရှိလျှင် သေချာပေါက် ထွက်လာည်ဖြစ်သည်။

“နဂါးဇာမဏီတောင်ကြားက သေချာပေါက် ဒီနေ့ပျက်စီးရမယ်”

နောက်ထပ်လွှမ်းမိုးနိုင်သောအသံသည် မိုးကြိုးသွားစွမ်းအားနှင့်အတူ ထွက်ပေါ်လာသည်။ ထိုလူမရောက်ခင် ကောင်းကင်တစ်ခုလုံးတွင် ကိုးရောင် မီးတောက်များဖြင့် ပြည့်နှက်သွားလေသည်။ မီးတောက်များအကြားမှ ချောမောသောလူငယ်တစ်ယောက် ထွက်လာပြီး ယန်ယဲ့နှင့်ဘေးချင်းယှဉ်ရပ် လိုက်သည်။ သူသည် လုံဖုန်းတောင်ကြားမှလူများကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လေသည် “နဂါးဧကရာဇ် မင်းနဲ့ဖုန်းဟွမ်တို့က ငကြောက်တွေဖြစ်ချင်တာလား၊ ငါ ကိုးရော်ငအထွတ်အထိပ်က တစ်နေ့ပြန် လာမယ်လို့ မထင်ထားကြဘူးလား”

“ကိုးရောင် မင်းကိုယ်မင်း အထွတ်အထိပ်ကြီးပါလို့ခေါ်ရအောင် ဘာ အရည်အချင်းရှိလို့လဲ”

လွှမ်းမိုးနိုင်သော်လည်း အနည်းငယ်နာကြည်းသောအသံသည် နဂါးဇာမဏီတောင်ကြားမှ ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင် သည် ကောင်းကင်တစ်ခြမ်းကို လွှမ်းသွားသည်။ ပုံရိပ်နှစ်ခုနောက်တွင် ရွှေရောင်နဂါးနှင့် ရွှေရောင်ဇာမဏီတို့၏ ရှည်လျားသောအရိပ်သည် အားလုံး ရှေ့တွင် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လုံဖုန်းတောင် ကြားအဖွဲ့၏ရှေ့သို့ရောက်နေပြီဖြစ်သည်။

“ရွှေရောင်နဂါးနဲ့ ရွှေရောင်ဇာမဏီတို့ကလည်း နဂါးဇာမဏီတောင်ကြား ရဲ့သခင်ဖြစ်ဖို့ အရည်အချင်းပြည့်မှီလောက်အောင် သွေးသန့်စင်လို့လား” မင် သည် နှာမှုတ်လိုက်သည်။ သူသည် လက်ကိုနောက်ပစ်ကာ မီးတောက်ကို ကိုင် ထားသည်။ ဤအရာသည် ကိုးရောင်မီးတောက်ဖြင့် ပြုလုပ်ထားသည့် လက်နက်ဖြစ်သည်။ ထို့နောက် လက်ကိုမြှောက်ကာ လုံဖုန်းတောင်ကြားရှိရာ ဘက်သို့ ရဲတင်းသောရောင်ဝါဖြင့် ဖိနှိပ်လိုက်သည်။

လုံဖုန်းတောင်ကြားသည် တစ်မိုင်ခန့် တညီတညာတည်း နောက်ဆုတ် ကြလေသည်။ နဂါးဧကရာဇ်နှင့် ဖုန်းဟွမ်တို့သည် ထိုအဟုန်ကြောင့် ရပ်တန့် လိုက်ကြသည်။ သူတို့နှစ်ယောက်သည် မင်၏ခွန်အားကို လုံးဝမမြင်ရပေ။ သူသည် ဝိညာဉ်လက်နက် ကိုင်ထားသည်ဟု တွေးနေကြသည်။ ထို့အပြင် တစ်ဖက်တွင် အဆင့် ၁၂ သန့်စင်သောလက်နက်သန့်စင်သူ ယန်ယဲ့ရှိသည်။

သို့သော် ဤအချိန်တွင် သူ လှုပ်ရှားလိုက်ရာ နဂါးဧကရာဇ်နှင့် ဇာမဏီ ဧကရာဇ်တို့သည် အခြေအနေတင်းမာမှုကို ခံစားမိကြလေသည်။ မင်၏ခွန်အား သည် သူတို့ကိုလွှမ်းမိုးနိုင်ပြီး မင်အား ဖိနှိပ်ရန် သူတို့နှစ်ယောက်လုံး ပူးပေါင်း ရတော့မည်။

ထိုအကြောင်းအရာသည် နဂါးဧကရာဇ်နှင့် ဇာမဏီဧကရာဇ်တို့ကို ထိတ်လန့်စေသည်။ နှစ်ပေါင်းမည်မျှကြာသွားသနည်း။ ထိုစဉ်က သူတို့လိုက်ခဲ့ သည့် ဤမှော်သားရဲသည် ထွက်ပြေးသွားခဲ့သည်။ လေဟာနယ်အက်ကြောင်း များကိုဖြတ်ကာ ထွက်ပြေးနိုင်ခဲ့ပြီး သေခြင်းကိုးပါးမှရှင်သန်ခဲ့သည်။ သူ မည်သို့ များဤအဆင့်ထိ ကြီးထွားလာခဲ့သနည်း။

ဤအရာသည် သူတို့အတွက် ကပ်ဘေးဖြစ်လာမည်မှာ ကျိန်းသေပင်။

All Chapters