← Chapters

ပင်ဖုန်း၊ မင်းနဲ့ငါ့ကြားမှာ တိုက်ပွဲရှိသေးတယ်

Vol. 84 Ch. 1666

ပင်ဖုန်း၊ မင်းနဲ့ငါ့ကြားမှာ တိုက်ပွဲရှိသေးတယ်

Vol. 84 Ch. 1666

ထိုမြင်ကွင်းကိုကြည့်ပြီး ကျံကျူးမြို့မှလူများအားလုံးသည် ဘဝင်ခိုက်ကြ လေသည်။ မူလက ဤတိုက်ပွဲသည် သူတို့အတွက် ခက်ခဲကာ အနိုင်ရနိုင်မည် မဟုတ်ဟု တွေးထားကြသည်။ သူတို့သည် ထွက်ပေါက်ရှာရမည်ဟု ထင်ခဲ့ သည်။ သို့သော် ဤအခိုက်အတန့်တွင် သူတို့သည် လက်ဦးမှုယူနိုင်မည့်ပုံပင်။

“သံမဏိသွေးအဖွဲ့ ငါ့အမိန့်ကိုနာခံကြ၊ တိုက်ခိုက်ကြမယ် နဂါးဇာမဏီ တောင်ကြားကိုသိမ်းပိုက်ပြီး ငါတို့နယ်နိမိတ်ကို ချဲ့ထွင်ကြမယ်” ထိုအခိုက် အတန့်တွင် ပေထင်းချင်းသည် စိတ်ဓာတ်မြင့်မားလျက်ရှိသည်။ သားဖြစ်သူ သည် မြေကိုသိမ်းပိုက်နိုင်ပါက သူသည် ဤနေရာတွင် အခြေချနိုင်မည်ဖြစ် သည်။

ပေထင်းလန်နှင့် ယွဲ့မြန်ယင်းတို့သည်လည်း အဖွဲ့ထဲတွင်ပါဝင်သည်။ သူတို့ ၃၃ ကောင်းကင်ဘုံမြေတွင် လူလုံးထွက်ပြသည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။ နှစ်ပေါင်းများစွာအတွင်းတွင် နေရောင်အောက်တွင်ရပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သလို ပုန်းကွယ်နေရန်မလိုပေ။

တစ်နေ့တွင် သူတို့၏ကလေးများ၏ ကြိုးစား၍ရလာသော နိုင်ငံနှင့် စွမ်းအားတို့သည် သူတို့၏အရိပ်အာဝါသဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ကြ ပေ။ ထိုအရာသည် ကမ္ဘာပေါ်မှမိဘများအားလုံး အလွန်အားကျရသည့်အရာ ပင်။

“ကလေးတွေပြန်လာပြီဆိုတော့ ကျွန်မတို့တွေ သူတို့နဲ့ပတ်သက်ရတော့ မှာပဲ၊ ဒီနေ့ရန်သူနည်းနည်းလောက် ပိုသတ်လိုက်တာက သူတို့အတွက် လုပ်နိုင်တဲ့အရာပဲ” ယွဲ့မြန်ယင်းသည် ခင်ပွန်းဖြစ်သူပေထင်းလန်အား ခံစားချက်ဖြင့် ပြောလေသည်။

ပေထင်းလန်သည် ပြုံးပြီးခေါင်းညိတ်လိုက်သည်။ သူသည် ဇနီးဖြစ်သူ၏ လက်ကိုဖျစ်ညှစ်လိုက်သည် “အဲလိုမပြောနဲ့ ကလေးနှစ်ယောက်လုံးက ထူးချွန် ကြတယ်၊ လိမ္မာကြတယ်၊ မိသားစုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာမဟုတ်ဘူး၊ မင်း ဒီလိုတွေးနေတာသိရင် သူတို့နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာ တန်မှာမဟုတ်ဘူး”

“ဟုတ်တယ်” ယွဲ့မြန်ယင်းသည် ပေထင်းချင်းပြောခဲ့သမျှကို တွေးမိလေ သည်။ ကလေးနှစ်ယောက်သည် မိဘများကိုရှာရန်နှင့် ယွဲ့မျိုးနွယ်ကို လက်စားချေရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ထိုစကားကိုကြားပြီးနောက် ယွဲ့မြန်ယင်းသည် မျက်ရည်များကျခဲ့သည်။

ကျုံကျိုးမြို့ဘက်တွင် အဟုန်သည် သက်တန့်တစ်စင်းလိုပင်။ မြေကြီး ပေါ်ရှိ တောင်ထိပ်တွင် နှစ်ဖက်လုံးသည် ပြင်းထန်စွာ ထိပ်တိုက်တွေ့လေ သည်။ ကောင်းကင်ပေါ်တွင် ယန်ယဲ့နှင့် မင်တို့သည် နဂါးဧကရာဇ်နှင့် ဇာမဏီ ဧကရာဇ်တို့နှင့် အသီးသီး တိုက်ခိုက်ကြလေသည်။ ပင်ဖုန်းသည် ဘေးတွင်ရပ် ပြီး နှုတ်ခမ်းများကိုကိုက်ကာ ယန်ယဲ့နှင့်မင်တို့၏လက်ထဲတွင် ရှုံးနိမ့်နေသည့် မိခင်နှင့်ဖခင်တို့ကို ကြည့်နေသည်။

သူမ ဘာလို့ ဒီလောက်ကံဆိုးရတာလဲ။

ဒီနှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် ဒီလောက် ကူညီနေ ရတာလဲ။

ယခုမှာ မင်သည် လုံဖုန်းတောင်ကြားတွင် အလိုက်ခံရပြီး သတ်ဖြတ်ခံရ သည့် ခံစားခဲ့ရသမျှကို လက်စားချေခြင်းဖြစ်သည်ဟု ပင်ဖုန်း လုံးဝတွေးမိမည် မဟုတ်ပေ။ မင်က ခံစားရပြီးတောက လက်စားမချေတတ်တဲ့လူမျိုးမို့လို့လား။ သူသည် မောက်မာသည်။ သူသည် ကောင်းကင်နှင့်မြေကြီးနှင့်အတူ မွေးဖွားခဲ့ ပြီး သူ၏ကံကြမ္မာသည် တခြားသားရဲများထက် မြင့်မားသည်။ နဂါးဧကရာဇ်နှင့် ဇာမဏီဧကရာဇ်တို့ သူ့ကိုအလွယ်တကူအနိုင်ကျင့်တာကို မည်သို့ခံရမည် နည်း။

“ဖုန်းအာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ ဘိုးဘေးဆီကိုသွားပြီး ငါတို့ကို ကူညီဖို့ပြောလိုက်၊ သူ့နှုတ်ခမ်းက သေဆုံးပြီး သွားတွေအေးစက်နေပြီလို့သာ ပြောလိုက်” ဖုန်းဟွမ်သည် မင်၏တိုက်ခိုက်မှုကို မခံနိုင်တော့သည်ကိုကြည့်ရ လျှင် သူမနှင့် နဂါးဧကရာဇ်တို့ရှုံးနိမ့်သည်နှင့် နဂါးဇာမဏီတောင်ကြားသည် ပျောက်ကွယ်သွားနိုင်သည်။

ပင်ဖုန်းသည် အချိန်ဆွဲနေရန် အချိန်မရှိသည်ကိုသိသဖြင့် လှည့်ကာ ထွက်သွားမည်အပြုတွင် အင်အားတစ်ခုသည် တားထားလေသည်။

“ပင်ဖုန်း မင်းနဲ့ငါ့ကြားမှာ တိုက်ပွဲရှိသေးတယ်၊ ဘယ်သွားမလို့လဲ”

ပေထင်းဟွမ်၏အသံသည် ကောင်းကင်ပေါ်မှထွက်လာပြီး ပုံရိပ်တစ်ခု သည် ကောင်းကင်ဘုံကိုးလွှာမှ ဆင်းသက်လာသလိုထင်ရသည်။ အနက်ရောင် ဆံပင်၊ အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးသည် သူမရှေ့တွင်ရပ်နေပြီး သူမ၏ ထူးခြားသောမျက်နှာသည် တောက်ပလိုက် မှေးမှိန်လိုက်ဖြစ်နေသော်လည်း ကျောက်စိမ်းကဲ့သို့ ကြည်လင်လှသည်။

ထိုမိန်းကလေး၏ အသွင်အပြင်သည် လှပလွန်းသည်။

သူမ၏မျက်လုံး မျက်ခုံးထောင့်များသည် ဆွဲဆောင်မှုအပြည့်နှင့်ပင်။ နှစ်ပေါင်းမည်မျှကြာအောင် နေလာခဲ့သည်မှန်းမသိနိုင်သည့် ပင်ဖုန်းသည် ယောက်ျားတစ်ယောက်၏ မျက်နှာသာပေးသည့် မိန်းကလေးတစ်ယောက်သာ ယခုလိုဖြစ်နိုင်သည်ကို ကြည့်လိုက်သည်နှင့်ပြောနိုင်သည်။

“မင်းတို့ မင်းတို့တွေ ဒီလိုအောက်တန်းကျတာတွေ လုပ်တယ်ပေါ့” ပင်ဖုန်းသည် ဒေါသထွက်လေသည်။

ပေထင်းဟွမ်သည် သူမစကားအဆုံးကိုပင် နားမထောင်တော့ဘဲ လက်ထဲ မှဓားကိုဆွဲကာ ပင်ဖုန်းအားချိန်ရွယ်ပြီး ဒေါသဖြင့်ပြောလိုက်လေသည် “ငါက သူနဲ့လက်ထပ်ဖို့ ကံပါလာပြီးသားကို မင်းက ငါ့ကိုစော်ကားနေတာပဲ”

“ကောင်မ မင်းငါ့လူကို အငမ်းမရလိုချင်တနာဲ့ ငါ့ကို ဒီလိုမျိုးစော်ကားရဲ တယ်ပေါ့” ပေထင်းဟွမ်သည် ဤမျှဒေါသမထွက်ဖူးပေ။

All Chapters