ပိုင်က သူမကို နှစ်တွေအများကြီးထောက်ပံ့ခဲ့တာ
Vol. 84 Ch. 1670
နဂါးနှင့်ဇာမဏီတောင်ကြားသည် တစ်ညတည်းနှင့်ပျက်စီးသွားပြီး ကျုံကျူးမြို့၏ သိမ်းပိုက်ခြင်းကိုခံရလေသည်။ ထိုသတင်းသည် လေတစ်ချက် အဝေ့တွင် ၃၃ ကောင်းကင်ဘုံတွင် ချက်ချင်း ပျံ့နှံ့သွားလေသည်။
“ကျံကျူးမြို့သခင်က ယန်းမိုထျန်းမျိုးနွယ်က တင်မြှောက်ချင်တဲ့ ဧကရီ၊ ပေထင်းဟွမ်ပဲ”
“သူမက ၃၃ ကောင်းကင်ဘုံတစ်ခုလုံးကို ဖျက်စီးချင်ရင်တောင် ယန်းမိုထျန်မျိုးနွယ်က ဧကရီလုပ်ချင်တာမှန်သမျှကို ချွင်းချက်မရှိ ထောက်ပံ့ ပေးမယ်ဆိုပဲ”
“မိုးနတ်မင်းရေ သူမက ပင်မတိုက်ကြီးကလာတာဆိုတော့ ၃၃ ကောင်းကင်ဘုံကို ဖျက်ဆီးဖို့ဖြစ်နိုင်ပါ့မလား”
“ယန်းမိုထျန်းဧကရာဇ်က ဘာလို့ အဲလိုမိန်းမမျိုးကိုလက်ထပ်ချင်ရတာ လဲ”
လူအများအပြား ပျာယာခတ်သွားသည်။ အထူးသဖြင့် ဝိညာဉ်နတ်ဘုရား များအကြားတွင် ကောလာဟလများစွာ စတင်ပျံ့နှံ့နေပြီဖြစ်သည်။ ဧကရာဇ် သည် ပေထင်းဟွမ်အား လက်ထပ်တော့မည်ဟု ယန်းမိုထျန်းမျိုးနွယ်မှ သတင်းများကိုကြားပြီးနောက် မင်ရှို့သည် နန်းတော်ထဲတွင် ပိတ်၍နေလေ သည်။ မျိုးစုံသော ခံစားချက်များ တစ်ချိန်တည်းရောက်လာပြီး သူ့ကို ရူးသွပ် သွားစေလောက်သည်။
ဟွမ်ကျို့နှင့်ယန်ယဲ့တို့သည် ကောင်းကင်မှ သွေးစာချုပ်နှင့်အတူ လင်မယားမြောက်ခဲ့သည်။ သူမသည် ယန်ယဲ့အား လက်ထပ်တော့မည်။ သူမ သည် လွန်ခဲ့သည့် နှစ်တစ်သိန်းက အမှတ်တရများကို မလိုချင်တော့ဟု မဆိုလေနှင့်။
အနောက်တောရိုင်းတွင် ဧကရာဇ်ဖုန်းယင်၏ခံစားချက်သည် ရှုပ်ထွေး လျက်ရှိသည်။ ပေထင်းဟွမ်သည် အရင်ဟွမ်ကျို့မဟုတ်လျှင် ယန်ယဲ့ကဲ့သို့ လူမျိုးသည် သူမနှင့်သွေးစာချုပ်တည်ထောင်မည်မဟုတ်ပေ။ သူမသာ ဟွမ်ကျို့ဆိုပါက ၃၃ ကောင်းကင်ဘုံသို့ပြန်လာချိန်တွင် အနောက်တောရိုင်းသို့ ပြန်လာ၍မကြည့်ခဲ့ပေ။
သူမသည် သူ့အား ဖခင်တစ်ယောက်အနေနှင့် မေ့လျော့သွားပြီလား။
ထိုအချိန်က သူမသည် ရှီဝမ်လိထုံရှန့်တွင် နတ်မိစ္ဆာဧကရာဇ်၏ ဖမ်းချုပ် ခြင်းကိုခံခဲ့ရသည်။ သူသည် နတ်မိစ္ဆာဧကရာဇ်နှင့် ညှိနှိုင်းရန်သွားခဲ့သည်။ သူမ သာ အနောက်တောရိုင်းသို့ ပြန်လိုစိတ်ရှိလျှင် သူမကို ပြန်လိုက်ပို့မည်ဟု နတ်မိစ္ဆာဧကရာဇ် သဘောတူခဲ့သည်။ သို့သော် နှစ်နှစ်ထောင်ကြာသည်အထိ သူမ ထွက်မလာခဲ့ပေ။ သူမသည် အနောက်တောရိုင်းသို့ ပြန်မလာခဲ့ပေ။
သူမသည် သူ့အား ဖခင်အနေနှင့် နာကြည်းနေလိမ့်မည်။ သူမ၏အစ်မ ဖြစ်သူသည် သူမ၏နတ်သွေးကိုခိုးယူကာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်နှင့် အပေးအယူလုပ်ခြင်းကို လက်ခံခဲ့သည့်အတွက် သူ့ကို နာကြည်းလိမ့်မည်။
သို့သော် ဤအရာသည် သူမအား မည်သို့ထိခိုက်စေသနည်း။
ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ မင်းသမီးဖြစ်ရသည်မှာ ကောင်းခြင်းတစ်မျိုး မဟုတ်ပါလား။ အနာဂတ်တွင် မင်ရှို့သည် ဧကရာဇ်ဖြစ် လာမည်ဖြစ်ကာ သူမလည်း ဧကရီဖြစ်လာမည်။ ယန်းမိုထျန်းမျိုးနွယ်၏ ဧကရီ ဖြစ်ရသည်နှင့် မည်သို့ကွာခြားသွားမည်နည်း။
ထိုသို့တွေးပြီးနောက် ထိုအချိန်က ပေထင်းဟွမ်သည် သုတ်သင်ခံရသင့် သည်ဟု ဧကရာဇ်ဖုန်းယင်း ပိုပိုခံစားလာရသည်။ ကျေးဇူးကန်းပြီး မသိတတ်သူ သည် ဤကဲ့သို့အဆုံးသတ်ဖြစ်သင့်သည်။
“နတ်မိစ္ဆာဧကရာဇ်က အဲလိုမိန်းကလေးကို ဘာလို့သဘောကျမျန်းမသိ ဘူး” ဧကရာဇ်ဖုန်းယင်သည် ရင်ထဲတွင် ခါးသီးစွာတွေးနေသည် “ရှီဖုန်းသာဆို ရင် နတ်မိစ္ဆာဧကရာဇ်ရဲ့ နှစ်ခြိုက်မှုကိုသုံးပြီး အနောက်တောရိုင်းအတွက် အကျိုးအမြတ်တချို့ရှာပေးဦးမယ်၊ နှစ်တွေအများကြီးမှာ နတ်မိစ္ဆာနတ်ဘုရား က အဆင့် ၁၂ အဂ္ဂိရတ်ပညာရှင်၊ အဆင့် ၁၂ လက်နက်သန့်စင်သူအထိဖြစ်ခဲ့ တာ၊ သူမက အနောက်တောရိုင်းအတွက် ရုပ်သေးရုပ်စစ်သည်ကိုတောင် ယူမလာပေးခဲ့ဘူး”
“ဒီလောက်နှစ်တွေအများကြီး သူမဆီက ဘာထောက်ပံ့မှုမှမရခဲ့ဘူး”
“တွေ့ရင်တော့ အဖေလုပ်တဲ့သူကို မှတ်မိသေးရဲ့လားလို့ မေးချင်သေးရဲ့”
ကျုံကျူးမြို့၏ အောင်မြင်မှုကြီးအကြောင်းကြားပြီးနောက် လျှို့ဝှက် မြူခိုးသည် ပေထင်းဟွမ်အား မင်းသမီး တင်မြှောက်ရန်ရည်ရွယ်ချက်ဖြင့် အရေးပေါ်အစည်းအဝေးခေါ်လေသည်။ နှစ်ပေါင်းများစွာအတွင်းတွင် လျှို့ဝှက် မြူခိုးကို မျိုးနွယ်လေးခုမှ အလှည့်ကျအုပ်ချုပ်ခဲ့သည်။ ယခုဧကရာဇ်သည် အရှေ့ဧကရာဇ်ဖြစ်သည်။ တုန်ဖန်းတိကျွင်းသည် အထွတ်အထိပ်ကြီးအဆင့်ကို ရောက်ချင်သဖြင့် အောင်မြင်သူကိုရှာနေခြင်းဖြစ်သည်။
သို့သော် တခြားမျိုးနွယ်သုံးခု၏ အကြိးအကဲများထဲတွင်လည်း အောင်မြင်သူမရှိခဲ့ပေ။ သူတို့သည် အထွတ်အထိပ်ကြီးမဟုတ်သဖြင့် မြူခိုးမြေ တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်းမရှိဟု ပြောခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အလားအလာကောင်းသည့်လူကို ရှာနေဆဲဖြစ်သည်။
ဤလေ့ကျင့်ရေးသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။ သို့သော် မည်သူမှ မျက်စိထဲဝင်မလာပေ။
ယခုအခါ အခွင့်အရေးရောက်လာပြီဖြစ်သည်။
ထိုနေ့မှာပင် ပေထင်းဟွမ်သည် ပေထင်းဟွမ်မိသားစု၏ တိုက်ရိုက် သွေးသားဖြစ်ကြောင်း မြူခိုးမြေ၏ အရှေ့ဧကရာဇ်သည်အဆိုပြုလေသည်။ ထိုတိုက်ရိုက်သွေးသားသည် ပင်မတိုက်ကြီး၏ မျိုးရိုးဖြစ်ရာ မြူခိုးမြေ၏ မျိုးရိုး နှင့် မိုင်တစ်ထောင်ဝေးနေပြီဖြစ်သည်။ သို့သော် ပေထင်းမျိုးရိုးဖြစ်ရာ မည်သူမှ မငြင်းဆန်ကြပေ။ ဧကရာဇ်ပြောသမျှသည် အဓိပ္ပာယ်ရှိသည်ဟု ခံစားရသည်။