အခန်း (၁၆၆၇)
Vol. 84 Ch. 1667
န်း၏ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါရစ်ပတ်ကာ မရှောင်ရှားနိုင်အောင် ဖြစ်စေ သည်။
ပင်ဖုန်း၏ပုံရိပ်သည် မချမ်းမြေ့နိုင်တော့ပေ။ သို့သော် သူမသည် ပေထင်းဟွမ်၏ဓားပျော့အောက်မှ ဘာကြောင့် မလွတ်မြောက်နိုင်သည်ကို မသေခင်အထိ နားမလည်နိုင်သေးပေ။
“ပေထင်းဟွမ် လူတွေကို အဲလောက်အနိုင်မကျင့်နဲ့” ပင်ဖုန်းသည် သူမ၏ မူလခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်သည်။ သူမသည် နဂါးနှင့်ဇာမဏီ သွေးသားရှိသော နဂါးဧကရာဇ်နှင့် ဇာမဏီဧကရာဇ်တို့၏ ကလေးများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် သူမ အသွင်ပြောင်းလိုက်သည်မှာ ကိုးရောင် နဂါးဇာမဏီဖြစ်သည်။
“မင်း ငါ့ကိုသတ်ချင်ရင် လာသတ်လေ၊ ငါ့ကိုရာရာစစ စော်ကားရဲသေး တယ်” ဤအချိန်တွင် ပေထင်းဟွမ်သည် လက်ချောင်းကလေး လှုပ်လိုက်သည် နှင့် သူမအား ပြာအဖြစ်ပြောင်းနိုင်သည်ကို ပင်ဖုန်း မသိပေ။ သို့သော် သူမသည် ကြာပွတ်ဖြင့် ရိုက်လေသည်။
ထိုအချိန်တွင် ပင်ဖုန်းသည် ရှောင်ရှားရန်လမ်းမရှိတော့ဘဲ တောင်နှင့် ကွင်းပြင်များကိုဖြတ်ပြီး ပြေးရတော့သည်။ ထုံရှန့်ဧရိယာထဲတွင် မြေကြီးများ တစ်ခုပြီးတစ်ခုအက်ကွဲသွားကာ နှင်းဖြူရောင်ဓားပျော့သည် ရှည်လျားသော ကြာပွတ်ကဲ့သို့ လေဟာနယ်ကို ခွဲလေသည်။ ကောင်းကင်ပေါ်တွင် မိုးကြိုးနှင့် လျှပ်စီးများ ဖြစ်ပေါ်လာပြီး ၃၃ ကောင်းကင်ဘုံတစ်ခုလုံးတွင် ကမ္ဘာပျက်နေ သလိုပင်။
ပြောဖို့မလိုအောင်ပင် မင်နှင့်ယန်ယဲ့တို့သည် နဂါးဧကရာဇ်နှင့် ဇာမဏီ ဧကရာဇ်တို့ကို အားကောင်းသော တိုက်ကွက်များဖြင့် တိုက်ခိုက်လေသည်။
မူလက မင်သည် ကိုးရောင်အထွတ်အထိပ်ဟု ခေါ်ရန် အရည်အချင်း မပြည့်မှီသေးဟု နဂါးဧကရာဇ်ပြောခဲ့သည်။ ယခုအချိန်တွင်တော့ သူသည် လုံးဝ မှင်တက်နေရသည်။ မင်၏တိုက်ကွက်များ၏စွမ်းအင်သည် အားကောင်း ရုံသာမကဘဲ ဖုန်း၏တိုက်ခိုက်မှုကို ခုခံနိုင်ကာ အသာစီးရနေသည်။
“အန္တိမကမ္ဘာကြီးစည်းမျဉ်းကို သူ နားလည်သွားလို့များလား” ထိုသို့တွေး ပြီးနောက် နဂါးဧကရာဇ်သည် ပျာယာခတ်သွားသည်။
တစ်ဖက်တွင် ပင်ဖုန်း၏ခွန်အားသည် အထွတ်အထိပ် အဆင့် ၁ ရောက် နေပြီဖြစ်သော်လည်း သူမသည် ၃ နှစ်အရွယ် ကလေးတစ်ယောက်ကဲ့သို့ ပေထင်းဟွမ်၏ ရိုက်ခြင်းကိုခံနေရသည်။ ပေထင်းဟွမ်၏ခွန်အားသည် အထွတ်အထိပ်အဆင့် ၉ ဖြစ်နေသော်လည်း ဤအဆင့်ကို မအောင်မြင်သေး ပေ။
“သူတို့က ဧကရာဇ်အဆင့်တစ်ဝက်ရောက်နေပြီပဲ” နဂါးဧကရာဇ်သည် မှင်တက်နေလေပြီ။
ယန်ယဲ့သည့် နဂါးဧကရာဇ်၏အတွေးများကို ခန့်မှန်းမိပုံရကာ နဂါး ဧကရာဇ်အား ဖြည်းဖြည်းချင်းတိုက်ခိုက်လေသည်။ သူသည် တိုက်ပွဲကို အဆုံးသတ်ရန်မလောပေ။ မြေပေါ်တွင် ရုပ်သေးရုပ်တပ်သားများသည် ကျုံကျိုးမြို့နှင့် ပူးပေါင်းကာ အသာစီးရနေပြီဖြစ်သည်။ ဤတိုက်ပွဲသည် မကြာခင် အဆုံးသတ်တော့မည်။
“ဒီနေရာက မိန်းမက ကောင်းကင်နဲ့မြေကြီးတည်ရှိမှုကို အထင်သေးချင် နေတာပဲ၊ အဲတုန်းက နဂါးဧကရာဇ်က မင်းကို အသက်အလင်းတန်းပေးခဲ့တယ် ဒါပေမဲ့ မင်းက မသေချာခဲ့ဘူး၊ နောက်ဆုံးတော့ ဒီနေရာကိုပဲ မျက်နှာသာပေးခဲ့ တယ်၊ ပြီးတော့ ဒီနေ့တော့ ဒီနေရာကပ မင်းကို အဆုံးသတ်စေလိမ့်မယ်”
မင်သည် ဖုန်းဟွမ်အား ခြေထောက်အောက်သို့နင်းထားကာ ဖန်ထျန်းလှံ ဖြင့် ဖုန်းဟွမ်၏ဦးခေါင်းကို ချိန်ကာ အေးစက်စွာပြောလိုက်သည် “သူခိုး ဒီနှစ် တွေကမှာ ငါ့ကိုသတ်ဖို့ အမိန့်ပေးခဲ့တာမလား”
“အဲတော့ဘာဖြစ်လဲ မင်းသတ်ချင်ရင် ငါ့ကိုသတ်လိုက်” ဖုန်းဟွမ်သည် သမီးဖြစ်သူအား ကြည့်လိုက်သည် “မင်း ငါတို့ကိုသတ်ရင် ဘိုးဘေးက အလွတ် ပေးမှာမဟုတ်ဘူး၊ မင်းက ဘိုးဘေးကို အနိုင်ယူနိုင်မယ်လို့ထင်လား”
မင်သည် ထိုဘိုးဘေးများကိုဂရုမစိုက်ပေ။ သူသိသည်မှာ သူ့ကိုအနိုင်ကျင့် သူသည် တန်ရာတန်ကြေးပေးရမည်။
“ဟားဟားဟား အနာဂတ်အကြောင်းပြောကြတာပေါ့”
သူ၏ရယ်သံသည် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်စေကာ ကိုးရောင် နိဗ္ဗာန်မီးသည် ကောင်းကင်ကိုဆွဲယူလိုက်သကဲ့သို့ နဂါးဧကရာဇ်နှင့် ဇာမဏီ ဧကရာဇ်တို့ကို လွှမ်းမိုးလေသည်။ ယန်ယဲ့၏လက်ထဲမှ နတ်မိစ္ဆာဓားသည် နဂါး ဧကရာဇ်၏ဦးခေါင်းကို ခပ်ပြင်းပြင်းခုတ်ချလိုက်ရာ ဝိညာဉ်ဆေးလုံးသည် မီးတောက်ထဲသို့ လွင့်ကျသွားလေသည်။
ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ကို ပစ်လွှတ်လိုက်သည်နှင့် ပင်ဖုန်း၏ ခန္ဓာကိုယ်မှာ ပြတ်သွားကာ ဝိညာဉ်ဆေးသည် မီးတောက်ထဲသို့ လိမ့်သွားလေ တော့သည်။
ဝိညာဉ်ဆေးလုံးသုံးလုံးသည် ငွေရောင်အလင်းတန်းထွက်လာပြီး ပေါက်ကွဲတော့မည့် လက္ခဏာပြလေသည်။