ဧကရာဇ်အထွတ်အထိပ် အဆင့်တစ်ဝက်
Vol. 84 Ch. 1668
မြေကြီးအထက်တွင် လုံဖုန်းတောင်ကြားမှလူများ ထိုအရာကိုမြင်သော အခါ ချက်ချင်းပင် လုံဖုန်းတောင်ကြားအဖွဲ့ရှိရာသို့ လူဖြန့်ပြေးကြလေသည်။ အထွတ်အထိပ်အဆင့်နှစ်ယောက်ဆိုလျှင်တောင် အဆင့် ၁ အထွတ်အထိပ် ဝိညာဉ်ဆေးနှင့် ဝိညာဉ်ဆေး သုံးလုံးအဖြစ် ပျက်ဆီးခြင်းသည် မည်သို့ဖြစ်သည် ကို တွေးမရနိုင်ပေ။
သူတို့ကို ကျုံကျိုးမြို့မှလူများ မသတ်ခင် သူတို့၏ဧကရာဇ် ဖောက်ခွဲ လိုက်ခြင်းကြောင့် သေသွားနိုင်သည်။
ပေထင်းချင်းနှင့်တခြားသူများသည် မှင်တက်နေသည်။ အထွတ်အထိပ် ကြီးအဆင့်ကို သတ်ရန်မည်မျှခက်ခဲသည်ကို သူတို့နားလည်သည်။ သို့သော် အထွတ်အထိပ်ကြီးတစ်ဦး မိမိကိုယ်ကိုဖျက်ဆီးခြင်းကြောင့် နောက်ဆက်တွဲ သည် တွေးမရနိုင်လောက်အောင်ဖြစ်စေသည်။
“မင် မင်းမှာ အဲဒီဝိညာဉ်ဆေးသလုံးလုံးကို နေရာချဖို့ နည်းလမ်းရှိထားရ မယ်မဟုတ်လား” ယန်ယဲ့သည် အကြောင်းမဲ့ ပြုံးပြီးပြောနေသည် “ဧကရာဇ် အထွတ်အထိပ်အဆင့်တစ်ဝက်နဲ့ မင်းရဲ့အရည်အချင်းက ဒီလောက်ကောင်း တာကို ငါဘာလို့မသိခဲ့ရတာလဲ”
မင်သည် ယန်ယဲ့အား ခါးသက်စွာကြည့်လိုက်သည်။ ထို့နောက် ပေထင်းဟွမ်အား ရှက်ရွံ့စွာကြည့်လိုက်သည် “ငါလည်း ဟွမ်နဲ့ အမွေဆက်ခံသူ ရှိချင်တယ်၊ ဒါပေမဲ့ အဲဒါက မိန်းကလေးတစ်ယောက်အတွက် အရမ်း အကျိုးအကြောင်းမသင့်တာကို သိလိုက်ရတယ်၊ ဒီလိုခေါင်းကိုက်စရာမျိုးကို မင်းကိုပဲ အပ်လိုက်တာပိုကောင်းမယ်”
“ဟား ဟား ဟား”
သည်အောင်နိုင်မှုသည် အခုလေးက နဂါးဧကရာဇ်ကို အနိုင်ယူခဲ့စဉ်က ထက်ပိုပျော်ရွှင်ရသည်။ သူ ကောင်းကင်ပေါ်သို့ လက်ဆန့်ထုတ်လိုက်သည်နှင့် အဆုံးမရှိရှည်ထွက်လာသော စွမ်းအားကြောင့် ကောင်းကင်နှင့်မြေကြီးပေါ်မှ လူများသည် မှင်တက်သွားလေသည်။ ပေထင်းဟွမ်သည်လည်း စမ်းကြည့်ချင် သည်။ သူမ၏မျက်လုံးများသည် ကောင်းကင်အနောက်မှ စကြာဝဠာကိုသာ မြင်နေရသည်။ သူမသည်လည်း ဆန့်ထုတ်ချင်သည်။ သို့သော် ဘာမှဖြစ်မလာ သည်ကိုသာ တွေ့လိုက်ရသည်။ သို့သော် သူမသည် ယန်ယဲ့နှင့်တံခါးဖွင့်လိုက် သလိုပင်။
ယန်ယဲ့သည်လည်း မှင်တက်နေသည်။ မကြာမီတွင် အံ့အားသင့်စရာ ရှိလာသည်။ လေဟာနယ်သည်ကွဲသွားပြီး လေဟာနယ်အပြင်ဘက်မှ လှိုင်း သည် ဝိညာဉ်ဆေးသုံးလုံးကို ရှင်းထုတ်သွားလေသည်။
သူတို့နှစ်ယောက် လက်ပြန်ချလိုက်သည်နှင့် လေဟာနယ်တစ်ခုလုံး ပိတ်သွားလေသည်။
“ယန်ယဲ့ ကျွန်မလုပ်နိုင်သွားပြီ တကယ်လုပ်နိုင်သွားပြီ” ခံစားချက်တစ်ခု သာဖြစ်သော်လည်း အကောင်အထည်ဖော်လိုက်နိုင်သည်။ ပေထင်းဟွမ်သည် ဖော်မပြနိုင်လောက်အောင် ပျော်ရွှင်မိသည်။
နှစ်ပေါင်းများစွာ သူတို့နှင့်ဆန့်ကျင်လာသော လုံဖုန်းတောင်ကြားသည် ထိုအတိုင်းပင် ပျက်စီးသွားလေသည်။ ချူဖုန်းဦးဆောင်သည့် သံမဏိသွေးအဖွဲ့ သည် လုံဖုန်းတောင်ကြားဆီသို့ ချီတက်ကြသည်။ ရုပ်သေးရုပ်တပ်သားများ သည် ရှေ့မှလမ်းရှာပေးကြသည်။ လုံဖုန်းတောင်ကြားတွင် ချောင်းမြောင်း တိုက်ခိုက်သည့်ရှေးဟောင်းဖွဲ့စည်းပုံရှိမည်ကို စိုးရိမ်သဖြင့် ယန်ယဲ့သည် 'ကောင်းကင်နှင့်မြေကြီး ပျက်သုဉ်းခြင်း' အကွက်ကိုသုံးလိုက်ရာ မထင်မှတ်စွာ ပင် လုံဖုန်းတောင်ကြားနှင့် ၃၃ ကောင်ကင်ဘုံကို ခွဲလျက်သားဖြစ်လေသည်။ အခန်းထဲမှ အသက်သွေးကြောမှ ပြတ်တောက်သွားလေပြီ။
“ဟွမ်အာက ဧကရာဇ်အဆင့်တစ်ဝက်ရောက်နေပြီပဲ” ယန်ယဲ့ပြုံးလိုက် သည်။ ထို့နောက် ပေထင်းဟွမ်အား ရင်ခွင်ထဲပွေ့ဖက်လိုက်သည်။
'ဧကရာဇ်အဆင့်တစ်ဝက်' ဆိုသည့် စာလုံးများသည် အနားမှလူများအား လုံးကို မှင်တက်သွားစေသည်။ ဧကရာဇ်အထွတ်အထိပ်သည် ဒဏ္ဍာရီလာ တည်ရှိမှုမျိုးဖြစ်သည်။ သို့သော် ပေထင်းဟွမ်၏ 'လေဟာနယ်နည်းလမ်း' သည် အားလုံးကို ယုံကြည်သွားစေသည်။ သူတို့၏ခေါင်းဆောင်ကြီးသည် ဧကရာဇ် အထွတ်အထိပ်အဆင့်တစ်ဝက်ရောက်နေလေပြီ။
“မိုးနတ်မင်းရေ ကျုံကျိူးမြို့မှာ ဧကရာဇ်အထွတ်အထိပ်အဆင့်တစ်ဝက် ရောက်နေပြီ”
“အဲဒါက အထွတ်အထိပ်ကြီးထက် ပိုအားကောင်းတယ်မလား”
“ဟား ဟား ဟား ခေါင်းဆောင်က ဧကရာဇ်အထွတ်အထိပ်ဖြစ်နေပြီ ဧကရာဇ်အထွတ်အထိပ်ပဲ”
“ဝိညာဉ်နတ်ဘုရားတွေ ကြောက်နေတော့မယ်”
ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲတွင် မျက်နှာလွှဲပြီး အေးစက်စွာ နှာမှုတ်လေသည် “ကျွန်မက ဧကရာဇ်အထွတ်အထိပ်ရောက်နေမယ်လို့ ရှင် ထင်မထားဘူးမလား ဒါပေမဲ့ ဘာဖြစ်လဲ၊ ကျွန်မက နောက်သုံးရက်နေရင် စည်းမျဉ်းတွေ အကုန်နားလည်လို့ ဉာဏ်ပွင့်တော့မှာ၊ ရှင် ကျွန်မလောက် တော်ပါဘူး”
ယွဲ့မြန်ယင်းနှင့်တခြားသူများသည် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့် နေလေသည်။ ဒါ သူတို့ရဲ့သမီးလား။ 'တော်သင့်ရုံ' ဆိုတဲ့စကားလုံးကို မည်သို့ရေးရမယ်ဆိုတာကိုမသိဘူးလား။ ပြီးတော့ ပတ္တမြားကမ္ဘာတစ်ခုလုံးမှာ ယန်ယဲ့ရှေ့မှာ 'ဉာဏ်ထက်ခြင်း' ဆိုတဲ့စကားကို ဘယ်သူမှ မပြောရဲဘူးလေ။
ယန်ယဲ့သည် နတ်မိစ္ဆာဝိညာဉ်ထိပ်ဆုံးအဆင့်ရှိသူလက်ထဲမှ လွတ်မြောက်နိုင်ပြီး မတူညီသည့်လေဟာနယ်တွင် ဆင်းသက်နိုင်သည်မှာ သူသည် စကြာဝဋာ၏ အန္တိမစည်းမျဉ်းကို စောစီးစွာနားလည်ခြင်းကြောင့်ဖြစ် သည်ဟု ပေထင်းဟွမ်သိလျှင် မည်သို့တွေးမည်မသိတော့ပေ။