← Chapters

၃၃ ကောင်းကင်ဘုံက ပြောင်းလဲတော့မယ်

Vol. 84 Ch. 1672

၃၃ ကောင်းကင်ဘုံက ပြောင်းလဲတော့မယ်

Vol. 84 Ch. 1672

ပေထင်းဟွမ်သည် သူမ၏အသိစိတ် အချိန်နှင့်နေရာများကို ဖြတ်သန်း သွားလာသည့် မှတ်ဉာဏ်များကို ပြန်တွေးကြည့်သည်။ ဖန်ဆင်းရေးနတ်ဘုရား ကျူးရှန့်တွင်ရှိစဉ်ကအချိန်သို့ ပြန်သွားသည်။ ယန်ယဲ့ပြောသည်မှာ အဓိပ္ပာယ်ရှိ သည်။

သို့သော် ကမ္ဘာမြေကြီးမိခင်သည် ဤကမ္ဘာကြီးကိုဖန်တီးရန် အလွန် ဉာဏ်ထက်သည်ဟု ဝန်ခံရမည်။

သို့သော် ထိုအရာများသည် အတိတ်တွင်ကျန်ခဲ့လေပြီ။

နောက်ရက်များတွင် ပေထင်းဟွမ်သည် ကျုံကျူးမြို့တွင် လေ့ကျင့်ရန် နေထိုင်သည်။ ပေထင်းဟွမ်အား မင်းသမီးဧကရီအဖြစ် တင်မြှောက်မည့်နေ့ နီးကပ်လာသည်နှင့် ကျုံကျူးမြို့ဘက်မှ ထုံရှန့်တောင်အတွင်းနက်ပိုင်းတွင် ကောင်းကင်နှင့်မြေကြီးမြင်ကွင်း ရုတ်တရက် ပေါ်လာရာ ၃၃ ကောင်းကင်ဘုံမှ လူများကို ရှုပ်ထွေးသွားစေသည်။

သို့သော် သန်မာသူများ မမွေးဖွားသရွေ့ အဆင်ပြေသည်။ ၃၃ ကောင်းကင်ဘုံမှ လက်ရှိအခြေအနေသည် အလွန်ပင် ရှုပ်ထွေးနေသည်။ လုံဖုန်းတောင်ကြား တစ်ညအတွင်း ကပြောင်းကပြန်ဖြစ်သွားခြင်းသည် ရုန်းရင်းဆန်ခတ်မဖြစ်ဘဲ တည်ငြိမ်နေသည်မှာ လူများကို မသက်မသာခံစားစေ သည်။

၃၃ ကောင်းကင်ဘုံသည် ပြောင်းလဲတော့မည်ဟု လူများ အမြဲတမ်း ခံစား ရလေသည်။

ပေထင်းဟွမ်သည် ကျေးဇူးမသိတတ်လူမဟုတ်ဟု မြူခိုးမြေ တွေးသည်။ မြူခိုးမြေမှ သူမ၏မိဘများကို နှစ်ပေါင်းများစွာ ကာကွယ်ပေးလာသည်ကို လျစ်လျူမရှုဘဲ မြူခိုးမြေ၏ ယုံကြည်မှုကို ငြင်းဆန်လိမ့်မည်မဟုတ်ဟု မျှော်လင့်သည်။ လျှို့ဝှက်မြူခိုးမြေသည် ပေထင်းဟွမ်အား သဘောတူ၊ မတူကို မမေးမြန်းဘဲ ဧကရာဇ်ဆီသို့ စာတစ်စောင်ပို့ပေးခဲ့သည်။

သို့သော် ပေထင်းဟွမ်သည် သွားရမည်။ သူမသည် ကျေးဇူးကန်းသူ မဖြစ်သင့်ပေ။

ထိုနေ့ရောက်သောအခါ အနောက်တောရိုင်းမှ ဧကရာဇ်၊ ဧကရီနှင့် အိမ်ရှေ့မင်းသမီးရှီဖုန်းတို့သည် ခေါင်းကိုးလုံးဇာမဏီဆွဲ ရထားလုံးကို စီးနင်း လာကြသည်။

လျှို့ဝှက်မြူခိုးမြေဟုခေါ်ရသည့် အကြောင်းအရင်းမှာ တစ်နှစ်ပတ်လုံး မြူခိုးဖွဲ့စည်းမှုဖြင့် ဝန်းရံထားကာ အထဲမှလူများ လုံးဝထွက်မလာသလို အပြင် မှလူများလည်း မဝင်ကြခြင်းကြောင့်ဖြစ်သည်။ ထိုထဲတွင်သားရဲများစွာရှိသည် ဟုဆိုကြသည်။ ထိုထဲတွင် အထွတ်အထိပ်ပင်လျှင် အစွန်အဖျားကို မသွားရဲ လောက်အောင်ထိ အိပ်မက်ဆိုးသားရဲသည် အလွန်အားကောင်းသည်။

ကံကောင်းစွာပင် ယနေ့တွင် မြူခိုးမြေမှ မြူခိုးဖွဲ့စည်းမှုကို ပိတ်ထား သည်။ အဝေးမှပင် မြူခိုးမြေမှ အိမ်များ၊ မျှော်စင်များနှင့် အဆောင်များကို မြင် နေရသည်။ လှပသော ပန်းနှင့် မြင်ကွင်းများမှာ မျက်စိပဒါဿရှိလှသည်။

“အရင်တုန်းက လျှို့ဝှက်မြေက နတ်မိစ္ဆာဝိညာဉ်၏ထိပ်ဆုံး နတ်မိစ္ဆာ ဝိညာဉ်နန်းတော်ရဲ့ အစောင့်အရှောက်လေးပါးဖြစ်ခဲ့တယ်၊ နတ်ဘုရားသုံးပါး သေဆုံးပြီးတော့ အစောင့်အရှောက်သားရဲလေးပါးက ဆက်ခံသူသွေးသားတွေ ချန်ခဲ့တယ်၊ သူတို့ကိုယ်တိုင်က ပတ္တမြားကမ္ဘာမြေတစ်ခုလုံးကို ကာကွယ်ဖို့ နတ်တိုင်လုံးလေးလုံးအဖြစ် ပြောင်းခဲ့တယ်၊ ကမ္ဘာပေါ်မှာ သူတို့ရဲ့ဆက်ခံသူ တွေရှိသေးတယ်၊ ဒါပေမဲ့ အစောင့်အရှောက်သားရဲလေးပါးတော့မရှိကြတော့ ဘူး” ဧကရီ သက်ပြင်းချလေသည် “လူတစ်ယောက်က ဘယ်လောက်ပဲ အားကောင်းပါစေ အကြာကြီးမရပ်တည်နိုင်ဘူးဆိုတာ မြင်နိုင်တယ်”

ရှီဖုန်းသည် အနောက်တောရိုင်း၏ အိမ်ရှေ့စံမင်းသမီးအဖြစ် သတ်မှတ်ခံ ရပြီးနောက် ဧကရီသည် ဧကရာဇ်၏ စွမ်းအားကို လက်လွှဲယူရန် ရည်ရွယ်ချက် ဖြင့် ရံဖန်ရံခါတွင် ထိုကိစ္စများကို ပြောပြသည်။

တိကျွင်းသည် မကြားသည့်ပုံပင်။

မြူခိုးမြေမှ တုန်ဖန်းခေါင်းဆောင်သည် မကြာခင်တွင် ဆိုင်စောင့်အဖြစ်မှ နှုတ်ထွက်ရတော့မည်ဖြစ်သဖြင့် ခံစားချက်များကောင်းနေသည်။ သူသည် ရောက်လာကြသော အထွတ်အထိပ်များကို နှုတ်ဆက်ရန် ပေထင်းဟွမ်အား ခေါ်သွားပေးသည်။

အနောက်တောရိုင်းဧကရာဇ်သည် ဇနီးနှင့်သမီးဖြစ်သူတို့နှင့် ရောက်လာ သောအခါ အမြန်ပြေးနှုတ်ဆက်ကာ စနောက်လေသည် “ဖုန်းယင် မတွေ့ရတာ တောင်နှစ်တွေချီပေါ့”

ဧကရာဇ်ဖုန်းယင်သည် ဇနီးနှင့်သမီးဖြစ်သူ၏ အနိုင်ကျင့်ခံရသဖြင့် ခံစား ချက်မကောင်းသဖြင့် စိတ်ဆိုးဆိုးနှင့်ပြောလေသည် “ငါ မင်းဆီကို လာလည် ချင်တာပဲ ဒါပေမဲ့ မင်းရဲ့လျှို့ဝှက်မြူခိုးမြေကိုမှ ဝင်လို့မရတာ”

“ဟားဟားဟား” တုန်ဖန်းတိကျွင်းသည် ရယ်မောလေသည်။ တမင်လုပ် သည်လား မရည်ရွယ်ဘဲလားတော့မသိပေ သူသည်လှည့်ပြီး လက်ဝေ့ယမ်းပြ လေသည် “ရှောင်ကျို့ ဒီကိုလာခဲ့ဦး အနောက်တောရိုင်းက ဧကရာဇ်၊ ဧကရီနဲ့ မင်းသမီးရှီဖုန်းတို့ကို လာတွေ့ဦး”

ထိုလူကြီးသည် ပေထင်းဟွမ်အား 'ဟွမ်ကျို့' ဟုပင်မခေါ်ဘဲ ရှောင်ကျို့ဟု ခေါ်သည်။ ရှောင်ကျို့ဟုခေါ်သံကိုကြားသည်နှင့် အနောက်တော ရိုင်းမှ ဧည့်သည်သုံးယောက်၏မျက်နှာထားများသည် ချက်ချင်းပင် ပြောင်းလဲ သွားလေသည်။

All Chapters