← Chapters

ဟွမ်ကျို့က သူမကို အရိုအသေမပြုရဲပါဘူး

Vol. 84 Ch. 1673

ဟွမ်ကျို့က သူမကို အရိုအသေမပြုရဲပါဘူး

Vol. 84 Ch. 1673

သဘာဝကျကျပင် ပေထင်းဟွမ်သည် ထိုလူသုံးယောက်ကိုမြင်သည်။ သူမ၏ခံစားချက်သည် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ သူမသည် ထိုဘဝက မှတ်ဉာဏ်များကို ပြန်ခေါ်၍မရလျှင် ဟုတ်သေးသည်။ သို့သော် သူမသည် အရာအားလုံးကိုမှတ်မိနေသည်။

ပြုံးပြီးလျှောက်သွားလိုက်သည်။ သူမသည် ပန်းပွင့်များထိုးထားသည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ ရွှေရောင်မှာ တောက်ပလွန်းနေ သည်မှာ ကမ္ဘာကြီးကိုကြီးစိုးမည့် ဘုရင်တစ်ပါး၏ အငွေ့အသက်ရှိနေသည်။ ဖုန်းယင်တိကျွင်းနှင့်တခြားသူများသည် သူမအား ပထမဆုံးအကြိမ်မြင်တွေ့ ခြင်းဖြစ်သည်။ မှင်တက်ပြီးနောက် အားလုံးသည် ဆွံ့အနေကြသည်။

သူမသည် ဟွမ်ကျို့ပင်။ အမှန်တကယ် ဟွမ်ကျို့ပင်။

အနောက်တောရိုင်းမှ ဧကရာဇ်သုံးပါးသည် သူတို့၏ အကြောအဓိက နေရာများ ဖောက်ခံလိုက်ရသကဲ့သို့ပင်။ အခြေအနေတစ်ခုလုံးသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်စရာပင်။

၃၃ ကောင်းကင်ဘုံတါင် အနောက်တောရိုင်း၏ မင်းသမီးလေးသည် 'ဟွမ်ကျို့' ဖြစ်သည်ကို မည်သူမသိဘဲနေသနည်း။ နှစ်ပေါင်းတစ်သိန်းကြာ ပြီးနောက် ရှီဖုန်း ဟွမ်ကျို့အား ပထမဆုံးမြင်တွေ့ခြင်းပင်ဖြစ်သည်။ ဟွမ်ကျို့၏ အသက်မီးအိမ်သည် အနောက်တောရိုင်းတွင် လင်းလက်ဆဲဖြစ် သော်လည်း ဟွမ်ကျို့သည် ပြန်ရှင်လာလိမ့်မည်ဟု ရှီဖုန်းမယုံကြည်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူမ ယုံကြည်ရတော့မည်။

ရှီဖုန်းသည် အနောက်သို့ဆုတ်လိုက်သည်။ ဟွမ်ကျို့၏ ပြုံးနေသော မျက်လုံးများသည် ရှီဖုန်း၏မျက်နှာသို့ရောက်သွားသည်။ ထိုအခိုက်တွင် သူမ၏ မျက်နှာ အရောင်ပြောင်းသွားသည်ကို သတိမထားမိသည့်ပုံပင်။

သူမသည် လျှောက်သွားပြီး တုံဖန်းတိကျွင်းဘေးတွင်ရပ်လေသည်။ ဖုန်းယင်တိကျွင်းအား အရိုအသေပြုပြီးနောက် သူမသည် ဧကရီနှင့် မင်းသမီး ရှီဖုန်းတို့ကို ခေါင်းဆတ်ကာ အရိုအသေပြုလိုက်သည်။

အနောက်တောရိုင်းဧကရီသည် တုန်ယင်နေပြီဖြစ်သည်။ သို့သော် သူမ သည် ဧကရီဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းတစ်သိန်းကြာပြီဖြစ်သည်။ သူမသည် အမြန်ပင် အာရုံပြန်စုစည်းကာ အပြုံးတစ်ဝက်ဖြင့်ပြောလိုက်သည် “ဒါက တုန်ဖန်းဧကရာဇ်တင်မြှောက်မယ့် ဟွမ်ကျို့လား၊ မြူခိုးမြေရဲ့မျက်နှာမပျက်ရ အောင် တစ်ယောက်ယောက်ကတော့ သူမကို ကျင့်ဝတ်တွေသင်ပေးရမှပေါ့”

ဧကရီသည် တမင်တကာပင် ဟွမ်ကျို့၏အမှားကို ရှာနေခြင်းပင်။ ဟွမ်ကျို့သည် တော်လွန်းပြီး စင်းလုံးချောဖြစ်နေမည်ကို သူမ ကြောက်သည်။ သူမက ဟွမ်ကျို့ဖြစ်နေရင်လည်း ဘာလုပ်ရမှာလဲ။ သူမက အနောက်တောရိုင်း က ဟွမ်ကျို့မဟုတ်ဘဲ လျှို့ဝှက်မြူခိုးမြေက ဟွမ်ကျို့ပဲ။ ဟွမ်ကျို့သည် အနိမ့် လေဟာနယ်မှလာခဲ့ပြီး ၃၃ ကောင်းကင်ဘုံအနောက်တောရိုင်းရှိ ဖန်ဆင်းရေး နတ်ဘုရားမှ အမွေဆက်ခံသည့် ရှေးဟောင်းစွမ်းအားကို လက်ခံခဲ့သည့် ဧကရီ ဖြစ်သည်။ ဟွမ်ကျို့သည် သူမအား အရိုအသေမပြုရဲပေ။

ဧကရီ၏အသံမှာ ကျယ်လောင်လှသဖြင့် ဂုဏ်ပြုရန်ရောက်နေကြသူများ သည် ထိုနေရာသို့ စုဝေးလာကြသည်။ သူတို့သည် အဆင့်မြင့်ကြသော်လည်း စိတ်လှုပ်ရှားမှုများမှ ရှောင်ဖယ်နိုင်ခြင်းမရှိသေးပေ။

“ကျွန်မက ဘယ်မှာရိုင်းလို့လဲ” ဟွမ်ကျို့သည် အပြစ်ကင်းသလို ကြည့် လေသည်။

မင်ရှို့သည် အဝေးမှရောက်လာသည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်သည် ရောက်မလာပေ။ မူလက မင်ဟုန်းသည် မင်ရှို့ကိုပင် မလွှတ်ချင် ပေ။ သို့သော် သူ မလာလျှင် မြူခိုးမြေမည်သို့လုပ်မည်ကို မသိနိုင်ဟု မင်ရှို့ပြော ခဲ့သည်။ အနမ့်လေဟာနယ်ကလူတစ်ယောက်ကို အထွတ်အထိပ်ဧကရာဇ် နေရာပေးတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မင်ဟုန်းသည်လည်း အဓိပ္ပာယ်ရှိသည်ဟု တွေးနေသည်။

ဧကရာဇ်ဖုန်းယင်သည် မင်ရှို့လာသည်ကိုမြင်သည်နှင့် ထိုနေရာမှကိစ္စကို ထားခဲ့ကာ မင်ရှို့အား သွားနှုတ်ဆက်သေလည်။ မင်ရှို့သည် လက်မြှောက်ပြီး တားလိုက်သည်။ သေချာပေါက်ပင် အနောက်တောရိုင်းမြေနှင့် ဟွမ်ကျို့တို့ ကြားမှ ပဋိပက္ခပင်ဖြစ်လိမ့်မည်။

“ဘယ်မှာရိုင်းသွားလဲဆိုတာတောင် မသိဘူးလား” အနောက်တောရိုင်း ဧကရီသည် ဟာသတစ်ခုလိုတွေးလေသည်။ ရှီဖုန်းသည် နှုတ်ခမ်းတွန့်လိုက် သည်။ ထို့အပြင် သူမသည် ဘာကိုမှနားမလည်သည့် ၁၆ နှစ်အရွယ် မိန်းကလေးသာဖြစ်သည်။ ဤကဲ့သို့လူမျိုးကို မင်းသမီးဧကရီအဖြစ် တင်မြှောက်ရအောင် ဤမြူခိုးမြေသည် ဦးနှောက်မဲ့နေသည်လားပင်။

မင်းသမီးဧကရီသည် သူမအား ထိခိုက်ခံစားစေသည်ဟု ထင်သည်။ မဟုတ်လျှင် သူမသည် အိမ်ရှေ့စံမင်းသမီးဖြစ်သွားသည်ဟု အနောက်တောရိုင်း မှ စာလွှာပို့လိုက်သည်နှင့် မြူခိုးမြေသည် ဟွမ်ကျို့အား အိမ်ရှေ့မင်းသမီးထက် မြင့်သည့် မင်းသမီးဧကရီအဖြစ် တင်မြှောက်သည်ဟု ကြေညာခဲ့သည်။ မင်းသမီးဧကရီသည် တိုက်ရိုက်ဆက်ခံသူဖြစ်ကာ အိမ်ရှေ့စံမင်းသမီးသည် ဧကရာဇ်ဖုန်းယင် သေဆုံးမှပင် ဧကရာဇ်ရာထူးကို ဆက်ခံရမည်ဖြစ်သည်။

ပြီးနောက် ၃၃ ကောင်းကင်ဘုံ၏ အထွတ်အထိပ်သည် အလွယ်တကူ သေနိုင်သည့်လူလား။

အထူးသဖြင့် ယနေ့လို အေးချမ်းသည့်ခေတ်တွင် မဖြစ်နိုင်ပေ။

အားလုံးသည် ဟွမ်ကျို့အားကြည့်ကြလေသည်။ အနောက်တောရိုင်းမှ ဧကရာဇ်နှင့် ဧကရီတို့သည် ဘာကြောင့်လက်မလျှော့ကြသည်ကို သူတို့ အားလုံးသိကြသည်။ ထို့ပြင် သူမသည် ဧကရီဖြစ်ကာ ဟွမ်ကျို့သည် မင်းသမီး ဧကရီသာဖြစ်သဖြင့် ဧကရီကို လက်ဆောင်ပေးရန်မဆိုထားနှင့် ခေါင်းညိတ်ပြ ရုံမရပေ။

All Chapters